Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

အင္အားမသုံးဖုိ႔ က်ဴးေက်ာ္ေတြ ေမတၱာရပ္ခံ

က်ဴးေက်ာ္ေနအိမ္တစ္လံုးကို ေတြ႕ရစဥ္။ Photo: RFA
အရင္အစိုးရလက္ထက္တုန္းကလို ရန္ကုန္တုိင္းေဒသႀကီးအတြင္းက က်ဴးေက်ာ္ေတြကို အင္အားသုံးဖယ္ရွား တာေတြမလုပ္ပဲ ေဆြးေႏြးညႇိႏႈိင္းတဲ့ နည္းလမ္းနဲ႔ ေျဖရွင္းဖုိ႔ အစိုးရသစ္ထံ လိႈင္သာယာၿမိဳ႕နယ္ ေရႊသံလြင္ရပ္ကြက္ က က်ဴးေက်ာ္ ေနထုိင္သူေတြက ေမတၱာရပ္ခံလုိက္ပါတယ္။

လိႈင္သာယာၿမိဳ႕နယ္ ေမခလမ္းမွာ ဒီေန႔သတင္းစာရွင္းလင္းပြဲက်င္းပရာမွာ က်ဴးေက်ာ္ ေနထုိင္သူတစ္ဦးျဖစ္တဲ့  မသင္းသင္းေအးက အင္းအားသုံးဖယ္ရွား တဲ့နည္းလမ္းဟာ နစ္နာမႈေတြျဖစ္တာေၾကာင့္ ေဆြးေႏြးညွိႏိႈင္းတဲ့ နည္းလမ္းနဲ႔ ေျဖရွင္းဖုိ႔ ေတာင္းဆုိတာ လို႔ေျပာပါတယ္။

"တကယ္လို႔ဒီျပႆနာကိုေျဖရွင္းမယ္ဆိုရင္လည္း အၾကမ္းဖက္တဲ့နည္းကိုမသံုးပဲနဲ႔ ညွိႏိႈင္းေဆြးေႏြးတဲ့ နည္းေတြနဲ႔ သံုးပါလို႔ဒီေနရာကေနေမတၱာရပ္ခံခ်င္ပါတယ္၊ ဒီလိုအၾကမ္းဖက္တဲ့နည္းသံုးျခင္းအားျဖင့္ႏွစ္ ဦးႏွစ္ဖက္မွာနစ္နာပါတယ္၊ ရုပ္ပ်က္ဆင္းပ်က္လည္း ျဖစ္တတ္ပါတယ္၊ ဒါေၾကာင့္မို႔လိုေျပာခ်င္တာကေတာ့ က်ဳးေတြနဲ႔ပတ္သက္ရင္ ဒီမွာလာၿပီးေတာ့ ရပ္မိ၊ ရပ္ဖေတြနဲ႔ ေဆြးေႏြးတိုင္ပင္ပါလို႔ ေျပာၾကားရင္းနဲ႔ နိဂံုး ခ်ဳပ္ပါတယ္ရွင္"

က်ဴးေက်ာ္ေနထုိင္သူေတြက သူတုိ႔ ပတ္ဝန္းက်င္ကုိ သန္႔ရွင္းမႈရွိေအာင္ အမိႈက္ေတြကုိ စနစ္တက် စုစည္းထား ဖုိ႔ ေဆာင္ရြက္ေနေၾကာင္းနဲ႔ အဲ့ဒီစုစည္းထားတဲ့ အမိႈက္ေတြကုိ စြန္႔ပစ္ဖုိ႔ေနရာစီစဥ္ေပးဖုိ႔နဲ႔ အစုိးရအေနနဲ႔ တာဝန္ ယူေဆာင္ရြက္ေပးဖို႔ကိုလည္း ေတာင္းဆုိခဲ့ၾကပါတယ္။

လိႈင္သာယာၿမိဳ႕နယ္ ေရႊသံလြင္ရပ္ကြက္မွာ က်ဴးေက်ာ္ေနအိမ္ ၁ ေထာင္ေက်ာ္ရွိၿပီး အဲ့ဒီမွာေနထုိင္သူ အမ်ားစုဟာ ဧရာဝတီတုိင္ေဒသႀကီးကေန နာဂစ္မုန္တုိင္း ဒဏ္ခံစားခဲ့ရၿပီးေနာက္ပုိင္း အလုပ္အကုိင္ ရွားပါးမႈျပႆနာနဲ႔ ရင္ဆုိင္ရ တာေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ ေျပာင္းေရႊ႕ အေျခခ်ေနထုိင္သူေတြမ်ားပါတယ္။

က်ဴးေက်ာ္ေနထုိင္သူေတြရဲ႕ ဒီေန႔သတင္းစာရွင္းလင္းပြဲကုိ လိႈင္သာယာၿမိဳ႕နယ္ ေရႊသံလြင္ရပ္ကြက္က က်ဴးေက်ာ္ေန ထုိင္သူေတြ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းက ကုိယ္စာလွယ္ေတြ စုစုေပါင္း ၁၀၀ ေက်ာ္ တက္ေရာက္ခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲကုိ ရန္ကုန္တုိင္းေဒသႀကီး ကုိယ္စားျပဳ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြကုိ ဖိတ္ၾကားခဲ့ေပမယ့္ တက္ေရာက္တာမရွိေၾကာင္းနဲ႔ က်ဴးေက်ာ္ေန ထုိင္သူေတြရဲ႕ ေတာင္းဆုိခ်က္ေတြကို လႊတ္ေတာ္ကုိယ္စားလွယ္ေတြ ထံ တင္ျပသြားမယ္လုိ႔ ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................


ကျူးကျော်နေအိမ်တစ်လုံးကို တွေ့ရစဉ်။ Photo: RFA
အရင်အစိုးရလက်ထက်တုန်းကလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျူးကျော်တွေကို အင်အားသုံးဖယ်ရှား တာတွေမလုပ်ပဲ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ အစိုးရသစ်ထံ လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက် က ကျူးကျော် နေထိုင်သူတွေက မေတ္တာရပ်ခံလိုက်ပါတယ်။

လှိုင်သာယာမြို့နယ် မေခလမ်းမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲကျင်းပရာမှာ ကျူးကျော် နေထိုင်သူတစ်ဦးဖြစ်တဲ့  မသင်းသင်းအေးက အင်းအားသုံးဖယ်ရှား တဲ့နည်းလမ်းဟာ နစ်နာမှုတွေဖြစ်တာကြောင့် ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုတာ လို့ပြောပါတယ်။

"တကယ်လို့ဒီပြဿနာကိုဖြေရှင်းမယ်ဆိုရင်လည်း အကြမ်းဖက်တဲ့နည်းကိုမသုံးပဲနဲ့ ညှိနှိုင်းဆွေးနွေးတဲ့ နည်းတွေနဲ့ သုံးပါလို့ဒီနေရာကနေမေတ္တာရပ်ခံချင်ပါတယ်၊ ဒီလိုအကြမ်းဖက်တဲ့နည်းသုံးခြင်းအားဖြင့်နှစ် ဦးနှစ်ဖက်မှာနစ်နာပါတယ်၊ ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်တတ်ပါတယ်၊ ဒါကြောင့်မို့လိုပြောချင်တာကတော့ ကျုးတွေနဲ့ပတ်သက်ရင် ဒီမှာလာပြီးတော့ ရပ်မိ၊ ရပ်ဖတွေနဲ့ ဆွေးနွေးတိုင်ပင်ပါလို့ ပြောကြားရင်းနဲ့ နိဂုံး ချုပ်ပါတယ်ရှင်"

ကျူးကျော်နေထိုင်သူတွေက သူတို့ ပတ်ဝန်းကျင်ကို သန့်ရှင်းမှုရှိအောင် အမှိုက်တွေကို စနစ်တကျ စုစည်းထား ဖို့ ဆောင်ရွက်နေကြောင်းနဲ့ အဲ့ဒီစုစည်းထားတဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့နေရာစီစဉ်ပေးဖို့နဲ့ အစိုးရအနေနဲ့ တာဝန် ယူဆောင်ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်မှာ ကျူးကျော်နေအိမ် ၁ ထောင်ကျော်ရှိပြီး အဲ့ဒီမှာနေထိုင်သူ အများစုဟာ ဧရာဝတီတိုင်ဒေသကြီးကနေ နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ရ တာကြောင့် ရန်ကုန်မြို့မှာ ပြောင်းရွှေ့ အခြေချနေထိုင်သူတွေများပါတယ်။

ကျူးကျော်နေထိုင်သူတွေရဲ့ ဒီနေ့သတင်းစာရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်က ကျူးကျော်နေ ထိုင်သူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုယ်စာလှယ်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်တာမရှိကြောင်းနဲ့ ကျူးကျော်နေ ထိုင်သူတွေရဲ့ တောင်းဆိုချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ထံ တင်ပြသွားမယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment