Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ပြည်သူလူထုသင်္ကြန်ဖြစ်အောင် ကြိုးစားမှာပါ- ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း



၂၀၁၅ ခုနှစ်၊ ရန်ကုန် မဟာသင်္ကြန်ပွဲတော် ကာလ မြင်ကွင်းတခု။ ဧပြီ ၁၃၊ ၂၀၁၅။
ဒီနှစ် ရန်ကုန်မြို့ရဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ အပြောင်းအလဲတရပ်အတွက် ပထမဦးဆုံးပေါ်လာမယ့် မဟာသင်္ကြန်ပွဲတော်အဖြစ် မြင်တွေ့ကြရပါမယ်လို့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗွီအိုအေကိုပြောပါတယ်။ လုံခြုံရေးကို တိုးမြှင့် သွားမှာဖြစ်ပေမဲ့ အဲဒါက လူထုအတွက် အကြောက်တရား အနှောင့်အယှက် မဖြစ်အောင် လုပ်သွားပါမယ်လို့လည်း ဦးဖြိုးမင်းသိန်းက အခိုင်အမာပြောပါတယ်။ သင်္ကြန်ပွဲတော် ပြင်ဆင်မှုနဲ့ပတ်သက်ပြီး အခြေအတင်ပြောနေကြတဲ့ မဏ္ဍပ်ကြီးတွေ ချမပေးတဲ့ကိစ္စ ဗွီအိုအေက မေးတာကို ဦးဖြိုးမင်းသိန်းက အခုလို စဖြေပါတယ်။

ဦးဖြိုးမင်းသိန်း။ ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အခြေအနေပေါ်မှာ လူငယ်တွေရဲ့၊ မိဘတွေရဲ့ စိုးရိမ်ပူပန်မှု ကျနော်တို့နို်င်ငံမှာဖြစ်နေခဲ့တာ၊ ရန်ကုန်မြို့မှာဖြစ်နေခဲ့တာ ကြာပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ကျနော်တို့ ရှေ့မှာ မူးယစ်ဆေးဝါးတွေ၊ အရက်သေစာတွေ၊ လျှပ်ပေါ်လော်လီတဲ့ အခြေအနေတွေအတွက် အသက်အရွယ် ကြီးတဲ့ အမေတွေက သားသမီးတွေနဲ့ အတူတူ ရေပက်ခံ ထွက်နေရ သလိုတောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီအခြေအနေတွေဟာ ကျနော်တို့နိုင်ငံရဲ့ မဟာသင်္ကြန်ပွဲအတွက် စိန်ခေါ်မှုကြီးကြီးဖြစ်ခဲ့တာ နှစ်အတန် ကြာခဲ့ပါပြီ။ အဲဒီ အခြေအနေကို ကျနော်တို့ ပြန်ပြီး ပြုပြင် ပြောင်းလဲနို်င်ဖို့နဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို တကယ့်ကို ယဉ်ကျေးမှုနဲ့ ညီညွတ်တဲ့ အခြေအနေ ဖြစ်စေချင် တယ်။ နောက်တချက်က ဒီနှစ်မှာ အယ်လ်နီညိုရာသီဥတုဒဏ်ရဲ့ ဆိုးကျိုး တွေ ရှိတယ်၊ နောက်တချက်ကတော့ ကျနော်တို့မှာ ဂုံးကျော်တံတား အသစ်တွေ ဆောက် လိုက်တဲ့အတွက် တချို့နေရာတွေမှာ traffic တွေ တော်တော် ထပ်ဖြစ်လာနိုင် စရာတွေရှိပါတယ်။ ဒီအခြေအနေတွေဟာ တော်တော်ကို အခက်အခဲဖြစ်နိုင်စရာ အခြေအနေတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေတွေကို တားဆီးဖို့ အတွက် ကျနော်တို့ ဆောင်ရွက်လိုက်တာပါ။

ကျော်ကျော်သိန်း။ ။ ဒါပေမဲ့ တဘက်မှာကျတော့ ဒီလိုလုပ်တာက ရုတ်တရက် ကြီး ဖြုန်းဆို လုပ်လိုက်တဲ့ အခါကျတော့ ပြင်ထားဆင်ထားတဲ့ လူတွေ ရှိတယ်၊ ပြင်နေဆင်နေတဲ့လူတွေရှိတယ်ပေါ့လေ၊ ခါတိုင်းနှစ်တွေ လိုပဲ ဖြစ်လိမ့် မယ်ဆိုပြီးတော့၊ ဆိုတော့ ဝေဖန်သံတွေကိုလည်းပဲ ဦးဖြိျးမင်းသိန်း ကိုယ်တိုင် သေသေချာချာ ကြားပြီးပါပြီ။ ဒီလိုမျိုး နှစ်စဉ် စည်ကားခဲ့တဲ့နေရာတွေမှာ မဏ္ဍပ်ကြီးတွေ မရှိတော့ဘူးဆိုရင် သင်္ကြန်ပွဲတော်ကို ခါတိုင်း နှစ်တွေလိုပဲ လူတိုင်းပျော်နိုင်အောင်၊ စည်ကားအောင် ဦးဖြိုးမင်းသိန်းတို့ ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ။

ဦးဖြိုးမင်းသိန်း။ ။ ကျနော်တို့နိုင်ငံမှာ သင်္ကြန်ဟာ နေရာနှစ်ခုလောက်မှာပဲ စည်ကား ခဲ့ပါတော့တယ်။ နှစ် အတန်ကြာ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားကန်ဘေးနဲ့ ကန်တော်ကြီး ပတ်လမ်းလောက်မှာပဲရှိပြီး တခြား နေရာတွေက တဖြည်းဖြည်း ခြောက်သွေ့သွားခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေရာတွေ မှာပဲ စီးပွားဖြစ်လုပ်တဲ့ သင်္ကြန်မဏ္ဍပ်ကြီးတွေနဲ့ ကကြခုန်ကြဆိုတော့ ကားတွေ ကားတွေအားလုံးက အဲဒီလမ်းကျောထဲကို ၀င်ဖို့ပဲ စုပြံုပြီး တိုးနေကြရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရပါတယ်။ အခု ကျနော်တို့ ဒီဘက်နှစ်မှာတော့ ကျနော်တို့ ရန်ကုန်တိုင်း ၄၅ မြို့နယ်အတွင်းမှာ အားလုံး နေရာတိုင်း မှာ ပျော်ပျော်ရွှင်ရွင်ဖြစ်ဖို့ အတွက် ဒီသင်္ကြန်ကို ပြည်သူလူထုရဲ့ သင်္ကြန်ဖြစ်အောင် ကျနော်တို့ ကြိုးစားမှာ ပါ။ ပြည်သူလူထုရဲ့ သင်္ကြန်ဖြစ်ဖို့အတွက် ဒီ မြို့တော်ဝန်မဏ္ဍပ်ကို မဟာသင်္ကြန် ဗဟိုမဏ္ဍပ်အဖြစ်၊ ရန်ကုန်မြို့တော်ရဲ့ ဗဟိုမဏ္ဍပ်အဖြစ် ကျနော်တို့ လုပ်သွားမှာပါ။ အစိုးရအဖွဲ့မဏ္ဍပ်တွေကို ကျနော်တို့ ဆောင်ရွက်မှာမဟုတ်တော့ပါဘူး။ ခရိုင် အလိုက် လေးခုလောက် ပေါ်လာမှာပါ၊ တကယ့် ခရိုင်အလို်က် မဏ္ဍပ်ကြီးတွေ။ အဲဒီကနေမှတဆင့် ခရိုင်အလိုက်အတွင်းမှာ နေရာဒေသတိုင်းဟာ ပျော်ရွှင်မှုကို ရနိုင်တဲ့ ဒီ နှစ်သစ်အခါကို ဖြတ်သန်းနိုင်တဲ့ အခြေအနေတခုဖြစ်အောင် ကျနော်တို့ကြိုးစားမှာပါ။

ကျော်ကျော်သိန်း။ ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာရော ဒီ့အတွက် ရန်ပုံငွေ ဘဏ္ဍာငွေ အလုံအလောက်ရှိပါရဲ့လားခင်ဗျ။

ဦးဖြိုးမင်းသိန်း။ ။ ကျနော်တို့က ဒီသင်္ကြန်ပွဲတော်ကို အစိုးရဘတ်ဂျက်နဲ့ သုံးစွဲမယ့်အစီအစဉ် အလွန်မတန်ကို နည်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ဒီ ကျင်းပမယ့်သင်္ကြန်ပွဲတော်ဟာ ပြည်သူလူထုကကျင်းပတဲ့ သင်္ကြန်ပွဲတော်ပုံသဏ္ဌာန်မျိုးနဲ့ ကျနော်တို့ ဆောင်ရွက်သွားဖို့လည်း တိုင်းဒေသကြီး အစိုးရ အနေနဲ့ ယခင်ပေါ့နော် အစိုးရကနေပြီး စီစဉ်ခဲ့တဲ့ ခရိုင်လိုက်ပေါ့ ပေးထားတဲ့ ရန်ပုံငွေလေးတွေရှိပါတယ်။ အဲဒီ ခရိုင်အလိုက်ပေးထားတဲ့ ရန်ပုံငွေလေးတွေကနေ ဒီပွဲကို ကျနော်တို့ ကျင်းပသွားမှာပါ။ လာမယ့်သင်္ကြန် ဟာ တကယ့်ကို ရန်ကုန်မြို့မှာ အပြောင်းအလဲတရပ်အတွက် ပထမဦးဆုံးပေါ်လာမယ့် မဟာသင်္ကြန်ပွဲတော်ကြီး အဖြစ် မြင်တွေ့ကြရမှာပါ။ နေရာဒေသအသီးသီးမှာ သံချပ်တွေ၊ ဒီသံချပ်တွေပေါ်မှာလည်း သံချပ်စိစစ်မှုတွေ မလုပ်တော့ဘဲ တာဝန်ယူ တာဝန်ခံမှုနဲ့ အမုန်းစကားတွေ မရှိနိုင်တဲ့ သံချပ်မျိုးတွေ၊ အလှ အက ပုံသဏ္ဌာန်မျိုး တွေနဲ့ ယဉ်ကျေးမှု မဟာသင်္ကြန်ကြီးဖြစ်အောင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။

ကျော်ကျော်သိန်း။ ။ လုံခြံုရေးပိုင်းနဲ့ ပတ်သက်လို့ရော၊ ပြည်သူလူထုအနေနဲ့ သင်္ကြန်ပွဲမှာ စိတ်ချလက်ချ ဘယ်လို စိုးရိမ်ကြောင့်ကျ ပူပန်စရာမှမရှိဘဲ နဲ့ ပျော်ပျော်ရွှင်ရွှင် ရိုးရာသင်္ကြန် နှစ်သစ်ကူးနိုင်မယ့်အခြေအနေ ရှိပါရဲ့လားခင်ဗျာ။

ဦးဖြိုးမင်းသိန်း။ ။ လုံခြံုရေးအတွက် တော်တော့်ကို ဂရုတစို်က် ကျနော် တို့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျနော်တို့ လုံခြံုရေးဆောင်ရွက်မှု က ပြည်သူတွေကို အကြောက်တရား မဖြစ်စေချင်ဘူး။ ပြည်သူတွေအတွက် အနှောင့်အယှက်မဖြစ်နိုင်တဲ့ လုံခြံုရေး ပုံသဏ္ဌာန်မျိုးတွေကိုပဲ ကျနော်တို့ ဆောင်ရွက် ထားပါတယ်။ ဒါပေမဲ့ လုံခြံုရေးအခြေအနေအတွက်တော့ ကျနော်တို့ တိုးမြှင့်ထားပါ တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီအချိန် ကာလဟာ ကျနော်တို့ ဒီရှေ့မှာဖြစ် ထားတဲ့ မှုခင်းတွေ အနေအထားအရ မူးယစ်ဆေးဝါး အများဆုံး မိထားတဲ့ ကာလ တခုဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ။ ဒါကြောင့်မို့ ဒီအခြေအနေတွေကို ထိန်းနိုင်ဖို့၊ ဒီ မူးယစ်ဆေးဝါး နဲ့အတူ လက်နက်တွေပါ၀င်နေတဲ့ အခြေအနေတွေ ကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ဒါကြောင့်မို့ ဒီ အခြေအနေတွေကို ထိန်းနို်င်ဖို့အတွက် ကျနော်တို့ လုံခြံုရေးအဆင့်ကိုတော့ တိုးမြှင့်ထားတယ်၊ ဒါပေမဲ့ ဒီ လုံခြံု ရေးတိုးမြှင့်ထားမှုဟာ ပြည်သူလူထုအတွက် အကြောက်တရား အနှောင့်အယှက်မဖြစ်အောင် ကျနော်တို့ ကြိုးပမ်းသွားမှာပါ။

ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၂၀၁၅ ခုႏွစ္၊ ရန္ကုန္ မဟာသၾကၤန္ပြဲေတာ္ ကာလ ျမင္ကြင္းတခု။ ဧၿပီ ၁၃၊ ၂၀၁၅။
ဒီႏွစ္ ရန္ကုန္ၿမိဳ႕ရဲ႕ ျမန္မာ့႐ိုးရာ အတာသၾကၤန္ဟာ အေျပာင္းအလဲတရပ္အတြက္ ပထမဦးဆံုးေပၚလာမယ့္ မဟာသၾကၤန္ပြဲေတာ္အျဖစ္ ျမင္ေတြ႔ၾကရပါမယ္လုိ႔ ရန္ကုန္ တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဗီြအိုေအကိုေျပာပါတယ္။ လံုျခံဳေရးကို တိုးျမႇင့္ သြားမွာျဖစ္ေပမဲ့ အဲဒါက လူထုအတြက္ အေၾကာက္တရား အေႏွာင့္အယွက္ မျဖစ္ေအာင္ လုပ္သြားပါမယ္လို႔လည္း ဦးၿဖိဳးမင္းသိန္းက အခိုင္အမာေျပာပါတယ္။ သၾကၤန္ပြဲေတာ္ ျပင္ဆင္မႈနဲ႔ပတ္သက္ၿပီး အေျခအတင္ေျပာေနၾကတဲ့ မ႑ပ္ႀကီးေတြ ခ်မေပးတဲ့ကိစၥ ဗီြအိုေအက ေမးတာကို ဦးၿဖိဳးမင္းသိန္းက အခုလို စေျဖပါတယ္။

ဦးၿဖိဳးမင္းသိန္း။ ။ သၾကၤန္နဲ႔ပတ္သက္တဲ့ အေျခအေနေပၚမွာ လူငယ္ေတြရဲ႕၊ မိဘေတြရဲ႕ စိုးရိမ္ပူပန္မႈ က်ေနာ္တို႔ႏုိ္င္ငံမွာျဖစ္ေနခဲ့တာ၊ ရန္ကုန္ၿမိဳ႕မွာျဖစ္ေနခဲ့တာ ၾကာပါၿပီ။ ဘာ့ေၾကာင့္လည္းဆိုေတာ့ က်ေနာ္တို႔ ေရွ႕မွာ မူးယစ္ေဆး၀ါးေတြ၊ အရက္ေသစာေတြ၊ လွ်ပ္ေပၚေလာ္လီတဲ့ အေျခအေနေတြအတြက္ အသက္အရြယ္ ႀကီးတဲ့ အေမေတြက သားသမီးေတြနဲ႔ အတူတူ ေရပက္ခံ ထြက္ေနရ သလိုေတာင္ ျဖစ္ခဲ့ရပါတယ္။ အဲဒီအေျခအေနေတြဟာ က်ေနာ္တို႔ႏုိင္ငံရဲ႕ မဟာသၾကၤန္ပြဲအတြက္ စိန္ေခၚမႈႀကီးႀကီးျဖစ္ခဲ့တာ ႏွစ္အတန္ ၾကာခဲ့ပါၿပီ။ အဲဒီ အေျခအေနကို က်ေနာ္တို႔ ျပန္ၿပီး ျပဳျပင္ ေျပာင္းလဲႏုိ္င္ဖို႔နဲ႔ ျမန္မာ့႐ိုးရာသၾကၤန္ကို တကယ့္ကို ယဥ္ေက်းမႈနဲ႔ ညီၫြတ္တဲ့ အေျခအေန ျဖစ္ေစခ်င္ တယ္။ ေနာက္တခ်က္က ဒီႏွစ္မွာ အယ္လ္နီညိဳရာသီဥတုဒဏ္ရဲ႕ ဆိုးက်ဳိး ေတြ ရွိတယ္၊ ေနာက္တခ်က္ကေတာ့ က်ေနာ္တို႔မွာ ဂံုးေက်ာ္တံတား အသစ္ေတြ ေဆာက္ လိုက္တဲ့အတြက္ တခ်ဳိ႕ေနရာေတြမွာ traffic ေတြ ေတာ္ေတာ္ ထပ္ျဖစ္လာႏိုင္ စရာေတြရွိပါတယ္။ ဒီအေျခအေနေတြဟာ ေတာ္ေတာ္ကို အခက္အခဲျဖစ္ႏုိင္စရာ အေျခအေနေတြရွိပါတယ္။ ဒါေၾကာင့္မို႔ ဒီအေျခအေနေတြကို တားဆီးဖို႔ အတြက္ က်ေနာ္တို႔ ေဆာင္ရြက္လိုက္တာပါ။

ေက်ာ္ေက်ာ္သိန္း။ ။ ဒါေပမဲ့ တဘက္မွာက်ေတာ့ ဒီလုိလုပ္တာက ႐ုတ္တရက္ ႀကီး ျဖဳန္းဆို လုပ္လိုက္တဲ့ အခါက်ေတာ့ ျပင္ထားဆင္ထားတဲ့ လူေတြ ရွိတယ္၊ ျပင္ေနဆင္ေနတဲ့လူေတြရွိတယ္ေပါ့ေလ၊ ခါတိုင္းႏွစ္ေတြ လိုပဲ ျဖစ္လိမ့္ မယ္ဆိုၿပီးေတာ့၊ ဆိုေတာ့ ေ၀ဖန္သံေတြကိုလည္းပဲ ဦးၿဖိ်းမင္းသိန္း ကိုယ္တိုင္ ေသေသခ်ာခ်ာ ၾကားၿပီးပါၿပီ။ ဒီလိုမ်ဳိး ႏွစ္စဥ္ စည္ကားခဲ့တဲ့ေနရာေတြမွာ မ႑ပ္ႀကီးေတြ မရွိေတာ့ဘူးဆိုရင္ သၾကၤန္ပြဲေတာ္ကို ခါတိုင္း ႏွစ္ေတြလိုပဲ လူတိုင္းေပ်ာ္ႏုိင္ေအာင္၊ စည္ကားေအာင္ ဦးၿဖိဳးမင္းသိန္းတို႔ ဘယ္လိုလုပ္ဖို႔ စီစဥ္ထားပါသလဲ။

ဦးၿဖိဳးမင္းသိန္း။ ။ က်ေနာ္တို႔ႏုိင္ငံမွာ သၾကၤန္ဟာ ေနရာႏွစ္ခုေလာက္မွာပဲ စည္ကား ခဲ့ပါေတာ့တယ္။ ႏွစ္ အတန္ၾကာ ကမာၻေအးဘုရားလမ္း၊ အင္းလ်ားကန္ေဘးနဲ႔ ကန္ေတာ္ႀကီး ပတ္လမ္းေလာက္မွာပဲရွိၿပီး တျခား ေနရာေတြက တျဖည္းျဖည္း ေျခာက္ေသြ႔သြားခဲ့ရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဒီေနရာေတြ မွာပဲ စီးပြားျဖစ္လုပ္တဲ့ သၾကၤန္မ႑ပ္ႀကီးေတြနဲ႔ ကၾကခုန္ၾကဆိုေတာ့ ကားေတြ ကားေတြအားလံုးက အဲဒီလမ္းေက်ာထဲကို ၀င္ဖို႔ပဲ စုျပံဳၿပီး တိုးေနၾကရတဲ့ အေျခအေနမ်ဳိး ျဖစ္လာခဲ့ရပါတယ္။ အခု က်ေနာ္တို႔ ဒီဘက္ႏွစ္မွာေတာ့ က်ေနာ္တို႔ ရန္ကုန္တိုင္း ၄၅ ၿမိဳ႕နယ္အတြင္းမွာ အားလံုး ေနရာတိုင္း မွာ ေပ်ာ္ေပ်ာ္ရႊင္ရြင္ျဖစ္ဖို႔ အတြက္ ဒီသၾကၤန္ကို ျပည္သူလူထုရဲ႕ သၾကၤန္ျဖစ္ေအာင္ က်ေနာ္တို႔ ႀကိဳးစားမွာ ပါ။ ျပည္သူလူထုရဲ႕ သၾကၤန္ျဖစ္ဖို႔အတြက္ ဒီ ၿမိဳ႕ေတာ္၀န္မ႑ပ္ကို မဟာသၾကၤန္ ဗဟိုမ႑ပ္အျဖစ္၊ ရန္ကုန္ၿမိဳ႕ေတာ္ရဲ႕ ဗဟိုမ႑ပ္အျဖစ္ က်ေနာ္တို႔ လုပ္သြားမွာပါ။ အစိုးရအဖြဲ႔မ႑ပ္ေတြကို က်ေနာ္တို႔ ေဆာင္ရြက္မွာမဟုတ္ေတာ့ပါဘူး။ ခ႐ိုင္ အလိုက္ ေလးခုေလာက္ ေပၚလာမွာပါ၊ တကယ့္ ခ႐ိုင္အလို္က္ မ႑ပ္ႀကီးေတြ။ အဲဒီကေနမွတဆင့္ ခ႐ိုင္အလိုက္အတြင္းမွာ ေနရာေဒသတိုင္းဟာ ေပ်ာ္ရႊင္မႈကို ရႏုိင္တဲ့ ဒီ ႏွစ္သစ္အခါကို ျဖတ္သန္းႏုိင္တဲ့ အေျခအေနတခုျဖစ္ေအာင္ က်ေနာ္တို႔ႀကိဳးစားမွာပါ။

ေက်ာ္ေက်ာ္သိန္း။ ။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွာေရာ ဒီ့အတြက္ ရန္ပံုေငြ ဘ႑ာေငြ အလံုအေလာက္ရွိပါရဲ႕လားခင္ဗ်။

ဦးၿဖိဳးမင္းသိန္း။ ။ က်ေနာ္တို႔က ဒီသၾကၤန္ပြဲေတာ္ကို အစိုးရဘတ္ဂ်က္နဲ႔ သံုးစြဲမယ့္အစီအစဥ္ အလြန္မတန္ကို နည္းပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ က်ေနာ္တို႔က ဒီ က်င္းပမယ့္သၾကၤန္ပြဲေတာ္ဟာ ျပည္သူလူထုကက်င္းပတဲ့ သၾကၤန္ပြဲေတာ္ပုံသဏၭာန္မ်ဳိးနဲ႔ က်ေနာ္တို႔ ေဆာင္ရြက္သြားဖို႔လည္း တိုင္းေဒသႀကီး အစိုးရ အေနနဲ႔ ယခင္ေပါ့ေနာ္ အစိုးရကေနၿပီး စီစဥ္ခဲ့တဲ့ ခ႐ိုင္လိုက္ေပါ့ ေပးထားတဲ့ ရန္ပံုေငြေလးေတြရွိပါတယ္။ အဲဒီ ခ႐ိုင္အလိုက္ေပးထားတဲ့ ရန္ပံုေငြေလးေတြကေန ဒီပြဲကို က်ေနာ္တို႔ က်င္းပသြားမွာပါ။ လာမယ့္သၾကၤန္ ဟာ တကယ့္ကို ရန္ကုန္ၿမိဳ႕မွာ အေျပာင္းအလဲတရပ္အတြက္ ပထမဦးဆံုးေပၚလာမယ့္ မဟာသၾကၤန္ပြဲေတာ္ႀကီး အျဖစ္ ျမင္ေတြ႔ၾကရမွာပါ။ ေနရာေဒသအသီးသီးမွာ သံခ်ပ္ေတြ၊ ဒီသံခ်ပ္ေတြေပၚမွာလည္း သံခ်ပ္စိစစ္မႈေတြ မလုပ္ေတာ့ဘဲ တာ၀န္ယူ တာ၀န္ခံမႈနဲ႔ အမုန္းစကားေတြ မရွိႏုိင္တဲ့ သံခ်ပ္မ်ဳိးေတြ၊ အလွ အက ပုံသဏၭာန္မ်ဳိး ေတြနဲ႔ ယဥ္ေက်းမႈ မဟာသၾကၤန္ႀကီးျဖစ္ေအာင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔အေနနဲ႔ ႀကိဳးပမ္းေဆာင္ရြက္ ေနပါတယ္။

ေက်ာ္ေက်ာ္သိန္း။ ။ လံုျခံဳေရးပိုင္းနဲ႔ ပတ္သက္လို႔ေရာ၊ ျပည္သူလူထုအေနနဲ႔ သၾကၤန္ပြဲမွာ စိတ္ခ်လက္ခ် ဘယ္လို စုိးရိမ္ေၾကာင့္က် ပူပန္စရာမွမရွိဘဲ နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ႐ိုးရာသၾကၤန္ ႏွစ္သစ္ကူးႏုိင္မယ့္အေျခအေန ရွိပါရဲ႕လားခင္ဗ်ာ။

ဦးၿဖိဳးမင္းသိန္း။ ။ လံုျခံဳေရးအတြက္ ေတာ္ေတာ့္ကို ဂ႐ုတစို္က္ က်ေနာ္ တို႔ ေဆာင္ရြက္ေနပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ လံုျခံဳေရးေဆာင္ရြက္မႈ က ျပည္သူေတြကို အေၾကာက္တရား မျဖစ္ေစခ်င္ဘူး။ ျပည္သူေတြအတြက္ အေႏွာင့္အယွက္မျဖစ္ႏုိင္တဲ့ လံုျခံဳေရး ပုံသဏၭာန္မ်ဳိးေတြကိုပဲ က်ေနာ္တို႔ ေဆာင္ရြက္ ထားပါတယ္။ ဒါေပမဲ့ လံုျခံဳေရးအေျခအေနအတြက္ေတာ့ က်ေနာ္တို႔ တိုးျမႇင့္ထားပါ တယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီအခ်ိန္ ကာလဟာ က်ေနာ္တို႔ ဒီေရွ႕မွာျဖစ္ ထားတဲ့ မႈခင္းေတြ အေနအထားအရ မူးယစ္ေဆး၀ါး အမ်ားဆံုး မိထားတဲ့ ကာလ တခုျဖစ္ပါတယ္။ ရန္ကုန္တိုင္းအတြင္းမွာ။ ဒါေၾကာင့္မို႔ ဒီအေျခအေနေတြကို ထိန္းႏုိင္ဖို႔၊ ဒီ မူးယစ္ေဆး၀ါး နဲ႔အတူ လက္နက္ေတြပါ၀င္ေနတဲ့ အေျခအေနေတြ ကိုလည္း က်ေနာ္တို႔ ေတြ႔ျမင္ေနရပါတယ္။ ဒါေၾကာင့္မို႔ ဒီ အေျခအေနေတြကို ထိန္းႏုိ္င္ဖို႔အတြက္ က်ေနာ္တို႔ လံုျခံဳေရးအဆင့္ကိုေတာ့ တိုးျမႇင့္ထားတယ္၊ ဒါေပမဲ့ ဒီ လံုျခံဳ ေရးတုိးျမႇင့္ထားမႈဟာ ျပည္သူလူထုအတြက္ အေၾကာက္တရား အေႏွာင့္အယွက္မျဖစ္ေအာင္ က်ေနာ္တို႔ ႀကိဳးပမ္းသြားမွာပါ။

ေက်ာ္ေက်ာ္သိန္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

No comments:

Post a Comment