Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 15, 2016

ဘာသာေပါင္းစံုက အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ ဝန္ႀကီးတိုက္တြန္း

သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကုိ ကို ေတြ႕ရစဥ္။ Photo: RFA
တုိင္းျပည္ဖံ႔ြၿဖိဳးတုိးတက္ေရးနဲ႔ ဘာသာေပါင္းစံု လူမ်ဳိးေပါင္းစံု ယွဥ္တဲြေနထိုင္ႏုိင္ေရးအတြက္ အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ သာသာနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကို က ဘာသာေပါင္းစံု ခ်စ္ၾကည္ညီညြတ္ေရးအဖဲြ႔(ဗဟို) ကို တိုက္တြန္းလိုက္ပါတယ္။

ရန္ကုန္ၿမိဳ႕ ကမာၻေအးဘုရားလမ္းမွာရွိတဲ႔ ရန္ကုန္တုိင္း သာသနာေရးဝန္ႀကီးဌာနရံုးမွာ ဒီေန႔ ေတြ႔ဆံုစဥ္ ေျပာ ခဲ့တာျဖစ္တယ္လို႔ ဘာသာေပါင္းစံု ခ်စ္ၾကည္ညီညြတ္ေရးအဖဲြ႔(ဗဟို) ဒုတိယဥကၠဌ ဦးညြန္႔ေမာင္ရွိန္ က ေျပာ ပါတယ္။

"ၿမိဳ႕နယ္၊ ခရိုင္၊ တိုင္းေဒသႀကီးဆိုင္ရာအဖြဲ႔ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဘာသာေပါင္းစံု၊ ညူမ်ိဳးေပါင္းစံု သဟဇာတညီဖို႔အတြက္ ဒါအားလံုးဟာ စိတ္သစ္၊ လူသစ္၊ အသြင္သစ္နဲ႔ ဒီဥစၥာေတြအားလံုးကို ဒီမိုကေရစီအစိုးရရဲ႕ အဂၤါရပ္ေတြနဲ႔အညီ အားလံုးကပူးေပါင္းေဆာင္ရြက္မယ္၊ အခုက စလုပ္တာဆိုေတာ့ အရွိန္အဟုန္ေတာ့ မရေသးဘူး၊ ဒါေတြအားလံုးကို စုေပါင္းေဆာင္ရြက္သြားမယ္ဆိုရင္ ဒီအခက္အခဲေတြ ဟာ ဘယ္ေတာ့မွရွိႏိုင္စရာေအၾကာင္းေတာ့ မရွိေတာ့ဘူးေပါ့၊ အားလံုးပူးေပါင္းေဆာင္ရြက္ဖို႔ပဲ အေရးႀကီးတယ္၊ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ဟာ ႏိုင္ငံေရး၊ ဘာသာေရး၊ လူမႈေရးေတြ ဘယ္လိုပဲ ဘာသာယံုၾကည္ကိုးကြယ္ရာေတြကို မ်ားျပားေပမယ့္လို႔ အားလံုးကိုတစ္သေဘာတည္းအျမင္နဲ႔ တိုင္းျပည္ေကာင္းစားေရးကို ဝိုင္းဝန္းလုပ္ၾကဖို႔ ဆိုတဲ့အေၾကာင္းေတြေျပာတယ္ေပါ့"

ကရင္ျပည္နယ္ လိႈင္းဘြဲ႕ၿမိဳ႕နယ္မွာ ၿမိဳင္ႀကီးငူဆရာေတာ္ရဲ႕ လမ္းညႊန္ခ်က္နဲ႔ ေစတီတည္ေနတဲ့ကိစၥေတြ မိတၳီလာ၊ ဥကၠံနဲ႔ မႏၱေလးၿမိဳ႕တုိ႔မွာ ျဖစ္ေပၚခဲ့တဲ့ ဘာသာေရးပဋိပကၡေတြနဲ႔ ပတ္သက္ၿပီး ဘာသာေပါင္းစံုခ်စ္ၾကည္ ညီညြတ္ေရးအဖြဲ႔ (ဗဟို) တာဝန္ရွိသူေတြက ေဆြးေႏြးခဲ့ပါတယ္။

ဒါ့အျပင္ မိတၳီလာၿမိဳ႕မွာ ပဋိပကၡျဖစ္ၿပီးေနာက္ ပိတ္ထားခဲ့တဲ့ ဗလီေတြကို ျပန္ဖြင့္ခြင့္ေပးဖုိ႔ုလည္း တင္ျပခဲ့တယ္လို႔ ဦးညြန္႔ေမာင္ရွိန္ က ေျပာပါတယ္။

သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီး သူရဦးေအာင္ကိုဟာ မႏၱေလးၿမိဳ႕မွာရွိတဲ့ ဘာသာေပါင္းစံု ခ်စ္ၾကည္ ညီညြတ္ေရး အဖဲြ႔ေတြနဲ႔လည္း ၿပီးခဲ့တဲ့ ေမလ ၄  ရက္ေန႔က မႏၱေလးၿမိဳ႕မွာ ေတြ႔ဆံုခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ကို တွေ့ရစဉ်။ Photo: RFA
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ကို တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း သာသနာရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် ပြော ခဲ့တာဖြစ်တယ်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဌ ဦးညွန့်မောင်ရှိန် က ပြော ပါတယ်။

"မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဘာသာပေါင်းစုံ၊ ညူမျိုးပေါင်းစုံ သဟဇာတညီဖို့အတွက် ဒါအားလုံးဟာ စိတ်သစ်၊ လူသစ်၊ အသွင်သစ်နဲ့ ဒီဥစ္စာတွေအားလုံးကို ဒီမိုကရေစီအစိုးရရဲ့ အင်္ဂါရပ်တွေနဲ့အညီ အားလုံးကပူးပေါင်းဆောင်ရွက်မယ်၊ အခုက စလုပ်တာဆိုတော့ အရှိန်အဟုန်တော့ မရသေးဘူး၊ ဒါတွေအားလုံးကို စုပေါင်းဆောင်ရွက်သွားမယ်ဆိုရင် ဒီအခက်အခဲတွေ ဟာ ဘယ်တော့မှရှိနိုင်စရာအေကြာင်းတော့ မရှိတော့ဘူးပေါ့၊ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ပဲ အရေးကြီးတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတွေ ဘယ်လိုပဲ ဘာသာယုံကြည်ကိုးကွယ်ရာတွေကို များပြားပေမယ့်လို့ အားလုံးကိုတစ်သဘောတည်းအမြင်နဲ့ တိုင်းပြည်ကောင်းစားရေးကို ဝိုင်းဝန်းလုပ်ကြဖို့ ဆိုတဲ့အကြောင်းတွေပြောတယ်ပေါ့"

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြိုင်ကြီးငူဆရာတော်ရဲ့ လမ်းညွှန်ချက်နဲ့ စေတီတည်နေတဲ့ကိစ္စတွေ မိတ္ထီလာ၊ ဥက္ကံနဲ့ မန္တလေးမြို့တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို) တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မိတ္ထီလာမြို့မှာ ပဋိပက္ခဖြစ်ပြီးနောက် ပိတ်ထားခဲ့တဲ့ ဗလီတွေကို ပြန်ဖွင့်ခွင့်ပေးဖို့ုလည်း တင်ပြခဲ့တယ်လို့ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ မန္တလေးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွေနဲ့လည်း ပြီးခဲ့တဲ့ မေလ ၄  ရက်နေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment