Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

အရြယ္မေရာက္ေသးေသာ အ႒မတန္းေက်ာင္းသူ စံုတြဲခ်ိန္းေတြ႔ရာမွ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င္႕ခံရ


Tuesday, 01 March 2016

တိုက္ႀကီးၿမိဳ႕ ေဗာဓိကုန္းရပ္ ကြက္ ေဗာဓိကုန္း(၃)လမ္းေန ဖခင္ျဖစ္သူ ဦးေမာင္ေမာင္ၾကည္ ေနအိမ္တြင္ရွိေနစဥ္ ေဖေဖာ္ဝါရီ ၂၉ရက္ ညေန ၅နာရီခြဲက သမီး ျဖစ္သူ မ---(၁၅ႏွစ္)သည္ တုိက္ ႀကီးၿမိဳ႕ထဲသို႔ စက္ဘီးျဖင့္ ထြက္ခြာ သြားၿပီး ညေန ၆ နာရီခြဲမွ ျပန္ လည္ေရာက္ရွိလာ၍ ေမးျမန္းရာ သမီးျဖစ္သူ မ---သည္ လြန္ခဲ့ ေသာ ႏွစ္လခန္႔က သမီးရည္းစား ျဖစ္ခဲ့ေသာ တိုက္ႀကီးၿမိဳ႕ အထက (ခြဲ)ၿမိဳ႕မ အ႒မတန္း(E)တြင္ တစ္ခန္း တည္းအတူ ေက်ာင္းတက္ေနသည့္ ေမာင္ဟိန္းထက္ေဇာ္(ခ)ဘဲေခါင္း ႏွင့္ တုိက္ႀကီးၿမိဳ႕ ေဗာဓိကုန္း ရပ္ကြက္ ကိုးနဝင္းဘုန္းေတာ္ႀကီး ေက်ာင္းအနီး ကုန္သြယ္လယ္ယာ ဆန္ဂိုေထာင္ထဲတြင္ ခ်ိန္းေတြ႕ၾကစဥ္ ေမာင္ဟိန္းထက္ေဇာ္(ခ)ဘဲေခါင္း က အတင္းအဓမၼ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း ေျပာျပ၍သိရသျဖင့္ ရပ္မိရပ္ဖ ဦးမင္းႏိုင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး မွဴး ဦးေအာင္မင္းတို႔အား အေၾကာင္း ၾကားခဲ့ၿပီး အလိုမတူဘဲ အတင္း အဓမၼသားမယားျပဳက်င့္သူ ေမာင္ ဟိန္းထက္ေဇာ္(ခ) ဘဲေခါင္းကို အေရးယူေပးပါရန္ တိုက္ႀကီးၿမိဳ႕မ ရဲစခန္းသို႔ တုိင္ၾကားခဲ့ရာ ၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး မင္းဟန္ က ပ(၁၂၇/၂ဝ၁၆) ျပစ္မႈပုဒ္မ (၃၇၆)ျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

ထြန္းလႈိင္(ၿမိဳင္)
The Union Daily
http://uniondaily.net
...............


Tuesday, 01 March 2016

တိုက်ကြီးမြို့ ဗောဓိကုန်းရပ် ကွက် ဗောဓိကုန်း(၃)လမ်းနေ ဖခင်ဖြစ်သူ ဦးမောင်မောင်ကြည် နေအိမ်တွင်ရှိနေစဉ် ဖေဖော်ဝါရီ ၂၉ရက် ညနေ ၅နာရီခွဲက သမီး ဖြစ်သူ မ---(၁၅နှစ်)သည် တိုက် ကြီးမြို့ထဲသို့ စက်ဘီးဖြင့် ထွက်ခွာ သွားပြီး ညနေ ၆ နာရီခွဲမှ ပြန် လည်ရောက်ရှိလာ၍ မေးမြန်းရာ သမီးဖြစ်သူ မ---သည် လွန်ခဲ့ သော နှစ်လခန့်က သမီးရည်းစား ဖြစ်ခဲ့သော တိုက်ကြီးမြို့ အထက (ခွဲ)မြို့မ အဋ္ဌမတန်း(E)တွင် တစ်ခန်း တည်းအတူ ကျောင်းတက်နေသည့် မောင်ဟိန်းထက်ဇော်(ခ)ဘဲခေါင်း နှင့် တိုက်ကြီးမြို့ ဗောဓိကုန်း ရပ်ကွက် ကိုးနဝင်းဘုန်းတော်ကြီး ကျောင်းအနီး ကုန်သွယ်လယ်ယာ ဆန်ဂိုထောင်ထဲတွင် ချိန်းတွေ့ကြစဉ် မောင်ဟိန်းထက်ဇော်(ခ)ဘဲခေါင်း က အတင်းအဓမ္မ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ပြောပြ၍သိရသဖြင့် ရပ်မိရပ်ဖ ဦးမင်းနိုင်၊ ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးအောင်မင်းတို့အား အကြောင်း ကြားခဲ့ပြီး အလိုမတူဘဲ အတင်း အဓမ္မသားမယားပြုကျင့်သူ မောင် ဟိန်းထက်ဇော်(ခ) ဘဲခေါင်းကို အရေးယူပေးပါရန် တိုက်ကြီးမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ရာ မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မင်းဟန် က ပ(၁၂၇/၂ဝ၁၆) ပြစ်မှုပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
http://uniondaily.net

No comments:

Post a Comment