Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 29, 2016

ပေါ့ဆမီးကြောင့် မယ်လအူးဒုုက္ခသည်စခန်းရှိ နေအိမ်နှင့် အဆောက်အဦး ၂၅လုံး မီးလောင်ကျွမ်း

မတ် ၂၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လအူးဒုက္ခသည်စခန်းတွင် မတ်လ ၂၆ရက်၊ ညနေ ၄နာရီခန့်က ပေါ့ဆမီးလောင်ကျွမ်းခဲ့မှုကြောင့် လူနေအိမ်၊ လုံခြုံရေးတဲ၊ စခန်းဂိုဒေါင် အပါအဝင် အဆောက်အဦး ၂၅လုံး ပျက်စီးဆုံးရှုံးသွားခဲ့ ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

မယ်လအူးစခန်း ဒုဥက္ကဋ္ဌ စောထူးဂေက “ရပ်ကွက်(၈)ထဲက အိမ်တစ်အိမ်ကနေ ထမင်းချက်နေရင်း ပေါ့ဆလို့ဖြစ်တာပါ။ လူနေ အိမ် မီးလောင်တာ နည်းတယ်။ အချို့အိမ်တွေက ဆက်လောင်မှာစိုးလို့ ဖျက်လိုက်ရတာတွေဖြစ်ပါတယ်။ ရုံးတွေ ထိုင်းလုံခြံုရေး စခန်း တဲတွေတော့ ပါသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၁၀လုံး၊ ထိုင်းစခန်းလုံခြံုရေးတဲ ၁၁လုံး၊ စခန်းလုံခြံုရေးတဲ ၁လုံး၊ နိုင်ငံတကာ ရွှေ့ပြောင်းသူ များကူညီရေးအဖွဲ့ IOM ရုံး၊ Supply Office ၁လုံး၊ Shelter ဂိုဒေါင် ၁လုံးတို့ကို ပျက်စီးဆုံးရှုံးသွားပြီး လူပုဂ္ဂိုလ် ထိခိုက်ဒဏ်ရာရ မှု မရှိဘဲ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သည့်အတွက် ထိုနေ့ညနေ ၅ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်၍ နေအိမ်ပျက်စီးသွားသူ မီးဘေးဒုက္ခသည် ၅၈ဦးကို မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်အစား၊ တာလပတ်အမိုးနှင့် အစား အသောက်များကို စခန်းနှင့် TBC တို့မှ ကူညီပေးထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုမူ ဧပြီလမှသာ စတင် လုပ် ဆောင်နိုင်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

မယ်လအူးဒုက္ခသည်စခန်းမှာ ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ခရိုင် စူမွိုင်းမြို့နယ်အတွင်း တည်ရှိပြီး မြန်မာနယ်စပ်နှင့် ၃ကီလိုမီတာ ကွာဝေးသည်။ ထိုစခန်းတွင် ရပ်ကွက် ၁၅ခုနှင့် ဒုက္ခသည်ဦးရေ (၁၀၈၀၀-တစ်သောင်းရှစ်ရာ) နေထိုင်လျှက်ရှိပြီး ၂၀၁၅ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့ကလည်း စခန်းရှိ ရပ်ကွက် ၆(B)တွင် လူနေအိမ် ၆လုံး မီးလောင်ခဲ့သေးသည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org/
................
ေပါ့ဆမီးေၾကာင့္ မယ္လအူးဒုုကၡသည္စခန္းရွိ ေနအိမ္ႏွင့္ အေဆာက္အဦး ၂၅လံုး မီးေလာင္ကြ်မ္း
မတ္ ၂၉ရက္၊ ၂၀၁၆ခုႏွစ္။ စဖန္းေရွာင္း

ထိုင္း-ျမန္မာနယ္စပ္ ဒုကၡသည္စခန္းတစ္ခုျဖစ္သည့္ မယ္လအူးဒုကၡသည္စခန္းတြင္ မတ္လ ၂၆ရက္၊ ညေန ၄နာရီခန္႔က ေပါ့ဆမီးေလာင္ကၽြမ္းခဲ့မႈေၾကာင့္ လူေနအိမ္၊ လံုၿခံဳေရးတဲ၊ စခန္းဂိုေဒါင္ အပါအ၀င္ အေဆာက္အဦး ၂၅လံုး ပ်က္စီးဆံုး႐ႈံးသြားခဲ့ ေၾကာင္း စခန္းတာ၀န္ရွိသူမ်ားက ေျပာသည္။

မယ္လအူးစခန္း ဒုဥကၠ႒ ေစာထူးေဂက “ရပ္ကြက္(၈)ထဲက အိမ္တစ္အိမ္ကေန ထမင္းခ်က္ေနရင္း ေပါ့ဆလို႔ျဖစ္တာပါ။ လူေန အိမ္ မီးေလာင္တာ နည္းတယ္။ အခ်ိဳ႕အိမ္ေတြက ဆက္ေလာင္မွာစိုးလို႔ ဖ်က္လိုက္ရတာေတြျဖစ္ပါတယ္။ ႐ုံးေတြ ထိုင္းလံုၿခံဳေရး စခန္း တဲေတြေတာ့ ပါသြားတယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ လူေနအိမ္ ၁၀လံုး၊ ထိုင္းစခန္းလံုၿခံဳေရးတဲ ၁၁လံုး၊ စခန္းလံုၿခံဳေရးတဲ ၁လံုး၊ ႏိုင္ငံတကာ ေရႊ႕ေျပာင္းသူ မ်ားကူညီေရးအဖြဲ႔ IOM ႐ုံး၊ Supply Office ၁လံုး၊ Shelter ဂိုေဒါင္ ၁လံုးတို႔ကုိ ပ်က္စီးဆံုး႐ႈံးသြားၿပီး လူပုဂၢိဳလ္ ထိခိုက္ဒဏ္ရာရ မႈ မရွိဘဲ ၀ိုင္း၀န္းကူညီေဆာင္ရြက္ခဲ့သည့္အတြက္ ထုိေန႔ညေန ၅ခန္႔တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္၍ ေနအိမ္ပ်က္စီးသြားသူ မီးေဘးဒုကၡသည္ ၅၈ဦးကို မီးဖိုေခ်ာင္သံုးပစၥည္း၊ အ၀တ္အစား၊ တာလပတ္အမိုးႏွင့္ အစား အေသာက္မ်ားကို စခန္းႏွင့္ TBC တို႔မွ ကူညီေပးထားၿပီး ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကိုမူ ဧၿပီလမွသာ စတင္ လုပ္ ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း စခန္းတာ၀န္ရွိသူမ်ားက ေျပာသည္။

မယ္လအူးဒုကၡသည္စခန္းမွာ ထိုင္းႏိုင္ငံ၊ မဲေဟာင္ေဆာင္ခ႐ုိင္ စူမြိဳင္းၿမိဳ႕နယ္အတြင္း တည္ရွိၿပီး ျမန္မာနယ္စပ္ႏွင့္ ၃ကီလိုမီတာ ကြာေ၀းသည္။ ထိုစခန္းတြင္ ရပ္ကြက္ ၁၅ခုႏွင့္ ဒုကၡသည္ဦးေရ (၁၀၈၀၀-တစ္ေသာင္းရွစ္ရာ) ေနထုိင္လွ်က္ရွိၿပီး ၂၀၁၅ခုႏွစ္၊ ဧၿပီလ ၁၈ရက္ေန႔ကလည္း စခန္းရွိ ရပ္ကြက္ ၆(B)တြင္ လူေနအိမ္ ၆လံုး မီးေလာင္ခဲ့ေသးသည္။

 စဖန္းေရွာင္း
ေကအုိင္စီ - KIC
http://kicnews.org/

No comments:

Post a Comment