Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 15, 2016


ဖွတ်သား...တောကြောင်သား...မျောက်သား..နှင့်အခြားတောင်ကောင်သားမျိုးစုံကို မနက် ၁၀ နာရီခန့်မှ ည၇ နာရီလောက်အထိ....ပေါ်ပေါ်တင်တင်နီးပါးဝယ်ယူရရှိနိုင်ပါကြောင်း....
Zaynway Tun



ပဲခူးရိုးမထိသွားစရာမလိုပဲရန်ကုန်တိုင်းထဲမှာ ..တောကောင်သားတွေပေါပေါသီသီရောင်းချနေတဲ့နေရာကိုသင်သိပါသလား?
နေရာကတော...ရန်ကုန်မြို့မှမိနစ် ၄၀ ခန့်ကားမောင်းသွားရင် ထောက်ကြံ့မြို့အဝင် ဘိုးဘိုးကြီးနတ်စင်နားကဆိုင်တန်းလေးတွေမှာပါ..ရုတ်တရက်ကြည့်ရင် သစ်သီးတန်းလိုလိုနဲ့ ရေခဲပုံးလေးတွေကိုလှန်ကြည့်လိုက်ရင်တော့တောကောင်လေးတွေရဲ့ အသားမျိုးစုံကိုရောင်းချနေတာတွေ့ရမှာပါ....
ဂျေသားတပိဿာ...၁၄၀၀၀ (ခြေထောက်ပါတွဲရက်)
တောဝက်သားတပိဿာ...၉၀၀၀ ခန့်
ဆတ်သားတပိဿာ...၁၅၀၀၀ ခန့်
ဖြူးသားတပိဿာ....၁၀၀၀၀ ခန့်
သင်းခွေချပ်တပိဿာ...၁ သိန်းခန့်(အကောင်လိုက်ပဲရမှာပါ)
ဖွတ်သား...တောကြောင်သား...မျောက်သား..နှင့်အခြားတောင်ကောင်သားမျိုးစုံကို မနက် ၁၀ နာရီခန့်မှ ညရ နာရီလောက်အထိ....ပေါ်ပေါ်တင်တင်နီးပါးဝယ်ယူရရှိနိုင်ပါကြောင်း....
(ဆိုင်ရှင်တွေကိုဗျူးကြည့်တာတော့ ပဲခူးရိုးမက.မုဆိုးတွေဆီကဖောက်သည်ယူရောင်းကြောင်း....လှော်ကားဥယျာဉ်ထဲကမဟုတ်ကြောင်း(ဟုတ်မဟုတ်တော့မသိပါ)နဲ့ နယ်ထိန်းတွေနဲ့ ညှိ ပြီးရောင်းရကြောင်းသိရပါတယ်)...(ကျွန်တော်သိသလောက်ဒီဆိုင်တွေဖွင့်နေတာ..၄.၅နစ်တောင်မကတော့ဘူး...တာဝန်ရှိသူတွေမသိတာလား...မသိချင်ယောင်ဆောင်နေတာလားဆိုတာကတော့????)
တလောကတော့ ၅ပိဿလောက်ရှိတဲ့ဖွတ်အကောင်လိုက်ကြီးရောင်းနေတာတွေ့မိတယ်..ဓာတ်ပုံတော့မရိုက်လိုက်မိဘူး...ခုရိုက်ထားတဲ့ပုံလေးတွေမှာ တခုချင်းဆီကြည့်ပေးပါ.....
Thanks photos..for Nyan Phyo Aung
Zaynway Tun





No comments:

Post a Comment