Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 17, 2016

ဝန်ကြီးချုပ်အား ကရင်တိုင်းရင်းသားကလေးငယ်များ ကန်တော့နေသည့် ဆောင်းပါးနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်း


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ကရင်တိုင်းရင်းသားကလေး ငယ်များ ကန်တော့နေသည့် ဓာတ်ပုံနှင့်ပတ်သက်ပြီး The Lady ဂျာနယ်က ၁၅.၄.၂၀၁၆ တွင် လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “လူအချင်း ချင်းရှိခိုးရခြင်းကင်းဝေးပါစေ” ဆောင်းပါးရေးသားမှုနှင့်ပတ်သက်၍ကရင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကလေးငယ်များအား ဦးဆောင် ခေါ်ယူ ခဲ့သည့် ဆရာတော်နှင့်ခေါင်းဆောင်တို့က ယနေ့ (၁၆၊ ၄၊ ၂၀၁၆) ညနေ သုံးနာရီခန့်အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးရုံးတွင် သတင်း စာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

The Lady သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတွင် ကလေး ငယ်များက ၀န်ကြီးချုပ်အား ကန်တော့ရန် ဖိအားပေးတိုက်တွန်းခံရသည့် သဘောသွင်ဆောင်နေကြောင်း ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး နော်ပန်းသဇင်မျိုးနှင့် ကလေးငယ်များအား ဦးဆောင်ခေါ်ယူခဲ့သည့် ဆရာတော်ဦးပဏ္ဍ၀ံသတို့ကပြောသည်။

အမှန်တွင် ကရင်တိုင်းရင်းသားကလေးငယ်များမှာ နှစ်စဉ် လူကြီးသူမများ အား ကန်တော့လေ့ရှိပြီး ၀န်ကြီးချုပ်၏ အိမ်သို့ လည်ပတ်လေ့လာစဉ် ၀န်ကြီးချုပ်အားရိုသေသမုဖြင့်မိမိတို့သဘောဆန္ဒအရကန်တော့ခဲ့ခြင်း
ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲဦးဆောင်သူများကပြောသည်။

“အခုလို ဘာရည်ရွယ်ချက်နဲ့ရေးတာလဲဆိုတာ ဂျာနယ်ကတာဝန်ရှိသူတွေ နဲ့ ခေါ်တွေ့မယ်။ တရားဥပဒေကြောင်းအရ အရေးယူမယ်။ တစ်ဖက် က တောင်းပန်လာမယ်ဆိုရင်တော့ ကျွန်မတို့ကျေအေးပေးဖို့ရှိပါတယ်။ ဒါပေမယ့် တောင်းပန်မယ့်အကြောင်း ပြန်ရေးပေးရမယ်” ဟုကရင်တိုင်းရင်း သားရေးရာဝန်ကြီး နော်ပန်းသဇင်မျိုးက မီဒီယာများကိုပြောသည်။

The Lady ဂျာနယ်၏ ရေးသားဖော်ပြချက်များမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လို သည့်အကြောင်းအရာများပါဝင်နေပြီး ကရင်တိုင်းရင်းသားထုအတွင်း တွင်လည်း စည်းလုံးမှုပြိုကွဲစေနိုင်သည်ဟုအဆိုပါဝန်ကြီးကဆိုသည်။

“ကရင်တိုင်းရင်းသားတွေကြားမှာ အဲဒီသတင်းက တော်တော်လေးရိုက် ခတ်ခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့ နိုင်ငံခြားမှာရှိတဲ့ကရင်တိုင်းရင်း သားတွေအကြားပျံ့နှံ့ခဲ့တယ်။ သာမန်ရိုသေမှုနဲ့ ကန်တော့တာကို အတင်း အကြပ်ကြီး ကန်တော့ခိုင်းတယ်လို့ ထင်ကုန်ကြတယ်” ဟုကရင်တိုင်းရင်း သားရေးရာဝန်ကြီးကပြောသည်။

အဆိုပါကရင်တိုင်းရင်းသားကလေးငယ်များမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်မှဖြစ်ပြီး နှစ်စဉ်ရန်ကုန်သင်္ကြန်တွင်ဒုံးရင်းအကဖြင့်လာရောက်ဖျော်ဖြေ လေ့ရှိကြသည်။

သတင်း နှင့် ဓာတ်ပုံ - ဇော်ဇော်ထွေး
The Myanmar Times
https://www.facebook.com/themyanmartimes

No comments:

Post a Comment