Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

ႏုိင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တရုတ္ျပည္သူ႔သမၼတႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိတို႔ ေတြ႕ဆံု



ေနျပည္ေတာ္၊ ဧၿပီ ၅

တရုတ္ျပည္သူ႔သမၼတႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယိ သည္ ႏွစ္ႏုိင္ငံ ခ်စ္ၾကည္ေရး ခရီးစဥ္အျဖစ္ ျမန္မာႏုိင္ငံသို႔ ယေန႔ေရာက္ရွိၿပီး မြန္းလြဲ ၃ နာရီခြဲ တြင္ ေနျပည္ေတာ္ ရွိ ႏုိင္ငံျခားေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ ၌ ႏုိင္ငံျခားေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ေဒၚေအာင္ဆန္း စုၾကည္ႏွင့္ ေတြ႕ဆံုသည္။

ထုိသို႔ေတြ႕ဆံုစဥ္ တရုတ္-ျမန္မာခ်စ္ၾကည္ေရး ပိုမိုခိုင္ၿမဲေစေရးႏွင့္ ႏွစ္ႏုိင္ငံ ျပည္သူမ်ား အက်ိဳးျဖစ္ထြန္းေစေရး ကိစၥရပ္မ်ား ကို ေဆြးေႏြးၾကသည္။


ႏွစ္ႏုိင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ေတြ႕ဆံုမႈအၿပီးတြင္ သတင္းစာရွင္းလင္းပြဲ ကို အဆုိပါ ဝန္ႀကီးဌာန၌ ဆက္လက္က်င္းပရာ ျပည္ေထာင္စု ဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ယခုအခ်ိန္တြင္ တရုတ္ႏုိင္ငံ ႏုိင္ငံျခားေရး ဝန္ႀကီးကို ႀကိဳဆိုႏုိင္ခဲ့သည့္ အတြက္ ဝမ္းသာ ပါေၾကာင္း၊ မိမိတို႔ အစိုးရသည္ သက္တမ္းအားျဖင့္ တစ္ပတ္သာ ရွိေသးေၾကာင္း၊ ယခုကဲ့သို႔ အခ်ိန္တိုကာလ အတြင္း လာေရာက္လည္ပတ္သည့္ အတြက္ ႏွစ္ႏုိင္ငံၾကားခ်စ္ၾကည္ေရး ကို ေဖာ္ေဆာင္သည္ဟု ယူဆေၾကာင္း၊ မိမိတို႔သည္ အိမ္နီးခ်င္းႏိုင္ငံျဖစ္ သည္ႏွင့္ အမွ် ႏွစ္ႏိုင္ငံဆက္ဆံေရးသည္ အေရးႀကီးေၾကာင္း၊ ႏုိင္ငံေရး အရသာမက လူမႈေရး၊ စီးပြားေရးအရပါ အေရးႀကီးေၾကာင္း၊ ထိုကဲ့သို႔ အေရးႀကီးမႈကို တရုတ္ႏုိင္ငံအေနျဖင့္လည္း အသိအမွတ္ျပဳသည္ဟု ထင္ျမင္ မိေၾကာင္း၊ မိမိတို႔ အစိုးရသည္ ႏုိင္ငံျခားေရးမူဝါဒအရ တစ္ကမၻာလံုးႏွင့္ ခင္မင္ရင္းႏွီး စြာ ပူးေပါင္းေဆာင္ရြက္လိုပါေၾကာင္း၊ တစ္ကမၻာလံုး ခင္မင္ ရင္းႏွီးစြာျဖင့္ ၿငိမ္းခ်မ္း ေရးအတြက္၊ လူသားမ်ား၏ တိုးတက္ဖြံ႕ၿဖိဳးေရး အတြက္ ေဆာင္ရြက္ သည့္ေနရာတြင္ အိမ္နီးခ်င္းႏုိင္ငံမ်ားကလည္း ပူးေပါင္းေဆာင္ရြက္မည္ဟု ယံုၾကည္ပါေၾကာင္း၊ ထို႔ေၾကာင့္ ယခုကဲ့သို႔ အခ်ိန္ကာလတြင္ တရုတ္ႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးက လာေရာက္ဂုဏ္ျပဳ သည့္အတြက္၊ ျမန္မာအစိုးရကို ဆုမြန္ေကာင္းမ်ား ေတာင္းေပးသည့္အတြက္ မိမိ အေနျဖင့္ ေက်းဇူး တင္ရွိပါေၾကာင္း ေျပာၾကားသည္။


ဆက္လက္၍ မစၥတာဝမ္ယိက အစိုးရသစ္ေပၚေပါက္လာၿပီး ျမန္မာႏုိင္ငံ ၏ ႏွစ္သစ္ကူး အခါသမယတြင္ ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္၏ ဖိတ္ၾကားခ်က္အရ လာေရာက္လည္ပတ္ခြင့္ရခဲ့ပါေၾကာင္း၊ ထိုကဲ့သို႔ လာေရာက္လည္ပတ္ခြင့္ ရသည့္အတြက္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္မိ ပါေၾကာင္း၊ ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ႏွစ္ႏုိင္ငံ ျပည္သူလူထုအၾကား ခ်စ္ၾကည္ရင္းႏွီးမႈကို ျပသေနပါေၾကာင္း၊ တရုတ္ႏုိင္ငံသည္ တရုတ္-ျမန္မာ ခ်စ္ၾကည္ရင္းႏွီးမႈကို အေလးထားပါေၾကာင္း၊ တရုတ္ႏုိင္ငံသည္ ျမန္မာႏုိင္ငံ၏ အိမ္နီးခ်င္းႏုိင္ငံျဖစ္ၿပီး ဆက္လက္၍ လည္း ႏွစ္ႏုိင္ငံဆက္ဆံေရး ကို ျမွင့္တင္သြားမည္ျဖစ္ပါေၾကာင္း။


မိမိတို႔ ႏွစ္ဦးေတြ႕ဆံုရာတြင္ ျမန္မာႏုိင္ငံတြင္ အစိုးရအေျပာင္းအလဲရွိေသာ္လည္း ခ်စ္ၾကည္ေရး မူဝါဒျဖင့္သာ ေဆာင္ရြက္သြား မည္ျဖစ္ ပါေၾကာင္း၊ ႏွစ္ႏုိင္ငံ ဆက္ဆံေရးသည္ ေျပလည္မႈ ရွိေသာ၊ ေရရွည္ျဖစ္ေသာ၊ စဥ္ဆက္မျပတ္ရွိေသာ ခ်စ္ၾကည္ေရး ျဖစ္ပါေၾကာင္း၊ တရုတ္ႏုိင္ငံ သည္ ျမန္မာႏုိင္ငံ၏ ျပည္တြင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္ မည္မဟုတ္ ပါေၾကာင္း၊ ျမန္မာႏုိင္ငံ ျပည္သူလူထု၏ မွန္ကန္ေသာ ေရြးခ်ယ္ မႈမ်ားကို ေထာက္ခံ ပါေၾကာင္း၊ ျမန္မာႏုိင္ငံ၏ အမ်ိဳးသား ရင္ၾကားေစ့ေရး ျဖစ္စဥ္ကိုလည္း ေထာက္ခံပါေၾကာင္း၊ အစိုးရသစ္လက္ထက္ တြင္ တည္ၿငိမ္မွန္ကန္ ေသာ လမ္းေၾကာင္းကို ေလွ်ာက္လွမ္းႏုိင္မည္ဟု ထင္ျမင္မိပါေၾကာင္း။


ႏွစ္ႏုိင္ငံ စီးပြားေရးက႑တြင္ အျပန္အလွန္ အေထာက္အကူျပဳႏိုင္ ပါေၾကာင္း၊ ျမန္မာႏုိင္ငံ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေဆာင္ရြက္ခ်က္မ်ားတြင္ လည္းေကာင္း၊ ျမန္မာျပည္သူမ်ား၏ လူေနမႈဘဝျမွင့္တင္ရာတြင္ လည္းေကာင္း ဆက္လက္ပူးေပါင္း ေဆာင္ရြက္သြား မည္ျဖစ္ပါေၾကာင္း၊ တရုတ္ႏုိင္ငံသည္ ျမန္မာႏုိင္ငံ၏ အရွည္ၾကာဆံုး မိတ္ဖက္ႏုိင္ငံ လည္းျဖစ္ပါေၾကာင္း၊ ျမန္မာႏုိင္ငံဘက္မွ တရုတ္ႏုိင္ငံအေပၚ ထားရွိသည့္ ခ်စ္ၾကည္ရင္းႏွီးမႈကို ခ်ီးက်ဴးပါေၾကာင္း၊ ထိုသို႔ခ်စ္ၾကည္ရင္းႏွီးမႈ ဆက္လက္ ရွည္ၾကာ ေစရန္ အတြက္ ႏွစ္ႏုိင္ငံ ႏုိင္ငံျခားေရး ဝန္ႀကီးမ်ားအၾကား က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြး ခဲ့ပါေၾကာင္း၊ သေဘာတူညီခ်က္မ်ားလည္း ရရွိခဲ့ပါေၾကာင္း၊ ႏွစ္ႏုိင္ငံ ေခါင္းေဆာင္မ်ား ဆက္ဆံေရးကိုလည္း တိုးျမွင့္ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း၊ စီးပြားေရးက႑ တြင္လည္း ပူးေပါင္းေဆာင္ရြက္မႈ မ်ားကို ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ပါေၾကာင္း၊ ရွင္းလင္းေျပာၾကားသည္။

ထို႔ေနာက္ သတင္းမီဒီယာမ်ား၏ သိရွိလိုေသာ ေမးခြန္းမ်ား အေပၚ ႏွစ္ႏုိင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ားက ျပန္လည္ ရွင္းလင္းေျဖၾကားခဲ့ၾကသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

.....................................................................



နေပြည်တော်၊ ဧပြီ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ သည် နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိပြီး မွန်းလွဲ ၃ နာရီခွဲ တွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရေးနှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးဖြစ်ထွန်းစေရေး ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။



နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုအပြီးတွင် သတင်းစာရှင်းလင်းပွဲ ကို အဆိုပါ ဝန်ကြီးဌာန၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ယခုအချိန်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးကို ကြိုဆိုနိုင်ခဲ့သည့် အတွက် ဝမ်းသာ ပါကြောင်း၊ မိမိတို့ အစိုးရသည် သက်တမ်းအားဖြင့် တစ်ပတ်သာ ရှိသေးကြောင်း၊ ယခုကဲ့သို့ အချိန်တိုကာလ အတွင်း လာရောက်လည်ပတ်သည့် အတွက် နှစ်နိုင်ငံကြားချစ်ကြည်ရေး ကို ဖော်ဆောင်သည်ဟု ယူဆကြောင်း၊ မိမိတို့သည် အိမ်နီးချင်းနိုင်ငံဖြစ် သည်နှင့် အမျှ နှစ်နိုင်ငံဆက်ဆံရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေး အရသာမက လူမှုရေး၊ စီးပွားရေးအရပါ အရေးကြီးကြောင်း၊ ထိုကဲ့သို့ အရေးကြီးမှုကို တရုတ်နိုင်ငံအနေဖြင့်လည်း အသိအမှတ်ပြုသည်ဟု ထင်မြင် မိကြောင်း၊ မိမိတို့ အစိုးရသည် နိုင်ငံခြားရေးမူဝါဒအရ တစ်ကမ္ဘာလုံးနှင့် ခင်မင်ရင်းနှီး စွာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ တစ်ကမ္ဘာလုံး ခင်မင် ရင်းနှီးစွာဖြင့် ငြိမ်းချမ်း ရေးအတွက်၊ လူသားများ၏ တိုးတက်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် သည့်နေရာတွင် အိမ်နီးချင်းနိုင်ငံများကလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အချိန်ကာလတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက လာရောက်ဂုဏ်ပြု သည့်အတွက်၊ မြန်မာအစိုးရကို ဆုမွန်ကောင်းများ တောင်းပေးသည့်အတွက် မိမိ အနေဖြင့် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။



ဆက်လက်၍ မစ္စတာဝမ်ယိက အစိုးရသစ်ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံ ၏ နှစ်သစ်ကူး အခါသမယတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်ခွင့်ရခဲ့ပါကြောင်း၊ ထိုကဲ့သို့ လာရောက်လည်ပတ်ခွင့် ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိ ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပြည်သူလူထုအကြား ချစ်ကြည်ရင်းနှီးမှုကို ပြသနေပါကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို အလေးထားပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆက်လက်၍ လည်း နှစ်နိုင်ငံဆက်ဆံရေး ကို မြှင့်တင်သွားမည်ဖြစ်ပါကြောင်း။



မိမိတို့ နှစ်ဦးတွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အစိုးရအပြောင်းအလဲရှိသော်လည်း ချစ်ကြည်ရေး မူဝါဒဖြင့်သာ ဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် ပြေလည်မှု ရှိသော၊ ရေရှည်ဖြစ်သော၊ စဉ်ဆက်မပြတ်ရှိသော ချစ်ကြည်ရေး ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက် မည်မဟုတ် ပါကြောင်း၊ မြန်မာနိုင်ငံ ပြည်သူလူထု၏ မှန်ကန်သော ရွေးချယ် မှုများကို ထောက်ခံ ပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်ကိုလည်း ထောက်ခံပါကြောင်း၊ အစိုးရသစ်လက်ထက် တွင် တည်ငြိမ်မှန်ကန် သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်မည်ဟု ထင်မြင်မိပါကြောင်း။



နှစ်နိုင်ငံ စီးပွားရေးကဏ္ဍတွင် အပြန်အလှန် အထောက်အကူပြုနိုင် ပါကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များတွင် လည်းကောင်း၊ မြန်မာပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရာတွင် လည်းကောင်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး မိတ်ဖက်နိုင်ငံ လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံအပေါ် ထားရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ချီးကျူးပါကြောင်း၊ ထိုသို့ချစ်ကြည်ရင်းနှီးမှု ဆက်လက် ရှည်ကြာ စေရန် အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ပါကြောင်း၊ သဘောတူညီချက်များလည်း ရရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ဆက်ဆံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီးပွားရေးကဏ္ဍ တွင်လည်း ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရှင်းလင်းပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများ၏ သိရှိလိုသော မေးခွန်းများ အပေါ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment