Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 15, 2016

NLD အစိုးရသစ္ ဘယ္သူေတြပါလာနိုင္လဲ

 ေဒၚေအာင္ဆန္းစုၾကည္ နိုင္ငံျခားေရး ဝန္ႀကီး ေနရာယူမယ္ ခန္႔မွန္း
ေဒၚေအာင္ဆန္း စုၾကည္ ဦးေဆာင္တဲ့ NLD ပါတီ သမၼတ အျဖစ္ ဦးထင္ေက်ာ္ ကို ေရြးခ်ယ္ ခဲ့ၿပီးေနာက္ အစိုးရသစ္ မၾကာခင္ ဖြဲ႕စည္း ေတာ့မွာ ျဖစ္ပါ တယ္။

ေဒၚေအာင္ဆန္း စုၾကည္ အေနနဲ႔ ကာလုံ အစည္းအေဝး တက္ခြင့္ ရေအာင္ စစ္တပ္နဲ႔ ရင္းႏွီးမွု ရေအာင္ နိုင္ငံျခားေရး ဝန္ႀကီး တာဝန္ နဲ႔ အစိုးရ ဝန္ႀကီး ဌာန တိုင္းနဲ႔ ဆက္စပ္ လုပ္နိုင္တဲ့ သမၼတ႐ုံး ဝန္ႀကီး အျဖစ္ လည္း ပူးတြဲ တာဝန္ယူမယ္ လို႔ နိုင္ငံေရး အကဲခတ္ အသိုင္းအဝိုင္း မွာ ေျပာေနပါတယ္။

အစိုးရ သစ္ မွာ ဝန္ႀကီးေတြ ခန္႔မယ္သူ ေတြလို႔ ေျပာဆိုသံေတြ လည္း ထြက္ေနပါတယ္။

အစိုးရသစ္ မွာ လက္ရွိ ဝန္ႀကီး ဌာန ၃၆ ခုရွိတဲ့အထဲက ၂ဝ ေက်ာ္ပဲ ထားေတာ့မယ္၊ တခ်ိဳ႕ ပယ္ဖ်က္မယ္၊ တခ်ိဳ႕ ေပါင္းမယ္ လို႔ NLD တာဝန္ရွိသူ ေတြက ေျပာပါတယ္။

သမၼတ႐ုံး ဝန္ႀကီးဌာန ၆ ခု ကို တခုတည္း ထားမယ္ ဆိုၿပီးေတာ့ လည္း ေျပာဆိုမွုေတြ ရွိေနပါတယ္။

လယ္ယာ ဆည္ေျမာင္း နဲ႔ ေမြးေရ ဝန္ႀကီး ဌာန တို႔ကို ေပါင္းမယ္။ သမဝါယမ၊ လူဝင္မွု ႀကီးၾကပ္ေရး အစရွိတဲ့ ဝန္ႀကီးဌာန ေတြကို တျခား ဝန္ႀကီးဌာနဲ႔ ေပါင္းမယ္ ဆိုၿပီး သတင္းေတြ ထြက္ေနပါတယ္။

ျပန္ၾကားေရး ဝန္ႀကီးဌာန ကိုလည္း တျခားဌာန ေတြနဲ႔ ေပါင္းမယ္ ျပင္မယ္ လို႔ ေျပာဆိုမွုေတြ လည္း ရွိေနပါတယ္။

က်န္းမာေရးနဲ႔ ပညာေရး ဝန္ႀကီး ဌာနေတြ ကိုေတာ့ အမ်ား ျပည္သူေတြ အတြက္ ပိုမို အားထား လာရေအာင္ လုပ္ေဆာင္ သြားဖို႔ ရွိတယ္လို႔ ေျပာဆိုမွုေတြ ရွိေနပါတယ္။

က်န္းမာေရး ဝန္ႀကီး အျဖစ္ NLD က်န္းမာေရး ေကာ္မတီ ဥကၠ႒ ေဒါက္တာ တင္မ်ိဳးဝင္း ကို တာဝန္ ေပးမယ္ လို႔ သတင္းေတြ ထြက္ေနပါတယ္။ ေဒါက္တာ တင္မ်ိဳးဝင္း ကေတာ့ မလုပ္ဖို႔ ျငင္းဆိုထားၿပီး တိုင္းရင္းသား ၿငိမ္းခ်မ္းေရး အတြက္ပဲ လုပ္မယ္လို႔ ေျပာပါတယ္ ။

ျပန္ၾကားေရးကို ဝန္ႀကီးဌာန ျဖစ္ျဖစ္ ဦးစီးဌာန ျဖစ္ျဖစ္ တာဝန္ ေပးမယ့္သူ ကေတာ့ မုံရြာေအာင္ရွင္ ဆိုၿပီး နာမည္ ထြက္ေန ပါတယ္။ မုံရြာ ေအာင္ရွင္ ကေတာ့ တာဝန္ ေပးတာ ကို ထမ္းေဆာင္မယ္ လို႔ ေျပာပါတယ္ ။

သမၼတ ဦးထင္ေက်ာ္ အစိုးရ အဖြဲ႕ ကို မၾကာခင္မွာ ဖြဲ႕စည္းမွာ ျဖစ္ၿပီး အခုလ ၃ဝ ရက္ေန႔မွာ သမၼတ ဦးသိန္းစိန္ ဆီကေန အာဏာ လႊဲေျပာင္းယူမွာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

..............................................


 ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေး ဝန်ကြီး နေရာယူမယ် ခန့်မှန်း
ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD ပါတီ သမ္မတ အဖြစ် ဦးထင်ကျော် ကို ရွေးချယ် ခဲ့ပြီးနောက် အစိုးရသစ် မကြာခင် ဖွဲ့စည်း တော့မှာ ဖြစ်ပါ တယ်။

ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ကာလုံ အစည်းအဝေး တက်ခွင့် ရအောင် စစ်တပ်နဲ့ ရင်းနှီးမှု ရအောင် နိုင်ငံခြားရေး ဝန်ကြီး တာဝန် နဲ့ အစိုးရ ဝန်ကြီး ဌာန တိုင်းနဲ့ ဆက်စပ် လုပ်နိုင်တဲ့ သမ္မတရုံး ဝန်ကြီး အဖြစ် လည်း ပူးတွဲ တာဝန်ယူမယ် လို့ နိုင်ငံရေး အကဲခတ် အသိုင်းအဝိုင်း မှာ ပြောနေပါတယ်။

အစိုးရ သစ် မှာ ဝန်ကြီးတွေ ခန့်မယ်သူ တွေလို့ ပြောဆိုသံတွေ လည်း ထွက်နေပါတယ်။

အစိုးရသစ် မှာ လက်ရှိ ဝန်ကြီး ဌာန ၃၆ ခုရှိတဲ့အထဲက ၂ဝ ကျော်ပဲ ထားတော့မယ်၊ တချို့ ပယ်ဖျက်မယ်၊ တချို့ ပေါင်းမယ် လို့ NLD တာဝန်ရှိသူ တွေက ပြောပါတယ်။

သမ္မတရုံး ဝန်ကြီးဌာန ၆ ခု ကို တခုတည်း ထားမယ် ဆိုပြီးတော့ လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

လယ်ယာ ဆည်မြောင်း နဲ့ မွေးရေ ဝန်ကြီး ဌာန တို့ကို ပေါင်းမယ်။ သမဝါယမ၊ လူဝင်မှု ကြီးကြပ်ရေး အစရှိတဲ့ ဝန်ကြီးဌာန တွေကို တခြား ဝန်ကြီးဌာနဲ့ ပေါင်းမယ် ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန ကိုလည်း တခြားဌာန တွေနဲ့ ပေါင်းမယ် ပြင်မယ် လို့ ပြောဆိုမှုတွေ လည်း ရှိနေပါတယ်။

ကျန်းမာရေးနဲ့ ပညာရေး ဝန်ကြီး ဌာနတွေ ကိုတော့ အများ ပြည်သူတွေ အတွက် ပိုမို အားထား လာရအောင် လုပ်ဆောင် သွားဖို့ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ကျန်းမာရေး ဝန်ကြီး အဖြစ် NLD ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ကို တာဝန် ပေးမယ် လို့ သတင်းတွေ ထွက်နေပါတယ်။ ဒေါက်တာ တင်မျိုးဝင်း ကတော့ မလုပ်ဖို့ ငြင်းဆိုထားပြီး တိုင်းရင်းသား ငြိမ်းချမ်းရေး အတွက်ပဲ လုပ်မယ်လို့ ပြောပါတယ် ။

ပြန်ကြားရေးကို ဝန်ကြီးဌာန ဖြစ်ဖြစ် ဦးစီးဌာန ဖြစ်ဖြစ် တာဝန် ပေးမယ့်သူ ကတော့ မုံရွာအောင်ရှင် ဆိုပြီး နာမည် ထွက်နေ ပါတယ်။ မုံရွာ အောင်ရှင် ကတော့ တာဝန် ပေးတာ ကို ထမ်းဆောင်မယ် လို့ ပြောပါတယ် ။

သမ္မတ ဦးထင်ကျော် အစိုးရ အဖွဲ့ ကို မကြာခင်မှာ ဖွဲ့စည်းမှာ ဖြစ်ပြီး အခုလ ၃ဝ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ဆီကနေ အာဏာ လွှဲပြောင်းယူမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment