Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 28, 2016

NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်း၀န်ကြီးချုပ် များအဖြစ် အတည်ပြု ခန့်အပ်ပြီ

ဧရာ၀တီ
March 28, 2016

NLD ပါတီ၀င် အမတ်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ် များဖြစ်လာကြပြီဖြစ်သည်။

ရွေးကောက်ခံသမ္မတ ဦးထင်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD)မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး လွှတ်တော်အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် များအဖြစ် သက်ဆိုင်ရာ လွှတ်တော် များသို့ တင်သွင်းပြီး အတည်ပြုခန့်အပ်လိုက်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး၀န်ကြီးချုပ် ၁၄ ဦး၏ ကို်ယ်ရေးရာဇ၀င်များကို စုစည်းဖော်ပြ လိုက်ပါသည်။

ကချင်ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာခက်အောင်
●●●●●●●●●●●●●●●●●●●●●●●●●●●
ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာခက်အောင်သည် အသက် ၆၉ နှစ် ရှိပြီဖြစ်ပြီး အဘ ဦးခက်လ နှင့် အမိ ဒေါ်အင်လမ်းပရီ ၏ သားတဦးဖြစ်သည်။ ဒေါက်တာခက်အောင်သည် ကချင်လူမျိုး၊ ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကာ ခံတွင်းနှင့် သွားဘက်ဆို်င်ရာ ဆရာဝန် တဦး အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

သူသည် ပြင်ဦးလွင်မြို့၊ ကွတ်ခိုင်၊ ဗန်းမော်၊ တောင်ငူ၊ မြစ်ကြီးနားမြို့ များတွင် အခြေခံ ပညာသင်ကြားခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် မြစ်ကြီးနားမြို့၊ အ.ထ.က ( ၁) မှ တက္ကသိုလ်ဝင် အထက်တန်းစာမေးပွဲ ကို ဓာတုဗေဒ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။

ထို့နောက် ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့ သွားဘက်ဆို်င်ရာ ဆေးတက္ကသိုလ်မှ B.D.S ဘွဲ့ကို ရရှိခဲ့သလို ၁၉၆၆ ခုနှစ် ဇန်နဝါရီလ တွင် ရန်ကုန်မြို့၌ ကျင်းပသော ပထမ အကြိမ် တိုင်းနှင့်ပြည်နယ် စက်ဘီးစီးပြိုင်ပွဲ တွင် ကချင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် တခု၊ ငွေတံဆိပ်တခု၊ ကြေးတံဆိပ်တခု ဆွတ်ခူးရရှိပြီး တတိယဒိုင်းဆု ရရှိကာ ကချင်ပြည်နယ်၏ ဂုဏ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

ဒေါက်တာခက်အောင်သည် ၁၉၇၃ ခုနှစ် တွင် ဒေါက်တာ ဂျေကော့ဘူ (မြို့နယ်ကျန်းမာရေး ဦးစီးမှူး) (ငြိမ်း) နှင့် အိမ်ထောင်ပြုခဲ့ပြီး ဒေါက်တာ အိပ်ချ်ဆိုင်းရာ၊ ဒေါက်တာ အိပ်ချ်မွန်းအောန် အမည်ရှိ သမီး နှစ်ဦး နှင့် ဒေါက်တာအိပ်ချ် အောင်မိုင် နှင့် ဦးအိပ်ချ်ထွယ်ဆပ်အောင် အမည်ရှိ သား နှစ်ဦး ထွန်းကားခဲ့သည်။

ဇနီးဖြစ်သူ ဒေါက်တာဂျေကော့ဘူ နှင့် အတူ မြောင်းမြမြို့၊ လပွတ္တာမြို့နှင့် ပေါင်းတလည်မြို့များတွင် ကိုယ်ပိုင် ဆေးခန်းဖွင့် ကာ အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ထို့နောက် ၁၉၇၅ မှ ၁၉၉၃ ခုနှစ် အတွင်း မန္တလေး၊ ရန်ကုန်၊ မြစ်ကြီးနား နှင့် ဗန်းမော်မြို့များတွင် ရှိသည့် ပြည်သူ့ဆေးရုံ၊ ဒေသန္တရကျန်းမာရေးကျောင်း ကျန်းမာရေးဌာ နများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန မှ နုတ်ထွက်ခွင့် ရရှိခဲ့သည်ဟု သိရသည်။

၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဆိုင်းဘွမ်း ကုမ္ပဏီ၏ ဒါရိုက်တာတဦး အနေဖြင့် ထိုင်း၊ ဟောင်ကောင်၊ တရုတ်ပြည်များသို့ သွားရောက်ကာ ကုမ္ပဏီ လုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ဒေါက်တာ ခက်အောင်သည် အမှတ် ၅၉ စီ၊ ဆမားလမ်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့တွင် နေထိုင်လျက်ရှိသည်ဟု သိရသည်။

(ဓာတ်ပုံ-Kantarawaddy Times)

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှို
●●●●●●●●●●●●●●●●●●●●●●●●●●●
ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသူ ဦးအယ်လ်ဖောင်းရှို မှာ B.Ed ပညာရေးဘွဲ့ ကို ရရှိထားသူ ဖြစ်ပြီး မယ်စ့ဲ မြိုနယ်တွင် လက်ထောက်ပညာရေးမှူး မှ ပညာရေးမှူးအထိ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခ့ဲသူ ဖြစ်သည်။

ဦးအယ်လ်ဖောင်းရှို သည် ၂၀၁၅ခုနှစ် ဇွန်လတွင် မြို့နယ်ပညာရေးမှူး အဖြစ်မှ နုတ်ထွက်ကာ NLD ပါတီ သို့ ဝင်ရောက်ခ့ဲပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မယ်စဲ့မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်ဟု သိရသည်
သူ၏ ဇနီးဖြစ်သူမှာ မယ်စဲ့မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်မော် ဖြစ်ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ လက်ရှိတွင် မိသားစု နှင့်အတူ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် တောင်ပိုင်းရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။

ဓာတ်ပုံ – ဧရာဝတီ

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်
●●●●●●●●●●●●●●●●●●●●●●●●●●
ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် ဝန်ကြီးဟောင်း ဒေါက်တာစောလှထွန်း၏ သမီးတဦးဖြစ်သည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာသည့် ဒေါ်နန်းခင်ထွေးမြင့် သည် ၁၉၇၅ ခုနှစ် တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သူဖြစ်သည်။ ထိုသို့ ပညာသင်ကြားနေချိန်အတွင်း ကျောင်း သား လှုပ်ရှားမှုအတွင်း ပါဝင်သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခံရပြီး ၁၉၇၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက် ခ့ဲသည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် NLD ပါတီသို့ ဝင်ရောက်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေး ကောက်ပွဲ တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ တွင် ဝင်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ၅၁ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရာတွင် ပါဝင်သဖြင့် ဒုတိယအကြိမ် ထောင်ကျခဲ့သည်။

သူသည် ၂၀၀၈ ဖွဲ့စည်းအခြေခံ ဥပဒေ ကို ဆန့်ကျင်သည့်အနေဖြင့်၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့သည်ဟု သိရသည်။ ထို့နောက်၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် ကရင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခ့ဲသူဖြစ်သည်။

လက်ရှိတွင် NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ဒေါ်နန်းခင်ထွေးမြင့်သည်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခ့ဲကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ- Chin World

ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်လျန်လွယ်
●●●●●●●●●●●●●●●●●●●●●●●●●
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အိုင်ရီဘွယ်ရွာ ဇာတိဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ နှင့် ဘွဲ့လွန် ပညာရေး အဖြစ် ဘာသာရေးဘွဲ့ BRE တို့ကို ရရှိခဲ့သူဖြစ်သည်။ သူသည် တက္ကသိုလ် ကျောင်းသားဘဝတွင် ဆလိုင်း-မိုင် လှုပ်ရှားမှုကဲ့သို့သော ချင်းကျောင်းသား လှုပ်ရှားမှုများတွင် ဆလိုင်းရမ်လိန်မှုန်း၊ ဆလိုင်းကစ်ပ်ခိုလျန်တို့ နှှင့်အတူ တက်ကြွစွာ ပါ၀င်လှုပ်ရှားခဲ့သူဖြစ်သည်။

ဥပဒေပိုင်းဆိုင်ရာ အစိုးရအမှုထမ်းအဖြစ် ရန်ကုန်မြို့ ဗဟိုဥပဒေရုံး ၊ ကလေး၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ မန္တလေး၊ အမရပူရနှင့် စဥ့်ကိုင် မြို့တို့တွင် ထမ်းဆောင်ခဲ့ဖူးပြီး တမူးခရိုင် ဥပဒေအရာရှိအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ မှ ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ တွင် ဝင်ရောက် အရွေးချယ်ခံပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဇိုဘွဲနှင့် ဦးအောင်တမ်တို့၏ လွှတ်တော်တွင် ကျမ်းသစ္စာ ပြုလုပ်ရာတွင်လည်း လွှတ်တော် သဘာပတိအဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

ဓာတ်ပုံ-Myint Soe Facebook

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး
●●●●●●●●●●●●●●●●●●●●●
ဦးမင်းမင်းဦး သည် ၁၉၇၀ ခုနှစ် သြဂုတ် ၉ ရက ်တွင် မွေးဖွားခဲ့ပြီး အသက် ၄၆ နှစ်ရှိပြီဖြစ်သည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် ၂ မှ အနိုင်ရရှိထား သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်ခံထားရသူလည်းဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ် မှ အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘွဲ့ရတဦးဖြစ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် ရာဘာခြံလုပ်ငန်း၊ မုန့်တီလုပ်ငန်း နှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ သူသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးလှုပ်ရှားမှု တွင် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး လက်ရှိတွင် ဘီးလင်းမြို့နယ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။

ဓာတ်ပုံ – ဧရာဝတီ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု
●●●●●●●●●●●●●●●●●●●●
ဦးညီပုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပါ၀င်ခဲ့ပြီး NLD ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်သည်။ ဦးညီပု သည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အခက်အခဲများကြားမှ စား၀တ်နေရေး ခက်ခဲစွာ ရုန်းကန်ရင်း NLD တွင် နိုင်ငံရေးတာ၀န်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ဂွမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ရန် အဆိုပြုချိန်တွင် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်များ လွှတ်တော်ထဲမှာ ထွက်ခွာ ဆန္ဒပြခြင်းကို ကြုံတွေ့ရသူလည်းဖြစ်သည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်
●●●●●●●●●●●●●●●●●●●●●●●●●
ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ၁၉ ၆၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မွေးဖွားသူဖြစ်ပြီး အသက် ၅၆ နှစ်ရှိနေပြီဖြစ်သည်။

ဒေါက်တာလင်းထွဋ်သည် ၁၉၇၉ ခုနှစ်တွင် ဒေသကောလိပ်မှ စိုက်ပျိုးရေးလုပ်ငန် အတတ်ပညာဒီပလိုမာ ရရှိခ့ဲပြီး ၁၉၈၄ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ကို ရရှိခ့ဲသူဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာ၀န်ထမ်းဆောင်ခ့ဲပြီး ၁၉၉၄ မှ ၂၀၀၆ ခုနှစ်အထိ လားရှိှုးမြို့ ပြည်နယ်ဆေးရုံကြီးတွင် တာ၀န်ထမ်းဆောင်ခ့ဲကာ မန္တလေး၊ လားရှှိုးမြို့တို့တွင် မူးယစ်ဆေးနှင့် ကူးစက်တတ်သော AIDS ရောဂါလျော့ချရေးစီမံချက်အရာရှိအဖြစ် ဆောင်ရွက်ခ့ဲသည်။

သူသည် လူမှုကူညီရေးအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တက္ကသိုလ်ပေါင်းစုံအငြိမ့်အဖွဲ့တွင် လူရွှင်တော် ပလာယာ အဖြစ်နာမည်ကြီးသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လားရှိှုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရရှိခ့ဲသူ ဖြစ် သည်။ ပရဟိတ လုပ်ငန်းများစွာတွင်လည်း ပါ၀င် ဆောင်ရွက်နေသူဖြစ်ပြီး ရှမ်းပြည်နယ် လွှတ်တော် အမတ် အဖြစ် ၂၀၁၅ ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည်။

ဓာတ်ပုံ – ဧရာဝတီ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
●●●●●●●●●●●●●●●●●●●●●●●●●●
ဦးဖြိုးမင်းသိန်းကို ၁၉ ၆၉ ခုနှစ် ၊ ဧပြီလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက်၄၇ နှစ်ရှိနေပြီဖြစ်သည်။ ဦးဖြိုးမင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် NLD ပါတီ၏ လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှအနိုင်ရရှိခဲ့သူဖြစ်သည်။

သူသည် ရန်ကုန်တက္ကသိုလ် မှ ရူပဗေဒဘာသာရပ် ကို ဒုတိယနှစ်အထိ သင်ကြားခဲ့ပြီး ၁၉၈၈-၈၉ ခုနှစ်တွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့ကာ သန်လျင် မြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကို ဖွဲ့စည်းခဲ့သည်။

၁၉၉၀ ခုနှစ် တွင် မြန်မာ နိုင်ငံလုံး ဆို်င်ရာ ကျောင်းသားများ ပြန်လည်စုစည်းရေး ကို တာဝန်ယူခဲ့ပြီး All Burma Student Federation Unions (ABSFU) ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၉၉၁ ခုနှစ် တွင် စစ်အစိုးရ ၏ ဖမ်းဆီးခြင်းခံခဲ့ရကာ ၂၀၀၅ ခုနှစ် တွင် မြောင်းမြထောင်မှ ပြန်လည် လွတ် မြောက် လာသူ ဖြစ်သည်။ ၂၀၁၀ တွင် ပြည်ထောင်စုဒီမိုကရေစီပါတီကို ဥက္ကဋ္ဌ အဖြစ် ထူထောင်ရာတွင် ပါ၀င်ခဲ့သော် လည်း နောက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ပါတီမှလည်း နုတ်ထွက်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လှည်းကူးမြို့နယ် မှ အနိုင်ရရှိခဲ့ကာ လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ တွင် အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဓာတ်ပုံ – ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ
●●●●●●●●●●●●●●●●●●●●●●●●●●
ကရင်တိုင်းရင်းသားတဦးဖြစ်ပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ မန်းဂျော်နီကို ၁၉၄၂ ခုနှစ်တွင် ကန်ကြီးထောင့်မြို့နယ်၊ ဆင်ဂေါင်းကြီး ကျေးရွာ၌ အဖ ဦးကျော်ဦး နှင့် အမိ ဒေါ်စီစီလျား တို့က မွေးဖွားခဲ့သည်။

အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်သည့် ခရစ်ယာန်ဘာသာဝင် မန်းဂျော်နီ မှာ ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ Dip.Ed. ပညာရေးဘွဲ့ ရရှိထားသူဖြစ်သည်။

သူသည် အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းပြ ကျောင်းဆရာဘဝ ဖြင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကာ လက်ထောက် မြို့နယ်ပညာရေးမှူး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နိုင်ငံရေးဖြတ်သန်းမှု အနေဖြင့် ၁၉၈၉ ခုနှစ်မှ စတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသို့ ဝင်ရောက်ခဲ့ပြီး ပါတီမှ နှုတ်ထွက်ရန် စစ်အစိုးရ၏ ဖိအားပေးခဲ့မှုကို ငြင်းဆန်သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် NLD ပါတီ၏ ကျုံပျော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ်၊ တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်
●●●●●●●●●●●●●●●●●●●●●●●●
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ခုနှစ် ကာလ ရွေးကောက်ပွဲတွင် NLD ပါတီ ဝင်အဖြစ် ကန့်ဘလူမဲဆန္ဒနယ် မှ အနိုင်ရခဲ့သူ ကိုယ်စားလှယ် ဖြစ်သည်။

အသက် ၆၅ နှစ်အရွယ် ရှိ ဒေါက်တာ မြင့်နိုင် သည် မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး ရွှေဘိုမြို့ ဇာတိဖြစ်သည်။ ဇနီး ဖြစ်သူ မှာ ဒေါ်တင့်တင့် ဖြစ်ပြီး သားသမီး ၃ ဦး ရှိသည်ဟု သိရသည်။

သူသည် ၁၉၈၁ ခုနှစ် တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.S ဘွဲ့ကို ရရှိခဲ့သော်လည်း စစ်အစိုးရ ၏ ဖမ်းဆီး ထောင်ချခြင်းနှင့် ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရသည်။

ထို့သို့ ဆမ လက်မှတ် သိမ်းဆည်းခံခဲ့ရပြီးနောက် ထီလက်မှတ်များ ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ သူရောင်းချသည့် ထီလက်မှတ်များ ကို မဝယ်ကြသဖြင့် ဆေးခန်းများ၊ ဆေးရုံများရှေ့တွင် ကလေးကစားစရာ ပူပေါင်းများ ရောင်းချခဲ့ရသည်။

ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်ဟု သိရသည်။

သူသည် အမျိုးသားလွှတ်တော် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ကော်မတီ နှင့် တောင်သူလယ်သမား ရေးရာ ကော်မတီ အဖွဲ့ယင်အဖြစ် လည်း ပါဝင်လုပ်ဆောင်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း
●●●●●●●●●●●●●●●●●●●●●●●●●
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးဝင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီ ပါတီ၏ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ပြီး အသက် ၅၂ နှစ် အရွယ်ရှိ ဦးဝင်းသိန်း သည် ပညာအရည်အချင်း အားဖြင့် B.E (Mechanical) နှင့် A.G.T.I (Machine Tools) ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မိဘနှစ်ပါးဖြစ်သည့် ဦးစို နှင့် ဒေါ်သန်းကျင် တို့မှာလည်း တောင်သူလုပ်ငန်းများ လုပ်ကိုင်ကြသည်။

ဇနီးဖြစ်သူ မှာ ဒေါ်စန်းစန်းမော် ဖြစ်ပြီး မောင်ဆက်ဝင်းမာန် အမည်ရှိ သားတဦး ရှိသည်။

သူသည် အမှတ် ၂၆၊ စိုင်တမော့ကြီးကျေးရွာ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိသည် ဟု သိရသည်။

တနသာၤရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာမည့် ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် သရက်ချောင်း မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရရှိခဲ့သူဖြစ်သည်။ မိဘနှစ်ပါး မှာ တပ်မတော် (ရေ) အငြိမ်းစား ဖြစ်သူ ဦးမောင်မောင် နှင့် အထက်တန်းပြဆရာမ ( အငြိမ်းစား ) ဒေါ်ယဉ်ကြည် ဖြစ်သည်။

ဒေါက်တာ လဲ့လဲ့မော် သည် အသက် ၅၀ နှစ် ရှိပြီဖြစ်ပြီး ပညာအရည်အချင်းအားဖြင့် M.B.B.S (RGN) ဘွဲ့ရရှိထားကာ မြန်မာလူမျိုး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။

ခင်ပွန်းဖြစ်သူ မှာ ဦးထွန်းမင်း ဖြစ်ပြီး ရော်ဘာသယ်ယူပို့ဆောင်ရေး ယာဉ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး သားသမီး ၄ ဦး ရှိသူဖြစ်သည်။

သားသမီးများမှာ မောင်သန့်ခင်မောင်၊ ဒေါက်တာ ကြည်မြတ်မော်(နေပြည်တော် ကုတင် ၁၀၀၀- လက်ထောက်ဆရာဝန်)၊ မောင်သန့်ထွေးမော် (တက္ကသိုလ် ကျောင်းသား) နှင့် မရွှန်းလဲ့ရည်မင်း (ကျောင်းသူ) တို့ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော် သည် သူငယ်တန်းမှ စတုတ္ထတန်း အထိ ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် ၊ အမက ၉ တွင် လည်းကောင်း၊ ၅ တန်းမှ ၁၀ တန်း အထိ တာမွေမြို့နယ် အထက ၃ တွင် လည်းကောင်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်ဆေးတက္ကသိုလ် ၁ တွင် ပညာဆည်းပူးခဲ့ကာ အရှေ့ပိုင်းဆေးရုံ ကျန်းမာရေးဌာန တွင် လက်ထောက်ဆရာဝန်အဖြစ် ၁၉၉၂ ခုနှစ် မှ ၁၉၉၇ ခုနှစ် အထိ လည်းကောင်း၊ သရက်ချောင်း ပြည်သူ့ဆေးရုံတွင် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ် တွင် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ သို့ ဝင်ရောက်ခဲ့ပြီး သရက်ချောင်းမြို့နယ် နှင့် ထားဝယ်ခရိုင် ရှိ ဒေသအချို့တွင် ပါတီ နှင့် တွဲဖက်ကာ အခမဲ့ကျန်းမာရေးဝန်ဆောင်မှု ပေးခဲ့သည် ဟု သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေါက်တာအောင်မိုးညို မှာ ၁၉၈၂ ခုနှစ်တွင် ဆေးတက္ကသိုလ် ၁ ရန်ကုန် မှ ဆရာဝန်ဘွဲ့ ရရှိခ့ဲသူဖြစ်သည်။ သူသည် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ခ့ဲပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ အနိုင်ရရှိခ့ဲသည် ဟု သိရသည်။ နိုင်ငံရေးလှုပ်ရှားမှု ဖြင့် ၁၉၉၈ ခုနှစ်တွင် ဖမ်းဆီးခံခ့ဲရပြီး ၂၀၀၁ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခ့ဲသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထပ်မံ အနိုင်ရရှိခ့ဲသည်။

ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိထားသူဖြစ်ခ့ဲပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသူ ဒေါက်တာ ဇော်မြင့်မောင်သည် ဆရာဝန်တစ်ဦး ဖြစ်ပြီး မန္တလေး ဆေးတက္ကသိုလ်တွင် ဇီဝဓာတု ဘာသာရပ် သရုပ်ပြ ဆရာတဦး အဖြစ် တာဝန်ထမ်းဆောင် ရှစ်လေးလုံး အရေးတော်ပုံတွင် တက်တက်ကြွကြွ ပါဝင်ခ့ဲသူ ဖြစ်သည်။
သူသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရ မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခ့ဲသည်။

ထိုစဉ် က စစ်အစိုးရ ၏ လွှတ်တော် ခေါ်ပေးရန် ပျက်ကွက်မှုများကြောင့် နိုင်ငံရေး တင်းမာမှုများ ရှိလာခဲ့ရာ နို်င်ငံရေးလှုပ်ရှားသူ ဒေါက်တာဇော်မြင့်မောင်ကို စင်ပြိုင် အစိုးရ တည်ထောင်သည်ဟု စစ်အစိုးရ က စွပ်စွဲသည် အတွက် အင်းစိန် စစ်ခုံရုံး တွင် တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခ့ဲရသူ ဖြစ်သည်။

ထို့နောက် ၂၀၀၉ ခုနှစ်တွင် ထောင်မှ ပြန်လွတ်လာခ့ဲပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီဝင် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော ်ကိုယ်စားလှယ် အဖြစ် အနိုင်ရခ့ဲသည်။

သူသည် လွှတ်တော်တွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဝင် အဖြစ် ဆောင်ရွက်ခ့ဲသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ကိုယ်စားလှယ် အဖြစ် အနိုင်ရခ့ဲရာမှ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရကြောင်း သိရသည်။

သူသည် NLD ပါတီ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ တွင် သုံးထပ်ကွမ်း အနိုင်ရထားသူ ဖြစ်ပြီး လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲကာ ပါတီ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန် ပေးအပ်ခံထားရသူ ဖြစ်သည်။

The Irrawaddy



..........................
NLD အမတ္ ၁၄ ဦးကိုု ျပည္နယ္ႏွင့္တုုိင္း၀န္ႀကီးခ်ဳပ္ မ်ားအျဖစ္ အတည္ျပဳ ခန္႔အပ္ၿပီ
■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■
ဧရာ၀တီ
March 28, 2016

NLD ပါတီ၀င္ အမတ္မ်ားမွာ ျပည္နယ္ႏွင့္တုုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ မ်ားျဖစ္လာၾကၿပီျဖစ္သည္။

ေရြးေကာက္ခံသမၼတ ဦးထင္ေက်ာ္က အမ်ဳိးသားဒီမုုိကေရစီအဖြဲ႕ခ်ဳပ္( NLD)မွ ျပည္နယ္နွင့္ တုုိင္းေဒသ ႀကီး လႊတ္ေတာ္အမတ္ ၁၄ ဦးကိုု ျပည္နယ္ႏွင့္တုုိင္းေဒသႀကီးအစုုိးရ ၀န္ႀကီးခ်ဳပ္ မ်ားအျဖစ္ သက္ဆုုိင္ရာ လႊတ္ေတာ္ မ်ားသုုိ႔ တင္သြင္းၿပီး အတည္ျပဳခန္႔အပ္လုုိက္ၿပီျဖစ္သည္။ ျပည္နယ္ႏွင့္တုုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ၁၄ ဦး၏ ကိုု္ယ္ေရးရာဇ၀င္မ်ားကိုု စုုစည္းေဖာ္ျပ လုုိက္ပါသည္။

ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္
●●●●●●●●●●●●●●●●●●●●●●●●●●●
ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အျဖစ္ ေရြးခ်ယ္ခံထားရသူ ေဒါက္တာခက္ေအာင္သည္ အသက္ ၆၉ ႏွစ္ ရွိၿပီျဖစ္ၿပီး အဘ ဦးခက္လ ႏွင့္ အမိ ေဒၚအင္လမ္းပရီ ၏ သားတဦးျဖစ္သည္။ ေဒါက္တာခက္ေအာင္သည္ ကခ်င္လူမ်ိဳး၊ ခရစ္ယာန္ ဘာသာဝင္တဦး ျဖစ္ကာ ခံတြင္းႏွင့္ သြားဘက္ဆုိ္င္ရာ ဆရာဝန္ တဦး အျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္သည္။

သူသည္ ျပင္ဦးလြင္ၿမိဳ႕၊ ကြတ္ခိုင္၊ ဗန္းေမာ္၊ ေတာင္ငူ၊ ျမစ္ႀကီးနားၿမိဳ႕ မ်ားတြင္ အေျခခံ ပညာသင္ၾကားခဲ့ၿပီး ၁၉၆၆ ခုႏွစ္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ အ.ထ.က ( ၁) မွ တကၠသိုလ္ဝင္ အထက္တန္းစာေမးပဲြ ကုိ ဓာတုေဗဒ ဘာသာ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့သူျဖစ္သည္။

ထို႔ေနာက္ ၁၉၇၂ ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕ သြားဘက္ဆုိ္င္ရာ ေဆးတကၠသိုလ္မွ B.D.S ဘဲြ႔ကို ရရွိခဲ့သလို ၁၉၆၆ ခုႏွစ္ ဇန္နဝါရီလ တြင္ ရန္ကုန္ၿမိဳ႕၌ က်င္းပေသာ ပထမ အႀကိမ္ တုိင္းႏွင့္ျပည္နယ္ စက္ဘီးစီးၿပိဳင္ပဲြ တြင္ ကခ်င္ျပည္နယ္ ကုိယ္စားျပဳ ယွဥ္ၿပိဳင္ခဲ့ရာ ေရႊတံဆိပ္ တခု၊ ေငြတံဆိပ္တခု၊ ေၾကးတံဆိပ္တခု ဆြတ္ခူးရရွိၿပီး တတိယဒိုင္းဆု ရရွိကာ ကခ်င္ျပည္နယ္၏ ဂုဏ္ေဆာင္ႏုိင္ခဲ့သည္ဟု သိရသည္။

ေဒါက္တာခက္ေအာင္သည္ ၁၉၇၃ ခုႏွစ္ တြင္ ေဒါက္တာ ေဂ်ေကာ့ဘူ (ၿမိဳ႕နယ္က်န္းမာေရး ဦးစီးမွဴး) (ၿငိမ္း) ႏွင့္ အိမ္ေထာင္ျပဳခဲ့ၿပီး ေဒါက္တာ အိပ္ခ်္ဆုိင္းရာ၊ ေဒါက္တာ အိပ္ခ်္မြန္းေအာန္ အမည္ရွိ သမီး ႏွစ္ဦး ႏွင့္ ေဒါက္တာအိပ္ခ်္ ေအာင္မိုင္ ႏွင့္ ဦးအိပ္ခ်္ထြယ္ဆပ္ေအာင္ အမည္ရွိ သား ႏွစ္ဦး ထြန္းကားခဲ့သည္။

ဇနီးျဖစ္သူ ေဒါက္တာေဂ်ေကာ့ဘူ ႏွင့္ အတူ ေျမာင္းျမၿမိဳ႕၊ လပြတၱာၿမိဳ႕ႏွင့္ ေပါင္းတလည္ၿမိဳ႕မ်ားတြင္ ကုိယ္ပိုင္ ေဆးခန္းဖြင့္ ကာ အသက္ေမြးဝမ္းေၾကာင္းျပဳခဲ့သည္။ထို႔ေနာက္ ၁၉၇၅ မွ ၁၉၉၃ ခုႏွစ္ အတြင္း မႏၱေလး၊ ရန္ကုန္၊ ျမစ္ႀကီးနား ႏွင့္ ဗန္းေမာ္ၿမိဳ႕မ်ားတြင္ ရွိသည့္ ျပည္သူ႔ေဆးရုံ၊ ေဒသႏၱရက်န္းမာေရးေက်ာင္း က်န္းမာေရးဌာ နမ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၁၉၉၃ ခုႏွစ္ ၾသဂုတ္ ၁၆ ရက္တြင္ က်န္းမာေရးဝန္ႀကီးဌာန မွ ႏုတ္ထြက္ခြင့္ ရရွိခဲ့သည္ဟု သိရသည္။

၁၉၉၄ ခုႏွစ္မွ ၂၀၀၁ ခုႏွစ္အတြင္း ဆုိင္းဘြမ္း ကုမၸဏီ၏ ဒါရိုက္တာတဦး အေနျဖင့္ ထိုင္း၊ ေဟာင္ေကာင္၊ တရုတ္ျပည္မ်ားသို႔ သြားေရာက္ကာ ကုမၸဏီ လုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သူျဖစ္သည္။ လက္ရွိတြင္ ေဒါက္တာ ခက္ေအာင္သည္ အမွတ္ ၅၉ စီ၊ ဆမားလမ္း၊ ဧရာရပ္ကြက္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ေနထိုင္လ်က္ရွိသည္ဟု သိရသည္။

(ဓာတ္ပုုံ-Kantarawaddy Times)

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖါင္းရိႈ
●●●●●●●●●●●●●●●●●●●●●●●●●●●
ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာသူ ဦးအယ္လ္ေဖာင္းရိႈ မွာ B.Ed ပညာေရးဘြဲ႔ ကို ရရိွထားသူ ျဖစ္ၿပီး မယ္စ့ဲ ၿမိဳနယ္တြင္ လက္ေထာက္ပညာေရးမွဴး မွ ပညာေရးမွဴးအထိ အဆင့္ဆင့္ တာဝန္ ထမ္းေဆာင္ခ့ဲသူ ျဖစ္သည္။

ဦးအယ္လ္ေဖာင္းရိႈ သည္ ၂၀၁၅ခုႏွစ္ ဇြန္လတြင္ ၿမိဳ႕နယ္ပညာေရးမွဴး အျဖစ္မွ ႏုတ္ထြက္ကာ NLD ပါတီ သို႔ ဝင္ေရာက္ခ့ဲၿပီး ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲကို မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ (၂) မွ ဝင္ေရာက္ယွဥ္ၿပိဳင္ အႏိုင္ရရွိခဲ့သည္ဟု သိရသည္
သူ၏ ဇနီးျဖစ္သူမွာ မယ္စဲ့ၿမိဳ႕နယ္ အေျခခံပညာ အထက္တန္းေက်ာင္း မွ အလယ္တန္းျပ ဆရာမ ေဒၚျမင့္ျမင့္ေမာ္ ျဖစ္ၿပီး သား ၂ ဦး ထြန္းကားခဲ့သည္။ လက္ရွိတြင္ မိသားစု ႏွင့္အတူ ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္ ေတာင္ပိုင္းရပ္ကြက္တြင္ ေနထုိင္လ်က္ရိွသည္။

ဓာတ္ပံု – ဧရာဝတီ

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္
●●●●●●●●●●●●●●●●●●●●●●●●●●
ေဒၚနန္းခင္ေထြးျမင့္သည္ ကရင္ျပည္နယ္ ဝန္ႀကီးေဟာင္း ေဒါက္တာေစာလွထြန္း၏ သမီးတဦးျဖစ္သည္။

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ျဖစ္လာသည့္ ေဒၚနန္းခင္ေထြးျမင့္ သည္ ၁၉၇၅ ခုႏွစ္ တြင္ ရန္ကုန္စီးပြားေရး တကၠသိုလ္တြင္ ဒုတိယႏွစ္အထိ ပညာသင္ၾကားခဲ့သူျဖစ္သည္။ ထိုသို႔ ပညာသင္ၾကားေနခ်ိန္အတြင္း ေက်ာင္း သား လႈပ္ရွားမႈအတြင္း ပါဝင္သည္ဟုဆိုကာ ေထာင္ဒဏ္ခ်မွတ္ခံရၿပီး ၁၉၇၈ ခုႏွစ္တြင္ ျပန္လည္ လြတ္ေျမာက္ ခ့ဲသည္။

ေဒၚနန္းခင္ေထြးျမင့္သည္ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္းတြင္ NLD ပါတီသို႔ ဝင္ေရာက္ခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္ ေရြး ေကာက္ပဲြ တြင္ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၃ တြင္ ဝင္ၿပိဳင္ကာ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ အျဖစ္ အႏိုင္ခဲ့သည္။

၁၉၉၈ ခုႏွစ္တြင္ ၅၁ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ က်င္းပရာတြင္ ပါဝင္သျဖင့္ ဒုတိယအႀကိမ္ ေထာင္က်ခဲ့သည္။

သူသည္ ၂၀၀၈ ဖြဲ႕စည္းအေျခခံ ဥပေဒ ကုိ ဆန္႔က်င္သည့္အေနျဖင့္၂၀၁၀ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ မယွဥ္ၿပိဳင္ဘဲ သပိတ္ေမွာက္ခဲ့သည္ဟု သိရသည္။ ထို႔ေနာက္၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ တြင္ ကရင္ျပည္နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရခ့ဲသူျဖစ္သည္။

လက္ရွိတြင္ NLD ပါတီ၏ ဗဟိုအလုပ္ အမႈေဆာင္ အဖြဲ႔ဝင္ အျဖစ္ လည္းေကာင္း၊ ကရင္ျပည္နယ္ NLD ပါတီ ဥကၠ႒ အျဖစ္ တာဝန္ယူထားသူ ျဖစ္သည္။ ေဒၚနန္းခင္ေထြးျမင့္သည္၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ကရင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အႏိုင္ရခ့ဲကာ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့သည္ဟု သိရသည္။

ဓာတ္ပုုံ- Chin World

ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးဆလုိင္လ်န္လြယ္
●●●●●●●●●●●●●●●●●●●●●●●●●
ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးဆလိုင္းလ်န္လြယ္ သည္ ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ အိုင္ရီဘြယ္ရြာ ဇာတိျဖစ္သည္။ ရန္ကုန္တကၠသိုလ္မွ ဥပေဒပညာဘဲြ ႏွင့္ ဘြဲ႕လြန္ ပညာေရး အျဖစ္ ဘာသာေရးဘြဲ႕ BRE တို႔ကုိ ရရွိခဲ့သူျဖစ္သည္။ သူသည္ တကၠသိုလ္ ေက်ာင္းသားဘဝတြင္ ဆလုိင္း-မိုင္ လႈပ္ရွားမႈကဲ့သုိ႔ေသာ ခ်င္းေက်ာင္းသား လႈပ္ရွားမႈမ်ားတြင္ ဆလိုင္းရမ္လိန္မႈန္း၊ ဆလိုင္းကစ္ပ္ခိုလ်န္တို႔ ႏွွင့္အတူ တက္ၾကြစြာ ပါ၀င္လႈပ္ရွားခဲ့သူျဖစ္သည္။

ဥပေဒပိုင္းဆိုင္ရာ အစိုးရအမႈထမ္းအျဖစ္ ရန္ကုန္ၿမိဳ႕ ဗဟိုဥပေဒရံုး ၊ ကေလး၊ ဖလမ္း၊ မင္းတပ္၊ မတူပီ၊ မႏၱေလး၊ အမရပူရႏွင့္ စဥ့္ကိုင္ ၿမိဳ႕တို႔တြင္ ထမ္းေဆာင္ခဲ့ဖူးျပီး တမူးခရိုင္ ဥပေဒအရာရွိအျဖစ္ ထမ္းေဆာင္ခဲ့သူျဖစ္သည္။
၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတြင္ NLD ပါတီ မွ ဖလမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ အမွတ္ ၂ တြင္ ဝင္ေရာက္ အေရြးခ်ယ္ခံျပီး အႏိုင္ရရွိခဲ့သူျဖစ္သည္။

ခ်င္းျပည္နယ္ လႊတ္ေတာ္ဥကၠ႒ႏွင့္ ဒုဥကၠ႒မ်ား ျဖစ္ၾကေသာ ဦးဇိုဘြဲႏွင့္ ဦးေအာင္တမ္တို႔၏ လႊတ္ေတာ္တြင္ က်မ္းသစၥာ ျပဳလုပ္ရာတြင္လည္း လႊတ္ေတာ္ သဘာပတိအျဖစ္ ဦးေဆာင္ခဲ့သူလည္း ျဖစ္သည္။

ဓာတ္ပုုံ-Myint Soe Facebook

မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးမင္းမင္းဦး
●●●●●●●●●●●●●●●●●●●●●
ဦးမင္းမင္းဦး သည္ ၁၉၇၀ ခုႏွစ္ ၾသဂုတ္ ၉ ရက ္တြင္ ေမြးဖြားခဲ့ၿပီး အသက္ ၄၆ ႏွစ္ရွိၿပီျဖစ္သည္။ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးမင္းမင္းဦး သည္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတြင္ ဘီးလင္းမဲဆႏၵနယ္ အမွတ္ ၂ မွ အႏုိင္ရရွိထား ေသာ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ျဖစ္သည္။ မြန္ျပည္နယ္ လႊတ္ေတာ္ဒုတိယ ဥကၠ႒ အျဖစ္ ေရြးခ်ယ္တင္ေျမာက္ခံထားရသူလည္းျဖစ္သည္။ ရန္ကုန္စက္မႈတကၠသိုလ္ မွ အီလက္ထရြန္နစ္အင္ဂ်င္နီယာ ဘဲြ႔ရတဦးျဖစ္ကာ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားအျဖစ္ ရာဘာၿခံလုပ္ငန္း၊ မုန္႔တီလုပ္ငန္း ႏွင့္ မုိဘိုင္းလ္ဖုန္း အေရာင္းဆုိင္ လုပ္ငန္းမ်ား လုပ္ကိုင္လ်က္ရွိသည္။ သူသည္ ၁၉၈၈ခုႏွစ္ ဒီမိုကေရစီ အေရးလႈပ္ရွားမႈ တြင္ ေက်ာင္းသားေခါင္းေဆာင္တဦးအျဖစ္ ပါဝင္ခဲ့ၿပီး လက္ရွိတြင္ ဘီးလင္းၿမိဳ႕နယ္ NLD ပါတီ၏ ဒုတိယဥကၠ႒ အျဖစ္ ေဆာင္ရြက္ေနသူ ျဖစ္သည္။

ဓာတ္ပံု – ဧရာဝတီ

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု
●●●●●●●●●●●●●●●●●●●●
ဦးညီပုုသည္ အမ်ဳိးသားဒီမုုိကေရစီအဖြဲ႕ခ်ဳပ္ စတင္တည္ေထာင္ကတည္းက ပါ၀င္ခဲ့ၿပီး NLD ဗဟုုိအလုုပ္ အမႈေဆာင္တဦးျဖစ္သည္။ ဦးညီပု သည္ ႏုိင္ငံေရးလႈပ္ရွားမႈျဖင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခံခဲ့ရၿပီးေနာက္ ၂၀၁၂ ခုႏွစ္ တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့သည္။ အခက္အခဲမ်ားၾကားမွ စား၀တ္ေနေရး ခက္ခဲစြာ ရုုန္းကန္ရင္း NLD တြင္ ႏုုိင္ငံေရးတာ၀န္ထမ္းေဆာင္ခဲ့သည္။

ထို႔ေနာက္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတြင္ ရခိုင္ျပည္နယ္ ဂြၿမိဳ႕နယ္ မဲဆႏၵနယ္ ကုိယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏုိင္ရခဲ့သူျဖစ္သည္။ ရခိုုင္ျပည္နယ္လႊတ္ေတာ္တြင္ ၀န္ႀကီးခ်ဳပ္ အျဖစ္ ခန္႔အပ္ရန္ အဆုုိျပဳခ်ိန္တြင္ ရခိုုင္အမ်ဳိးသားပါတီမွ ျပည္နယ္လႊတ္ေတာ္မ်ား လႊတ္ေတာ္ထဲမွာ ထြက္ခြာ ဆႏၵျပျခင္းကိုု ႀကဳံေတြ႕ရသူလည္းျဖစ္သည္။

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္
●●●●●●●●●●●●●●●●●●●●●●●●●
ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္သည္ ၁၉ ၆၀ ခုုႏွစ္ ဇန္န၀ါရီလ ၂၀ ရက္ေန႔တြင္ ေမြးဖြားသူျဖစ္ၿပီး အသက္ ၅၆ ႏွစ္ရွိေနၿပီျဖစ္သည္။

ေဒါက္တာလင္းထြဋ္သည္ ၁၉၇၉ ခုႏွစ္တြင္ ေဒသေကာလိပ္မွ စိုက္ပ်ိဳးေရးလုပ္ငန္ အတတ္ပညာဒီပလိုမာ ရရိွခ့ဲၿပီး ၁၉၈၄ ခုႏွစ္တြင္ သြားဘက္ဆိုင္ရာ ေဆးပညာဘြဲ႔ကို ရရိွခ့ဲသူျဖစ္သည္။ ၁၉၈၈ ခုႏွစ္မွစတင္ကာ ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ တာ၀န္ထမ္းေဆာင္ခ့ဲၿပီး ၁၉၉၄ မွ ၂၀၀၆ ခုႏွစ္အထိ လားရိွႈးၿမိဳ႕ ျပည္နယ္ေဆးရံုႀကီးတြင္ တာ၀န္ထမ္းေဆာင္ခ့ဲကာ မႏၱေလး၊ လားရွိႈးၿမိဳ႕တို႔တြင္ မူးယစ္ေဆးႏွင့္ ကူးစက္တတ္ေသာ AIDS ေရာဂါေလ်ာ့ခ်ေရးစီမံခ်က္အရာရိွအျဖစ္ ေဆာင္ရြက္ခ့ဲသည္။

သူသည္ လူမႈကူညီေရးအသင္းမ်ား ဖြဲ႔စည္းေဆာင္ရြက္လ်က္ရိွၿပီး တကၠသိုလ္ေပါင္းစုံအၿငိမ့္အဖြဲ႔တြင္ လူရႊင္ေတာ္ ပလာယာ အျဖစ္နာမည္ႀကီးသူျဖစ္ၿပီး ၂၀၁၅ ေရြးေကာက္ပြဲတြင္ လားရိွႈးၿမိဳ႕နယ္ မဲဆႏၵနယ္မွ အႏိုင္ရရိွခ့ဲသူ ျဖစ္ သည္။ ပရဟိတ လုုပ္ငန္းမ်ားစြာတြင္လည္း ပါ၀င္ ေဆာင္ရြက္ေနသူျဖစ္ၿပီး ရွမ္းျပည္နယ္ လႊတ္ေတာ္ အမတ္ အျဖစ္ ၂၀၁၅ ေရြးေကာက္ပြဲ တြင္ အႏုုိင္ရရွိခဲ့သည္။

ဓာတ္ပံု – ဧရာဝတီ

ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း
●●●●●●●●●●●●●●●●●●●●●●●●●●
ဦးၿဖိဳးမင္းသိန္းကိုု ၁၉ ၆၉ ခုုႏွစ္ ၊ ဧၿပီလ ၁၃ ရက္ေန႔တြင္ ေမြးဖြားခဲ့ၿပီး အသက္၄၇ ႏွစ္ရွိေနၿပီျဖစ္သည္။ ဦးၿဖိဳးမင္းသိန္း သည္ ၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပဲြ တြင္ NLD ပါတီ၏ လွည္းကူးၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၂ မွအႏုိင္ရရွိခဲ့သူျဖစ္သည္။

သူသည္ ရန္ကုန္တကၠသိုလ္ မွ ရူပေဗဒဘာသာရပ္ ကုိ ဒုတိယႏွစ္အထိ သင္ၾကားခဲ့ၿပီး ၁၉၈၈-၈၉ ခုႏွစ္တြင္ ဟံသာဝတီခရိုင္ ေက်ာင္းသားသမဂၢ ဥကၠ႒ တာဝန္ယူခဲ့ကာ သန္လ်င္ ၿမိဳ႕ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ပါတီ ကုိ ဖဲြ႔စည္းခဲ့သည္။

၁၉၉၀ ခုႏွစ္ တြင္ ျမန္မာ ႏုိင္ငံလုံး ဆုိ္င္ရာ ေက်ာင္းသားမ်ား ျပန္လည္စုစည္းေရး ကုိ တာဝန္ယူခဲ့ၿပီး All Burma Student Federation Unions (ABSFU) ၏ အတြင္းေရးမွဴး အျဖစ္ ေဆာင္ရြက္ခဲ့သည္။

ထို႔ေနာက္ ၁၉၉၁ ခုႏွစ္ တြင္ စစ္အစိုးရ ၏ ဖမ္းဆီးျခင္းခံခဲ့ရကာ ၂၀၀၅ ခုႏွစ္ တြင္ ေျမာင္းျမေထာင္မွ ျပန္လည္ လြတ္ ေျမာက္ လာသူ ျဖစ္သည္။ ၂၀၁၀ တြင္ ျပည္ေထာင္စုုဒီမုုိကေရစီပါတီကုုိ ဥကၠ႒ အျဖစ္ ထူေထာင္ရာတြင္ ပါ၀င္ခဲ့ေသာ္ လည္း ေနာက္ပိုုင္းတြင္ ၂၀၁၀ ေရြးေကာက္ပြဲကိုု သပိတ္ေမွာက္ၿပီး ပါတီမွလည္း ႏုုတ္ထြက္ခဲ့သည္။

၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပဲြတြင္ NLD ပါတီ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္အျဖစ္ လွည္းကူးၿမိဳ႕နယ္ မွ အႏုိင္ရရွိခဲ့ကာ လႊတ္ေတာ္ ဘဏ္မ်ားႏွင့္ ေငြေၾကးဆုိင္ရာ ဖြံ႕ၿဖိဳး တိုးတက္ေရးေကာ္မတီ တြင္ အဖဲြ႕ဝင္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

ဓာတ္ပံု – ဧရာဝတီ

ဧရာဝတီတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ မန္းေဂ်ာ္နီ
●●●●●●●●●●●●●●●●●●●●●●●●●●
ကရင္တိုင္းရင္းသားတဦးျဖစ္ၿပီး ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့သူ မန္းေဂ်ာ္နီကို ၁၉၄၂ ခုႏွစ္တြင္ ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ ဆင္ေဂါင္းႀကီး ေက်းရြာ၌ အဖ ဦးေက်ာ္ဦး ႏွင့္ အမိ ေဒၚစီစီလ်ား တို႔က ေမြးဖြားခဲ့သည္။

အသက္ ၇၄ ႏွစ္ အရြယ္ရွိၿပီျဖစ္သည့္ ခရစ္ယာန္ဘာသာဝင္ မန္းေဂ်ာ္နီ မွာ ရန္ကုန္ တကၠသိုလ္မွ ဘီေအဘဲြ႔ႏွင့္ ရန္ကုန္ပညာေရးတကၠသိုလ္မွ Dip.Ed. ပညာေရးဘဲြ႔ ရရွိထားသူျဖစ္သည္။

သူသည္ အေျခခံ ပညာ အလယ္တန္းႏွင့္ အထက္တန္းျပ ေက်ာင္းဆရာဘဝ ျဖင့္ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းခဲ့ကာ လက္ေထာက္ ၿမိဳ႕နယ္ပညာေရးမွဴး အဆင့္အထိ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ႏိုင္ငံေရးျဖတ္သန္းမႈ အေနျဖင့္ ၁၉၈၉ ခုႏွစ္မွ စတင္၍ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပါတီသို႔ ဝင္ေရာက္ခဲ့ၿပီး ပါတီမွ ႏႈတ္ထြက္ရန္ စစ္အစိုးရ၏ ဖိအားေပးခဲ့မႈကို ျငင္းဆန္သည့္အတြက္ အႀကိမ္ႀကိမ္ ဖမ္းဆီးေထာင္ခ်ျခင္းခံခဲ့ရသူ ျဖစ္သည္။

၁၉၉၀ ခုႏွစ္တြင္ NLD ပါတီ၏ က်ံဳေပ်ာ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ လည္းေကာင္း၊ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပဲြတြင္ ေျမာင္းျမၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္လည္းေကာင္း၊ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတြင္ က်ံဳေပ်ာ္ၿမိဳ႕နယ္၊ တိုင္းေဒသႀကီး အမွတ္ ၂ ကိုယ္စားလွယ္ အျဖစ္လည္းေကာင္း ေရြးခ်ယ္တင္ေျမွာက္ျခင္း ခံခဲ့ရသူ ျဖစ္သည္။

စစ္ကိုင္းတုိင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏုိင္
●●●●●●●●●●●●●●●●●●●●●●●●
စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ျဖစ္လာသူ ေဒါက္တာျမင့္ႏုိင္သည္ ၁၉၉၀ ခုႏွစ္ ကာလ ေရြးေကာက္ပဲြတြင္ NLD ပါတီ ဝင္အျဖစ္ ကန္႔ဘလူမဲဆႏၵနယ္ မွ အႏုိင္ရခဲ့သူ ကုိယ္စားလွယ္ ျဖစ္သည္။

အသက္ ၆၅ ႏွစ္အရြယ္ ရွိ ေဒါက္တာ ျမင့္ႏုိင္ သည္ ျမန္မာလူမ်ိဳး၊ ဗုဒၶဘာသာဝင္ ျဖစ္ၿပီး ေရႊဘိုၿမိဳ႕ ဇာတိျဖစ္သည္။ ဇနီး ျဖစ္သူ မွာ ေဒၚတင့္တင့္ ျဖစ္ၿပီး သားသမီး ၃ ဦး ရွိသည္ဟု သိရသည္။

သူသည္ ၁၉၈၁ ခုႏွစ္ တြင္ မႏၱေလး ေဆးတကၠသိုလ္မွ M.B.B.S ဘဲြ႕ကုိ ရရွိခဲ့ေသာ္လည္း စစ္အစိုးရ ၏ ဖမ္းဆီး ေထာင္ခ်ျခင္းႏွင့္ ဆမ လက္မွတ္ သိမ္းဆည္းခံခဲ့ရသည္။

ထို႔သို႔ ဆမ လက္မွတ္ သိမ္းဆည္းခံခဲ့ရၿပီးေနာက္ ထီလက္မွတ္မ်ား ေရာင္းခ်ျခင္းျဖင့္ အသက္ေမြးဝမ္းေၾကာင္း ျပဳခဲ့သည္။ သူေရာင္းခ်သည့္ ထီလက္မွတ္မ်ား ကုိ မဝယ္ၾကသျဖင့္ ေဆးခန္းမ်ား၊ ေဆးရုံမ်ားေရွ႕တြင္ ကေလးကစားစရာ ပူေပါင္းမ်ား ေရာင္းခ်ခဲ့ရသည္။

ေဒါက္တာျမင့္ႏုိင္သည္ ၁၉၉၀ ခုႏွစ္ ေရြးေကာက္ပဲြတြင္ လႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္လည္းေကာင္း၊ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပဲြတြင္ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္အျဖစ္ လည္းေကာင္း၊ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတြင္ တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္လည္းေကာင္း ဝင္ေရာက္ယွဥ္ၿပိဳင္ အႏုိင္ရခဲ့သည္ဟု သိရသည္။

သူသည္ အမ်ိဳးသားလႊတ္ေတာ္ အာဆီယံ ႏုိင္ငံေရးႏွင့္ လုံၿခဳံေရး အသိုက္အဝန္းဆုိင္ရာ ေကာ္မတီ ႏွင့္ ေတာင္သူလယ္သမား ေရးရာ ေကာ္မတီ အဖဲြ႔ယင္အျဖစ္ လည္း ပါဝင္လုပ္ေဆာင္လ်က္ရွိသည္။

ပဲခူးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း
●●●●●●●●●●●●●●●●●●●●●●●●●
ပဲခူးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာသည့္ ဦးဝင္းသိန္း သည္ ၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပဲြ တြင္ အမ်ိဳးသားဒီမိုကေရစီ ပါတီ၏ ေရတာရွည္ၿမိဳ႕နယ္ တုိင္းေဒသႀကီး လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္ ၂ မွ ဝင္ေရာက္ယွဥ္ၿပိဳင္ အႏုိင္ရခဲ့သူျဖစ္သည္။

ျမန္မာလူမ်ိဳး ဗုဒၶဘာသာဝင္ ျဖစ္ၿပီး အသက္ ၅၂ ႏွစ္ အရြယ္ရွိ ဦးဝင္းသိန္း သည္ ပညာအရည္အခ်င္း အားျဖင့္ B.E (Mechanical) ႏွင့္ A.G.T.I (Machine Tools) ျဖင့္ ဘဲြ႔ရရွိထားသူျဖစ္သည္။ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းအားျဖင့္ လယ္ယာစုုိက္ပ်ဳိးေရးလုပ္ငန္း လုပ္ကိုင္ေနသူျဖစ္ၿပီး မိဘႏွစ္ပါးျဖစ္သည့္ ဦးစို ႏွင့္ ေဒၚသန္းက်င္ တို႔မွာလည္း ေတာင္သူလုပ္ငန္းမ်ား လုပ္ကိုင္ၾကသည္။

ဇနီးျဖစ္သူ မွာ ေဒၚစန္းစန္းေမာ္ ျဖစ္ၿပီး ေမာင္ဆက္ဝင္းမာန္ အမည္ရွိ သားတဦး ရွိသည္။

သူသည္ အမွတ္ ၂၆၊ စိုင္တေမာ့ႀကီးေက်းရြာ၊ ေရတာရွည္ၿမိဳ႕နယ္၊ ပဲခူးတုိင္းေဒသႀကီးတြင္ ေနထုိင္လ်က္ရွိသည္ ဟု သိရသည္။

တနသာၤရီ တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာလဲ့လဲ့ေမာ္
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
တနသၤာရီ တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာမည့္ ေဒါက္တာလဲ့လဲ့ေမာ္သည္ ၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပဲြတြင္ သရက္ေခ်ာင္း မဲဆႏၵနယ္ အမွတ္ ၁ မွ အႏုိင္ရရွိခဲ့သူျဖစ္သည္။ မိဘႏွစ္ပါး မွာ တပ္မေတာ္ (ေရ) အၿငိမ္းစား ျဖစ္သူ ဦးေမာင္ေမာင္ ႏွင့္ အထက္တန္းျပဆရာမ ( အၿငိမ္းစား ) ေဒၚယဥ္ၾကည္ ျဖစ္သည္။

ေဒါက္တာ လဲ့လဲ့ေမာ္ သည္ အသက္ ၅၀ ႏွစ္ ရွိၿပီျဖစ္ၿပီး ပညာအရည္အခ်င္းအားျဖင့္ M.B.B.S (RGN) ဘဲြ႔ရရွိထားကာ ျမန္မာလူမ်ိဳး ခရစ္ယာန္ဘာသာဝင္ ျဖစ္သည္။

ခင္ပြန္းျဖစ္သူ မွာ ဦးထြန္းမင္း ျဖစ္ၿပီး ေရာ္ဘာသယ္ယူပို႔ေဆာင္ေရး ယာဥ္လုပ္ငန္း လုပ္ကိုင္သူျဖစ္ၿပီး သားသမီး ၄ ဦး ရွိသူျဖစ္သည္။

သားသမီးမ်ားမွာ ေမာင္သန္႔ခင္ေမာင္၊ ေဒါက္တာ ၾကည္ျမတ္ေမာ္(ေနျပည္ေတာ္ ကုတင္ ၁၀၀၀- လက္ေထာက္ဆရာဝန္)၊ ေမာင္သန္႔ေထြးေမာ္ (တကၠသိုလ္ ေက်ာင္းသား) ႏွင့္ မရႊန္းလဲ့ရည္မင္း (ေက်ာင္းသူ) တုိ႔ျဖစ္သည္။

ေဒါက္တာလဲ့လဲ့ေမာ္ သည္ သူငယ္တန္းမွ စတုတၳတန္း အထိ ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပ ၿမိဳ႕နယ္ ၊ အမက ၉ တြင္ လည္းေကာင္း၊ ၅ တန္းမွ ၁၀ တန္း အထိ တာေမြၿမိဳ႕နယ္ အထက ၃ တြင္ လည္းေကာင္း တက္ေရာက္ခဲ့သည္။ ထို႔ေနာက္ ရန္ကုန္ေဆးတကၠသိုလ္ ၁ တြင္ ပညာဆည္းပူးခဲ့ကာ အေရွ႕ပိုင္းေဆးရုံ က်န္းမာေရးဌာန တြင္ လက္ေထာက္ဆရာဝန္အျဖစ္ ၁၉၉၂ ခုႏွစ္ မွ ၁၉၉၇ ခုႏွစ္ အထိ လည္းေကာင္း၊ သရက္ေခ်ာင္း ျပည္သူ႔ေဆးရုံတြင္ ၁၉၉၈ ခုႏွစ္မွ ၂၀၀၁ ခုႏွစ္အထိ လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့သည္။

၂၀၁၂ ခုႏွစ္ တြင္ အမိ်ဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ပါတီ သို႔ ဝင္ေရာက္ခဲ့ၿပီး သရက္ေခ်ာင္းၿမိဳ႕နယ္ ႏွင့္ ထားဝယ္ခရိုင္ ရွိ ေဒသအခ်ိဳ႕တြင္ ပါတီ ႏွင့္ တဲြဖက္ကာ အခမဲ့က်န္းမာေရးဝန္ေဆာင္မႈ ေပးခဲ့သည္ ဟု သိရသည္။

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
မေကြးတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ျဖစ္လာသည့္ ေဒါက္တာေအာင္မိုးညိဳ မွာ ၁၉၈၂ ခုႏွစ္တြင္ ေဆးတကၠသိုလ္ ၁ ရန္ကုန္ မွ ဆရာဝန္ဘြဲ႔ ရရိွခ့ဲသူျဖစ္သည္။ သူသည္ ကိုယ္ပိုင္ေဆးခန္း ဖြင့္လွစ္ခ့ဲၿပီး ၁၉၉၀ ေရြးေကာက္ပြဲတြင္ ပြင့္ျဖဴၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ မွ အႏိုင္ရရိွခ့ဲသည္ ဟု သိရသည္။ ႏုိင္ငံေရးလႈပ္ရွားမႈ ျဖင့္ ၁၉၉၈ ခုႏွစ္တြင္ ဖမ္းဆီးခံခ့ဲရၿပီး ၂၀၀၁ ခုႏွစ္တြင္ ေထာင္မွ ျပန္လည္လြတ္ေျမာက္ခ့ဲသည္။ ၂၀၁၂ ခုႏွစ္ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ပြင့္ျဖဴၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ထပ္မံ အႏိုင္ရရိွခ့ဲသည္။

ထုိ႔ေနာက္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရရိွထားသူျဖစ္ခ့ဲၿပီး တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့သည္။

မႏၱေလးတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
မႏၱေလး တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ျဖစ္လာသူ ေဒါက္တာ ေဇာ္ျမင့္ေမာင္သည္ ဆရာဝန္တစ္ဦး ျဖစ္ၿပီး မႏၱေလး ေဆးတကၠသိုလ္တြင္ ဇီဝဓာတု ဘာသာရပ္ သရုပ္ျပ ဆရာတဦး အျဖစ္ တာဝန္ထမ္းေဆာင္ ရွစ္ေလးလံုး အေရးေတာ္ပံုတြင္ တက္တက္ၾကြၾကြ ပါဝင္ခ့ဲသူ ျဖစ္သည္။
သူသည္ ၁၉၉၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ အမရပူရ ၿမိဳ႕နယ္ ကုိယ္စားျပဳ ကုိယ္စားလွယ္အျဖစ္ အႏိုင္ရရိွခ့ဲသည္။

ထိုစဥ္ က စစ္အစိုးရ ၏ လႊတ္ေတာ္ ေခၚေပးရန္ ပ်က္ကြက္မႈမ်ားေၾကာင့္ ႏုိင္ငံေရး တင္းမာမႈမ်ား ရိွလာခဲ့ရာ ႏုိ္င္ငံေရးလႈပ္ရွားသူ ေဒါက္တာေဇာ္ျမင့္ေမာင္ကုိ စင္ၿပိဳင္ အစိုးရ တည္ေထာင္သည္ဟု စစ္အစိုးရ က စြပ္စြဲသည္ အတြက္ အင္းစိန္ စစ္ခံုရံုး တြင္ တရားစဲြဆိုခံရကာ ေထာင္ဒဏ္ ၂၅ ႏွစ္ ခ်မွတ္ခံခ့ဲရသူ ျဖစ္သည္။

ထို႔ေနာက္ ၂၀၀၉ ခုႏွစ္တြင္ ေထာင္မွ ျပန္လြတ္လာခ့ဲၿပီး ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ NLD ပါတီဝင္ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ ္ကုိယ္စားလွယ္ အျဖစ္ အနိုင္ရခ့ဲသည္။

သူသည္ လႊတ္ေတာ္တြင္း တရားဥပေဒ စိုးမိုးေရးႏွင့္ တည္ၿငိမ္ ေအးခ်မ္းေရး ေကာ္မတီဝင္ အျဖစ္ ေဆာင္ရြက္ခ့ဲသည္။

၂၀၁၅ ေရြးေကာက္ပြဲတြင္ မႏၱေလးတိုင္း ေဒသႀကီး ကုိယ္စားလွယ္ အျဖစ္ အႏိုင္ရခ့ဲရာမွ မႏၱေလးတုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ အျဖစ္ အမည္စာရင္း တင္သြင္းခံခဲ့ရေၾကာင္း သိရသည္။

သူသည္ NLD ပါတီ ကုိယ္စားလွယ္အျဖစ္ ေရြးေကာက္ပြဲ တြင္ သံုးထပ္ကြမ္း အႏုိင္ရထားသူ ျဖစ္ၿပီး လက္ရွိတြင္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ပူးတြဲကာ ပါတီ ေျပာေရးဆိုခြင့္ရိွသူ အျဖစ္ တာဝန္ ေပးအပ္ခံထားရသူ ျဖစ္သည္။

The Irrawaddy

==================================


No comments:

Post a Comment