Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

ကိုးပင္-သာဂရကားလမ္းတြင္ ယာဥ္ တိမ္းေမွာက္၍ ေျခာက္ဦးေသဆုံး၊ ၁၄ ဦး ဒဏ္ရာရ


အရွိန္မထိန္းႏိုင္ေသာယာဥ္ တိမ္းေမွာက္၍ ေျခာက္ဦးေသဆုံး၊ ၁၄ ဦး ဒဏ္ရာရ

ေနျပည္ေတာ္ မတ္ ၂၅

မေကြးတိုင္းေဒသႀကီး ဆင္ေပါင္ဝဲ ၿမိဳ႕နယ္ လဲဇင္ရဲကင္းစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ကိုးပင္-သာဂရကားလမ္း မိုင္တိုင္ အမွတ္(၆၁/၂-၃)ၾကား အေရွ႕႐ိုးမသစ္ေတာ ႀကိဳးဝိုင္းအဝင္ လမ္းအဆင္းအေကြ႕တြင္ မတ္ ၂၃ ရက္ ညေန ၃ နာရီက ယာဥ္တိမ္းေမွာက္ မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သာဂရဘက္မွ ကိုးပင္ဘက္ သို႔ မႏၲေလးတိုင္းေဒသႀကီး မိတၴီလာၿမိဳ႕နယ္ေန မင္းမင္း(၄၅)ႏွစ္ေမာင္းႏွင္ၿပီး ထင္းႏွင့္ ဝါးမ်ား တင္ေဆာင္လာသည့္ ဇ/------ (RTC)ေျခာက္ဘီးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ဝဲဘက္သို႔ ထိုးက်တိမ္းေမွာက္ ခဲ့ရာ ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ေတာင္တြင္းႀကီးၿမိဳ႕နယ္ ပ်ဥ့္ညင္ရြာေန ကိုေဌး (၅ဝ)ႏွစ္ပါ ေျခာက္ဦးတို႔တြင္ ဒဏ္ရာ မ်ားရရွိၿပီး အခင္းျဖစ္ေနရာတြင္ေသဆုံးသြား ခဲ့ကာ တစ္ရြာတည္းေန ကိုငပု(၃၂)ႏွစ္ပါ ၁၄ ဦးတို႔တြင္ ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ေသာေၾကာင့္ ေခ်ာင္းေကာက္တိုက္နယ္ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ၿပီး မင္းမင္းအား ကိုးပင္ နယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

The Mirror Daily
https://www.facebook.com/TheMirrorDaily
.............

အရှိန်မထိန်းနိုင်သောယာဉ် တိမ်းမှောက်၍ ခြောက်ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

နေပြည်တော် မတ် ၂၅

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ် လဲဇင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ကိုးပင်-သာဂရကားလမ်း မိုင်တိုင် အမှတ်(၆၁/၂-၃)ကြား အရှေ့ရိုးမသစ်တော ကြိုးဝိုင်းအဝင် လမ်းအဆင်းအကွေ့တွင် မတ် ၂၃ ရက် ညနေ ၃ နာရီက ယာဉ်တိမ်းမှောက် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာဂရဘက်မှ ကိုးပင်ဘက် သို့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နေ မင်းမင်း(၄၅)နှစ်မောင်းနှင်ပြီး ထင်းနှင့် ဝါးများ တင်ဆောင်လာသည့် ဇ/------ (RTC)ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ ထိုးကျတိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော တောင်တွင်းကြီးမြို့နယ် ပျဉ့်ညင်ရွာနေ ကိုဌေး (၅ဝ)နှစ်ပါ ခြောက်ဦးတို့တွင် ဒဏ်ရာ များရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွား ခဲ့ကာ တစ်ရွာတည်းနေ ကိုငပု(၃၂)နှစ်ပါ ၁၄ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ချောင်းကောက်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး မင်းမင်းအား ကိုးပင် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment