Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 11, 2016

၂၂ဘီးယာဥ္ႀကီးက လိုင္းကားဒိုင္နာယာဥ္ကို ေနာက္ကဝင္တိုက္မႈေၾကာင့္ ခရီးသည္တစ္ဦးေသဆံုး


ေနျပည္ေတာ္ ေမ ၁ဝ

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕ ရန္ကုန္-မႏၲေလးကားလမ္း မိုင္တိုင္အမွတ္ (၂၇၉/ဝ )ႏွင့္ (၂၇၉/၁)အၾကား၊ လမ္းခြဲေနရာတြင္ ေမ ၁ဝ ရက္ နံနက္ ၆ နာရီခြဲခန္႔က ရမည္းသင္းဘက္မွ ပ်ဥ္းမနားဘက္သို႔ ေမာင္းႏွင္လာေသာ 7K /---- နီဆန္း ၂၂ဘီး ေနာက္တြဲယာဥ္ သည္ ေရွ႕မွ ယာဥ္ေမာင္းခ်စ္ဝင္းထြန္း (၃၇ႏွစ္) ရမည္းသင္းၿမိဳ႕ေနသူ ေမာင္းႏွင္ ေသာ 8A/----ဒိုင္နာ (မိတၴီလာ-ေတာင္ငူ) ယာဥ္၏ ေနာက္ပိုင္းကို ဝင္ေရာက္တိုက္မိရာ ဒိုင္နာယာဥ္ေပၚမွ ခရီးသည္ ဦးဗူးသီး( အသက္ ၆ဝ) ေရႊဒါး ေက်းရြာ ရမည္းသင္းၿမိဳ႕ေနသူမွာ ေနရာ တြင္ေသဆံုးသြားၿပီး အမ်ဳိးသားတစ္ဦး၊ အမ်ဳိးသမီး ကိုးဦး ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ခုတင္(၁ဝဝ)ေဆး႐ံုတြင္ ေဆးကုသမႈ ခံယူလ်က္ရွိသည္။

ေနာက္မွဝင္တိုက္ေသာ ေနာက္တြဲ ယာဥ္သည္ တပ္ကုန္းၿမိဳ႕ သေျပေခ်ာင္း ေက်းရြာအနီးတြင္ ေနာက္တြဲယာဥ္ကို ရပ္တန္႔၍ ယာဥ္ေမာင္းမွာ ထြက္ေျပး တိမ္းေရွာင္သြားသျဖင့္ ဆက္လက္ အေရးယူႏိုင္ရန္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

တင္ထြန္းတာ(တပ္ကုန္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

.................................................


နေပြည်တော် မေ ၁ဝ

နေပြည်တော် တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၇၉/ဝ )နှင့် (၂၇၉/၁)အကြား၊ လမ်းခွဲနေရာတွင် မေ ၁ဝ ရက် နံနက် ၆ နာရီခွဲခန့်က ရမည်းသင်းဘက်မှ ပျဉ်းမနားဘက်သို့ မောင်းနှင်လာသော 7K /---- နီဆန်း ၂၂ဘီး နောက်တွဲယာဉ် သည် ရှေ့မှ ယာဉ်မောင်းချစ်ဝင်းထွန်း (၃၇နှစ်) ရမည်းသင်းမြို့နေသူ မောင်းနှင် သော 8A/----ဒိုင်နာ (မိတ္ထီလာ-တောင်ငူ) ယာဉ်၏ နောက်ပိုင်းကို ဝင်ရောက်တိုက်မိရာ ဒိုင်နာယာဉ်ပေါ်မှ ခရီးသည် ဦးဗူးသီး( အသက် ၆ဝ) ရွှေဒါး ကျေးရွာ ရမည်းသင်းမြို့နေသူမှာ နေရာ တွင်သေဆုံးသွားပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီး ကိုးဦး ဒဏ်ရာများရရှိခဲ့သဖြင့် ခုတင်(၁ဝဝ)ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

နောက်မှဝင်တိုက်သော နောက်တွဲ ယာဉ်သည် တပ်ကုန်းမြို့ သပြေချောင်း ကျေးရွာအနီးတွင် နောက်တွဲယာဉ်ကို ရပ်တန့်၍ ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် ဆက်လက် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တင်ထွန်းတာ(တပ်ကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment