Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

‘က်ေနာ္ကို လုပ္ေဖာ္ကိုင္ဖက္လိုဘဲ ဆက္ဆံပါ’ဟု ေခါင္းညႊတ္ႏႈတ္ဆက္ေသာ အား/ကာ အရာရွိမ်ားကို ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြး ေျပာ



၄-၄-၂၀၁၆ ရက္ ၁၄း၀၀ နာရီအခ်ိန္ ေနျပည္ေတာ္အားကစားႏွင့္ ကာယပညာဦးစီးဌာနရုံးတြင္ က်န္းမာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးႏွင့္ အားကစားႏွင့္ကာယပညာဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္အပါအ၀င္ ညႊန္ၾကားေရးမွဴးအဆင့္ ဌာနအႀကီးအကဲမ်ားႏွင့္ မိတ္ဆက္ေတြ႕ဆုံပြဲတြင္ ဌာနဆိုင္ရာအရာရွိမ်ားက ျပည္ေထာင္စု၀န္ႀကီးအား ဦးေခါင္းညြတ္၍ အမည္၊ ရာထူး၊ တာ၀န္မိတ္ဆက္မႈတြင္ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက “ကၽြန္ေတာ္ကို လုပ္ေဖာ္ကိုင္ဖက္လို သေဘာထားၿပီး ဆက္ဆံပါ။ ဂါရ၀ျပဳဦးညႊတ္ႏႈတ္ဆက္ျခင္း မျပဳပါနဲ႔”ဟု ေျပာဆိုခဲ့သည္။

ေတြ႕ဆုံမႈတြင္ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာျမင့္ေထြးက “ဌာနအသစ္တခုကို စတင္ကိုင္တြယ္ရမွာျဖစ္တဲ့အတြက္ ဘာလုပ္မယ္ဆိုၿပီးေတာ့ စတင္ၿပီးေတာ့ မေျပာခ်င္ပါဘူး။ လုပ္ကိုင္ေဆာင္ရြက္ၿမဲ လုပ္ေဆာင္ခ်က္ေတြထဲက ဘာေတြကို ဦးစားေပးလုပ္ေဆာင္ေပးသင့္တယ္ဆိုတာကို တင္ျပေပးပါ။ ညိွႏႈိင္းမႈနဲ႔ပူးေပါင္းေဆာင္ရြက္သြားမွာပါ”ဟု ေျပာသည္။

“အားကစားနဲ႔က်န္းမာေရးဆိုတာ ယွဥ္တြဲေနတာျဖစ္ဖို႔လိုတယ္။ ေပါင္းစပ္ညိွႏိႈင္းလုပ္ေဆာင္သင့္တယ္ဆိုတာကို လုပ္ေနၾကသူေတြက သိၿပီးျဖစ္ပါမယ္။ ကိုယ့္ကားကို ကိုယ္တိုင္ေမာင္းေနရာက တျခားလူတေယာက္ ၀င္ေမာင္းရင္ ေလာေလာဆယ္အဆင္မေျပသလိုေပါ့ဗ်ာ။ တခုေျပာခ်င္တာက အားကစားလိုက္စားျခင္းသည္ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတာမို႔ အေျခခံေက်ာင္းေတြကစၿပီး အားကစား ေလ့လာလိုက္စားမႈရွိလာေအာင္ ဘယ္လိုေဆာင္ရြက္ေပးသင့္တယ္ဆိုတာကို စဥ္းစားၿပီး အေကာင္အထည္ေဖာ္ေပးပါ။ မေန႔တုန္းက ေျပာခဲ့သလိုေပါ့။ က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနဆိုၿပီး ျဖစ္ေကာင္းျဖစ္လာမွာပါလို႔ ေျပာခ်င္ပါတယ္” ၎ကေျပာသည္။

“တခုေျပာခ်င္တာကေတာ့ အားကစားနဲ႔ပတ္သက္ၿပီး လႈပ္ရွားမႈေတြကို တခါလာလည္း ရန္ကုန္၊ တခါလာလည္း မႏၱေလးဆိုတာမ်ဳိး မျဖစ္ေစဘဲ အျပင္ကေန အတြင္းကို စုသြားတဲ့ပုံသ႑ာန္ျဖစ္ေအာင္ အေကာင္အထည္ေဆာင္ရြက္ေပးဖို႔ကိုေတာ့ အႀကံေပးခ်င္ပါတယ္။ ဒါေၾကာင့္ကၽြန္ေတာ္တို႔ မၾကာခဏ ဆုံပါမယ္။ အႀကံျပဳတင္ျပပါ”ဟု နိဂုံးခ်ဳပ္ေျပာၾကားခဲ့သည္။ ေတြ႕ဆုံပြဲသို႔ အားကစားႏွင့္ကာယပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးအပါအ၀င္ဌာနဆိုင္ရာ အရာရွိ (၆၀) ဦးခန္႔ တက္ေရာက္ခဲ့သည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/

......................................................................




၄-၄-၂၀၁၆ ရက် ၁၄းဝဝ နာရီအချိန် နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် ညွှန်ကြားရေးမှူးအဆင့် ဌာနအကြီးအကဲများနှင့် မိတ်ဆက်တွေ့ဆုံပွဲတွင် ဌာနဆိုင်ရာအရာရှိများက ပြည်ထောင်စုဝန်ကြီးအား ဦးခေါင်းညွတ်၍ အမည်၊ ရာထူး၊ တာဝန်မိတ်ဆက်မှုတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက “ကျွန်တော်ကို လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီး ဆက်ဆံပါ။ ဂါရဝပြုဦးညွှတ်နှုတ်ဆက်ခြင်း မပြုပါနဲ့”ဟု ပြောဆိုခဲ့သည်။

တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက “ဌာနအသစ်တခုကို စတင်ကိုင်တွယ်ရမှာဖြစ်တဲ့အတွက် ဘာလုပ်မယ်ဆိုပြီးတော့ စတင်ပြီးတော့ မပြောချင်ပါဘူး။ လုပ်ကိုင်ဆောင်ရွက်မြဲ လုပ်ဆောင်ချက်တွေထဲက ဘာတွေကို ဦးစားပေးလုပ်ဆောင်ပေးသင့်တယ်ဆိုတာကို တင်ပြပေးပါ။ ညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

“အားကစားနဲ့ကျန်းမာရေးဆိုတာ ယှဉ်တွဲနေတာဖြစ်ဖို့လိုတယ်။ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်သင့်တယ်ဆိုတာကို လုပ်နေကြသူတွေက သိပြီးဖြစ်ပါမယ်။ ကိုယ့်ကားကို ကိုယ်တိုင်မောင်းနေရာက တခြားလူတယောက် ၀င်မောင်းရင် လောလောဆယ်အဆင်မပြေသလိုပေါ့ဗျာ။ တခုပြောချင်တာက အားကစားလိုက်စားခြင်းသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေတာမို့ အခြေခံကျောင်းတွေကစပြီး အားကစား လေ့လာလိုက်စားမှုရှိလာအောင် ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတာကို စဉ်းစားပြီး အကောင်အထည်ဖော်ပေးပါ။ မနေ့တုန်းက ပြောခဲ့သလိုပေါ့။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဆိုပြီး ဖြစ်ကောင်းဖြစ်လာမှာပါလို့ ပြောချင်ပါတယ်” ၎င်းကပြောသည်။

“တခုပြောချင်တာကတော့ အားကစားနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေကို တခါလာလည်း ရန်ကုန်၊ တခါလာလည်း မန္တလေးဆိုတာမျိုး မဖြစ်စေဘဲ အပြင်ကနေ အတွင်းကို စုသွားတဲ့ပုံသဏ္ဍာန်ဖြစ်အောင် အကောင်အထည်ဆောင်ရွက်ပေးဖို့ကိုတော့ အကြံပေးချင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ မကြာခဏ ဆုံပါမယ်။ အကြံပြုတင်ပြပါ”ဟု နိဂုံးချုပ်ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးအပါအဝင်ဌာနဆိုင်ရာ အရာရှိ (၆၀) ဦးခန့် တက်ရောက်ခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment