Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 11, 2016

နိုင်ငံခြားရေးဝန်ကြီး ကုလအဖွဲ့ ၂၅ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး


 (နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံဆွေးနွေးစဉ်) ဓါတ်ပုံ - မျိုးသန့်ခိုင်/RFA
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ဟာ အရင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး အခုအစိုးရဖြစ်လာတဲ့အခါမှာ ILO အနေနဲ့ အလုပ်သမားအခွင့်အရေး အလုပ်အကိုင်စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာပြည်တာဝန်ခံ Ms. Piyamal Pichaiwongse က အခုလို ပြောပါတယ်။


ဒါ့အပြင် ILO အဖွဲ့ရဲ့ ရည်မှန်းချက်တွေဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိခဲ့တာဖြစ်လာသလို အစိုးသစ်လက်ထက်မှာ ပိုပြီးမျှော်လင့်ချက်တွေ ထားရှိနိုင်တာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။


RFA Burmese
.........


 (နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွွေ့ဆုံဆွေးနွေးစဉ်) ဓါတ်ပုံ - မျိုးသန့်ခိုင်/RFA
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ လက်အောက်ခံ အဖွဲ့အစည်း ၂၅ ဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဌာနရုံးမှာ တွွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ဟာ အရင်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပြီး အခုအစိုးရဖြစ်လာတဲ့အခါမှာ ILO အနေနဲ့ အလုပ်သမားအခွင့်အရေး အလုပ်အကိုင်စတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာပြည်တာဝန််ခံ Ms. Piyamal Pichaiwongse က အခုလို ပြောပါတယ်။

"ILO အဖွဲ့ဟာ အဓမ္မလုပ်အားပေးတွေ ဖျက်သိမ်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အဲ့ဒီအလုပ်တွေမှာ အန်အယ်လ်ဒီက နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အခုအစိုးရဖြစ်လာတဲ့အခါ ILO နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အသစ်ကနေ ပြန်စနိုင်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။ အဲ့ဒီပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်ရေး၊ နယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာတွေ ရရှိရေး၊ အလုပ်သမားအခွင့်အရေးနဲ့ လွတ်လပ်စွာဖွဲ့စည်းခွင့်ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်လို့" Ms. Piyamal က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ILO အဖွဲ့ရဲ့ ရည်မှန်းချက်တွေဟာ မြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိခဲ့တာဖြစ်လာသလို အစိုးသစ်လက်ထက်မှာ ပိုပြီးမျှော်လင့်ချက််တွေ ထားရှိနိုင်တာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် UNDP ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC စတဲ့ ၂၅ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment