Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 23, 2016

EQျမင့္တဲ့သူေတြ လုပ္ေလ့လုပ္ထမရွိတဲ့အျပဳအမူမ်ား



By netsetaw -  May 18, 2016

E.Q ဆုိတာက (Emotional Quotient)ကို ေျပာတာပါ။ E.Q ျမင့္သူေတြကုိ စိတ္ဓာတ္ရင့္က်က္သူေတြလုိ႔ ေခၚပါတယ္။
အဲဒီစိတ္ဓာတ္ရင့္က်က္သူေတြဟာ သာမာန္လူမ်ားနဲ႔မတူဘဲ ေအာက္ပါ အခ်က္ေတြကို လုပ္ေလ့မရွိပါဘူးတဲ့။ Shwemom ပရိသတ္ႀကီးလည္း အတုယူစံထားႏုိင္ေစဖုိ႔ ေဖာ္ျပေပးလုိက္ပါတယ္။

(၁) မုိက္တိမုိက္ကန္း မျပဳမူဘူး



ရပ္ကြက္ထဲမွာ သတၱိရွိတဲ့ေကာင္ ထြက္ခဲ့ … ေသသြားမယ္ ရွင္သြားမယ္-စသျဖင့္ စိတ္ထဲမထင္ရင္ ရပ္ကြက္ထဲ ပတ္ၿပီး
စိန္ေခၚတဲ့အထဲမွာ စိတ္ဓာတ္ရင့္က်က္သူေတြ မပါပါဘူး။ သင့္ မ်က္ျမင္အရ လူတစ္ေယာက္ကုိ စိတ္ဓာတ္ရင့္က်က္တယ္
လုိ႔ ေတြးထင္ထားတဲ့ လူဟာ ေျမႇာက္တုိင္း ကားတဲ့ ေျမႇာက္ကားႀကီးျဖစ္ေနရင္လည္း သင့္ထင္ျမင္ယူဆခ်က္ မွားေနတယ္
တာ ေသခ်ာပါတယ္။

(၂) အသစ္ေတြကို မေရွာင္ရွားဘူး

အသစ္ေတြဆုိတာက အ၀တ္အစားသစ္၊ ဒီဇုိင္းအသစ္ကို ေျပာတာမဟုတ္ပါဘူး။ ျပႆနာအသစ္ေတြ၊ ဆက္ဆံရဖုိ႔ရွိေန
တဲ့ မ်က္ႏွာစိမ္းလူသစ္ေတြ၊ ကုိယ္နားမလည္တဲ့ အေတြ႕အႀကံဳသစ္ေတြရဖုိ႔အတြက္ ေခါင္းေရွာင္တာ ေန႔ေ၇ႊ႕ညေရႊ႕လုပ္
တာမ်ိဳး E.Q ျမင့္တဲ့သူေတြမွာ မရွိပါဘူး။

(၃) ကုိယ္က်ိဳးအတြက္အာ႐ုံမစုိက္ဘူး



ဘယ္လုိကိစၥမ်ိဳးပဲျဖစ္ျဖစ္ ကိုယ္က်ိဳးကိုဘယ္ေတာ့မွ ထည့္မတြက္ပါဘူး။ ဗုိလ္ခ်ဳပ္ေအာင္ဆန္းကုိ ဥပမာထားၿပီး ၾကည့္ေပါ့။
ေသဆုံးခ်ိန္မွာ ဘာေတြမ်ားက်န္ခဲ့လုိ႔လဲ။ ဒါေပမယ့္ သမုိင္းေတြ အမ်ားႀကီးက်န္ခဲ့တယ္။ သမုိင္းေၾကာင္းေကာင္းလြန္း
ေတာ့ စိတ္ဓာတ္ျမင့္ျမတ္လြန္းေတာ့ သူ႕အေၾကာင္းဟာ မေကာင္းတာကို ေရးစရာမရွိဘူး။ ဂုဏ္ယူစရာေတြ အျပည့္ပဲ။

(၄) အဆုိးမျမင္ဘူး

အဆုိးမျမင္ဘူးဆိုတာက အရာရာတုိင္းကို အေကာင္းခ်ည္း ထုိင္ျမင္ေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ လူသတ္တာ မ
ေကာင္းဘူး-ဟုတ္တယ္။ ဒါမ်ိဳးကိုက်ေတာ့ အေကာင္းမျမင္တာမဟုတ္ဘူး။ လူက်င့္၀တ္အရ အေၾကာင္းအက်ိဳးကုိ မွန္
ကန္စြာ နားလည္တာ။ အရာရာကုိ ေ၀ဖန္ပုိင္းျခားစြာနဲ႔ ေကာင္း၏ မေကာင္း၏ကို ခြဲျခားသိႏုိင္တာ E.Q ျမင့္သူေတြမွာသာ
ရွိတယ္။

(၅) က်႐ႈံးျခင္း/ဘ၀င္ေလဟပ္ျခင္းမရွိဘူး



ကိစၥရပ္တစ္ခု လုပ္တဲ့အခါတုိင္း ေအာင္ျမင္တဲ့အခါလည္း ထူးၿပီး ေအာက္ေျခလြတ္တာမ်ိဳး မရွိပါဘူး။ က်႐ႈံးၿပီဆုိရင္လည္း
လက္မႈိင္ခ် ယူႀကဳံးမရျဖစ္ေနတာမ်ိဳး E.Q ျမင့္သူေတြမွာ မရွိပါဘူး။ သူ လုပ္စရာရွိတာကုိ ပုံမွန္လုပ္ေနႏုိင္သူေတြ ျဖစ္ပါ
တယ္။

(၆) မွ်တမႈကုိလစ္လွ်ဴမ႐ႈဘူး

အရာရာကုိ မွ်တစြာပဲ ေတြးပါတယ္။ ရပုိင္ခြင့္လည္း ဘယ္ေတာ့မွ သူမ်ားထက္ ပုိၿပီးမလုိခ်င္ၾကပါဘူး။ မွ်တမႈအတြက္
တုိက္ပြဲ၀င္ၿပီဆုိရင္လည္း ေရွ႕ဆုံးကေန တက္ၾကြစြာပါ၀င္တတ္ပါတယ္။

(၇) အဆုိးျမင္သမားေတြကုိရင္ဆုိင္/ေျဖရွင္း/ေပါင္းသင္းျခင္းမရွိဘူး

လူတစ္ေယာက္ကုိ သမာသမတ္မက်သူ၊ အဂတိတရားလုိက္စားသူ၊ အတၱႀကီးသူအျဖစ္ ဆင္ျခင္မိတဲ့အခါ အဲဒီလုိလူမ်ိဳးကို
ဘယ္ေတာ့မွ ရင္ဆုိင္ျခင္း၊ ေျဖရွင္းျခင္း၊ ေပါင္းသင္းျခင္း-စတာေတြ လုံး၀ မလုပ္ေတာ့ပါဘူး။ လုံး၀ကို ၾကဥ္ဖယ္လုိက္တဲ့ သေဘာပါ။

နတ္စည္ေတာ္ (Shwemom)

shwemom

source : lifehack.org

...................................................

EQမြင့်တဲ့သူတွေ လုပ်လေ့လုပ်ထမရှိတဲ့အပြုအမူများ
By netsetaw -  May 18, 2016

E.Q ဆိုတာက (Emotional Quotient)ကို ပြောတာပါ။ E.Q မြင့်သူတွေကို စိတ်ဓာတ်ရင့်ကျက်သူတွေလို့ ခေါ်ပါတယ်။
အဲဒီစိတ်ဓာတ်ရင့်ကျက်သူတွေဟာ သာမာန်လူများနဲ့မတူဘဲ အောက်ပါ အချက်တွေကို လုပ်လေ့မရှိပါဘူးတဲ့။ Shwemom ပရိသတ်ကြီးလည်း အတုယူစံထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) မိုက်တိမိုက်ကန်း မပြုမူဘူး



ရပ်ကွက်ထဲမှာ သတ္တိရှိတဲ့ကောင် ထွက်ခဲ့ … သေသွားမယ် ရှင်သွားမယ်-စသဖြင့် စိတ်ထဲမထင်ရင် ရပ်ကွက်ထဲ ပတ်ပြီး
စိန်ခေါ်တဲ့အထဲမှာ စိတ်ဓာတ်ရင့်ကျက်သူတွေ မပါပါဘူး။ သင့် မျက်မြင်အရ လူတစ်ယောက်ကို စိတ်ဓာတ်ရင့်ကျက်တယ်
လို့ တွေးထင်ထားတဲ့ လူဟာ မြှောက်တိုင်း ကားတဲ့ မြှောက်ကားကြီးဖြစ်နေရင်လည်း သင့်ထင်မြင်ယူဆချက် မှားနေတယ်
တာ သေချာပါတယ်။

(၂) အသစ်တွေကို မရှောင်ရှားဘူး

အသစ်တွေဆိုတာက အဝတ်အစားသစ်၊ ဒီဇိုင်းအသစ်ကို ပြောတာမဟုတ်ပါဘူး။ ပြဿနာအသစ်တွေ၊ ဆက်ဆံရဖို့ရှိနေ
တဲ့ မျက်နှာစိမ်းလူသစ်တွေ၊ ကိုယ်နားမလည်တဲ့ အတွေ့အကြုံသစ်တွေရဖို့အတွက် ခေါင်းရှောင်တာ နေ့ရွှေ့ညရွှေ့လုပ်
တာမျိုး E.Q မြင့်တဲ့သူတွေမှာ မရှိပါဘူး။

(၃) ကိုယ်ကျိုးအတွက်အာရုံမစိုက်ဘူး



ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ကိုယ်ကျိုးကိုဘယ်တော့မှ ထည့်မတွက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ဥပမာထားပြီး ကြည့်ပေါ့။
သေဆုံးချိန်မှာ ဘာတွေများကျန်ခဲ့လို့လဲ။ ဒါပေမယ့် သမိုင်းတွေ အများကြီးကျန်ခဲ့တယ်။ သမိုင်းကြောင်းကောင်းလွန်း
တော့ စိတ်ဓာတ်မြင့်မြတ်လွန်းတော့ သူ့အကြောင်းဟာ မကောင်းတာကို ရေးစရာမရှိဘူး။ ဂုဏ်ယူစရာတွေ အပြည့်ပဲ။

(၄) အဆိုးမမြင်ဘူး

အဆိုးမမြင်ဘူးဆိုတာက အရာရာတိုင်းကို အကောင်းချည်း ထိုင်မြင်နေတာမျိုးတော့ မဟုတ်ပါဘူး။ လူသတ်တာ မ
ကောင်းဘူး-ဟုတ်တယ်။ ဒါမျိုးကိုကျတော့ အကောင်းမမြင်တာမဟုတ်ဘူး။ လူကျင့်ဝတ်အရ အကြောင်းအကျိုးကို မှန်
ကန်စွာ နားလည်တာ။ အရာရာကို ဝေဖန်ပိုင်းခြားစွာနဲ့ ကောင်း၏ မကောင်း၏ကို ခွဲခြားသိနိုင်တာ E.Q မြင့်သူတွေမှာသာ
ရှိတယ်။

(၅) ကျရှုံးခြင်း/ဘဝင်လေဟပ်ခြင်းမရှိဘူး



ကိစ္စရပ်တစ်ခု လုပ်တဲ့အခါတိုင်း အောင်မြင်တဲ့အခါလည်း ထူးပြီး အောက်ခြေလွတ်တာမျိုး မရှိပါဘူး။ ကျရှုံးပြီဆိုရင်လည်း
လက်မှိုင်ချ ယူကြုံးမရဖြစ်နေတာမျိုး E.Q မြင့်သူတွေမှာ မရှိပါဘူး။ သူ လုပ်စရာရှိတာကို ပုံမှန်လုပ်နေနိုင်သူတွေ ဖြစ်ပါ
တယ်။

(၆) မျှတမှုကိုလစ်လျှူမရှုဘူး

အရာရာကို မျှတစွာပဲ တွေးပါတယ်။ ရပိုင်ခွင့်လည်း ဘယ်တော့မှ သူများထက် ပိုပြီးမလိုချင်ကြပါဘူး။ မျှတမှုအတွက်
တိုက်ပွဲဝင်ပြီဆိုရင်လည်း ရှေ့ဆုံးကနေ တက်ကြွစွာပါ၀င်တတ်ပါတယ်။

(၇) အဆိုးမြင်သမားတွေကိုရင်ဆိုင်/ဖြေရှင်း/ပေါင်းသင်းခြင်းမရှိဘူး

လူတစ်ယောက်ကို သမာသမတ်မကျသူ၊ အဂတိတရားလိုက်စားသူ၊ အတ္တကြီးသူအဖြစ် ဆင်ခြင်မိတဲ့အခါ အဲဒီလိုလူမျိုးကို
ဘယ်တော့မှ ရင်ဆိုင်ခြင်း၊ ဖြေရှင်းခြင်း၊ ပေါင်းသင်းခြင်း-စတာတွေ လုံးဝ မလုပ်တော့ပါဘူး။ လုံးဝကို ကြဉ်ဖယ်လိုက်တဲ့ သဘောပါ။

နတ်စည်တော် (Shwemom)

shwemom

source : lifehack.org

No comments:

Post a Comment