Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 31, 2018

ပဲခူးမြို့က ကိုယ်ပိုင်အထက်တန်းကျောင်တစ်ကျောင်းမှာ သချာင်္ဘာသာကျတဲ့ အတွက် ပြင်းပြင်းထန်ထန်အရိုက်ခံရတဲ့ကျောင်းသား/ကျောင်းသူတစ်ချို့ ကျောင်း မတက်နိုင်သည့်အပေါ် ကျောင်သားမိဘများစိုးရိမ်နေ


ပဲခူး၊ ဇန်နဝါရီ ၃၁
ဇန်နဝါရီလ(၃၀)ရက်နေ့က ပဲခူးမြို့၊ပန်းလှိုင်ရပ်ကွက်၊ကျုံးရိုးလမ်းရှိ ကိုယ်ပိုင်
အထက်တန်းကျောင်းတစ်ကျောင်းမှာ မြို့နယ်အဆင့်စာမေးပွဲဖြေဆိုခဲ့ကြတဲ့ကျောင်း
သား/ကျောင်းသူ(၆၀)ဦးအနက် (၁၅)ဦးမှာ သချာင်္ဘာသာမှာကျရှုံးခဲ့တဲ့အတွက် သချာင်္ဆရာ(ကျောင်းပိုင်ရှင်)က ကြိမ်လုံးနဲ့ တင်ပါးနဲ့ခါးတွေကို(၅)ချက်ကနေ(၁၈)
ချက်အထိ ရိုက်နှက်ခဲ့တဲ့အတွက် ရရှိခဲ့တဲ့သည့်ဒါဏ်ရာတွေကြောင့် ကျောင်းသား၊
ကျောင်းသူတစ်ချို့ ကျောင်းမတက်နိုင်ကြတဲ့အပေါ် ကျောင်းသားမိဘတွေးစိုးရိမ်မှု
တွေဖြစ်ပွားနေကြတယ်လို့ သိရသည်။
``သမီးက သချာင်္ဘာသာမှာ၂၇မှတ်နဲ့ကျလို့တင်ပါးကို၁၅ချက်အရိုက်ခံရတယ်။
အရင်တုန်းကတစ်ဘာသာကျရင်အဲ့လောက်မရိုက်ဘူး။အခုရိုက်တဲ့ကြိမ်လုံးကအကြီး
ကြီးဘဲ။ဆရာက အခုမေးမယ့်မေးခွန်းကမြို့နယ်အဆင့်တဲ့။ဒီမေးခွန်းကျရင်မရိုက်ဘူး
တဲ့။မေးခွန်းထွက်လာမှ ကျတဲ့သူတွေကိုရိုက်မယ်လို့ပြောတာ။ရိုက်မယ့်ညနေက အ
ချိန်ပိုရှိတယ်လို့ပြောပြီး ဟိုဘက်ကျောင်းကိုခေါ်ပြီးရိုက်တာ။အားလုံး ၁၅ ယောက်အ
ရိုက်ခံရတယ်။သမီးသူငယ်ချင်းတစ်ယောက်ဆိုရင် ၂၅မှတ်နဲ့ကျလို့ ၁၈ချက်အရိုက်ခံ
ရတယ်။တစ်ချို့ကျောင်းသားတွေဆို ခါးအထိအရိုက်ခံရတယ်။သမီး ဒီဒါဏ်ရာတွေနဲ့
ကျောင်းမတက်နိုင်ဘူး။အများရှေ့မှာအရိုက်ခံရတဲ့အတွက်ရှက်လည်းအရမ်းရှက်
တယ်။သမီး ဒီကျောင်းကိုလည်းဆက်မတက်ချင်တော့ဘူး။ဒီကျောင်းဆရာမျက်နှာကို
လည်းမကြည့်ချင်တော့ဘူး " ဟု ၁၅ချက်အရိုက်ခံခဲ့ရသူ ၁၀တန်းကျောင်းသူလေး
တစ်ဦးက ပြောပါတယ်။
ရိုက်နှက်ခဲ့တဲ့ကျောင်းဆရာဟာ သချာင်္နဲ့ရူပဗေဒဘာသာသင်ကျောင်းဆရာဖြစ်
ပြီး အဲဒီကျောင်းကိုတည်ထောင်ထားသူလည်းဖြစ်တယ်လို့သိရပါတယ်။သူငယ်တန်း၊
အလယ်တန်းနဲ့အထက်တန်းအဆင့် ကျောင်းဆောင်များခွဲပြီးသင်ကြားတယ်လို့သိရ
ပါတယ်။ကျောင်းလခမှာ တစ်လ(၉)သောင်းပေးရပြီး ကျောင်းဝင်ကြေး(၅)သောင်း
နဲ့ကျောင်းဝတ်စုံကြေးအဖြစ် (၂၅၀၀၀)ပေးရတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းသားမိဘတစ်ဦးက ``ကလေးကိုရိုက်တာများ
အရှိုးရာတွေကိုထပ်နေတာပဲ။ကျမက ဒီလိုလုပ်တာတော့မသင့်ပါဘူးလို့ အဲဒီကျောင်း
ကိုသွားပြောတော့ ဆရာမတစ်ယောက်က အမလေး ဆရာတောင်မှလက်နာသွား
သေးတယ်တဲ့။ကျမဖြင့် အသားတွေတစ်ဆတ်ဆတ်တောင်တုန်တယ်။ကျမကတော့
အဲဒီကျောင်းမှာ ကိုယ့်ကလေးကိုပေးမတက်ချင်တော့ဘူး။ကျမ သည်းညည်းမခံနိုင်
ဘူး။ကျမ အဲဒီကျောင်းဆရာအိမ်ကိုလိုက်ပြီးသွားပြောဦးမှာ။တစ်ကယ်ဆို ကျောင်း
သားတွေစာမေးပွဲမဖြေနိုင်လို့ရိုက်တာတော့ရိုက်ပါ။ဒါပေမဲ့ ဒီလောက်ကြီးအထိတော့
မရိုက်သင့်ဘူး။မိဘတွေကိုတိုင်ရမှာ။ခေါ်ပြီးဆွေးနွေးရမှာ။အခုလိုရိုက်တာနှစ်ခါရှိပြီ။
အခု ကလေးက အဲဒီဒါဏ်ရာတွေနဲ့ကျောင်းမတက်နိုင်တော့ဘူး " လို့ပြောပါတယ်။

ကလေးတွေကိုကျောင်းအပ်စဉ်က အခုလိုရိုက်နှက်အပြစ်ပေးခဲ့ရင် ကျေကျေနပ်
နပ်ခံယူဖို့ အဲဒီကျောင်းတည်ထောင်သူ(ကျောင်းဆရာ)နဲ့သဘောတူလက်မှတ်ထိုး
ထားခဲ့ခြင်းမရှိဘူးလို့ ကျောင်းသားမိဘတစ်ဦးကလည်းပြောပါတယ်။ရိုက်နှက်ခံခဲ့ရတဲ့
ကျောင်းသား ၁၅အနက် ၃ဦးကတော့ ကျောင်းမတက်နိုင်တော့လို့ဒီနေ့ခွင့်တိုင်ထား
ရပြီး ဒီနေ့လည်း ဘာသာရပ်အလိုက်ကျတဲ့သူတွေကိုဆက်ရိုက်မးဆိုတဲ့သတင်း
ကြောင့် ကျောင်းသား ၁၀ဦးရဲ့ကျောငိးသားမိဘများ ခွင့်တိုင်ကြားထားတယ်လို့ သိ
သိရပါတယ်။၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြန်လည်ဖြေရှင်းပြောဆိုနိုင်ဖို့အ
တွက် ကျောင်းတည်ထောင်သူနဲ့သွားရောက်တွေ့ဆုံမေးမြန်းဖို့စီစဉ်ထားပါတယ်။
■ဧရာ(ပဲခူး)

No comments:

Post a Comment