CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 25, 2016
ရွှေထီးဟိုတယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးမှုမှ သက်သေတစ်ဦးကို စစ်ဆေးရန် ရှာဖွေနေဆဲဟုဆို
မတ် ၂၄ ။
မတ် ၁၇-ရက်နေ့က ရွှေထီးဟိုတယ်(တတိယထပ်)တွင် မယုယုထက်(၂၁-နှစ်)မှာနှစ်ယောက်အိပ်ကုတင်တွင်ပက်လက်လန်အနေအထားဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ တည်းခိုသူ များမှာမောင်ရန်လင်းအောင်နှင့် မဖြိုး သဉ္ဇာထက်တို့ဖြစ်သည်။
Mandalay News
.............
မတ် ၂၄ ။
မန္တလေးမြို့ မြို့သစ် ၁-ရပ်ကွက် ၊ ၆၀-၆၁လမ်းကြား၊ ရွှေထီးဟိုတယ်တွင် မတ် ၁၇-ရက်နေ့ က အခန်းတွင်း၌ အမျိုး သမီးတစ်ဦး သေဆုံးမှုတွင် ပတ်သက်သူ အမျိုးသားတစ် ဦးအား စစ်ဆေးနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း အမှတ် ၁၁-နယ်မြေရဲစခန်းမှ သိရသည်။
"အမှုမှာ အဓိက ကျန်နေတဲ့ အမျိုးသားတစ်ဦးကို ရှာဖွေစုံစမ်းနေဆဲပါ။ စစ်ဆေးမှုတွေလုပ်ရမယ်။ ဟိုတယ်ထဲမှာ တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ဦးကိုတော့ စစ်ဆေး ပြီးပြီ။ ဓါတ်ခွဲစစ်ဆေးမှုတွေ လုပ်နေတယ်။ဆေးစစ်ချက်ရမှ အဖြစ် မှန်ဖေါ်ထုတ်နိုင်မယ်။"ဟု ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမျိုးသားမှာ ကော့ကရိတ်မှတ်ပုံတင်ဖြစ်၍ ယင်းမြို့နယ် လဝက နှင့် ဆက်သွယ်ခြင်း၊ သက်သေတချို့မေးမြန်းစစ်ဆေးမှုများအရ ကချင်ပြည်နယ်တွင် နေထိုသည်ဟုဆို၍ သက်ဆိုင်ရာဒေသရဲ တပ်ဖွဲ့များ နှင့် ပူးပေါင်းရှာဖွေေ နဆဲ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား ရင်ခွဲစစ်ဆေးမှုများအရ ပြင်ပဒဏ်ရာမရှိဘဲ အဆိပ်သင့်သေ ဆုံးခြင်းဟုတ်မဟုတ် ထပ်မံစစ်ဆေးနေကြောင်း၊ ၄င်းဖြစ်စဉ်မှ သိမ်းဆည်းခဲ့ သည့် အရက်နှင့် ဆေးဝါး များ စသည့် သက်သေခံပစ္စည်များကိုလည်း ဓါတုဗေဒဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးထားကြောင်း သိရသည်။
မတ် ၁၇-ရက်နေ့က ရွှေထီးဟိုတယ်(တတိယထပ်)တွင် မယုယုထက်(၂၁-နှစ်)မှာနှစ်ယောက်အိပ်ကုတင်တွင်ပက်လက်လန်အနေအထားဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ တည်းခိုသူ များမှာမောင်ရန်လင်းအောင်နှင့် မဖြိုး သဥ္ဇာထက်တို့ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ အမှတ်၁၁- နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၆ ရေးဖွင့်ကာ သေဆုံးမှုဖြစ်စဉ်မှန်ကို ဆက်လက် စုံစမ်းဖေါ် ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Mandalay News
https://www.facebook.com/lin.aung.777/timeline
ရွှေထီးဟိုတယ်တွင် အမျိုးသမီးတစ်ဦးသေဆုံးမှုမှ သက်သေတစ်ဦးကို စစ်ဆေးရန် ရှာဖွေနေဆဲဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment