Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 29, 2016

ရွားေစာင္းလက္ပတ္ရဲ႕ ထူးျခားတဲ့အသုံး၀င္ပုံ(၇)မ်ိဳး



ရွားေစာင္းလက္ပတ္ဟာ ေဆးဘက္၀င္အပင္ျဖစ္ပါတယ္။ ဒါကုိ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား အသားအေရ ထိန္းသိမ္း
ရင္းနဲ႕ ဗဟုသုတ ရွိေနေလာက္ပါၿပီ။ ဒါေပမယ့္ ရွားေစာင္းလက္ပတ္ပင္ဟာ အသားအေရ ထိန္းသိမ္းျခင္း တစ္ခုသာ မကဘဲ ဒီထက္ပုိၿပီး သုံးလုိ႔ရတဲ့နည္းလမ္းေတြရွိေနပါတယ္။ ရွားေစာင္းလက္ပတ္ အသုံးျပဳပုံ (၇) မ်ိဳးကို ေဖာ္ျပေပးလုိက္ပါ
တယ္။

(၁) ေရနဲ႔ေဖ်ာ္ေသာက္လွ်င္

ရွားေစာင္းလက္ပတ္ကုိ ေရနဲ႕ေဖ်ာ္ေသာက္ရင္ အစာအိမ္အနာ၊ အူေရာင္ျခင္း၊ ခႏၶာကိုယ္ ေဖာေရာင္ျခင္း-စတာေတြကို
ေပ်ာက္ကင္းေစပါတယ္။ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

(၂) ၀မ္းႏႈတ္ေဆးအျဖစ္လည္း သုံးႏုိင္တယ္

၀မ္းမသြားရလုိ႔ စိတ္မညစ္ပါနဲ႔။ ရွားေစာင္းလက္ပတ္ကုိ ဆားအနည္းငယ္ထည့္ၿပီး ေသာက္ေပးပါ။ ၀မ္းျပန္မွန္လာပါလိမ့္
မယ္။

(၃) ပန္းနာေရာဂါသည္ေတြအတြက္ ေဆးနည္း

ရွားေစာင္းလက္ပတ္ကုိ ေရနဲ႕ဆတူေရာၿပီး အုိးတစ္လုံးထဲကုိ အလုံပိတ္ၿပီး ျပဳတ္ပါ။ ထြက္လာတဲ့ အေငြ႕ကုိ ပန္းနာရင္
ၾကပ္သမားေတြ ႐ွဴ႐ႈိက္ရင္ ပန္းနာကို ေပ်ာက္ကင္းေစပါတယ္။

(၄) ေရယုန္အနာကို ကုႏုိင္တယ္

ေရယုန္ေပါက္သူေတြအတြက္ေတာ့ ရွားေစာင္းလက္ပတ္ကို ႀကိတ္ၿပီး အဖက္ကေလးေတြလုိက္ ေရယုန္ေပၚမွာ တင္ေပး
ရင္ ေပ်ာက္ကင္းေစႏုိင္ပါတယ္။

(၅) ၀က္ၿခံ၊ တင္းတိပ္၊ မွဲ႔ေျခာက္တုိ႔ကို ပူစရာမလုိ

ဒါကေတာ့ ပ်ိဳေမတုိင္း သိၿပီးသားပါဘဲ။ ၀က္ၿခံ၊ တင္းတိပ္၊ မွဲ႔ေျခာက္ သိပ္ထူလြန္းရင္ ညစဥ္ ေပါင္းတင္တဲ့သေဘာမ်ိဳး ႏွစ္
ပတ္ေလာက္ လိမ္းေပးတာနဲ႔ ၀က္ၿခံ၊ တင္းတိပ္၊ မွဲ႔ေျခာက္ေတြ အရွင္းေပ်ာက္ပါလိမ့္မယ္။

(၆) ဆံပင္ေကာင္းေဆး

ဆံပင္ပါးျခင္း၊ က်ဲျခင္း၊ ကၽြတ္ျခင္း-တုိ႔အတြက္ ရွားေစာင္းလက္ပတ္ကုိ အရည္ေဖ်ာ္ၿပီး လက္ေခ်ာင္းေတြနဲ႔ ထုိးဖြကာ ဆံပင္
ေတြကုိ သုတ္လိမ္းေပးပါ။ တစ္နာရီခြဲေလာက္ တဘက္နဲ႔ေပါင္းထားပါ။ တစ္ပတ္တစ္ခါေလာက္ လုပ္ရင္ လုံေလာက္ပါ
တယ္။

(၇) သဲ၀ဲကုိလည္း မေၾကာက္ရေတာ့ဘူး

သဲ၀ဲဆုိတာ မ်ားေသာအားျဖင့္ ေျခေခ်ာင္းေလးေတြ ၾကားထဲမွာ ေပါက္ပါတယ္။ မုိးဦးရာသီေတြမွာ အျဖစ္မ်ားပါတယ္။ သိပ္
ယားပါတယ္။ ယားေလ ကုတ္ေလ ေရာဂါက ၾကာရွည္ေလ သေဘာပါဘဲ။ အဲဒီသဲ၀ဲေတြေပၚမွာ ရွားေစာင္းလက္ပတ္ကုိ
အရည္လုပ္ၿပီး ထည့္ေပးပါ။ သုံးရက္ေလာက္ ဆက္တုိက္ထည့္ေပးတာနဲ႕ သဲ၀ဲ ေပ်ာက္ပါၿပီ။

နတ္စည္ေတာ္ (Shwemom)

.................................................

ရှားစောင်းလက်ပတ်ရဲ့ ထူးခြားတဲ့အသုံးဝင်ပုံ(၇)မျိုး
-----------
ရှားစောင်းလက်ပတ်ဟာ ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်။ ဒါကို အမျိုးသမီးတော်တော်များများ အသားအရေ ထိန်းသိမ်း
ရင်းနဲ့ ဗဟုသုတ ရှိနေလောက်ပါပြီ။ ဒါပေမယ့် ရှားစောင်းလက်ပတ်ပင်ဟာ အသားအရေ ထိန်းသိမ်းခြင်း တစ်ခုသာ မကဘဲ ဒီထက်ပိုပြီး သုံးလို့ရတဲ့နည်းလမ်းတွေရှိနေပါတယ်။ ရှားစောင်းလက်ပတ် အသုံးပြုပုံ (၇) မျိုးကို ဖော်ပြပေးလိုက်ပါ
တယ်။

(၁) ရေနဲ့ဖျော်သောက်လျှင်

ရှားစောင်းလက်ပတ်ကို ရေနဲ့ဖျော်သောက်ရင် အစာအိမ်အနာ၊ အူရောင်ခြင်း၊ ခန္ဓာကိုယ် ဖောရောင်ခြင်း-စတာတွေကို
ပျောက်ကင်းစေပါတယ်။ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၂) ၀မ်းနှုတ်ဆေးအဖြစ်လည်း သုံးနိုင်တယ်

၀မ်းမသွားရလို့ စိတ်မညစ်ပါနဲ့။ ရှားစောင်းလက်ပတ်ကို ဆားအနည်းငယ်ထည့်ပြီး သောက်ပေးပါ။ ၀မ်းပြန်မှန်လာပါလိမ့်
မယ်။

(၃) ပန်းနာရောဂါသည်တွေအတွက် ဆေးနည်း

ရှားစောင်းလက်ပတ်ကို ရေနဲ့ဆတူရောပြီး အိုးတစ်လုံးထဲကို အလုံပိတ်ပြီး ပြုတ်ပါ။ ထွက်လာတဲ့ အငွေ့ကို ပန်းနာရင်
ကြပ်သမားတွေ ရှူရှိုက်ရင် ပန်းနာကို ပျောက်ကင်းစေပါတယ်။

(၄) ရေယုန်အနာကို ကုနိုင်တယ်

ရေယုန်ပေါက်သူတွေအတွက်တော့ ရှားစောင်းလက်ပတ်ကို ကြိတ်ပြီး အဖက်ကလေးတွေလိုက် ရေယုန်ပေါ်မှာ တင်ပေး
ရင် ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်တို့ကို ပူစရာမလို

ဒါကတော့ ပျိုမေတိုင်း သိပြီးသားပါဘဲ။ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် သိပ်ထူလွန်းရင် ညစဉ် ပေါင်းတင်တဲ့သဘောမျိုး နှစ်
ပတ်လောက် လိမ်းပေးတာနဲ့ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်တွေ အရှင်းပျောက်ပါလိမ့်မယ်။

(၆) ဆံပင်ကောင်းဆေး

ဆံပင်ပါးခြင်း၊ ကျဲခြင်း၊ ကျွတ်ခြင်း-တို့အတွက် ရှားစောင်းလက်ပတ်ကို အရည်ဖျော်ပြီး လက်ချောင်းတွေနဲ့ ထိုးဖွကာ ဆံပင်
တွေကို သုတ်လိမ်းပေးပါ။ တစ်နာရီခွဲလောက် တဘက်နဲ့ပေါင်းထားပါ။ တစ်ပတ်တစ်ခါလောက် လုပ်ရင် လုံလောက်ပါ
တယ်။

(၇) သဲဝဲကိုလည်း မကြောက်ရတော့ဘူး

သဲဝဲဆိုတာ များသောအားဖြင့် ခြေချောင်းလေးတွေ ကြားထဲမှာ ပေါက်ပါတယ်။ မိုးဦးရာသီတွေမှာ အဖြစ်များပါတယ်။ သိပ်
ယားပါတယ်။ ယားလေ ကုတ်လေ ရောဂါက ကြာရှည်လေ သဘောပါဘဲ။ အဲဒီသဲဝဲတွေပေါ်မှာ ရှားစောင်းလက်ပတ်ကို
အရည်လုပ်ပြီး ထည့်ပေးပါ။ သုံးရက်လောက် ဆက်တိုက်ထည့်ပေးတာနဲ့ သဲဝဲ ပျောက်ပါပြီ။

နတ်စည်တော် (Shwemom)

No comments:

Post a Comment