Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 17, 2016

သောက်သုံးရေပြတ်ရင် ဖုန်းဆက်ပြီး အကူအညီ တောင်းနိုင်


သောက်သုံးရေ ရှားပါးတဲ့ ဒေသရှိ ပြည်သူတွေ အနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဌာနကို ဖုန်းနဲ့ ဆက်သွယ် အကူအညီ တောင်းနိုင် တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဒေါက်တာ ၀င်းမြတ်အေးရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ဌာနအနေနဲ့ သောက်သုံးရေ ရှားပါးတဲ့ ဒေသတွေကို သောက်သုံးရေ လိုက်ပို့ ပေးနေတယ်၊ ယာယီ ရေလှောင်ကန်နဲ့ အုတ်ကန်တွေ လိုက်လုပ် ပေးနေ တယ်၊ စက်ရေတွင်း တွေလည်း တူးဖော် ပေးနေပြီး လိုအပ်ရင် ရေသန့်စက်လည်း လိုက်တပ် ပေးနေတယ်လို့ ကြေညာချက်ထဲ ဖော်ပြပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/145510


No comments:

Post a Comment