Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 23, 2016

ေဗာက္/ဒက္ေပ်ာက္ေအာင္ ဘယ္လုိလုပ္မလဲ …?



By netsetaw -  May 18, 2016

ေခါင္းထဲမွာ ေဗာက္ေတြဒက္ေတြ မႏုိင္လုိ႔ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြ Shwemom ပရိသတ္ထဲမွာ ရွိမယ္ထင္ပါတယ္။
ေခါင္းေလွ်ာ္ရည္လည္း စုံေနၿပီ ေဗာက္ေတြဒက္ေတြကေတာ့ ရွိေနၿမဲပဲဆုိရင္ေတာ့ ေအာက္ပါနည္းလမ္းေလးေတြ ႀကိဳးစား
ၾကည့္ၾကဖုိ႔ တုိက္တြန္းခ်င္ပါတယ္။

(၁) ကုလားပဲအစိမ္းမႈန္႔+ဒိန္ခ်ဥ္

ကုလားပဲအစိမ္းမႈန္႕ျဖစ္ပါတယ္။ အၾကက္မႈန္႔နဲ႔ မွားမွာစုိးလုိ႔ပါ။ ကုလားပဲအစိမ္းမႈန္႔ကုိ ဒိန္ခ်ဥ္နဲ႔ ခပ္ျပစ္ျပစ္ကေလးနယ္ၿပီး
ဦးေရျပားကုိ အဓိကထားၿပီး သုတ္လိမ္းပါ။ ဆံပင္အတြက္လည္း ေကာင္းမြန္ပါတယ္။ မိနစ္(၃၀)ခန္႔ ႏွပ္ထားၿပီး ေရနဲ႔
ေျပာင္စင္ေအာင္ ေလွ်ာ္ပါ။ ေဗာက္ဒက္ ထူလြန္းတယ္ဆုိရင္ေတာ့ သုံးရက္ေလာက္ ဆက္တုိက္လုပ္ေပးလုိက္ပါ။

(၂) မုန္လာဥနီ+ၾကက္သြန္ျဖဴေပ်ာ္ရည္




မုန္လာဥနီနဲ႔ ၾကက္သြန္ျဖဴကုိ အခ်ိဳးအဆတူညီစြာထည့္ၿပီး ေရအနည္းငယ္ထည့္ကာ ေမႊစက္နဲ႔ေမႊေပးပါ။ ျပစ္ျပစ္ေလးအ
ေနအထားရေအာင္ ျပဳလုပ္ၿပီး ဦးေရျပားထဲ စိမ့္၀င္ေအာင္လိမ္းေပးပါ။ မိနစ္(၃) ခန္႔ႏွပ္ထားလုိက္ပါ။ သုံးရက္ေလာက္
ဆက္တုိက္လုပ္လုိက္ရင္ ေဗာက္ဒက္ေတြကို ယူပစ္လုိက္သလုိ ေပ်ာက္သြားေစပါမယ္။

(၃) ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္အေၾကာင္းကေတာ့ အမ်ိဳးသမီးတုိင္း သိၿပီးျဖစ္ပါလိ့မ္မယ္။ အမ်ိဳးသမီးတုိ႕အလွအတြက္ လုိအပ္တဲ့ေန
ရာမွာ သုံးလုိ႔ရပါတယ္။ ဦးေခါင္းနဲ႔ဆံပင္မွာ ေရာဂါရွိတယ္ထင္ရင္လည္း အရည္ေပ်ာ္ေအာင္ေဖ်ာ္ၿပီး လိမ္းေပး႐ုံပါဘဲ။ မ်က္
ႏွာေပၚမွာ ျပႆနာရွိတယ္ထင္ရင္လည္း လိမ္းေပးလုိက္တာနဲ႔ ေပ်ာက္ကင္းေစပါတယ္။

(၄) သံပုရာရည္+ၾကက္သြန္ျဖဴ



သံပုရာရည္ 1 ဆ၊ ၾကက္သြန္ျဖဴ ေပ်ာ္ရည္ 2 ဆကုိ ေရာစပ္ၿပီး လိမ္းျခင္းျဖစ္ပါတယ္။ လိမ္းၿပီးရင္ ငါးမိနစ္ထက္ ပိုမၾကာ
ပါေစနဲ႔။ သံပုရာရည္မွာ အက္စစ္ဓာတ္အေပ်ာ့စားပါလုိ႔ အေရျပားကုိ ေလာင္ေစႏုိင္ပါတယ္။ အေကာင္းဆုံးကေတာ့ လိမ္း
ၿပီးတာနဲ႔ ခ်က္ခ်င္းေရနဲ႔တန္းၿပီး သန္႕စင္လုိက္ပါ။ သန္းက်တဲ့အမ်ိဳးသမီးေတြအတြက္လည္း ဒီနည္းက အထိေရာက္ဆုံး
ျဖစ္တယ္လုိ႔ သိရပါတယ္။

(၅) ပန္းသီးေပ်ာ္ရည္+ပ်ားရည္

ပန္းသီး တစ္လုံး(သို႕) ႏွစ္လုံးခန္႔ကုိ ေဖ်ာ္စက္ထဲမွာ ထည့္ၿပီးေမႊပါ။ ပ်ားရည္ ဟင္းစားဇြန္းနဲ႔ သုံးဇြန္းေလာက္ထည့္ၿပီး သမေအာင္ ေမႊပါ။ ၿပီးရင္ ဦးေခါင္းအေရျပားထဲ စိမ့္၀င္ေအာင္ သုတ္လိမ္းေပးပါ။ ေဗာက္ဒက္ေရာဂါအျပင္ ဦးေခါင္းယားယံ
ျခင္း၊ သန္းက်ျခင္းအတြက္လည္း ေကာင္းပါတယ္။

(၆) ၾကက္ဥ

ဦးေခါင္းအေရျပားမ်ား ဗီတာမင္ဓာတ္ နည္းပါးေနတာကုိ တုိက္႐ုိက္ျဖည့္တင္းတဲ့နည္းကေတာ့ ၾကက္ဥက အေကာင္းဆုံးပါ
ဘဲ။ အခ်ိဳ႕က ၾကက္ဥအကာရည္နဲ႔ သီးသန္႔ ကုသတတ္ပါတယ္။ ဒါေပမယ့္ အႏွစ္ပဲျဖစ္ျဖစ္ အကာပဲျဖစ္ျဖစ္ ဦးေခါင္းအေရ
အျပားအတြက္ ႏွစ္ခုလုံးအက်ိဳးရွိပါတယ္။ အက်ိဳးအာနိသင္လည္း ကြာျခားမႈမရွိပါဘူး။

မဒီေလး (Shwemom)

shwemom

source : top10for.com

......................................

ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?
By netsetaw -  May 18, 2016

ခေါင်းထဲမှာ ဗောက်တွေဒက်တွေ မနိုင်လို့ စိတ်ညစ်နေတဲ့ ပျိုမေတွေ Shwemom ပရိသတ်ထဲမှာ ရှိမယ်ထင်ပါတယ်။
ခေါင်းလျှော်ရည်လည်း စုံနေပြီ ဗောက်တွေဒက်တွေကတော့ ရှိနေမြဲပဲဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေ ကြိုးစား
ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ကုလားပဲအစိမ်းမှုန့်+ဒိန်ချဉ်

ကုလားပဲအစိမ်းမှုန့်ဖြစ်ပါတယ်။ အကြက်မှုန့်နဲ့ မှားမှာစိုးလို့ပါ။ ကုလားပဲအစိမ်းမှုန့်ကို ဒိန်ချဉ်နဲ့ ခပ်ပြစ်ပြစ်ကလေးနယ်ပြီး
ဦးရေပြားကို အဓိကထားပြီး သုတ်လိမ်းပါ။ ဆံပင်အတွက်လည်း ကောင်းမွန်ပါတယ်။ မိနစ်(၃၀)ခန့် နှပ်ထားပြီး ရေနဲ့
ပြောင်စင်အောင် လျှော်ပါ။ ဗောက်ဒက် ထူလွန်းတယ်ဆိုရင်တော့ သုံးရက်လောက် ဆက်တိုက်လုပ်ပေးလိုက်ပါ။

(၂) မုန်လာဥနီ+ကြက်သွန်ဖြူပျော်ရည်




မုန်လာဥနီနဲ့ ကြက်သွန်ဖြူကို အချိုးအဆတူညီစွာထည့်ပြီး ရေအနည်းငယ်ထည့်ကာ မွှေစက်နဲ့မွှေပေးပါ။ ပြစ်ပြစ်လေးအ
နေအထားရအောင် ပြုလုပ်ပြီး ဦးရေပြားထဲ စိမ့်ဝင်အောင်လိမ်းပေးပါ။ မိနစ်(၃) ခန့်နှပ်ထားလိုက်ပါ။ သုံးရက်လောက်
ဆက်တိုက်လုပ်လိုက်ရင် ဗောက်ဒက်တွေကို ယူပစ်လိုက်သလို ပျောက်သွားစေပါမယ်။

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အကြောင်းကတော့ အမျိုးသမီးတိုင်း သိပြီးဖြစ်ပါလိ့မ်မယ်။ အမျိုးသမီးတို့အလှအတွက် လိုအပ်တဲ့နေ
ရာမှာ သုံးလို့ရပါတယ်။ ဦးခေါင်းနဲ့ဆံပင်မှာ ရောဂါရှိတယ်ထင်ရင်လည်း အရည်ပျော်အောင်ဖျော်ပြီး လိမ်းပေးရုံပါဘဲ။ မျက်
နှာပေါ်မှာ ပြဿနာရှိတယ်ထင်ရင်လည်း လိမ်းပေးလိုက်တာနဲ့ ပျောက်ကင်းစေပါတယ်။

(၄) သံပုရာရည်+ကြက်သွန်ဖြူ



သံပုရာရည် 1 ဆ၊ ကြက်သွန်ဖြူ ပျော်ရည် 2 ဆကို ရောစပ်ပြီး လိမ်းခြင်းဖြစ်ပါတယ်။ လိမ်းပြီးရင် ငါးမိနစ်ထက် ပိုမကြာ
ပါစေနဲ့။ သံပုရာရည်မှာ အက်စစ်ဓာတ်အပျော့စားပါလို့ အရေပြားကို လောင်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ လိမ်း
ပြီးတာနဲ့ ချက်ချင်းရေနဲ့တန်းပြီး သန့်စင်လိုက်ပါ။ သန်းကျတဲ့အမျိုးသမီးတွေအတွက်လည်း ဒီနည်းက အထိရောက်ဆုံး
ဖြစ်တယ်လို့ သိရပါတယ်။

(၅) ပန်းသီးပျော်ရည်+ပျားရည်

ပန်းသီး တစ်လုံး(သို့) နှစ်လုံးခန့်ကို ဖျော်စက်ထဲမှာ ထည့်ပြီးမွှေပါ။ ပျားရည် ဟင်းစားဇွန်းနဲ့ သုံးဇွန်းလောက်ထည့်ပြီး သမအောင် မွှေပါ။ ပြီးရင် ဦးခေါင်းအရေပြားထဲ စိမ့်ဝင်အောင် သုတ်လိမ်းပေးပါ။ ဗောက်ဒက်ရောဂါအပြင် ဦးခေါင်းယားယံ
ခြင်း၊ သန်းကျခြင်းအတွက်လည်း ကောင်းပါတယ်။

(၆) ကြက်ဥ

ဦးခေါင်းအရေပြားများ ဗီတာမင်ဓာတ် နည်းပါးနေတာကို တိုက်ရိုက်ဖြည့်တင်းတဲ့နည်းကတော့ ကြက်ဥက အကောင်းဆုံးပါ
ဘဲ။ အချို့က ကြက်ဥအကာရည်နဲ့ သီးသန့် ကုသတတ်ပါတယ်။ ဒါပေမယ့် အနှစ်ပဲဖြစ်ဖြစ် အကာပဲဖြစ်ဖြစ် ဦးခေါင်းအရေ
အပြားအတွက် နှစ်ခုလုံးအကျိုးရှိပါတယ်။ အကျိုးအာနိသင်လည်း ကွာခြားမှုမရှိပါဘူး။

မဒီလေး (Shwemom)

shwemom

source : top10for.com

No comments:

Post a Comment