Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 8, 2016

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ျမန္မာခရီးစဥ္

ထိုင္းႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီး H.E.Mr. Don Pramudwinai ႏွင့္အဖြဲ႕ကို ႏိုင္ငံျခားေရး၀န္ႀကီးဌာန ႏိုင္ငံေရးရာဦးစီဌာန ညြန္ၾကားေရးမႈးခ်ဳပ္ ဥဗးက်ာ္ေဇယ်မွ ႀကိဳဆိုႏွဳတ္ဆက္ (MOI)
ျမန္မာႏိုင္ငံကိုမေန႔ညေနက ေရာက္ရွိလာတဲ့ ထိုင္း၀န္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) ပရာယုဒ္ခ်န္အိုခ်ာရဲ႕ အထူးကိုယ္စားလွယ္ ထိုင္းႏိုင္ငံျခားေရး၀န္ႀကီး မစၥတာ ဒြန္ ပရာမြတ္၀ီႏိုင္းဟာ ဒီကေန႔တနလၤာေန႔မွာ သမၼတဦးထင္ေက်ာ္နဲ႔ ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္တို႔ႏွစ္ဦးနဲ႔ ေတြ႕ဆံုမွာျဖစ္ပါတယ္။

ဒီခရီးစဥ္မွာ ႏွစ္ႏိုင္ငံဆက္ဆံေရးအတြက္ ဘာေတြကိုဦးစားေပးေဆြးေႏြးၾကဖို႔ရွိမလဲ။ NLD အစိုးရသစ္အေနနဲ႔ အိမ္နီးခ်င္းထိုင္းႏိုင္ငံနဲ႕ ဘယ္ကိစၥေတြကို အဓိကထား ပူးေပါင္းေဆာင္ရြက္သြားဖို႔ရွိမလဲ။ အေသးစိတ္ကို မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

ထိုင္း၀န္ႀကီးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ထိုင္းႏိုင္ငံျခားေရး၀န္ႀကီး မစၥတာ ဒြန္ ပရာမြတ္၀ီႏိုင္းဟာ ျမန္မာႏိုင္ငံကို မေန႔ကေရာက္ရွိလာတာပါ။ ဒီခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္ရြက္မႈျမွင့္တင္ဖို႔၊ ေနာက္ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈမွာ ပိုၿပီးတိုးတက္လာဖို႔၊ အထူးသျဖင့္ နယ္စပ္ေဒသဖံြၿဖိဳးတိုးတက္ေရးနဲ႔ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရး အပါအ၀င္ ထား၀ယ္အထူးစီးပြားေရးဇုန္ ဖံြၿဖိဳးတိုးတက္ေရးတို႔ မွာ ပူးေပါင္းေဆာင္ရြက္ဖို႔ စတဲ့ အခ်က္ေတြကို အဓိကေဆြးေႏြးသြားဖို႔ရွိေၾကာင္း ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ မေန႔က ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

အခုလိုထိုင္းႏိုင္ငံက တာ၀န္အရွိဆံုးေခါင္းေဆာင္ရဲ႕ အထူးကိုယ္စားလွယ္ခရီးစဥ္ဟာ အေကာင္းအဆိုးေတြပါ ဒြန္႔တဲြရွိေနတဲ့ အိ္မ္နီးခ်င္းႏွစ္ႏိုင္ငံဆက္ဆံေရးအတြက္ အေရးႀကီးေၾကာင္း ျမန္မာ့ႏိုင္ငံေရးကြ်မ္းက်င္သူ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

“ဒီအစိုးရအသစ္နဲ႔ ထိုင္းကလည္း သူတို႔ ႏိုင္ငံအက်ိဳးစီးပြားအတြက္ ခိုင္မာေအာင္၊ တိုးတက္ေအာင္လုပ္ခ်င္မွာျဖစ္ပါတယ္။ တခ်ိန္ထဲမွာ က်ေနာ္တို႔ ျမန္မာႏိုင္ငံဘက္ကလည္း ဒီ ထိုင္းႏိုင္ငံကို အမွီျပဳေနရတဲ႔ ဒုကၡသည္ေတြေရာ ေနာက္တခါ ေရြ႔ေျပာင္းအလုပ္သမားေတြေရာ ဒီကိစၥေတြကုိလည္း ထိုင္းအစိုးရကို အျပန္အလွန္ေျပာဖို႔အတြက္ အခြင့္အေရးတခုရပါတယ္။ ဒါ အင္မတန္မွ အခြင့္ေကာင္းတခုပါ။ ေနာက္အေရးႀကီးတာကေတာ့ ထိုင္းႏိုင္ငံကၾကည့္လိုက္ရင္ သူ႔ ႏိုင္ငံေရးအက်ိဳးစီးပြားကေတာ့ သူ႔နယ္စပ္ေဒသ ဆိုင္ရာျပႆနာေတြရယ္ ၊ ေနာက္တခါ ျမန္မာျပည္ကိုလာၿပီးေတာ့ အႀကီးအက်ယ္ရင္းႏွီးျမဳပ္ႏွံထားတဲ့ ထား၀ယ္စီမံကိန္းလိုကိစၥကအစ အဲဒါက အေတာ္အေရးႀကီးတဲ့အတြက္ ထိုင္းအတြက္ကလည္း ဒီအစိုးရအတြက္ အာမခံခ်က္ေတြနဲ႔ ခိုင္မာမႈေတြရေအာင္လိုခ်င္မယ္လို႔ ယူဆပါတယ္ခင္ဗ်။”

အရင္တုန္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ လူ႕အခြင့္အေရးခ်ဴိးေဖာက္တဲ့ကိစၥေတြ၊ ႏွစ္ႏိုင္ငံနယ္စပ္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြနဲ႔ တိုက္ပဲြေတြေၾကာင့္ ထိုင္း-ျမန္မာႏွစ္္ႏိုင္ငံ ဆက္ဆံေရး အဖုအထစ္ရွိခဲ့တာပါ။ အခုေတာ့ ဒီအေျခအေနေတြေက်ာ္လြန္ခဲ့ၿပီဆိုေပမယ့္ နယ္စပ္မွာ သန္းနဲ႔ခ်ီရွိေနတဲ့ တိုင္းရင္းသားဒုကၡသည္ေတြရဲ႕အေရး NLD အစိုးရသစ္နဲ႔ ထိုင္းစစ္အစိုးရတို႔ ပူးေပါင္းေျဖရွင္းဖို႔ရွိေနေသးေၾကာင္း ေက်ာင္းသားတပ္မေတာ္ ABSDF ေခါင္းေဆာင္ေဟာင္း ကိုမိုးသီးဇြန္ကေျပာပါတယ္။

“ထိုင္းအစိုးရရဲ႕ policy က လက္နက္ကိုင္အင္အားစုေတြကို အရင္ကတည္းက ျမန္မာအစိုးရနဲ႔ေျပလည္ေစခ်င္တယ္။ ျငိမ္းခ်မ္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈေတြ အဲဒါမ်ိဳးေတြလုပ္ေစခ်င္တယ္ တြန္းအားေပးတာမ်ိဳးေတြရွိတယ္။ အခုက်ေတာ့ ထိုင္းက ဒုကၡသည္စခန္းမွာရွိတဲ့ ဒုကၡသည္ေတြကို သူ႔ရဲ႕ မူလ ေနရပ္ရင္းကို ျပန္ေစခ်င္တဲ့သေဘာထားေတြ ။ အဲေတာ့ အရင္လိုဒုကၡသည္စခန္းဖြင့္တဲ့ဟာမ်ိဳးေတြကို သိပ္ၿပီးေတာ့ အားေပးကူညီတဲ့အေနအထားမရွိေတာ့ဘူး။ အဲဒီကိစၥေတြလည္း အခုျမန္မာအစိုးရအသစ္နဲ႔ ထိုင္းနဲ႔ ေျဖရွင္းရေတာ့မယ္။”

ဒါ့အျပင္ ထိုင္းႏိုင္ငံမွာ သန္းနဲ႔ခ်ီရွိေနတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြအေရး ႏွစ္ႏိုင္ငံ ပူးေပါင္းေျဖရွင္းဖို႔ကိစၥမွာ စိန္ေခၚမႈအခက္အခဲေတြရွိေနတာပါ။ ဒါနဲ႔ပတ္သက္လို႔ ေဒါက္တာတင့္ေဆြရဲ႕ အျမင္ကေတာ့

“ဦးသိန္းစိန္အစိုးရ ၅ ႏွစ္အုပ္ခ်ဳပ္သြားတာေတာင္မွ ဒုကၡသည္ေတြနဲ႔ အလုပ္သမားေတြက မျပန္လာႏိုင္တဲ့အေနအထား။ အခု ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစိုးရလက္ထက္မွာလည္း ျပန္လာႏိုင္ဖို႔အေရးဟာ က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕အခင္းအက်င္းနဲ႔ စီးပြားေရးေတြလိုေသးေတာ့ ဒီေရႊ႕ေျပာင္းအလုပ္သမားေတြဟာ အဲဒီမွာပဲ ေနၾကရဦးမွာ။ ဒီဟာကို ျမန္မာႏိုင္ငံဘက္ကလည္း တက္ႏိုင္သေလာက္ သူ႔ျပည္သူျပည္သားေတြရဲ႕အက်ိဳးစီးပြားကိုၾကည့္ၿပီးေတာ့ ေတာင္းဆိုလိမ့္မယ္။ သို႔ေသာ္လည္းထိုင္းက ဒီဟာကို ဘယ္ေလာက္လိုက္ေလွ်ာႏိုင္မလဲဆိုတာ မေသခ်ာဘူး။”

ထိုင္းႏိုင္ငံျခားေရး၀န္ႀကီးရဲ႕ ခရီးစဥ္အတြင္း ေနျပည္ေတာ္မွာ ဒီကေန႔ ညေန (၃)နာရီမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပူးတဲြသတင္းစာရွင္းလင္းပဲြျပဳလုပ္မွာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.........................................


ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Don Pramudwinai နှင့်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီဌာန ညွန်ကြားရေးမှုးချုပ် ဥဗးကျာ်ဇေယျမှ ကြိုဆိုနှုတ်ဆက် (MOI)
မြန်မာနိုင်ငံကိုမနေ့ညနေက ရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ ဒီကနေ့တနင်္လာနေ့မှာ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် ဘာတွေကိုဦးစားပေးဆွေးနွေးကြဖို့ရှိမလဲ။ NLD အစိုးရသစ်အနေနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဘယ်ကိစ္စတွေကို အဓိကထား ပူးပေါင်းဆောင်ရွက်သွားဖို့ရှိမလဲ။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ထိုင်းဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းဟာ မြန်မာနိုင်ငံကို မနေ့ကရောက်ရှိလာတာပါ။ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့၊ နောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ ပိုပြီးတိုးတက်လာဖို့၊ အထူးသဖြင့် နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံဖြိုးတိုးတက်ရေးတို့ မှာ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ အချက်တွေကို အဓိကဆွေးနွေးသွားဖို့ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အခုလိုထိုင်းနိုင်ငံက တာဝန်အရှိဆုံးခေါင်းဆောင်ရဲ့ အထူးကိုယ်စားလှယ်ခရီးစဉ်ဟာ အကောင်းအဆိုးတွေပါ ဒွန့်တွဲရှိနေတဲ့ အိ်မ်နီးချင်းနှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးကြောင်း မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ဒီအစိုးရအသစ်နဲ့ ထိုင်းကလည်း သူတို့ နိုင်ငံအကျိုးစီးပွားအတွက် ခိုင်မာအောင်၊ တိုးတက်အောင်လုပ်ချင်မှာဖြစ်ပါတယ်။ တချိန်ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံဘက်ကလည်း ဒီ ထိုင်းနိုင်ငံကို အမှီပြုနေရတဲ့ ဒုက္ခသည်တွေရော နောက်တခါ ရွေ့ပြောင်းအလုပ်သမားတွေရော ဒီကိစ္စတွေကိုလည်း ထိုင်းအစိုးရကို အပြန်အလှန်ပြောဖို့အတွက် အခွင့်အရေးတခုရပါတယ်။ ဒါ အင်မတန်မှ အခွင့်ကောင်းတခုပါ။ နောက်အရေးကြီးတာကတော့ ထိုင်းနိုင်ငံကကြည့်လိုက်ရင် သူ့ နိုင်ငံရေးအကျိုးစီးပွားကတော့ သူ့နယ်စပ်ဒေသ ဆိုင်ရာပြဿနာတွေရယ် ၊ နောက်တခါ မြန်မာပြည်ကိုလာပြီးတော့ အကြီးအကျယ်ရင်းနှီးမြုပ်နှံထားတဲ့ ထားဝယ်စီမံကိန်းလိုကိစ္စကအစ အဲဒါက အတော်အရေးကြီးတဲ့အတွက် ထိုင်းအတွက်ကလည်း ဒီအစိုးရအတွက် အာမခံချက်တွေနဲ့ ခိုင်မာမှုတွေရအောင်လိုချင်မယ်လို့ ယူဆပါတယ်ခင်ဗျ။”

အရင်တုန်းကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိူးဖောက်တဲ့ကိစ္စတွေ၊ နှစ်နိုင်ငံနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနှစ််နိုင်ငံ ဆက်ဆံရေး အဖုအထစ်ရှိခဲ့တာပါ။ အခုတော့ ဒီအခြေအနေတွေကျော်လွန်ခဲ့ပြီဆိုပေမယ့် နယ်စပ်မှာ သန်းနဲ့ချီရှိနေတဲ့ တိုင်းရင်းသားဒုက္ခသည်တွေရဲ့အရေး NLD အစိုးရသစ်နဲ့ ထိုင်းစစ်အစိုးရတို့ ပူးပေါင်းဖြေရှင်းဖို့ရှိနေသေးကြောင်း ကျောင်းသားတပ်မတော် ABSDF ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်ကပြောပါတယ်။

“ထိုင်းအစိုးရရဲ့ policy က လက်နက်ကိုင်အင်အားစုတွေကို အရင်ကတည်းက မြန်မာအစိုးရနဲ့ပြေလည်စေချင်တယ်။ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အဲဒါမျိုးတွေလုပ်စေချင်တယ် တွန်းအားပေးတာမျိုးတွေရှိတယ်။ အခုကျတော့ ထိုင်းက ဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည်တွေကို သူ့ရဲ့ မူလ နေရပ်ရင်းကို ပြန်စေချင်တဲ့သဘောထားတွေ ။ အဲတော့ အရင်လိုဒုက္ခသည်စခန်းဖွင့်တဲ့ဟာမျိုးတွေကို သိပ်ပြီးတော့ အားပေးကူညီတဲ့အနေအထားမရှိတော့ဘူး။ အဲဒီကိစ္စတွေလည်း အခုမြန်မာအစိုးရအသစ်နဲ့ ထိုင်းနဲ့ ဖြေရှင်းရတော့မယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ကိစ္စမှာ စိန်ခေါ်မှုအခက်အခဲတွေရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“ဦးသိန်းစိန်အစိုးရ ၅ နှစ်အုပ်ချုပ်သွားတာတောင်မှ ဒုက္ခသည်တွေနဲ့ အလုပ်သမားတွေက မပြန်လာနိုင်တဲ့အနေအထား။ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာလည်း ပြန်လာနိုင်ဖို့အရေးဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့အခင်းအကျင်းနဲ့ စီးပွားရေးတွေလိုသေးတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ အဲဒီမှာပဲ နေကြရဦးမှာ။ ဒီဟာကို မြန်မာနိုင်ငံဘက်ကလည်း တက်နိုင်သလောက် သူ့ပြည်သူပြည်သားတွေရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့ တောင်းဆိုလိမ့်မယ်။ သို့သော်လည်းထိုင်းက ဒီဟာကို ဘယ်လောက်လိုက်လျှောနိုင်မလဲဆိုတာ မသေချာဘူး။”

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း နေပြည်တော်မှာ ဒီကနေ့ ညနေ (၃)နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment