Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 6, 2016

အျမန္လမ္း မိုင္တိုင္အမွတ္ ၃၂၃ မိုင္၁ဖာလံုအနီး ဘုရားဖူးယာဥ္တိမ္းေမွာက္ ယာဥ္ေမာင္းအပါအ၀င္ လူ ၉ ဦးေသဆံုးၿပီး ၁၆ ဦး ဒဏ္ရာရ


မိတၳီလာ မတ္လ ၆

မႏ ၱေလးတိုင္းေဒသႀကီး ၊ႏြားထိုးႀကီးၿမိဳ ့နယ္ အျမန္လမ္း မိုင္တိုင္အမွတ္ ၃၂၃ မိုင္ ၁ ဖာလံုအနီးတြင္ မတ္လ ၆ ရက္ေန႔ နံနက္ ၆ နာရီ ၁၅ မိနစ္ခန္႔အခ်ိန္က ဘုရာဖူးယာဥ္တစ္စီးတိမ္းေမွာက္ၿပီး ယာဥ္ေပၚစီးနင္းလာသည့္ လူ ၉ ဦး ေသဆံုးကာ ၁၆ ဦးဒဏ္ရရွိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ုကုန္မွ မႏ ၱေလးဘက္သို႔ ယာဥ္ေမာင္း ဦးခင္ေမာင္ေဆြ ၊ အင္းစိန္ ရြာမတြင္ ေနထိုင္သူေမာင္းႏွင္လာသည့္ ကန္တာအျဖဴေရာင္ ယာဥ္အမွတ္ 5G / 5254 သည္ အျမန္လမ္း မိုင္တိုင္ ၃၂၃ မို္င္ ၁ ဖာလံုအနီးတြင္ တိမ္းေမွာက္ မႈျဖစ္ပြား ၿပီး ၂၆ ဦး ယာဥ္ေပၚတြင္စီးနင္းလိုက္ပါလာရာ ယာဥ္ေမာင္းအပါအ၀င္ လူ ၉ ဦး ေသဆံုးၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့သည္။

“ကၽြန္ေတာ္တို႔ဆီကို ယာဥ္တိမ္းေမွာက္တဲ့သတင္းက နံနက္ ၆ နာရီ၂၀မိနစ္ ခန္႔မွာ ဖုန္း၀င္လာတယ္။ ဖုန္း၀င္လာခ်င္း ကၽြန္ေတာ္ ဆီက ၾကက္ေျခနီ တပ္ဖဲြ႔၀င္ ၄ ဦး ပါ အေရးေပၚလူနာတင္ယာဥ္နဲ ့ ေရာက္သြားခ်ိန္မွာ တိမ္းေမွာက္တဲ့ ယာဥ္ေပၚက ခရီးသည္ ေတြကို ဆဲြထုတ္ေနတုန္းရွိပါတယ္။ လမ္းသြားလမ္းလာ ေမာ္ေတာ္ ယာဥ္ေတြက လည္း ၀ိုင္း၀န္းကူညီၾကတယ္။ ေသဆံုးသြားတဲ့ သူ ၉ ဦးက မႏ ၱေလးေဆးရံုႀကီးပို႔ေဆာင္စဥ္ သံုးဦးက လမ္းမွာဆံုးသြားတယ္၊ ၆ ဦးက ေဆးရံုေရာက္မွ ဆံုးသြားတာပါ။ေသဆံုး
သူ ၉ ဦးမွာ ၆ ဦးက အမ်ိဳးသမီးျဖစ္ၿပီး ၃ ဦးက အမ်ိဳးသား ျဖစ္ပါတယ္။ယာဥ္ေပၚလာသူ ၂၆ ဦးထဲမွာ လံုး၀ ဒဏ္ရာမရွိတဲ့သူ က မခိုင္ခ်ိဳခ်ိဳ၀င္း ၂၃ ႏွစ္ ေျမာင္းျမၿမိဳ ့ ေနထိုင္သူ ျဖစ္ပါတယ္” ဟု မိတၳီလာ၂၈၅ မိုင္ သီးကုန္း အျမန္လမ္းအေရးေပၚေရွးဦးျပဳစုျခင္း စခန္းမွ ခရိုင္ဦးစီးမွဴး (ဒု) ဦးေနဦးက ေျပာၾကားသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားရာေနရာသို႔ စကားအင္း အျမန္လမ္းရဲစခန္း၊ျပင္စည္ အျမန္လမ္းရဲစခန္း၊ျပင္စည္မီးသတ္ တပ္ဖဲြ႔၀င္မ်ား၊ ေဒသခံလူမႈေရးအ သင္းအဖဲြ႔မ်ားႏွင့္တာ၀န္ရွိသူမ်ား အခ်ိန္မီေရာက္ရွိ ၀ိုင္း၀န္းကူညီေဆာင္ ရြက္ေပးခဲ့ေၾကာင္း သိရသည္။

မိတၳီလာခရိုင္ျပန္/ဆက္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
..............


မိတ္ထီလာ မတ်လ ၆

မန ္တလေးတိုင်းဒေသကြီး ၊နွားထိုးကြီးမြို ့နယ် အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ မိုင် ၁ ဖာလုံအနီးတွင် မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က ဘုရာဖူးယာဉ်တစ်စီးတိမ်းမှောက်ပြီး ယာဉ်ပေါ်စီးနင်းလာသည့် လူ ၉ ဦး သေဆုံးကာ ၁၆ ဦးဒဏ်ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ုကုန်မှ မန ္တလေးဘက်သို့ ယာဉ်မောင်း ဦးခင်မောင်ဆွေ ၊ အင်းစိန် ရွာမတွင် နေထိုင်သူမောင်းနှင်လာသည့် ကန်တာအဖြူရောင် ယာဉ်အမှတ် 5G / 5254 သည် အမြန်လမ်း မိုင်တိုင် ၃၂၃ မို်င် ၁ ဖာလုံအနီးတွင် တိမ်းမှောက် မှုဖြစ်ပွား ပြီး ၂၆ ဦး ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာရာ ယာဉ်မောင်းအပါအဝင် လူ ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

“ကျွန်တော်တို့ဆီကို ယာဉ်တိမ်းမှောက်တဲ့သတင်းက နံနက် ၆ နာရီ၂၀မိနစ် ခန့်မှာ ဖုန်းဝင်လာတယ်။ ဖုန်းဝင်လာချင်း ကျွန်တော် ဆီက ကြက်ခြေနီ တပ်ဖွဲ့ဝင် ၄ ဦး ပါ အရေးပေါ်လူနာတင်ယာဉ်နဲ ့ ရောက်သွားချိန်မှာ တိမ်းမှောက်တဲ့ ယာဉ်ပေါ်က ခရီးသည် တွေကို ဆွဲထုတ်နေတုန်းရှိပါတယ်။ လမ်းသွားလမ်းလာ မော်တော် ယာဉ်တွေက လည်း ၀ိုင်းဝန်းကူညီကြတယ်။ သေဆုံးသွားတဲ့ သူ ၉ ဦးက မန ္တလေးဆေးရုံကြီးပို့ဆောင်စဉ် သုံးဦးက လမ်းမှာဆုံးသွားတယ်၊ ၆ ဦးက ဆေးရုံရောက်မှ ဆုံးသွားတာပါ။သေဆုံး
သူ ၉ ဦးမှာ ၆ ဦးက အမျိုးသမီးဖြစ်ပြီး ၃ ဦးက အမျိုးသား ဖြစ်ပါတယ်။ယာဉ်ပေါ်လာသူ ၂၆ ဦးထဲမှာ လုံးဝ ဒဏ်ရာမရှိတဲ့သူ က မခိုင်ချိုချိုဝင်း ၂၃ နှစ် မြောင်းမြမြို ့ နေထိုင်သူ ဖြစ်ပါတယ်” ဟု မိတ္ထီလာ၂၈၅ မိုင် သီးကုန်း အမြန်လမ်းအရေးပေါ်ရှေးဦးပြုစုခြင်း စခန်းမှ ခရိုင်ဦးစီးမှူး (ဒု) ဦးနေဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ စကားအင်း အမြန်လမ်းရဲစခန်း၊ပြင်စည် အမြန်လမ်းရဲစခန်း၊ပြင်စည်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုရေးအ သင်းအဖွဲ့များနှင့်တာဝန်ရှိသူများ အချိန်မီရောက်ရှိ ၀ိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment