Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 5, 2016

ျပည္ေထာင္စု၀န္ႀကီးသစ္ ၃ ဦး ခန္႔အပ္


ျပည္ေထာင္စုလႊတ္ေတာ္ (ဓါတ္ပံု-MOI)
ေဒၚေအာင္ဆန္းစုၾကည္ တာဝန္ယူထားတဲ့ ဝန္ႀကီးဌာန ၄ ခုထဲက ၂ ခုုျဖစ္တဲ့ ပညာေရးနဲ႔ လွ်ပ္စစ္နဲ႔စြမ္းအင္ ဝန္ႀကီးေတြအတြက္ ဝန္ႀကီးေတြကို ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳလိုက္ပါၿပီ။

ပညာေရးဝန္ႀကီးဌာနအတြက္ ေဒါက္တာမ်ဳိးသိမ္းႀကီးနဲ႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနအတြက္ ဦးေဖဇင္ထြန္းတို႔ကို ခန္႔အပ္ဖို႔ ကန္႔ကြက္သူမ႐ွိတာေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳခဲ့တာျဖစ္ပါတယ္၊ ဒါ့အျပင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္အျဖစ္ ဗိုလ္ခ်ဳပ္ေဟာင္းတစ္ဦးျဖစ္သူ ဒုတိယေရွ႕ေနခ်ဳပ္ေဟာင္း ဦးထြန္းထြန္းဦးနဲ႕ စာရင္းစစ္ခ်ဳပ္အျဖစ္ စီးပြားေရးတကၠသိုလ္ပါေမာၡခ်ဳပ္ေဟာင္း ဦးေမာ္သန္းတို႕ကို ခန္႔အပ္ဖုိ႔လဲ ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒီေန႔ အတည္ျပဳလိုက္ပါတယ္။

ပညာေရး၀န္ႀကီးျဖစ္လာတဲ့ ေဒါက္တာမ်ိဳးသိမ္းႀကီးဟာ ပညာေရးေလာကသားေတြအၾကားမွာေရာ အမ်ိဳးသားပညာေရးဥပေဒကို ကန္႔ကြက္ခဲ့ၾကတဲ့ ေက်ာင္းသားေတြအၾကားမွာပါ အျငင္းပြားစရာ ပုဂၢိဳလ္တဦးျဖစ္ပါတယ္။ အထူးသျဖင့္ေတာ့ သမၼတဦးသိန္းအစိုးရလက္ထက္ အမ်ိဳသားပညာေရးဥပေဒေပၚေပါက္ေရးနဲ႕ ပညာေရးျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ေတြမွာ ဦးေဆာင္ခဲ့သူျဖစ္တာတာမို႔၊ ပညာေရးေလးပြင့္ဆိုင္ေဆြးေႏြးပဲြေတြမွာ ေက်ာင္းသားေတြနဲ႔ ထိပ္တိုက္ေတြ႔ခဲ့သူတဦးျဖစ္ပါတယ္။

ဒါေၾကာင့္ အမ်ိဳးသားပညာေရးျပဳျပင္ေျပာင္းလဲေရးမွာ ေက်ာင္းသားေတြ အျခားပညာရွင္ေတြနဲ႔ အဆင္ေျပေျပ ေဆာင္ရြက္ႏိုင္ပါ့မလား စိုးရိမ္မႈေတြရိွပါတယ္။ ျပည္ေထာင္စုရွ႕ေနခ်ဳပ္ျဖစ္လာတဲ့ ဦးထြန္းထြန္းဦးဟာဆိုရင္လည္း ၿပီးခဲ့တဲ့ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ဒုတိယ ေရွ႕ေနခ်ဳပ္အျဖစ္တာ၀န္ထမ္းခဲ့သူျဖစ္ပါတယ္။ သူဟာ စစ္တပ္မွာ ဗိုလ္ခ်ဳပ္ရာထူးအထိ တာ၀န္ထမ္းခဲ့သလို၊ စစ္ဥပေဒခ်ဳပ္အျဖစ္လည္း တာ၀န္ယူခဲ့သူျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................................



ပြည်ထောင်စုလွှတ်တော် (ဓါတ်ပုံ-MOI)
ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ဝန်ကြီးဌာန ၄ ခုထဲက ၂ ခုုဖြစ်တဲ့ ပညာရေးနဲ့ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးတွေအတွက် ဝန်ကြီးတွေကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါပြီ။

ပညာရေးဝန်ကြီးဌာနအတွက် ဒေါက်တာမျိုးသိမ်းကြီးနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအတွက် ဦးဖေဇင်ထွန်းတို့ကို ခန့်အပ်ဖို့ ကန့်ကွက်သူမရှိတာကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်၊ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဒုတိယရှေ့နေချုပ်ဟောင်း ဦးထွန်းထွန်းဦးနဲ့ စာရင်းစစ်ချုပ်အဖြစ် စီးပွားရေးတက္ကသိုလ်ပါမ္ခောချုပ်ဟောင်း ဦးမော်သန်းတို့ကို ခန့်အပ်ဖို့လဲ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပညာရေးဝန်ကြီးဖြစ်လာတဲ့ ဒေါက်တာမျိုးသိမ်းကြီးဟာ ပညာရေးလောကသားတွေအကြားမှာရော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခဲ့ကြတဲ့ ကျောင်းသားတွေအကြားမှာပါ အငြင်းပွားစရာ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ အထူးသဖြင့်တော့ သမ္မတဦးသိန်းအစိုးရလက်ထက် အမျိုသားပညာရေးဥပဒေပေါ်ပေါက်ရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ဦးဆောင်ခဲ့သူဖြစ်တာတာမို့၊ ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွေမှာ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သူတဦးဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားပညာရေးပြုပြင်ပြောင်းလဲရေးမှာ ကျောင်းသားတွေ အခြားပညာရှင်တွေနဲ့ အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါ့မလား စိုးရိမ်မှုတွေရှိပါတယ်။ ပြည်ထောင်စုရှ့နေချုပ်ဖြစ်လာတဲ့ ဦးထွန်းထွန်းဦးဟာဆိုရင်လည်း ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒုတိယ ရှေ့နေချုပ်အဖြစ်တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။ သူဟာ စစ်တပ်မှာ ဗိုလ်ချုပ်ရာထူးအထိ တာဝန်ထမ်းခဲ့သလို၊ စစ်ဥပဒေချုပ်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment