Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 22, 2016

Burma-Myanmar ကိစၥ ပညာရွင္အျမင္


Burma နဲ႔ Myanmar အေခၚအေ၀ၚ ႏွစ္ခုျဖစ္ေနတဲ့ အေပၚ ျမန္မာပညာရွင္ တခ်ိဳ႕ကေတာ့ - သမိုင္းေၾကာင္းေနာက္ခံေတြ ဘယ္လိုပဲ ရွိခဲ့ရွိခဲ့ - ဒီမိုကေရစီအစိုးရ တရပ္အေနနဲ႔ လူထုဆႏၵကို အရင္ခံယူသင့္တယ္ လို႔ ေျပာဆုိလိုက္ၾက ပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ႏုိင္ငံျခားသံတမန္ေတြနဲ႔ ေတြ႔ဆံုခ်ိန္ Burma ေရာ၊ Myanmar ပါ ႏွစ္မ်ိဳးစလံုး အဆင္ေျပသလို သံုးႏႈန္းႏုိင္တယ္ဆိုတဲ့အေပၚ ျမန္မာပညာရွင္တခ်ိဳ႕က ေျပာဆုိခဲ့ၾကတာပါ။ အေသးစိတ္ကိုေတာ့ ဆက္သြယ္ေမးျမန္းထားတဲ့ မနႏၵာခ်မ္း က ဆက္ေျပာျပပါမယ္။

​ျမန္မာအစိုးရသစ္ တက္လာၿပီးေနာက္ ပထမဆံုးအႀကိမ္ ႏုိင္ငံျခားသား သံတမန္ေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေသာၾကာေန႔က ေတြ႔ဆံုခ်ိန္မွာ - တခ်ိဳ႕ ႏုိင္ငံျခားသားသံတမန္ေတြက Burma နဲ႔ Myanmar ဘယ္ဟာေခၚရမွန္းမသိ ျဖစ္ေနတဲ့အေပၚ အဆင္ေျပသလို သံုးႏႈန္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာဆုိခဲ့တာပါ။ ဒါေပမဲ့လည္း တႏုိင္ငံလံုးနဲ႔ ဆိုင္တဲ့အေရးမို႔ ေနာက္ပိုင္းမွာေတာ့ ဒီမိုကေရစီစနစ္နဲ႔အညီ လူထုဆႏၵခံကို ခံယူသင့္တယ္လို႔ ေထာက္ျပခဲ့သူကေတာ့ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္မွ အၿငိမ္းစားပါေမာကၡခ်ဳပ္ ေဒါက္တာ ဆလိုင္းထြန္းသန္း ျဖစ္ပါတယ္။

“စစ္အစိုးရကေတာ့ လူထုဆႏၵယူဖို႔ သူ စိတ္ကူးမွာ မဟုတ္ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ ကလည္း အခု ဒီလို ခြၿပီး ေျပာလာတယ္ ဆုိတဲ့ဥစၥာက က်ေနာ္ထင္တယ္ အဓိပၸါယ္ရွိတယ္ထင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူလည္း ခ်က္ျခင္းႀကီး 100 and 80 ဒီဂရီ သူ လွည့္လို႔မျဖစ္ေသးဘူးေလ။ သူလည္း အခုမွ တက္ခါစကိုး။ ဆုိေတာ့ သူ႔အေနနဲ႔လည္းပဲ လိမၼာပါးနပ္စြာ တေျဖးေျဖးနဲ႔ သူ လုပ္သြားရမွာပဲ။ က်ေနာ္ ထင္တာေတာ့ လူထုဆႏၵ ေမးသင့္ တယ္လို႔ ထင္တာေပါ့ေလ။ ဘာေၾကာင့္လဲဆုိေတာ့ ဒါက တုိင္းျပည္နဲ႔အ၀ွမ္း ဆိုင္တဲ့ကိစၥကိုး။ တေျဖးေျဖးေတာ့ က်ေနာ္ထင္တယ္ သူ လုပ္သင့္တယ္ ျပည္သူ႔ဆႏၵယူၿပီးေတာ့မွ။”

အလားတူ ျမန္မာစာပါေမာကၡ ဆရာႀကီး ဦးေစာထြန္းကလည္း - တုိင္းရင္းသားေတြ နဲ႔ ဖြဲ႔စည္းထားတဲ့ ႏုိင္ငံတခုမို႔ အမ်ားရဲ႕ဆႏၵနဲ႔အညီ ျဖစ္သင့္တယ္လို႔ အခုလို ေျပာပါတယ္။

“ျမန္မာဆုိတာ ဗမာလူမ်ိဳးရဲ႕နာမည္……”

ဒါ့အျပင္ “Burma” နဲ႔ “Myanmar” ျဖစ္ေပၚလာျခင္းအေၾကာင္းရင္းကိုလည္း သမိုင္းေၾကာင္းနဲ႔ ဆရာႀကီး ဦးေစာထြန္းက အခုလို ရွင္းျပခဲ့ပါတယ္။

“အဂၤလိပ္ေတြက အစက အင္း၀ လို႔ေခၚ… ပုဂံလက္ထက္ ကတည္းက ျမန္မာလို႔ ေခၚေ၀ၚတာ ႏွစ္ေပါင္း ၉၀၀ ေလာက္ရွိၿပီ…..”

ဒါေပမဲ့လည္း န၀တ၊ နအဖ စစ္အာဏာရွင္လက္ထက္ မတုိင္ခင္အထိ ေခတ္ အဆက္ဆက္ သံုးစြဲလာခဲ့တဲ့ Burma ဆိုတာကိုပဲ ပိုႏွစ္ၿခိဳက္တယ္လို႔ ေဒါက္တာ ဆလိုင္းထြန္းသန္းက ဆုိပါတယ္။

“ဆရာ့အေနနဲ႔ကေတာ့ Burma က ပိုၿပီးေတာ့ ေကာင္းမယ္ထင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ ျမန္မာဆုိတာက ေတာ္ေတာ္တန္တန္ လူေတြကလည္း pronounce မလုပ္တတ္ဘူး။ သူတို႔အေနနဲ႔ Myanmar ဆိုတာကို pronounce လုပ္ရတာ ေတာ္ေတာ္ကို ခက္တယ္။ Burma ဆိုတာ တကမၻာလံုး ႏႈတ္က်ိဳးေနၿပီပဲ။ က်ေနာ္တုိ႔က ဘာေၾကာင့္ ေျပာင္းစရာ လိုမလဲ။ Burma ပဲ ႀကိဳက္ပါတယ္။ က်ေနာ္တုိ႔ ဟိုတုန္းကတည္းကိုက တိဘက္တိုဘားမန္း ဆိုၿပီးေတာ့ ဟိုဘက္ဒီဘက္ စဥ္းစားသင့္တယ္ေလ။ ဥပမာ - ဂ်ာမနီတို႔၊ အိႏၵိယတို႔၊ တ႐ုတ္တို႔ ေတာင္မွပဲ သူတို႔ ေျပာင္းခ်င္တဲ့ဥစၥာ ေျပာင္းႏုိင္ရဲ႕သားနဲ႔ သူတို႔ မေျပာင္းဘူး။ သူတို႔မွာက သူတို႔ရဲ႕ အေတြးအေခၚေတြ ရင့္က်က္လာၿပီ။ ဒါက အေတြးအေခၚ ရင့္က်က္မႈကို ျပတာပဲ။ က်ေနာ္တို႔က အေတြးအေခၚ ႏုနယ္ေသးတယ္။ တနည္းအားျဖင့္ သူတုိ႔ အလုပ္မရွိလို႔ ေၾကာင္မ ေရခ်ိဳး ဆိုသလိုပဲ အလုပ္မရွိေတာ့လည္းပဲ အဲဒါကို ဟိုေျပာင္း ဒီေျပာင္း ေျပာင္းတာ လည္းပဲ ျဖစ္ႏုိင္တာပဲ။”

ေလာေလာဆယ္မွာေတာ့ ကုလသမဂၢ အပါအ၀င္ အာဆီယံႏုိင္ငံေတြနဲ႔ အိမ္နီးခ်င္း ႏုိင္ငံ ေတာ္ေတာ္မ်ားမ်ားက Myanmar လို႔ သံုးစြဲၾကၿပီး၊ အေမရိကန္ျပည္ေထာင္စုကေတာ့ Burma လို႔ တရား၀င္ အသိအမွတ္ျပဳထားေပမဲ့ သံတမန္ေရး အရ လိုအပ္ရင္ တခါတရံမွာ Myanmar လို႔ သံုးစြဲသြားမွာျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။

နႏၵာခ်မ္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/

..............................................


Burma နဲ့ Myanmar အခေါ်အဝေါ် နှစ်ခုဖြစ်နေတဲ့ အပေါ် မြန်မာပညာရှင် တချို့ကတော့ - သမိုင်းကြောင်းနောက်ခံတွေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ - ဒီမိုကရေစီအစိုးရ တရပ်အနေနဲ့ လူထုဆန္ဒကို အရင်ခံယူသင့်တယ် လို့ ပြောဆိုလိုက်ကြ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံချိန် Burma ရော၊ Myanmar ပါ နှစ်မျိုးစလုံး အဆင်ပြေသလို သုံးနှုန်းနိုင်တယ်ဆိုတဲ့အပေါ် မြန်မာပညာရှင်တချို့က ပြောဆိုခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။


​မြန်မာအစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံခြားသား သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သောကြာနေ့က တွေ့ဆုံချိန်မှာ - တချို့ နိုင်ငံခြားသားသံတမန်တွေက Burma နဲ့ Myanmar ဘယ်ဟာခေါ်ရမှန်းမသိ ဖြစ်နေတဲ့အပေါ် အဆင်ပြေသလို သုံးနှုန်းဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တနိုင်ငံလုံးနဲ့ ဆိုင်တဲ့အရေးမို့ နောက်ပိုင်းမှာတော့ ဒီမိုကရေစီစနစ်နဲ့အညီ လူထုဆန္ဒခံကို ခံယူသင့်တယ်လို့ ထောက်ပြခဲ့သူကတော့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာ ဆလိုင်းထွန်းသန်း ဖြစ်ပါတယ်။

“စစ်အစိုးရကတော့ လူထုဆန္ဒယူဖို့ သူ စိတ်ကူးမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အခု ဒီလို ခွပြီး ပြောလာတယ် ဆိုတဲ့ဥစ္စာက ကျနော်ထင်တယ် အဓိပ္ပါယ်ရှိတယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူလည်း ချက်ခြင်းကြီး 100 and 80 ဒီဂရီ သူ လှည့်လို့မဖြစ်သေးဘူးလေ။ သူလည်း အခုမှ တက်ခါစကိုး။ ဆိုတော့ သူ့အနေနဲ့လည်းပဲ လိမ္မာပါးနပ်စွာ တဖြေးဖြေးနဲ့ သူ လုပ်သွားရမှာပဲ။ ကျနော် ထင်တာတော့ လူထုဆန္ဒ မေးသင့် တယ်လို့ ထင်တာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဒါက တိုင်းပြည်နဲ့အဝှမ်း ဆိုင်တဲ့ကိစ္စကိုး။ တဖြေးဖြေးတော့ ကျနော်ထင်တယ် သူ လုပ်သင့်တယ် ပြည်သူ့ဆန္ဒယူပြီးတော့မှ။”

အလားတူ မြန်မာစာပါမောက္ခ ဆရာကြီး ဦးစောထွန်းကလည်း - တိုင်းရင်းသားတွေ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတခုမို့ အများရဲ့ဆန္ဒနဲ့အညီ ဖြစ်သင့်တယ်လို့ အခုလို ပြောပါတယ်။

“မြန်မာဆိုတာ ဗမာလူမျိုးရဲ့နာမည်……”

ဒါ့အပြင် “Burma” နဲ့ “Myanmar” ဖြစ်ပေါ်လာခြင်းအကြောင်းရင်းကိုလည်း သမိုင်းကြောင်းနဲ့ ဆရာကြီး ဦးစောထွန်းက အခုလို ရှင်းပြခဲ့ပါတယ်။

“အင်္ဂလိပ်တွေက အစက အင်းဝ လို့ခေါ်… ပုဂံလက်ထက် ကတည်းက မြန်မာလို့ ခေါ်ဝေါ်တာ နှစ်ပေါင်း ၉၀၀ လောက်ရှိပြီ…..”

ဒါပေမဲ့လည်း နဝတ၊ နအဖ စစ်အာဏာရှင်လက်ထက် မတိုင်ခင်အထိ ခေတ် အဆက်ဆက် သုံးစွဲလာခဲ့တဲ့ Burma ဆိုတာကိုပဲ ပိုနှစ်ခြိုက်တယ်လို့ ဒေါက်တာ ဆလိုင်းထွန်းသန်းက ဆိုပါတယ်။

“ဆရာ့အနေနဲ့ကတော့ Burma က ပိုပြီးတော့ ကောင်းမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာဆိုတာက တော်တော်တန်တန် လူတွေကလည်း pronounce မလုပ်တတ်ဘူး။ သူတို့အနေနဲ့ Myanmar ဆိုတာကို pronounce လုပ်ရတာ တော်တော်ကို ခက်တယ်။ Burma ဆိုတာ တကမ္ဘာလုံး နှုတ်ကျိုးနေပြီပဲ။ ကျနော်တို့က ဘာကြောင့် ပြောင်းစရာ လိုမလဲ။ Burma ပဲ ကြိုက်ပါတယ်။ ကျနော်တို့ ဟိုတုန်းကတည်းကိုက တိဘက်တိုဘားမန်း ဆိုပြီးတော့ ဟိုဘက်ဒီဘက် စဉ်းစားသင့်တယ်လေ။ ဥပမာ - ဂျာမနီတို့၊ အိန္ဒိယတို့၊ တရုတ်တို့ တောင်မှပဲ သူတို့ ပြောင်းချင်တဲ့ဥစ္စာ ပြောင်းနိုင်ရဲ့သားနဲ့ သူတို့ မပြောင်းဘူး။ သူတို့မှာက သူတို့ရဲ့ အတွေးအခေါ်တွေ ရင့်ကျက်လာပြီ။ ဒါက အတွေးအခေါ် ရင့်ကျက်မှုကို ပြတာပဲ။ ကျနော်တို့က အတွေးအခေါ် နုနယ်သေးတယ်။ တနည်းအားဖြင့် သူတို့ အလုပ်မရှိလို့ ကြောင်မ ရေချိုး ဆိုသလိုပဲ အလုပ်မရှိတော့လည်းပဲ အဲဒါကို ဟိုပြောင်း ဒီပြောင်း ပြောင်းတာ လည်းပဲ ဖြစ်နိုင်တာပဲ။”

လောလောဆယ်မှာတော့ ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံ တော်တော်များများက Myanmar လို့ သုံးစွဲကြပြီး၊ အမေရိကန်ပြည်ထောင်စုကတော့ Burma လို့ တရားဝင် အသိအမှတ်ပြုထားပေမဲ့ သံတမန်ရေး အရ လိုအပ်ရင် တခါတရံမှာ Myanmar လို့ သုံးစွဲသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

နန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

No comments:

Post a Comment