Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

၈၈ မ်ိဳးဆက္ နိုင္ငံေရးအက်ဥ္းသားေဟာင္းတဦးျဖစ္တဲ႕ ဦးေဂ်ာ္လီထြန္း ကြယ္လြန္

၈၈ မ်ိဳးဆက္ နိုင္ငံေရးအက်ဥ္းသားေဟာင္းတဦးျဖစ္တဲ႕ ဦးေဂ်ာ္လီထြန္း အသက္ ၅၉ ႏွစ္ဟာ ႏွလံုးေရာဂါနဲ႕ ဒီမနက္ ၉နာရီခြဲကကြယ္လြန္သြားပါတယ္။ ႏွလံုးေအာင့္တယ္ေအာင့္တယ္ဆိုျပီး ရုတ္တရက္ကြယ္လြန္သြားတဲ႕ အေၾကာင္းနဲ႕ စ်ာပနကို မတ္လ ၁၈ ရက္ေန႕ သံုးဆယ္ျမိဳ႕ မွာ သျဂိဳဟ္မယ္လို႕ ဇနီးျဖစ္တဲ႕ ေဒၚေအးေအးသန္းက ေျပာပါတယ္။ ဦးေဂ်ာ္လီထြန္းဟာ ၈၈ အေရးအခင္းတုန္းက သာယ၀တီျမိဳ႕နယ္ မဟာဗ်ဴဟာ သပိတ္ေကာ္မတီ ဥကၠဌအျဖစ္ ဦးေဆာင္ပါ၀င္ခဲ႕ပါတယ္။ ၁၉၈၉ ခုႏွစ္မွာ ဗမာနိုင္ငံလံုးဆိုင္ရာေက်ာင္းသားမ်ားဒီမုိကရက္တစ္တပ္ဦး ABSDF နဲ႕ဆက္သြယ္ျပီး ေျမေအာက္လုပ္ငန္းေတြလုပ္တယ္ဆိုတဲ႕စြပ္စြဲခ်က္ေတြနဲ႕ ဖမ္းခံခဲ႕ရျပီးေတာ့ ေထာင္ဒဏ္ ၅၃ ႏွစ္ခ်မွတ္ခံခဲ႕ရပါတယ္။ ေထာင္ထဲမွာ ၂၃ ႏွစ္ေနခဲ႕ရျပီးေနာက္ ၂၀၁၁ ဇန္န၀ါရီလကမွ သမတ လြတ္ျငိမ္းခ်မ္းသာခြင့္နဲ႕ လြတ္ေျမာက္လာခဲ႕သူျဖစ္ပါတယ္။ ေထာင္ကလြတ္လာျပီးေနာက္ ေထာင္တြင္းအေတြ႕အၾကံဳေတြကို စာအုပ္အျဖစ္ေရးသားထုတ္ေ၀ေနသူတဦးျဖစ္ပါတယ္။
BBC Burmese
...................

၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးဂျော်လီထွန်း အသက် ၅၉ နှစ်ဟာ နှလုံးရောဂါနဲ့ ဒီမနက် ၉နာရီခွဲကကွယ်လွန်သွားပါတယ်။ နှလုံးအောင့်တယ်အောင့်တယ်ဆိုပြီး ရုတ်တရက်ကွယ်လွန်သွားတဲ့ အကြောင်းနဲ့ စျာပနကို မတ်လ ၁၈ ရက်နေ့ သုံးဆယ်မြို့ မှာ သဂြိုဟ်မယ်လို့ ဇနီးဖြစ်တဲ့ ဒေါ်အေးအေးသန်းက ပြောပါတယ်။ ဦးဂျော်လီထွန်းဟာ ၈၈ အရေးအခင်းတုန်းက သာယဝတီမြို့နယ် မဟာဗျူဟာ သပိတ်ကော်မတီ ဥက္ကဌအဖြစ် ဦးဆောင်ပါ၀င်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ဆက်သွယ်ပြီး မြေအောက်လုပ်ငန်းတွေလုပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ဖမ်းခံခဲ့ရပြီးတော့ ထောင်ဒဏ် ၅၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၂၃ နှစ်နေခဲ့ရပြီးနောက် ၂၀၁၁ ဇန်နဝါရီလကမှ သမတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီးနောက် ထောင်တွင်းအတွေ့အကြုံတွေကို စာအုပ်အဖြစ်ရေးသားထုတ်ဝေနေသူတဦးဖြစ်ပါတယ်။
BBC Burmese

No comments:

Post a Comment