Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 6, 2016

ယာဥ္တိမ္းေမွာက္မွုေၾကာင့္ ၉ ေယာက္ေသ

အျမန္လမ္း မႀကီးမွာ ယာဥ္တိုက္မွု မၾကာခဏ ျဖစ္ပြား
ေနျပည္ေတာ္ - မႏၲေလး အျမန္လမ္းမွာ မတ္လ ၆ ရက္ မနက္ အေစာပိုင္းက ဘုရားဖူးယာဥ္ တစီး တိမ္းေမွာက္ ခဲ့ၿပီး လူကိုးဦး ေသဆုံး သြား ပါတယ္ ။

ရန္ကုန္ က ေနလားရွိုး ကို အသြားမွာ အခု လို ယာဥ္တိုက္မွု ျဖစ္ပြားၿပီး အခု ႏွစ္အတြင္း အေသအေပ်ာက္ အမ်ားဆုံး ယာဥ္တိုက္ မွု ျဖစ္ တယ္လို႔ အျမန္လမ္း ရဲတပ္ဖြဲ႕ ကေျပာပါ တယ္။

ယာဥ္တိုက္မွု ျဖစ္တဲ ကားကေတာ့ အျမန္လမ္း မႀကီးမွာ ယာဥ္တိုက္မွုေတြ မၾကာခဏ ျဖစ္လို႔ မေမာင္းသင့္ ဘူး လို႔ ေဝဖန္မွုေတြရွိေနတဲ့ လိုက္ထရပ္ကားပါ ။

အဲဒီ ကားဟာ လူ ၂၆ ေယာက္ တင္လာၿပီး လားရွိုး ကို ဘုရားဖူး သြားတာပါ။

မနက္ ၆ နာရီ ေလာက္ မိုင္တိုင္ ၃၂၃ အနီး မွာ ယာဥ္တိုက္ မွု ျဖစ္ပြားၿပီး ယာဥ္ေမာင္း အပါဝင္ အမ်ိဳးသား ၃ ဦး၊အမ်ိဳးသမီး ၆ ဦး စုစုေပါင္း ၉ ဦး ေသဆုံးသြား ခဲ့ေၾကာင္း အျမန္လမ္း ရဲတပ္ဖြဲ႕ ျပင္စည္ အျမန္လမ္းမႀကီး ရဲအရာရွိ တဦးက ရွင္းျပပါတယ္။

ကားေပၚ ပါလာသူေတြမွာ တဦးပဲ ဒဏ္ရာမရတာ ျဖစ္ၿပီးေတာ့ ဒဏ္ရာ ရသူ ၁၆ ဦး ထဲမွာ စိုးရိမ္ ရတဲ့ လူနာ ၈ ဦးေလာက္ ရွိတယ္ လို႔လည္း သူက ေျပာပါတယ္။

အစိုးရ က သတိ ေပးမွုေတြလုပ္ေပမယ့္ ယာဥ္တိုက္မွု ျဖစ္ရတဲ့ ျပႆနာ ေတြ အဓိက ဇာစ္ျမစ္ ကတာ့ မေျဖရွင္းနိုင္ ေသးပါ ဘူး။

ဒါ့အျပင္ အျမန္လမ္းမႀကီး ရဲ့ အားနည္း ခ်က္ ေၾကာင့္လို႔ ေျပာေပမယ့္ လမ္းေပၚ မွာ ကီလိုတရာ ထက္ ပိုမေမာင္းရ သတ္မွတ္ခ်က္ကို အမ်ားစုက လိုက္နာျခင္း မရွိ ၾကပါ ဘူး ။

၂ဝဝ၉ ခုႏွစ္ မတ္လ က ဖြင့္လွစ္ခဲ့တဲ့ ရန္ကုန္- ေနျပည္ေတာ္ - မႏၲေလး အျမန္ လမ္းမႀကီးဟာ အခု ဆိုရင္ ဒီလမ္းေပၚမွာ ယာဥ္တိုက္ မွုေၾကာင့္ ေသဆုံးသူ ၆ဝဝ နီးပါး ရွိၿပီ လို႔လည္း သိရပါတယ္ ။

BBC Burmese
http://www.bbc.com/burmese
.................
 အမြန်လမ်း မကြီးမှာ ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွား
နေပြည်တော် - မန္တလေး အမြန်လမ်းမှာ မတ်လ ၆ ရက် မနက် အစောပိုင်းက ဘုရားဖူးယာဉ် တစီး တိမ်းမှောက် ခဲ့ပြီး လူကိုးဦး သေဆုံး သွား ပါတယ် ။

ရန်ကုန် က နေလားရှိုး ကို အသွားမှာ အခု လို ယာဉ်တိုက်မှု ဖြစ်ပွားပြီး အခု နှစ်အတွင်း အသေအပျောက် အများဆုံး ယာဉ်တိုက် မှု ဖြစ် တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့ ကပြောပါ တယ်။

ယာဉ်တိုက်မှု ဖြစ်တဲ ကားကတော့ အမြန်လမ်း မကြီးမှာ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်လို့ မမောင်းသင့် ဘူး လို့ ဝေဖန်မှုတွေရှိနေတဲ့ လိုက်ထရပ်ကားပါ ။

အဲဒီ ကားဟာ လူ ၂၆ ယောက် တင်လာပြီး လားရှိုး ကို ဘုရားဖူး သွားတာပါ။

မနက် ၆ နာရီ လောက် မိုင်တိုင် ၃၂၃ အနီး မှာ ယာဉ်တိုက် မှု ဖြစ်ပွားပြီး ယာဉ်မောင်း အပါဝင် အမျိုးသား ၃ ဦး၊အမျိုးသမီး ၆ ဦး စုစုပေါင်း ၉ ဦး သေဆုံးသွား ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ ပြင်စည် အမြန်လမ်းမကြီး ရဲအရာရှိ တဦးက ရှင်းပြပါတယ်။

ကားပေါ် ပါလာသူတွေမှာ တဦးပဲ ဒဏ်ရာမရတာ ဖြစ်ပြီးတော့ ဒဏ်ရာ ရသူ ၁၆ ဦး ထဲမှာ စိုးရိမ် ရတဲ့ လူနာ ၈ ဦးလောက် ရှိတယ် လို့လည်း သူက ပြောပါတယ်။

အစိုးရ က သတိ ပေးမှုတွေလုပ်ပေမယ့် ယာဉ်တိုက်မှု ဖြစ်ရတဲ့ ပြဿနာ တွေ အဓိက ဇာစ်မြစ် ကတာ့ မဖြေရှင်းနိုင် သေးပါ ဘူး။

ဒါ့အပြင် အမြန်လမ်းမကြီး ရဲ့ အားနည်း ချက် ကြောင့်လို့ ပြောပေမယ့် လမ်းပေါ် မှာ ကီလိုတရာ ထက် ပိုမမောင်းရ သတ်မှတ်ချက်ကို အများစုက လိုက်နာခြင်း မရှိ ကြပါ ဘူး ။

၂ဝဝ၉ ခုနှစ် မတ်လ က ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်- နေပြည်တော် - မန္တလေး အမြန် လမ်းမကြီးဟာ အခု ဆိုရင် ဒီလမ်းပေါ်မှာ ယာဉ်တိုက် မှုကြောင့် သေဆုံးသူ ၆ဝဝ နီးပါး ရှိပြီ လို့လည်း သိရပါတယ် ။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment