Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 6, 2016

အစုိးရဖြဲ႔စည္းေရး NLD ေခါင္းေဆာင္ေတြ ေဆြးေႏြး(အစိုးရဖွဲ့စည်းရေး NLD ခေါင်းဆောင်တွေ ဆွေးနွေး)

ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ အစည္းအေဝးပြဲ တက္ေရာက္လာတဲ့ ဦးဥာဏ္ဝင္းကို မတ္လ ၆ ရက္ေန႔က ေနျပည္ေတာ္ရွိ ႏွင္းဆီ စံအိမ္တြင္ ေတြ႔ရစဥ္။ Photo: Myo Thant Khaing/ RFA
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးကို ဒီကေန႔ က်င္းပခဲ့ရာမွာ ႏိုင္ငံေတာ္သမၼတအမည္စာရင္းနဲ႔ အစိုးရအဖြဲ႔ဝင္အမည္ စာရင္းေတြကို ထုတ္ေဖာ္ေျပာၾကားတာ မရွိခဲ့ပါဘူး။

ဒီကေန႔ ေနျပည္ေတာ္က ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္မွာျပဳလုပ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝးမွာ အစိုးရသစ္ အေကာင္အထည္ေဖာ္ေရးအတြက္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ဦးဥာဏ္ဝင္းက ေျပာပါတယ္။

"အစည္းအေဝးမွာ ပထမဆံုးေျပာစရာတစ္ခုပဲရွိတယ္၊ က်ေနာ္တို႔ အာဏာလႊဲေျပာင္းေရးကို ျပည္သူ႔လႊတ္ေတာ္မွာလုပ္မယ္၊ သမၼတကိစၥေတြ၊ ဘာေတြ ကေတာ့ ေျပာစရာဘာမွမပါဘူး၊ ေဆြးေႏြးတာေတြကအမ်ားႀကီးပါ၊ လာမယ့္အစိုးရသစ္မွာလုပ္မယ့္အလုပ္ေတြ ေဆြးေႏြးတယ္၊ ဆံုးျဖတ္ခ်က္တစ္ခုမွ မရွိပါဘူး၊ ၃၁ ရက္ မလႊဲေသးခင္သူတို႔လက္ထဲမွာ ရွိမွာေပါ့၊ ၃၁ ရက္လႊဲၿပီးရင္ ဒီဖက္ကိုေရာက္မွာေပါ့"

လာမယ့္ မတ္လ ၃၀ ရက္ေန႔မွာ ျပဳလုပ္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ လက္ရွိ အစိုးရနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အစိုးရသစ္တို႔ အာဏာလႊဲေျပာင္းရယူ ၾကမွာျဖစ္ပါတယ္။

ဒီေန႔ NLD ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအစည္းအေဝးကို NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၁၅ ဦးစလံုး တက္ေရာက္ၾကပါတယ္။

ေရွ႕လာမယ့္ အစိုးရသစ္မွာ လုပ္ေဆာင္မယ့္ကိစၥေတြကို ေဆြးေႏြးခဲ့ၾကတာျဖစ္ၿပီး အေၾကာင္းအရာအေတာ္မ်ားမ်ားကို ေဆြးေႏြးျဖစ္တယ္လို႔ ဦးဥာဏ္ဝင္း က ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
.......................
 ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးပွဲ တက်ရောက်လာတဲ့ ဦးဉာဏ်ဝင်းကို မတ်လ ၆ ရက်နေ့က နေပြည်တော်ရှိ နှင်းဆီ စံအိမ်တွင် တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတအမည်စာရင်းနဲ့ အစိုးရအဖွဲ့ဝင်အမည် စာရင်းတွေကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ပါဘူး။

ဒီကနေ့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမှာ အစိုးရသစ် အကောင်အထည်ဖော်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"အစည်းအဝေးမှာ ပထမဆုံးပြောစရာတစ်ခုပဲရှိတယ်၊ ကျနော်တို့ အာဏာလွှဲပြောင်းရေးကို ပြည်သူ့လွှတ်တော်မှာလုပ်မယ်၊ သမ္မတကိစ္စတွေ၊ ဘာတွေ ကတော့ ပြောစရာဘာမှမပါဘူး၊ ဆွေးနွေးတာတွေကအများကြီးပါ၊ လာမယ့်အစိုးရသစ်မှာလုပ်မယ့်အလုပ်တွေ ဆွေးနွေးတယ်၊ ဆုံးဖြတ်ချက်တစ်ခုမှ မရှိပါဘူး၊ ၃၁ ရက် မလွှဲသေးခင်သူတို့လက်ထဲမှာ ရှိမှာပေါ့၊ ၃၁ ရက်လွှဲပြီးရင် ဒီဖက်ကိုရောက်မှာပေါ့"

လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တို့ အာဏာလွှဲပြောင်းရယူ ကြမှာဖြစ်ပါတယ်။

ဒီနေ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးစလုံး တက်ရောက်ကြပါတယ်။

ရှေ့လာမယ့် အစိုးရသစ်မှာ လုပ်ဆောင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အကြောင်းအရာအတော်များများကို ဆွေးနွေးဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment