Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 15, 2016

ျမန္မာသမၼတသစ္ ႏုိင္ငံတကာႀကိဳဆို



အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အနီးကပ္ ယံုၾကည္အားထားရသူ ဦးထင္ေက်ာ္ကို ေထာက္ခံမဲအမ်ားဆံုးနဲ႔ ျပည္ေထာင္စု လႊတ္ေတာ္ကေန  သမၼတအျဖစ္ ေရြးေကာက္ တင္ေျမႇာက္လိုက္တာကို အေမရိကန္ျပည္ေထာင္စုက ႀကိဳဆုိလိုက္ပါတယ္။

ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ အရပ္သားသမၼတတေယာက္ ေရြးခ်ယ္လိုက္တာနဲ႔ ပတ္သက္ၿပီး အေမရိကန္ အရာရွိေတြ အပါအ၀င္ ကုလသမဂၢနဲ႔ ႏုိင္ငံတကာရဲ႕ တု႔ံျပန္ခ်က္ေတြအေၾကာင္း ကိုသိန္းထိုက္ဦးက စုစည္းတင္ျပထားပါတယ္။

ဦးထင္ေက်ာ္ကို သမၼတအျဖစ္ ေရြးခ်ယ္တင္ေျမႇာက္လုိက္တဲ့အတြက္ သမၼတေရြးခ်ယ္မႈဟာ ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးအတြက္ အေရးႀကီးတဲ့ ေနာက္ထပ္ ေျခလွမ္းတခု ျဖစ္တဲ့အေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး John Kerry က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပြဲအၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အာဏာလႊဲေျပာင္းႏုိင္ေရးအတြက္ လက္တြဲ ေဆာင္ရြက္ေနၾကသူေတြနဲ႔ အဖြဲ႔အစည္းေတြကို ႀကိဳဆုိတဲ့အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ John Kirby က ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ဒီေၾကညာခ်က္ပါ တခ်က္တခ်ဳိ႕ကို ဖတ္ျပပါတယ္။

“ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေျမႇာက္တဲ့ အရပ္သားအစိုးရတရပ္ ေပၚလာဖို႔နဲ႔ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းေရး ျဖစ္စဥ္ေတြဟာ ျမန္မာႏုိင္ငံ သမိုင္းအတြက္ အေရးႀကီးတဲ့ ျဖစ္ရပ္ေတြပါ။ ျမန္မာအစိုးရသစ္ရဲ႕ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရး၊ လူ႔အခြင့္အေရး၊ စီးပြားေရး ဖြံ႔ၿဖိဳးမႈနဲ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး တုိးတက္ေအာင္ ေဆာင္ရြက္မႈေတြမွာ က်ေနာ္တို႔ ဆက္ၿပီး လက္တြဲ  ေဆာင္ရြက္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။”

ျမန္မာျပည္သူေတြရဲ႕ ဒီမုိကေရစီ၊ ဖြ႔ံၿဖိဳးေရးနဲ႔ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရး ႀကိဳးပမ္းမႈေတြကို အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ဆက္လက္ ပ့ံပိုးေထာက္ခံဖို႔ သႏၶိဌာန္ခ်ထားတဲ့အေၾကာင္း အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး John Kerry ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ Josh Earnest ကလည္း ပုံမွန္ သတင္းစာရွင္းလင္းပြဲမွာ ဦးထင္ေက်ာ္ကို သမၼတတျဖစ္ ေရြးခ်ယ္မႈအေပၚ ၀မ္းသာႀကိဳဆုိတဲ့အေၾကာင္း ေျပာဆုိပါတယ္။

“က်ေနာ္တို႔အေနနဲ႔  ျမန္မာျပည္သူေတြ၊ ျမန္မာအစိုးရသစ္နဲ႔ ဆက္ၿပီး ပူးေပါင္း ေဆာင္ရြက္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ေနာက္ထပ္ ဒီမုိကေရစီေရး အေျပာင္းအလဲ ထပ္ၿပီး လုပ္ေဆာင္တာေတြ အပါအ၀င္ ကိစၥရပ္ ေတာ္ေတာ္မ်ားမ်ားမွာလည္း က်ေနာ္တို႔အေနနဲ႔ ဆက္ၿပီး ပ့ံပိုးသြားမွာပါ၊ ဒီကိစၥကို သမၼတအိုဘားမား ျမန္မာႏုိင္ငံမွာ ေရာက္ခဲ့တဲ့ အခ်ိန္ကလည္း ေျပာဆုိခဲ့ၿပီး ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံအတြင္းမွာ တိုးတက္မႈေတြ ရွိလာခဲ့တယ္ဆုိတာကို ျငင္းပယ္စမရာ မရွိပါဘူး။ ဒီထက္ပိုၿပီး တုိးတက္ေအာင္ လုပ္ေဆာင္ဖို႔ေတြ လိုအပ္ေနတယ္ဆုိတာ ယုံၾကည္ပါတယ္။ တခ်ိန္တည္းမွာ ျမန္မာျပည္သူေတြနဲ႔ ျမန္မာအစိုးရက ေနာက္ထပ္ ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ေဆာင္ရာမွာလည္း က်ေနာ္တုိ႔က ကူညီပ့ံပိုးသြားမွာျဖစ္ပါတယ္။”

အိမ္ျဖဴေတာ္ အမ်ဳိးသားလုံၿခဳံေရး လက္ေထာက္ အႀကံေပး Ben Rhodes ကလည္း ဗြီအိုေအအေမရိကန္အသံ သတင္းဌာနက တင္ထားတဲ့ ဦးထင္ေက်ာ္ရဲ႕ ကိုယ္ေရးရာဇ၀င္ကို ကိုးကားၿပီး ဦးထင္ေက်ာ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏုိင္ငံေရးလႈပ္ရွားမႈေတြကို အနီးကပ္ ေထာက္ခံပ့ံပိုး ေပးသူတဦး ျဖစ္တဲ့အျပင္ တက္ႂကြလႈပ္ရွားသူ တဦးတေယာက္အျဖစ္ကေန အက်ဥ္းသား တေယာက္ျဖစ္ခဲ့ဖူးတဲ့အေၾကာင္း အဲဒီကမွ  သမၼတေယာက္ျဖစ္လာခဲ့တယ္ဆုိတာကို Twitter လူမႈကြန္ယက္ကေန ထုတ္ျပန္ထားပါတယ္။ ျမန္မာအစိုးရသစ္နဲ႔ လက္တြဲေဆာင္ရြက္ဖုိ႔ ေမွ်ာ္လင့္တဲ့အေၾကာင္းလည္း Twitter လူမႈကြန္ယက္မွာ Ben Rhodes ေရးသားထားပါတယ္။

ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ပူးတြဲ ေျပာေရးဆုိခြင့္ရွိသူ Faran Haq ကေတာ့ အရပ္သားအစိုးရသစ္ကို ႀကိဳဆိုတဲ့အေၾကာင္းနဲ႔ ဒါဟာ တုိးတက္မႈ ေျခလွမ္းျဖစ္တဲ့အေၾကာင္း ဗြီအိုေအကို ေျပာဆုိပါတယ္။

“ဦးထင္ေက်ာ္ သမၼတအျဖစ္ စတင္တာ၀န္ယူတဲ့အခါ အတြင္းေရးမွဴးခ်ဳပ္ ဘန္ကီမြန္းအေနနဲဲ႔ သ၀ဏ္လႊာေပးပို႔မယ့္အေၾကာင္း” - လည္း Faran Haq က ဗြီအိုေအကို ေျပာဆုိပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္ကေန  သမၼတအျဖစ္ ေရြးခ်ယ္လိုက္တဲ့အေပၚ ႀကိဳဆုိတဲ့အထဲမွာ အေမရိကန္အရာရွိေတြတင္ မဟုတ္ပါဘူး။ ျမန္မာ့အိမ္နီးခ်င္း အိႏၵိယႏုိင္ငံနဲ႔ တ႐ုတ္ႏုိင္ငံေတြလည္း ပါ၀င္ပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆုိခြင့္ရွိသူ Lu Kang ကလည္း သတင္းစာရွင္းလင္းပြဲမွာ ဦးထင္ေက်ာ္ကို သမၼတသစ္အျဖစ္ ေရြးခ်ယ္လိုက္တဲ့အတြက္ တ႐ုတ္ႏုိင္ငံအေနနဲ႔ ၀မ္းသာႀကိဳဆုိေၾကာင္း ေျပာဆုိသြားပါတယ္။

“တ႐ုတ္နဲ႔ ျမန္မာႏုိင္ငံေတြဟာ အစဥ္အလာအရ မိတ္ေဆြ အိမ္နီးခ်င္းႏုိင္ငံေတြပါ။ ႏွစ္ႏုိင္ငံနဲ႔ ျပည္သူေတြရဲ႕ ေရရွည္၊ အေျခခံ အက်ဳိးစီးပြားနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြကို ခုိင္မာေအာင္ တုိးခ်ဲ႕ ေဆာင္ရြက္ခဲ့ပါတယ္။ ျမန္မာအစိုးရသစ္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈ တုိးျမွင့္သြားဖို႔ တ႐ုတ္ႏုိင္ငံအေနနဲ႔ ေမွ်ာ္လင့္ပါတယ္။ ျမန္မာျပည္တြင္း တည္ၿငိမ္ေရး၊ ဖြံ႔ၿဖိဳးမႈ အရွိန္ျမင့္လာေရးနဲ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး ႀကိဳးပမ္းမႈေတြမွာ တ႐ုတ္က မိတ္ေဆြႏုိင္ငံ ပီသတဲ့ မူ၀ါဒကို ဆက္လက္ က်င့္သုံးၿပီး ပ့ံပိုးသြားမွာ ျဖစ္ပါတယ္။”

အိႏၵိယ၀န္ႀကီးခ်ဳပ္ Narendra Modi ကလည္း အိႏၵိယနဲ႔ ျမန္မာႏွစ္ႏိုင္ငံ ဆက္ဆံေရး ပိုမိုခိုင္မာေအာင္ တည္ေဆာက္ႏုိင္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္းနဲ႔ ဦးထင္ေက်ာ္ကို ေရြးခ်ယ္လိုက္တဲ့အေပၚ ၀မ္းသာႀကိဳဆုိတဲ့အေၾကာင္း Twitter လူမႈကြန္ယက္ကေန သတင္းထုတ္ျပန္ထားပါတယ္။

ၾသစေၾတးလ်၀န္ႀကီးခ်ဳပ္ Malcolm Turnbull ကလည္း ဦးထင္ေက်ာ္ကို သမၼတအျဖစ္ ေရြးခ်ယ္လိုက္တဲ့အေပၚ ႀကိဳဆုိတဲ့အေၾကာင္းနဲ႔၊ ျမန္မာျပည္ ဒီမုိကေရစီအေရး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏွစ္ေပါင္းမ်ားစြာ ႐ုန္းကန္ခဲ့ရတဲ့ ႀကိဳးပမ္းမႈေတြကို အသိအမွတ္ ျပဳတဲ့အေၾကာင္းနဲ႔၊ သမၼတဦးသိန္းစိန္ရဲ႕ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ၿငိမ္းခ်မ္းစြာ အာဏာလႊဲေျပာင္းေရအတြက္ ႀကိဳးပမ္းခ်က္ေတြကို အသိ္အမွတ္ျပဳတဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ ၾသစေၾတးလ်ႏုိင္ငံအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ အက်ဳိးအတြက္ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ဖြံ႔ၿဖိဳးေရး လုပ္ငန္းေတြအတြက္ ဆက္လက္ လက္တြဲ ေဆာင္ရြက္သြားမယ့္အေၾကာင္း ေၾကညာခ်က္ မွာ ေဖာ္ျပထားပါတယ္။

ဦးသိန္းထိုက္ဦး / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................................




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ယုံကြည်အားထားရသူ ဦးထင်ကျော်ကို ထောက်ခံမဲအများဆုံးနဲ့ ပြည်ထောင်စု လွှတ်တော်ကနေ  သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အရပ်သားသမ္မတတယောက် ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေ အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တု့ံပြန်ချက်တွေအကြောင်း ကိုသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်တဲ့အတွက် သမ္မတရွေးချယ်မှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ နောက်ထပ် ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းနိုင်ရေးအတွက် လက်တွဲ ဆောင်ရွက်နေကြသူတွေနဲ့ အဖွဲ့အစည်းတွေကို ကြိုဆိုတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဒီကြေညာချက်ပါ တချက်တချို့ကို ဖတ်ပြပါတယ်။

“ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်လာဖို့နဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံ သမိုင်းအတွက် အရေးကြီးတဲ့ ဖြစ်ရပ်တွေပါ။ မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုးတက်အောင် ဆောင်ရွက်မှုတွေမှာ ကျနော်တို့ ဆက်ပြီး လက်တွဲ  ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။”

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ၊ ဖွ့ံဖြိုးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက် ပ့ံပိုးထောက်ခံဖို့ သန္ဓိဌာန်ချထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကလည်း ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်ကို သမ္မတတဖြစ် ရွေးချယ်မှုအပေါ် ၀မ်းသာကြိုဆိုတဲ့အကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့အနေနဲ့  မြန်မာပြည်သူတွေ၊ မြန်မာအစိုးရသစ်နဲ့ ဆက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ထားပါတယ်။ နောက်ထပ် ဒီမိုကရေစီရေး အပြောင်းအလဲ ထပ်ပြီး လုပ်ဆောင်တာတွေ အပါအဝင် ကိစ္စရပ် တော်တော်များများမှာလည်း ကျနော်တို့အနေနဲ့ ဆက်ပြီး ပ့ံပိုးသွားမှာပါ၊ ဒီကိစ္စကို သမ္မတအိုဘားမား မြန်မာနိုင်ငံမှာ ရောက်ခဲ့တဲ့ အချိန်ကလည်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တိုးတက်မှုတွေ ရှိလာခဲ့တယ်ဆိုတာကို ငြင်းပယ်စမရာ မရှိပါဘူး။ ဒီထက်ပိုပြီး တိုးတက်အောင် လုပ်ဆောင်ဖို့တွေ လိုအပ်နေတယ်ဆိုတာ ယုံကြည်ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရက နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ရာမှာလည်း ကျနော်တို့က ကူညီပ့ံပိုးသွားမှာဖြစ်ပါတယ်။”

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး Ben Rhodes ကလည်း ဗွီအိုအေအမေရိကန်အသံ သတင်းဌာနက တင်ထားတဲ့ ဦးထင်ကျော်ရဲ့ ကိုယ်ရေးရာဇဝင်ကို ကိုးကားပြီး ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အနီးကပ် ထောက်ခံပ့ံပိုး ပေးသူတဦး ဖြစ်တဲ့အပြင် တက်ကြွလှုပ်ရှားသူ တဦးတယောက်အဖြစ်ကနေ အကျဉ်းသား တယောက်ဖြစ်ခဲ့ဖူးတဲ့အကြောင်း အဲဒီကမှ  သမ္မတယောက်ဖြစ်လာခဲ့တယ်ဆိုတာကို Twitter လူမှုကွန်ယက်ကနေ ထုတ်ပြန်ထားပါတယ်။ မြန်မာအစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း Twitter လူမှုကွန်ယက်မှာ Ben Rhodes ရေးသားထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ပူးတွဲ ပြောရေးဆိုခွင့်ရှိသူ Faran Haq ကတော့ အရပ်သားအစိုးရသစ်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒါဟာ တိုးတက်မှု ခြေလှမ်းဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောဆိုပါတယ်။

“ဦးထင်ကျော် သမ္မတအဖြစ် စတင်တာဝန်ယူတဲ့အခါ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲဲ့ သဝဏ်လွှာပေးပို့မယ့်အကြောင်း” - လည်း Faran Haq က ဗွီအိုအေကို ပြောဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော်ကနေ  သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုတဲ့အထဲမှာ အမေရိကန်အရာရှိတွေတင် မဟုတ်ပါဘူး။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေလည်း ပါ၀င်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang ကလည်း သတင်းစာရှင်းလင်းပွဲမှာ ဦးထင်ကျော်ကို သမ္မတသစ်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ၀မ်းသာကြိုဆိုကြောင်း ပြောဆိုသွားပါတယ်။

“တရုတ်နဲ့ မြန်မာနိုင်ငံတွေဟာ အစဉ်အလာအရ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေပါ။ နှစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ရေရှည်၊ အခြေခံ အကျိုးစီးပွားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအောင် တိုးချဲ့ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာအစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာပြည်တွင်း တည်ငြိမ်ရေး၊ ဖွံ့ဖြိုးမှု အရှိန်မြင့်လာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်က မိတ်ဆွေနိုင်ငံ ပီသတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးပြီး ပ့ံပိုးသွားမှာ ဖြစ်ပါတယ်။”

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဦးထင်ကျော်ကို ရွေးချယ်လိုက်တဲ့အပေါ် ၀မ်းသာကြိုဆိုတဲ့အကြောင်း Twitter လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull ကလည်း ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့အပေါ် ကြိုဆိုတဲ့အကြောင်းနဲ့၊ မြန်မာပြည် ဒီမိုကရေစီအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ် ပြုတဲ့အကြောင်းနဲ့၊ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေအတွက် ကြိုးပမ်းချက်တွေကို အသိ်အမှတ်ပြုတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ဆက်လက် လက်တွဲ ဆောင်ရွက်သွားမယ့်အကြောင်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment