Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 22, 2016

Burma လား၊ Myanmar လား

သံတမန္ေတြနဲ႔ေတြ႔ဆံုရန္ ေဒၚေအာင္ဆန္းစုၾကည္ေရာက္ရွိလာစဥ္။ (ဧၿပီ ၂၂၊ ၂၀၁၆)
ႏုိင္ငံျခားသံတမန္ေတြကို အစိုးရသစ္ရဲ႕ ႏုိင္ငံျခားေရးမူ၀ါဒနဲ႔ ပတ္သက္လို႔ ရွင္းလင္းပဲြမွာ Burma / Myanmar အသုံးအႏႈန္းနဲ႔ ပတ္သက္လို႔ အဆင္ေျပသလို သုံးႏႈန္းေခၚေ၀ၚဖို႔ ဆုိၿပီး ႏုိင္ငံျခားေရး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ က ေျပာလိုက္ပါတယ္။ အရင္တုန္းကေတာ့ Burma ဆိုတဲ့အသုံးအႏႈန္းနဲ႔ ပတ္သက္္လို႔ စစ္အစိုးရတာ၀န္ရွိသူအဆက္ဆက္က ကန္႔ကြက္ေျပာဆုိခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္နုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။


ျမန္မာႏုိင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ဟာ နုိင္ငံျခားေရး၀န္ႀကီးအျဖစ္ တာ၀န္ယူူၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္အျဖစ္ နဲ႔ ႏုိင္ငံျခားသံတမန္ေတြ နဲ႔ ေနျပည္ေတာ္မွာ ဒီကေန႔ ေတြ႔ဆုံခဲ့ပါတယ္။ ကုလသမဂၢ အပါအ၀င္ ျပည္တြင္း၊ ျပည္ပက ႏုိင္ငံျခားသံတမန္ေတြ နဲ႔ ေတြ႔ဆုံခဲ့စဥ္အတြင္း - အစိုးရသစ္ရဲ႕ မူ၀ါဒေတြကို အဓိကအေလးေပးေျပာၾကားသြားခဲ့သလို၊ သံတမန္ေတြအေနနဲ႔လည္း ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီး Burma နဲ႔ Myanmar အဆင္ေျပတာကိုေခၚဖို႔ ေျပာသြားခဲ့ပါတယ္။

"တလက္စတည္း ဒီမွာပဲ Burma နဲ႔ Myanmar ကိစၥကိုလည္း က်မအေနနဲ႔ ရွင္းသင့္တယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သံတမန္ေတြထဲမွာ ဘယ္ဟာကို ေခၚရမွန္းမသိတဲ့သူတခ်ိဳ႕လည္းရွိပါတယ္။ အဲဒီေတာ့ ရွင္တုိ႔အဆင္ေျပတာကိုေခၚၾကပါ။ ဘာေၾကာင့္လဲဆုိေတာ့ ဖဲြ႔စည္းပုံထဲမွာ ဘယ္ဟာကို သုံးရမယ္ဆုိၿပီး ေျပာထားတာမရွိပါဘူး။ က်မက Burma ကိုသုံးေနၾကဆုိေတာ့ Burma ကို ဆုိတာကိုမၾကာခဏသုံးပါတယ္။ ဒါေပမဲ့ က်မ ဒီလိုေခၚလို႔ တျခားလူေတြလည္း လိုက္ေခၚဖို႔လိုတယ္မဟုတ္ပါဘူး။ ရွင္တုိ႔အားလုံး အဆင္ေျပသြားေအာင္ က်မလည္း ေနာက္ပုိင္းမွာ ျမန္မာလို႔ ႀကိဳးစားၿပီးေခၚပါမယ္။"

ျမန္မာႏုိင္ငံဟာ ၁၉၄၈ ခုႏွစ္လြတ္လပ္ေရးရၿပီးကတည္းက Burma အျဖစ္နဲ႔ ႏွစ္ေပါင္းမ်ားစြာ တရား၀င္ ရပ္တည္လာခဲ့တာျဖစ္ၿပီး၊ ၁၉၈၈ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ Myanmar လို႔ စစ္အစိုးရက ေျပာင္းလဲေခၚေ၀ၚေစခဲ့တာျဖစ္ပါတယ္။ ဒါ့နဲ႔ ပတ္သက္ၿပီး အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီရဲ႕ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီက အခုလိုေျပာပါတယ္။

" တခ်ိန္က Burma လို႔ေခၚခ့ဲတယ္။ ဒီကေန႔အထိ ကုလသမဂၢမွာ တခ်ိဳ႕ တခ်ိဳ႕ ႏုိင္ငံေတြက Burma ဆိုတဲ့  အသံုးအနႈံးကို သံုးေနၾကတုန္းေပါ့ဗ်ာ။ အဲ့ေတာ့ ဒီလိုအေနအထားမ်ိဳးမွာ ဗမာလား ျမန္မာလား ဆိုတဲ့ စကားလံုးအသံုးအႏႈံးကို အျငင္းအခံုလုပ္ေနမယ့္ အစား ဘယ္စကားလံုးပဲ သံုးသံုးေပါ့ဗ်ာ ဒါ ဗမာႏုိင္ငံကို ရည္ညြန္းတာကို သိသာတဲ့အတြက္ ႏုိင္ငံျခား သံတမန္ေတြကို ဘယ္လိုပဲသံုးသံုး သူ႔အေနနဲ႔ လက္ခံႏိုင္ပါတယ္။ ဒီစကားလံုးအေပၚမွာ သူကေတာ့ အက်အန မေကာက္ဘူးဆိုတဲ့သေဘာနဲ႔ ေျပာလုိက္ဟန္ တူပါတယ္။ သို႔ေသာ္လည္းပဲ ဥပေဒေၾကာင္းအရေျပာရရင္ ဒီကိစၥဟာ ေတာ္ေတာ္ ရွည္လ်ားတဲ့သမုိင္းေၾကာင္းကို အေျခခံၿပီး ေျပာရမွာျဖစ္ေနပါတယ္။"

ကိုရန္ႏုိင္။    ။ အဲ့ဒီ့ေတာ့ အန္ကယ္လ္ရဲ႕သေဘာထားကေရာ ဘယ္လိုပါလဲ။

" က်ေနာ့္ရဲ႕သေဘာထားကေတာ့ Burma လို႔ မူလက သံုးခဲ့တာ မွန္တယ္လို႔ က်ေနာ္ကေတာ့ ဒီလိုယံုၾကည္တယ္။ ဒါကေတာ့ ဗမာစာပညာရွင္ေတြ ရယ္ ေနာက္ က်ေနာ္တို႔ရဲ႕ သမုိင္းပညာရွင္ေတြ ေသေသခ်ာခ်ာ စဥ္းစားၿပီးေတာ့မွ ဗမာႏုိင္ငံလို႔ ျပည္သူ႔ဆႏၵအေပၚမွာ အေျခခံၿပီးေတာ့ သတ္မွတ္ေပးခဲ့တဲ့ နာမည္။"

လန္ဒန္ၿမိဳ႕မွာ ေနထုိင္ေနတဲ့ သံတမန္၀န္ထမ္းေဟာင္းတဦးျဖစ္တဲ့ ဦးခင္ေမာင္ၾကည္ ကေတာ့ - ျမန္မာႏုိင္ငံကိုအမ်ားက Burma လို႔ လူသိမ်ားၿပီး၊ Myanmar ျမန္မာဟာ လူမ်ိဳးတမ်ိဳးတည္းကို ရည္ရြယ္တာျဖစ္တဲ့အတြက္- Myanmar ထက္ဧာရင္ Burma လို႔ေခၚေ၀ၚသုံးစဲြတာကို ပိုၿပီး သေဘာက်တယ္လို႔ေျပာပါတယ္။

" အမ်ားသံုးကေတာ့ က်ေနာ္တို႔ကေတာ့ Burma ပဲ ႀကိဳက္တယ္။ စကတည္းက လူေတြက အကုန္လံုး ေျပာထားတာ Burma ဆိုတာကေတာ့ တိုင္းရင္းသားေတြက အစ ႏုိင္ငံျခားသားေတြကအစ Burma ၊ Burma ဆိုၿပီး အသိအမွတ္ျပဳတာ။ ဒို႔ဗမာေခတ္တုန္းကလည္း ဗမာပဲ။ က်ေနာ္တို႔အျမင္ကေတာ့ သမုိင္းကိုၾကည့္ လို႔ရွိရင္ေတာ့ တကယ္ေတာ့ ျမန္မာဆိုတာ လူမ်ိဳးတမ်ိဳး ဗမာကေတာ့ လူမ်ိဳးတမ်ိဳးတည္း မဟုတ္ဘူး။ Burma ဆိုတာ ဗမာျပည္တျပည္လံုးမွာ ရွိတဲ့သူေတြ။ အကုန္လံုး ပါဝင္တယ္ အဲ့တာေၾကာင့္ က်ေနာ္တို႔ကေတာ့ ဗမာကိုပဲသံုးသင့္တယ္။ ဗမာက်ေနာ္တို႔ ရခုိင္ေတြေရာ ကခ်င္ေတြေရာ ရွမ္းေတြေရာ အကုန္လံုးနဲ႔ဆုိင္တယ္လို႔ က်ေနာ္ျမင္တယ္ခင္ဗ်။"

၂၀၀၈ ဖဲြ႔စည္းပုံ အေျခခံဥပေဒ အခန္း (၁) ပုဒ္မ ၂ မွာေတာ့ ႏုိင္ငံရဲ႕ အမည္နာမ သုံးတဲ့ေနရာမွာ အဂၤလိပ္လို Myanmar လို႔ သုံးထားပါတယ္။ ဖဲြ႔စည္းပုံ အေျခခံဥပေဒ မွာ အဲဒီလို တရား၀င္ေဖာ္ျပထားေပမယ့္လည္း - ဒီဖဲြ႔စည္းပုံရဲ႕ တရား၀င္မႈ အပိုင္းကေတာ့ ေမးခြန္းထုတ္စရာျဖစ္တယ္ လို႔ ေရွ႕ေနဦးကိုနီ ကေျပာလိုက္ပါတယ္။

" အဲ့ဒီ့ ၂၀၀၈ ဖြဲ႔စည္းပံုဥပေဒကို ဥပေဒသေဘာအရ ေျပာရရင္ တည္ေနတာ မွန္ေသာ္လည္းပဲ သူ႔ရဲ႕ တရားဝင္မႈ စံခ်ိန္ စံညြန္းကိုေျပာရင္ ဒီ ၂၀၀၈ ဖြဲ႔စည္းပံုဟာ ျပည္သူေတြက ေရးထားတာမဟုတ္ဘူး။ ျပည္သူ႔ဆႏၵမပါဘူး။ စစ္အစိုးရ အုပ္ခ်ဳပ္ေနတဲ့အခ်ိန္မွာ စစ္အစိုးရက စစ္တပ္ကို စိတ္တုိင္းက် အာဏာေတြ အပ္ႏွင္းထားတဲ့   ဖြဲ႔စည္းပံုအေျခခံဥပေဒျဖစ္ေနတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က ဒီမိုကေရစီစံႏႈန္းနဲ႔မညီတဲ့ ဖြဲ႔စည္းပံုဆိုတာ တေလ်ာက္လံုးေျပာေနတယ္။ ဒါေၾကာင့္ ဒီထဲက စကားလံုးကို ဆုပ္ကိုင္ၿပီး ေျပာတာဟာလည္းပဲ တကယ့္သမိုင္းေၾကာင္းအရ မွန္သလား တကယ့္အမွန္တရားနဲ႔ညီညြတ္ရဲ႕လား ဆိုတာ ေဆြးေႏြးစရာ ေဝဖန္စရာ အမ်ားႀကီးရွိေနပါတယ္ခင္ဗ်ာ။"

ဒါေပမဲ့လည္း - ၂၀၀၈ ဖဲြ႔စည္းပုံအေျခခံဥပေဒကို လူထုဆႏၵခံယူပဲြ လုပ္ခဲ့တဲ့ေနရာမွာ ႏုိင္ငံတ၀ွမ္းလူထု ၉၂ ရာခုိင္ႏႈန္းက ေထာက္ခံခဲ့တယ္ လို႔ အရင္ နအဖစစ္အစိုးရတာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ န၀တ၊ နအဖ စစ္အစိုးရအုပ္ခ်ဳပ္စဥ္ကာလေတြ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အစည္းအေ၀းေတြအတြင္း ႏုိင္ငံတကာက ျမန္မာႏုိင္ငံအေပၚ Burma လို႔ေခၚေ၀ၚသုံးစဲြတဲ့အခါမွာ အရင္စစ္အစိုးရတာ၀န္ရွိသူေတြဘက္က ဆန္႔က်င္ကန္႔ကြက္တာေတြလည္းရွိခဲ့ပါတယ္။

ကုိရန္ႏုိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................



သံတမန်တွေနဲ့တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာစဉ်။ (ဧပြီ ၂၂၊ ၂၀၁၆)
နိုင်ငံခြားသံတမန်တွေကို အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲမှာ Burma / Myanmar အသုံးအနှုန်းနဲ့ ပတ်သက်လို့ အဆင်ပြေသလို သုံးနှုန်းခေါ်ဝေါ်ဖို့ ဆိုပြီး နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အရင်တုန်းကတော့ Burma ဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက််လို့ စစ်အစိုးရတာဝန်ရှိသူအဆက်ဆက်က ကန့်ကွက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။



မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူူပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် နဲ့ နိုင်ငံခြားသံတမန်တွေ နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်း၊ ပြည်ပက နိုင်ငံခြားသံတမန်တွေ နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း - အစိုးရသစ်ရဲ့ မူဝါဒတွေကို အဓိကအလေးပေးပြောကြားသွားခဲ့သလို၊ သံတမန်တွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး Burma နဲ့ Myanmar အဆင်ပြေတာကိုခေါ်ဖို့ ပြောသွားခဲ့ပါတယ်။

"တလက်စတည်း ဒီမှာပဲ Burma နဲ့ Myanmar ကိစ္စကိုလည်း ကျမအနေနဲ့ ရှင်းသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံတမန်တွေထဲမှာ ဘယ်ဟာကို ခေါ်ရမှန်းမသိတဲ့သူတချို့လည်းရှိပါတယ်။ အဲဒီတော့ ရှင်တို့အဆင်ပြေတာကိုခေါ်ကြပါ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံထဲမှာ ဘယ်ဟာကို သုံးရမယ်ဆိုပြီး ပြောထားတာမရှိပါဘူး။ ကျမက Burma ကိုသုံးနေကြဆိုတော့ Burma ကို ဆိုတာကိုမကြာခဏသုံးပါတယ်။ ဒါပေမဲ့ ကျမ ဒီလိုခေါ်လို့ တခြားလူတွေလည်း လိုက်ခေါ်ဖို့လိုတယ်မဟုတ်ပါဘူး။ ရှင်တို့အားလုံး အဆင်ပြေသွားအောင် ကျမလည်း နောက်ပိုင်းမှာ မြန်မာလို့ ကြိုးစားပြီးခေါ်ပါမယ်။"

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးကတည်းက Burma အဖြစ်နဲ့ နှစ်ပေါင်းများစွာ တရားဝင် ရပ်တည်လာခဲ့တာဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ Myanmar လို့ စစ်အစိုးရက ပြောင်းလဲခေါ်ဝေါ်စေခဲ့တာဖြစ်ပါတယ်။ ဒါ့နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီက အခုလိုပြောပါတယ်။

" တချိန်က Burma လို့ခေါ်ခဲ့တယ်။ ဒီကနေ့အထိ ကုလသမဂ္ဂမှာ တချို့ တချို့ နိုင်ငံတွေက Burma ဆိုတဲ့  အသုံးအနှုံးကို သုံးနေကြတုန်းပေါ့ဗျာ။ အဲ့တော့ ဒီလိုအနေအထားမျိုးမှာ ဗမာလား မြန်မာလား ဆိုတဲ့ စကားလုံးအသုံးအနှုံးကို အငြင်းအခုံလုပ်နေမယ့် အစား ဘယ်စကားလုံးပဲ သုံးသုံးပေါ့ဗျာ ဒါ ဗမာနိုင်ငံကို ရည်ညွန်းတာကို သိသာတဲ့အတွက် နိုင်ငံခြား သံတမန်တွေကို ဘယ်လိုပဲသုံးသုံး သူ့အနေနဲ့ လက်ခံနိုင်ပါတယ်။ ဒီစကားလုံးအပေါ်မှာ သူကတော့ အကျအန မကောက်ဘူးဆိုတဲ့သဘောနဲ့ ပြောလိုက်ဟန် တူပါတယ်။ သို့သော်လည်းပဲ ဥပဒေကြောင်းအရပြောရရင် ဒီကိစ္စဟာ တော်တော် ရှည်လျားတဲ့သမိုင်းကြောင်းကို အခြေခံပြီး ပြောရမှာဖြစ်နေပါတယ်။"

ကိုရန်နိုင်။    ။ အဲ့ဒီ့တော့ အန်ကယ်လ်ရဲ့သဘောထားကရော ဘယ်လိုပါလဲ။

" ကျနော့်ရဲ့သဘောထားကတော့ Burma လို့ မူလက သုံးခဲ့တာ မှန်တယ်လို့ ကျနော်ကတော့ ဒီလိုယုံကြည်တယ်။ ဒါကတော့ ဗမာစာပညာရှင်တွေ ရယ် နောက် ကျနော်တို့ရဲ့ သမိုင်းပညာရှင်တွေ သေသေချာချာ စဉ်းစားပြီးတော့မှ ဗမာနိုင်ငံလို့ ပြည်သူ့ဆန္ဒအပေါ်မှာ အခြေခံပြီးတော့ သတ်မှတ်ပေးခဲ့တဲ့ နာမည်။"

လန်ဒန်မြို့မှာ နေထိုင်နေတဲ့ သံတမန်ဝန်ထမ်းဟောင်းတဦးဖြစ်တဲ့ ဦးခင်မောင်ကြည် ကတော့ - မြန်မာနိုင်ငံကိုအများက Burma လို့ လူသိများပြီး၊ Myanmar မြန်မာဟာ လူမျိုးတမျိုးတည်းကို ရည်ရွယ်တာဖြစ်တဲ့အတွက်- Myanmar ထက်ဧာရင် Burma လို့ခေါ်ဝေါ်သုံးစွဲတာကို ပိုပြီး သဘောကျတယ်လို့ပြောပါတယ်။

" အများသုံးကတော့ ကျနော်တို့ကတော့ Burma ပဲ ကြိုက်တယ်။ စကတည်းက လူတွေက အကုန်လုံး ပြောထားတာ Burma ဆိုတာကတော့ တိုင်းရင်းသားတွေက အစ နိုင်ငံခြားသားတွေကအစ Burma ၊ Burma ဆိုပြီး အသိအမှတ်ပြုတာ။ ဒို့ဗမာခေတ်တုန်းကလည်း ဗမာပဲ။ ကျနော်တို့အမြင်ကတော့ သမိုင်းကိုကြည့် လို့ရှိရင်တော့ တကယ်တော့ မြန်မာဆိုတာ လူမျိုးတမျိုး ဗမာကတော့ လူမျိုးတမျိုးတည်း မဟုတ်ဘူး။ Burma ဆိုတာ ဗမာပြည်တပြည်လုံးမှာ ရှိတဲ့သူတွေ။ အကုန်လုံး ပါဝင်တယ် အဲ့တာကြောင့် ကျနော်တို့ကတော့ ဗမာကိုပဲသုံးသင့်တယ်။ ဗမာကျနော်တို့ ရခိုင်တွေရော ကချင်တွေရော ရှမ်းတွေရော အကုန်လုံးနဲ့ဆိုင်တယ်လို့ ကျနော်မြင်တယ်ခင်ဗျ။"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ ၂ မှာတော့ နိုင်ငံရဲ့ အမည်နာမ သုံးတဲ့နေရာမှာ အင်္ဂလိပ်လို Myanmar လို့ သုံးထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ အဲဒီလို တရားဝင်ဖော်ပြထားပေမယ့်လည်း - ဒီဖွဲ့စည်းပုံရဲ့ တရားဝင်မှု အပိုင်းကတော့ မေးခွန်းထုတ်စရာဖြစ်တယ် လို့ ရှေ့နေဦးကိုနီ ကပြောလိုက်ပါတယ်။

" အဲ့ဒီ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဥပဒေသဘောအရ ပြောရရင် တည်နေတာ မှန်သော်လည်းပဲ သူ့ရဲ့ တရားဝင်မှု စံချိန် စံညွန်းကိုပြောရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူတွေက ရေးထားတာမဟုတ်ဘူး။ ပြည်သူ့ဆန္ဒမပါဘူး။ စစ်အစိုးရ အုပ်ချုပ်နေတဲ့အချိန်မှာ စစ်အစိုးရက စစ်တပ်ကို စိတ်တိုင်းကျ အာဏာတွေ အပ်နှင်းထားတဲ့   ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့က ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဖွဲ့စည်းပုံဆိုတာ တလျောက်လုံးပြောနေတယ်။ ဒါကြောင့် ဒီထဲက စကားလုံးကို ဆုပ်ကိုင်ပြီး ပြောတာဟာလည်းပဲ တကယ့်သမိုင်းကြောင်းအရ မှန်သလား တကယ့်အမှန်တရားနဲ့ညီညွတ်ရဲ့လား ဆိုတာ ဆွေးနွေးစရာ ဝေဖန်စရာ အများကြီးရှိနေပါတယ်ခင်ဗျာ။"

ဒါပေမဲ့လည်း - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ လုပ်ခဲ့တဲ့နေရာမှာ နိုင်ငံတဝှမ်းလူထု ၉၂ ရာခိုင်နှုန်းက ထောက်ခံခဲ့တယ် လို့ အရင် နအဖစစ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရအုပ်ချုပ်စဉ်ကာလတွေ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစည်းအဝေးတွေအတွင်း နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် Burma လို့ခေါ်ဝေါ်သုံးစွဲတဲ့အခါမှာ အရင်စစ်အစိုးရတာဝန်ရှိသူတွေဘက်က ဆန့်ကျင်ကန့်ကွက်တာတွေလည်းရှိခဲ့ပါတယ်။

ကိုရန်နိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment