Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ပညာေရးနဲ႔ စြမ္းအင္၀န္ႀကီးသစ္ေတြ အဆုိျပဳ

ဒီကေန႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ သမၼတ ဦးထင္ေက်ာ္က၀န္ႀကီးသစ္ ၂ ဦးနဲ႔ စာရင္းစစ္ခ်ဳပ္၊ ေရွ႕ေနခ်ဳပ္ အမည္စာရင္းေတြကို တင္သြင္း (ဓါတ္ပံု- MOI)
ျပည္ေထာင္စု အစိုးရ အဖြဲ႔တြင္း အသစ္ခန္႔အပ္မယ့္ ၀န္ႀကီးသစ္ ၂ ဦးနဲ႔ စာရင္းစစ္ခ်ဳပ္၊ ေရွ႕ေနခ်ဳပ္ အမည္စာရင္းေတြကို သမၼတ ဦးထင္ေက်ာ္က ဒီကေန႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ အမည္စာရင္း တင္သြင္းပါတယ္။ အမည္စာရင္း တင္သြင္းခံရတဲ႔ ပုဂၢိဳလ္ေတြက အရင္ အစိုးရေဟာင္းမွာ အႀကီးတန္း အရာရွိ တာ၀န္ထမ္းေဆာင္ခဲ႔ၾကသူေတြ ျဖစ္ၾကတာကို ေထာက္ျပၿပီး လူေဟာင္း မူေဟာင္းနဲ႔ အေျပာင္းအလဲ မေဖာ္ေဆာင္ႏုိင္မယ့္ အေရး စိုးရိမ္မႈေတြ ရွိေနပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ျပည္ေထာင္စု အစိုးရ အဖြဲ႔ရဲ႕ ပညာေရး ၀န္ႀကီးအျဖစ္ ေဒါက္တာ မ်ိဳးသိမ္းႀကီး၊ ေနာက္ လွ်ပ္စစ္နဲ႔ စြမ္းအင္ ၀န္ႀကီးအျဖစ္ ဦးေဖဇင္ထြန္းတို႔ကို ခန္႔အပ္ဖို႔ သမၼတ ဦးထင္ေက်ာ္က လႊတ္ေတာ္ကို အမည္စာရင္း တင္သြင္းလိုက္ပါတယ္။သမၼတ ဦးထင္ေက်ာ္ တင္သြင္းတဲ႔ အစိုးရ အဖြဲ႔၀င္ ျပည္ေထာင္စု ၀န္ႀကီး ၂ ဦးနဲ႔ ေရွ႕ေနခ်ဳပ္တို႔က အရင္ အစိုးရရဲ႕ အႀကီးတန္း အရာရွိႀကီးေတြ ျဖစ္ပါတယ္။ ဒီအေပၚမွာေတာ့ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ အမ်ိဳးသား လႊတ္ေတာ္အမတ္ ဦးေအာင္ၾကည္ညြန္႔က အခုလို တုံ႔ျပန္ပါတယ္။

“အေသးစိတ္ေလ့လာၿပီးေတာ့ က်ေနာ္တို႔ သမၼတေရာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ေရာ သူတို႔ အေသးစိတ္ေလ့လာၿပီးေတာ့မွ စီစစ္ၿပီးေတာ့မွ တင္တာျဖစ္တယ္လို႔ အန္ကယ္ ဦး၀င္းထင္ကေတာ့ ခုနတုန္းက ေျပာတယ္ေလ။ ဒါမို႔ အေကာင္းဆံုးနဲ႔ လက္ရွိရွိေနတဲ့အေျခအေနနဲ႔အကိုက္ညီဆံုး လက္တေလာရင္ဆိုင္ရမယ့္ ေျဖရွင္းရမယ့္ ေဆာင္ရြက္ခ်က္ေတြနဲ႔ အကိုက္ညီဆံုး ျဖစ္ေအာင္စီစစ္ၿပီးေတာ့ ေရြးခ်ယ္သြားတယ္လို႕ က်ေနာ္တို႔အဲလိုသံုးသပ္လို႔ရပါတယ္ ခင္ဗ်။”

ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ အျဖစ္ ဗိုလ္ခ်ဳပ္ေဟာင္း၊ ဒုတိယ ေရွ႕ေနခ်ဳပ္ေဟာင္း ဦးထြန္းထြန္းဦးနဲ႔ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ အျဖစ္ ရန္ကုန္ စီးပြားေရး တကၠသိုလ္ အၿငိမ္းစား ပါေမာကၡခ်ဳပ္ ဦးေမာ္သန္းတို႔ကို သမၼတ ဦးထင္ေက်ာ္က အမည္စာရင္း တင္သြင္းပါတယ္။ လွ်ပ္စစ္နဲ႔ စြမ္းအင္ ၀န္ႀကီးဌာနရဲ႕ ျပည္ေထာင္စု ၀န္ႀကီး အျဖစ္ အရင္ အစိုးရ စြမ္းအင္ ၀န္ႀကီးဌာနရဲ႕ မူ၀ါဒပိုင္းဆိုင္ရာ အေကာင္အထည္ ေဖာ္တဲ႔ အႀကီးတန္း အရာရွိေဟာင္းတဦးကို ျပန္လည္ ခန္႔အပ္မယ့္ အေရးေၾကာင့္ မူ၀ါဒေဟာင္း အတိုင္းဘဲ ဆက္လက္ အေကာင္အထည္ေဖာ္မယ့္ အေရး စိုးရိမ္ခ်က္ေတြ ရွိေနပါတယ္။ သဘာ၀ ပတ္၀န္းက်င္ အေရး လႈပ္ရွားသူ EcoDev အဖြဲ႔က ဦး၀င္းမ်ိဳးသူက အခုလို ေျပာပါတယ္။

“အဲေတာ့ NLD မွာလည္း policy သီးျခားရွိလားဆိုတာေတာ့ က်ေနာ္မေျပာတက္ဘူး။ လွ်ပ္စစ္ရေအာင္လုပ္မယ္ဆိုတာေတာ့ ရွိတာေပါ့ ။ ဒါေပမယ့္ ဘယ္လိုနည္းနဲ႔ေဆာင္ရြက္မလဲဆိုတဲ့ “How” ဆိုတာေတာ့ သူတို႔ရဲ႕ ဒီ Manifestation ထဲမွာေတာ့ မေတြ႔မိသလိုပဲေပါ့ေနာ္။ အဲေတာ့ လက္ရွိဦးသိန္းစိန္ မႈ၀ါဒကိုပဲ ဆက္လက္အေကာင္အထည္ေဖာ္မယ္။ လာတဲ့လူကလည္း အဲလူမွန္ခဲ့ရင္ေတာ့ အရင္ လုပ္ထုံးလုပ္နည္း အေဟာင္းနဲ႔ သြားမယ္လို႔ အဲလိုပဲ ခန္႔မွန္းရတာေပါ့။”

လွ်ပ္စစ္ ၀န္ႀကီးသစ္လက္ထက္မွာ အရင္ အစိုးရေဟာင္း လက္ထက္က ခ်မွတ္ထားတဲ႔ ေက်ာက္မီးေသြး အသံုးျပဳ လွ်ပ္စစ္ ထုတ္လုပ္မယ့္ မူ၀ါဒကို ဆက္လက္ အေကာင္အထည္ေဖာ္လာမယ့္ အေနအထားမ်ား ရွိလာမလားဆိုတဲ႔ အေပၚမွာလည္း သဘာ၀ ပတ္၀န္းက်င္ အေရး ေဆာင္ရြက္သူေတြၾကားမွာ စိုးရိမ္ခ်က္ ရွိေနတာပါ။ ဦး၀င္းမ်ိဳးသူက အခုလို ဆက္ေျပာပါတယ္။

“သိန္းစိန္မႈ၀ါဒက Energy production ကို က်ေနာ္တို႔ Coal Power ကို က်ေနာ္တို႕ ဒီ ေက်ာက္မီးေသြးကေနၿပီးေတာ့ ထုတ္လုပ္တဲ့ ပမာဏကို 20 Percent ေလာက္ထိတင္ဖို႔ ႀကိဳးစားေနေတာ့ ဒါမွမဟုတ္လည္း ဒီေကာင္ကိုပဲ သြားေတာ့မယ္လို႔ စိတ္ပိုင္းျဖတ္ၿပီးရင္ေတာ့ တကမာၻလံုးကအခုေရးဆြဲေနတဲ့ ကမာၻ႔ရာသီဥတုေျပာင္းလဲျခင္းဆိုင္ရာေပါ့ေနာ္ က်ေနာ္တို႔ဒီဟာေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပင္ဆင္ဖို႔လိုတယ္ ေဘာင္၀င္ေအာင္။ ကို္ယ္က ေက်ာက္မီးေသြးကိုပဲ ရိႈ႕ၿပီးေတာ့ လွ်ပ္စစ္္ဓါတ္ ယူေတာ့မယ္ဆိုရင္ အဲဒီေက်ာက္မီးေသြးရိႈ႕တာကို ကမာၻက လက္ခံေအာင္ လို႔ အဲလိုမ်ိဳးတရား၀င္လက္ခံေအာင္လို႔ အဲလိုပဲ လုပ္ၾကရတာေပါ့ဗ်ာ။”

ပညာေရး ၀န္ႀကီးအျဖစ္ အမည္စာရင္း တင္သြင္းခံရသူကလည္း ၿပီးခဲ႔တဲ႔ ဦးသိန္းစိန္ အစိုးရ လက္ထက္ အမ်ိဳးသား ပညာေရး ဥပေဒ ဆန္႔က်င္ ဆႏၵျပခဲ႔မႈ အတြင္း ေက်ာင္းသားေတြနဲ႔ တာ၀န္ခံ ေဆြးေႏြးခဲ႔တဲ႔ ပညာေရး ၀န္ႀကီးဌာနရဲ႕ အႀကီးတန္း အရာရွိ တဦး ျဖစ္တယ္လို႔ ျမန္မာႏုိင္ငံလံုး ဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႔ခ်ဳပ္က ဦးသုတက ေျပာပါတယ္။

“ဒါအရင္သူက စနစ္ထဲမွာ လူႀကီးတေယာက္ျဖစ္ခဲ့ၿပီးေတာ့ အရင္စနစ္တုန္းကေတာ့ သူသည္ ေက်ာင္းသားအေပၚမွာေရာ ဆရာ ၊ဆရာမေတြအေပၚမွာေရာ တိုးတက္ရာတိုးတက္ေၾကာင္းလုပ္ႏိုင္စြမ္းမရွိဘူးဆိုတာေတာ့ သိရတယ္။ ေျပာလို႔ရတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ NLD ကေနၿပီးေတာ့ သူတို႔ကို တာ၀န္ယူခန္႔လိုက္တဲ့အတြက္ သူ ဘယ္လိုျပဳျပင္ေျပာင္းလဲေရးေတြလုပ္မလဲဆိုတာေတာ့ ထူးထူးျခားျခားေတာ့ က်ေနာ္တို႔သိပ္ၿပီးေတာ့ ေမွ်ာ္လင့္ထားျခင္းမရွိဘူးခင္ဗ်။”

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ တာ၀န္ယူထားတဲ႔ ၀န္ႀကီးဌာန ေလးခုထဲက ပညာေရး၊ လွ်ပ္စစ္နဲ႔ စြမ္းအင္ ၀န္ႀကီးဌာနေတြကို ခြဲေ၀ေပးဖို႔ အတြက္ သမၼတ ဦးထင္ေက်ာ္က ျပည္ေထာင္စု ၀န္ႀကီး ၂ ဦး ထပ္မံ အဆိုျပဳတာ ျဖစ္ပါတယ္။ အမည္စာရင္း တင္သြင္းခံထားတဲ႔ ျပည္ေထာင္စု ၀န္ႀကီးေတြ၊ ေရွ႕ေနခ်ဳပ္နဲ႔ စာရင္းစစ္ခ်ဳပ္ ေတြကိုေတာ့ အဂၤါေန႔မွာ လႊတ္ေတာ္မွာ ကန္႔ကြက္မယ့္သူ မရွိရင္ အတည္ျပဳႏုိင္မွာ ျဖစ္ၿပီး လာမယ့္ ဗုဒၶဟူးေန႔ေလာက္မွာ ျပည္ေထာင္စု အစိုးရ အဖြဲ႔၀င္ေတြ အျဖစ္ ကတိသစၥာ ျပဳႏုိင္မွာ ျဖစ္တယ္လုိ႔လည္း လႊတ္ေတာ္ အသိုင္းအ၀ိုင္းက ေျပာဆိုပါတယ္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

................................................................


ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ဦးထင်ကျော်ကဝန်ကြီးသစ် ၂ ဦးနဲ့ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် အမည်စာရင်းတွေကို တင်သွင်း (ဓါတ်ပုံ- MOI)
ပြည်ထောင်စု အစိုးရ အဖွဲ့တွင်း အသစ်ခန့်အပ်မယ့် ၀န်ကြီးသစ် ၂ ဦးနဲ့ စာရင်းစစ်ချုပ်၊ ရှေ့နေချုပ် အမည်စာရင်းတွေကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အမည်စာရင်း တင်သွင်းပါတယ်။ အမည်စာရင်း တင်သွင်းခံရတဲ့ ပုဂ္ဂိုလ်တွေက အရင် အစိုးရဟောင်းမှာ အကြီးတန်း အရာရှိ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ကြတာကို ထောက်ပြပြီး လူဟောင်း မူဟောင်းနဲ့ အပြောင်းအလဲ မဖော်ဆောင်နိုင်မယ့် အရေး စိုးရိမ်မှုတွေ ရှိနေပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ ပညာရေး ၀န်ကြီးအဖြစ် ဒေါက်တာ မျိုးသိမ်းကြီး၊ နောက် လျှပ်စစ်နဲ့ စွမ်းအင် ၀န်ကြီးအဖြစ် ဦးဖေဇင်ထွန်းတို့ကို ခန့်အပ်ဖို့ သမ္မတ ဦးထင်ကျော်က လွှတ်တော်ကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။သမ္မတ ဦးထင်ကျော် တင်သွင်းတဲ့ အစိုးရ အဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီး ၂ ဦးနဲ့ ရှေ့နေချုပ်တို့က အရင် အစိုးရရဲ့ အကြီးတန်း အရာရှိကြီးတွေ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အခုလို တုံ့ပြန်ပါတယ်။

“အသေးစိတ်လေ့လာပြီးတော့ ကျနော်တို့ သမ္မတရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော သူတို့ အသေးစိတ်လေ့လာပြီးတော့မှ စီစစ်ပြီးတော့မှ တင်တာဖြစ်တယ်လို့ အန်ကယ် ဦးဝင်းထင်ကတော့ ခုနတုန်းက ပြောတယ်လေ။ ဒါမို့ အကောင်းဆုံးနဲ့ လက်ရှိရှိနေတဲ့အခြေအနေနဲ့အကိုက်ညီဆုံး လက်တလောရင်ဆိုင်ရမယ့် ဖြေရှင်းရမယ့် ဆောင်ရွက်ချက်တွေနဲ့ အကိုက်ညီဆုံး ဖြစ်အောင်စီစစ်ပြီးတော့ ရွေးချယ်သွားတယ်လို့ ကျနော်တို့အဲလိုသုံးသပ်လို့ရပါတယ် ခင်ဗျ။”

ပြည်ထောင်စု ရှေ့နေချုပ် အဖြစ် ဗိုလ်ချုပ်ဟောင်း၊ ဒုတိယ ရှေ့နေချုပ်ဟောင်း ဦးထွန်းထွန်းဦးနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် အဖြစ် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းတို့ကို သမ္မတ ဦးထင်ကျော်က အမည်စာရင်း တင်သွင်းပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင် ၀န်ကြီးဌာနရဲ့ ပြည်ထောင်စု ၀န်ကြီး အဖြစ် အရင် အစိုးရ စွမ်းအင် ၀န်ကြီးဌာနရဲ့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည် ဖော်တဲ့ အကြီးတန်း အရာရှိဟောင်းတဦးကို ပြန်လည် ခန့်အပ်မယ့် အရေးကြောင့် မူဝါဒဟောင်း အတိုင်းဘဲ ဆက်လက် အကောင်အထည်ဖော်မယ့် အရေး စိုးရိမ်ချက်တွေ ရှိနေပါတယ်။ သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားသူ EcoDev အဖွဲ့က ဦးဝင်းမျိုးသူက အခုလို ပြောပါတယ်။

“အဲတော့ NLD မှာလည်း policy သီးခြားရှိလားဆိုတာတော့ ကျနော်မပြောတက်ဘူး။ လျှပ်စစ်ရအောင်လုပ်မယ်ဆိုတာတော့ ရှိတာပေါ့ ။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ဆောင်ရွက်မလဲဆိုတဲ့ “How” ဆိုတာတော့ သူတို့ရဲ့ ဒီ Manifestation ထဲမှာတော့ မတွေ့မိသလိုပဲပေါ့နော်။ အဲတော့ လက်ရှိဦးသိန်းစိန် မှုဝါဒကိုပဲ ဆက်လက်အကောင်အထည်ဖော်မယ်။ လာတဲ့လူကလည်း အဲလူမှန်ခဲ့ရင်တော့ အရင် လုပ်ထုံးလုပ်နည်း အဟောင်းနဲ့ သွားမယ်လို့ အဲလိုပဲ ခန့်မှန်းရတာပေါ့။”

လျှပ်စစ် ၀န်ကြီးသစ်လက်ထက်မှာ အရင် အစိုးရဟောင်း လက်ထက်က ချမှတ်ထားတဲ့ ကျောက်မီးသွေး အသုံးပြု လျှပ်စစ် ထုတ်လုပ်မယ့် မူဝါဒကို ဆက်လက် အကောင်အထည်ဖော်လာမယ့် အနေအထားများ ရှိလာမလားဆိုတဲ့ အပေါ်မှာလည်း သဘာဝ ပတ်ဝန်းကျင် အရေး ဆောင်ရွက်သူတွေကြားမှာ စိုးရိမ်ချက် ရှိနေတာပါ။ ဦးဝင်းမျိုးသူက အခုလို ဆက်ပြောပါတယ်။

“သိန်းစိန်မှုဝါဒက Energy production ကို ကျနော်တို့ Coal Power ကို ကျနော်တို့ ဒီ ကျောက်မီးသွေးကနေပြီးတော့ ထုတ်လုပ်တဲ့ ပမာဏကို 20 Percent လောက်ထိတင်ဖို့ ကြိုးစားနေတော့ ဒါမှမဟုတ်လည်း ဒီကောင်ကိုပဲ သွားတော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင်တော့ တကမ္ဘာလုံးကအခုရေးဆွဲနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာပေါ့နော် ကျနော်တို့ဒီဟာတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဖို့လိုတယ် ဘောင်ဝင်အောင်။ ကို်ယ်က ကျောက်မီးသွေးကိုပဲ ရှို့ပြီးတော့ လျှပ်စစ််ဓါတ် ယူတော့မယ်ဆိုရင် အဲဒီကျောက်မီးသွေးရှို့တာကို ကမ္ဘာက လက်ခံအောင် လို့ အဲလိုမျိုးတရားဝင်လက်ခံအောင်လို့ အဲလိုပဲ လုပ်ကြရတာပေါ့ဗျာ။”

ပညာရေး ၀န်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူကလည်း ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင် ဆန္ဒပြခဲ့မှု အတွင်း ကျောင်းသားတွေနဲ့ တာဝန်ခံ ဆွေးနွေးခဲ့တဲ့ ပညာရေး ၀န်ကြီးဌာနရဲ့ အကြီးတန်း အရာရှိ တဦး ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးသုတက ပြောပါတယ်။

“ဒါအရင်သူက စနစ်ထဲမှာ လူကြီးတယောက်ဖြစ်ခဲ့ပြီးတော့ အရင်စနစ်တုန်းကတော့ သူသည် ကျောင်းသားအပေါ်မှာရော ဆရာ ၊ဆရာမတွေအပေါ်မှာရော တိုးတက်ရာတိုးတက်ကြောင်းလုပ်နိုင်စွမ်းမရှိဘူးဆိုတာတော့ သိရတယ်။ ပြောလို့ရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ NLD ကနေပြီးတော့ သူတို့ကို တာဝန်ယူခန့်လိုက်တဲ့အတွက် သူ ဘယ်လိုပြုပြင်ပြောင်းလဲရေးတွေလုပ်မလဲဆိုတာတော့ ထူးထူးခြားခြားတော့ ကျနော်တို့သိပ်ပြီးတော့ မျှော်လင့်ထားခြင်းမရှိဘူးခင်ဗျ။”

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ၀န်ကြီးဌာန လေးခုထဲက ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင် ၀န်ကြီးဌာနတွေကို ခွဲဝေပေးဖို့ အတွက် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု ၀န်ကြီး ၂ ဦး ထပ်မံ အဆိုပြုတာ ဖြစ်ပါတယ်။ အမည်စာရင်း တင်သွင်းခံထားတဲ့ ပြည်ထောင်စု ၀န်ကြီးတွေ၊ ရှေ့နေချုပ်နဲ့ စာရင်းစစ်ချုပ် တွေကိုတော့ အင်္ဂါနေ့မှာ လွှတ်တော်မှာ ကန့်ကွက်မယ့်သူ မရှိရင် အတည်ပြုနိုင်မှာ ဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့လောက်မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေ အဖြစ် ကတိသစ္စာ ပြုနိုင်မှာ ဖြစ်တယ်လို့လည်း လွှတ်တော် အသိုင်းအဝိုင်းက ပြောဆိုပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment