Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ျမန္မာသမၼတသစ္ကို အေ၀းေရာက္ တိဘက္လႊတ္ေတာ္ ဂုဏ္ျပဳ


ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ကို မတ္လ ၃ဝ ရက္ေန႔က ေတြ႔ရစဥ္။ Photo:Myo Thant Khaing/RFA
ျမန္မာႏိုင္ငံရဲ႕ ႏွစ္ငါးဆယ္ေက်ာ္အတြင္း ပထမအႀကိမ္ေပၚေပါက္လာခဲ့တဲ့ အရပ္သားအစိုးရသစ္မွာ ႏိုင္ငံေတာ္ သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမွာက္ခံခဲ့ရတဲ့ ဦးထင္ေက်ာ္ ကို ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း အေ၀းေရာက္ တိဘက္ လႊတ္ေတာ္က စေနေန႔ ေန႔စြဲနဲ႔ သ၀ဏ္လႊာေပးပို႔ခဲ့ပါတယ္။

ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ရဲ႕ သမၼတအျဖစ္ တင္ေျမွာက္ခံခဲ့ရတဲ့ အေဆြေတာ္ ကို တိဘက္ေဒသတြင္းနဲ႔ အေ၀းေရာက္ တိဘက္ျပည္သူေတြအားလံုး ရဲ႕ကိုယ္စားအေ၀းေရာက္တိဘက္လႊတ္ေတာ္က ၀မ္းေျမာက္ ၀မ္းသာ ဂုဏ္ျပဳအပ္ပါေၾကာင္း၊ အေဆြေတာ္ရဲ႕ ဦးေဆာင္မႈနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕လမ္းညႊန္မႈေအာက္ မွာ ျမန္မာႏိုင္ငံဟာ သမိုင္းမ်က္ႏွာစာသစ္ကို ဖြင့္လွစ္လိုက္ၿပီး၊ ၿငိမ္းခ်မ္းသာယာ၀ေျပာ လာမယ္ဆိုတာ အေသ အခ်ာ ယံုၾကည္ထားပါေၾကာင္း၊ တိဘက္လႊတ္ေတာ္ ဒုတိယဥကၠဌ ခင္ပိုဆိုနမ္ ( Khenpo Sonam ) ေပးပို႔တဲ့ သ၀ဏ္လႊာမွာ ေဖၚျပထားပါတယ္။

ဒီအတြင္း တရုတ္ ႏိုင္ငံျခားေရး၀န္ႀကီး ၀မ္ယီ ဟာ ဧၿပီလ ၅ ရက္ကေန ၆ ရက္ အထိ ျမန္မာႏိုင္ငံကို လာေရာက္မယ္လို႔ တရုတ္ ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ေျပာခြင့္ရသူက မေန႔က သတင္းထုတ္ျပန္ေၾကာင္း ဆင္၀ွာသတင္းက ေဖၚျပပါတယ္။

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ဖိတ္ၾကားခ်က္အရ လာေရာက္မွာျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

RFA Burmese
http://www.rfa.org/burmese\

...................................................................



နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကို မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ်။ Photo:Myo Thant Khaing/RFA
မြန်မာနိုင်ငံရဲ့ နှစ်ငါးဆယ်ကျော်အတွင်း ပထမအကြိမ်ပေါ်ပေါက်လာခဲ့တဲ့ အရပ်သားအစိုးရသစ်မှာ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဦးထင်ကျော် ကို ချီးကျူးဂုဏ်ပြုကြောင်း အဝေးရောက် တိဘက် လွှတ်တော်က စနေနေ့ နေ့စွဲနဲ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရတဲ့ အဆွေတော် ကို တိဘက်ဒေသတွင်းနဲ့ အဝေးရောက် တိဘက်ပြည်သူတွေအားလုံး ရဲ့ကိုယ်စားအဝေးရောက်တိဘက်လွှတ်တော်က ၀မ်းမြောက် ၀မ်းသာ ဂုဏ်ပြုအပ်ပါကြောင်း၊ အဆွေတော်ရဲ့ ဦးဆောင်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့လမ်းညွှန်မှုအောက် မှာ မြန်မာနိုင်ငံဟာ သမိုင်းမျက်နှာစာသစ်ကို ဖွင့်လှစ်လိုက်ပြီး၊ ငြိမ်းချမ်းသာယာဝပြော လာမယ်ဆိုတာ အသေ အချာ ယုံကြည်ထားပါကြောင်း၊ တိဘက်လွှတ်တော် ဒုတိယဥက္ကဌ ခင်ပိုဆိုနမ် ( Khenpo Sonam ) ပေးပို့တဲ့ သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ ဟာ ဧပြီလ ၅ ရက်ကနေ ၆ ရက် အထိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရသူက မနေ့က သတင်းထုတ်ပြန်ကြောင်း ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖိတ်ကြားချက်အရ လာရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment