Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 29, 2016
သွင်းထားတဲ့ flash drive တစ်ခုကို သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူကလည်း သူ့ရဲ့ အင်္ကျီထဲမှာ ၀ါယာနဲ့ အ
လတ်များသာ ဖြစ်ပါတယ်။
.......................................
ဗုံးသယ်လာသူဟု ယူဆရသူကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
By netsetaw -  April 29, 2016 452
အမေရိကန်နိုင်ငံ Baltimore အခြေစိုက် ရဲတပ်ဖွဲ့ဟာ ဗုံးသယ်လာသူလို့ ယူဆရသူကို ပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ကာ
ယကံရှင်အမျိုးသားမှာ ဗုံးသယ်လာသူဟု သူ့ကိုယ်သူ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခဲ့သလို၊ ရဲတပ်ဖွဲ့ရဲ့ အမိန့်ကို မနာခံခဲ့တာကြောင့် ယခုလို ပစ်ခတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ အမျိုးသားဟာ ပန်ဒါ
၀တ်စုံကို ၀တ်ဆင်ထားပြီး လုံခြုံရေးကိုအမှုထမ်းကို သူ့ရင်ဘတ်မှာ ဖောက်ခွဲရေးပစ္စည်းဖိုင်ကြိုး တပ်ဆင်ထားကြောင်း
ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ရဲတွေရောက်လာပြီး ဘေးအိတ်ထဲမှာထည့်ထားတဲ့လက်တွေကို အပြင်ကို ထုတ်ဖို့ အမိန့်
ပေးတဲ့အခါမှာ သူက ငြင်းဆန်ခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။
ယခုအချိန်မှာတော့ တရားခံအမျိုးသားဟာ ဆေးရုံမှာ ကုသလျှက်ရှိပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး။
မျက်မြင်သက်သေတစ်ယောက်ရဲ့ အဆိုအရတော့ တရားခံဆီကနေ အချိန်နေရာတို့နဲု့ပတ်သက်တဲ့ သီအိုရီတွေ ထည့်
သွင်းထားတဲ့ flash drive တစ်ခုကို သိမ်းဆည်းရမိခဲ့ပြီး ရဲတပ်ဖွဲ့က တာဝန်ရှိသူကလည်း သူ့ရဲ့ အကျႌထဲမှာ ၀ါယာနဲ့ အခြားဆက်စပ်ပစ္စည်းတွေ၊ ပေါက်ကွဲစေနိုင်သည်ဟုယူစရတဲ့(ဗုံးတော့မဟုတ်)ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ အတည်ပြုခဲ့
ပါတယ်။ ဒါ့အပြင် ဗုံးတွေလို့ ယူဆရတဲ့ ပစ္စည်းတွေဟာ တကယ့်ဗုံးအစစ်မဟုတ်ဘဲ ငွေရောင်စက္ကူနဲ့ပတ်ထားတဲ့ ချောက
လတ်များသာ ဖြစ်ပါတယ်။
အဲဒီအမျိုးသားဟာ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက်ပိုင်း ဗုံးရှာဖွေးရေး စက်ရုပ်နဲ့ တစ်နာရီကြာစစ်ဆေးမှုတွေ ခံခဲ့ရပြီးနောက်မှအပေါ်ယံအဝတ်တွေကို ဘေးကင်းလုံခြုံစွာနဲ့ ဖယ်ရှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူက သူ့ရဲ့ဝတ်စုံဟာ ကာ
ကွယ်ရေးကုန်ကြမ်းများနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး၊ အထဲမှာလည်း ငွေရောင်စက္ကူနဲ့ပတ်ထားတဲ့ ချောကလတ် အပြားတွေ ထည့်ထားတယ်လို့ ဆိုပါတယ်။
http://www.shwemom.com/man-in-panda-onesies-bomb-was-chocolate-bars-wrapped-in-tin-foil/
No comments:
Post a Comment