Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 12, 2016

ဒုတိယသမၼတအျဖစ္ ေရြးခ်ယ္ျခင္းခံရေသာ ဦးထင္ေက်ာ္၏ ကိုယ္ေရးအတၳဳပၸတၱိ

ဒုတိယသမၼတအျဖစ္ ေရြးခ်ယ္ျခင္းခံရေသာ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းမွ အလုပ္အမႈေဆာင္အဖြဲ႔၀င္ ဦးထင္ေက်ာ္၏ ကိုယ္ေရးအတၳဳပၸတၱိ အမွန္ကို ျပည္သူမ်ားသိေစရန္ ေဖာ္ျပေပးလိုက္ပါသည္။
- ကြမ္းျခံကုန္းျမိဳ ႔သား အမ်ိဳးသားဂႏၳ၀င္စာေရးဆရာၾကီး မင္းသု၀ဏ္
( ၁၉၉၀ ေရြးေကာက္ပြဲတြင္ NLD ေရြးေကာက္ခံကိုယ္စားလွယ္၊ ကမာရြတ္ျမိဳ ႔နယ္) နွင့္ ေဒၚၾကည္ၾကည္တို႔၏ ဒုတိယေျမာက္ သားျဖစ္သည္။
- အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးလြင္၏ သမက္ျဖစ္သည္။
- “ဒလဘန္း”အမည္ျဖင့္ သူ၏ဖခင္ စာေရးဆရာမင္းသု၀ဏ္အေၾကာင္း
ေရးသည့္ “ အဘဘ၀ အဘအေၾကာင္း တေစ့တေစာင္း” စာအုပ္မွာ ဦးထင္ေက်ာ္၏ ထင္ရွားသည့္လက္ရာျဖစ္သည္။
- ၁၉၄၆ ခုနွစ္၊ ဇူလိုင္လ ၂၀ ရက္ေန႔တြင္ ေမြးဖြားခဲ့သည္။
- ၁၉၆၂ အထက(၁) ဒဂံု (မက္သဒစ္ေက်ာင္း) မွ အေျခခံပညာ အထက္တန္းေအာင္ျမင္၊
- ၁၉၆၂-၆၃ ရန္ကုန္တကၠသိုလ္ မွ ဥပစာ၀ိဇၨာ (က) ေအာင္ျမင္၊
- ၁၉၆၃-၆၈ ရန္ကုန္စီးပြားေရးတကၠသိုလ္မွ စာရင္းအင္းပညာ
မဟာဘြဲ ႔ M.Econ (Statistics) Part- 2 တက္ေရာက္ေနစဥ္ တကၠသိုလ္နည္းျပအျဖစ္ အလုပ္၀င္လိုက္သည္။
- ၁၉၇၀ Universities’ Computer Centre သို႔ Programmer/ Analyst ရာထူးျဖင့္ ေျပာင္းေရႊ ႔ တာ၀န္ထမ္းေဆာင္၊
- ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင္ယူ၊
- ၁၉၇၃ ေဒၚစုစုလြင္ (ဥကၠ႒ - နိုင္ငံတကာဆက္ဆံေရးေကာ္မတီ ၊ သံုးခြျမိဳ ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္) နွင့္ လက္ထပ္ခဲ့သည္။
- ၁၉၇၄ Asia Electronics Union, Tokyo တြင္ ကြန္ပ်ဴတာပညာေလ့လာဆည္းပူး၊
- ၁၉၇၄-၇၅ M.Sc Computer Science (RASU)
- ၁၉၇၅-၁၉၈၀ ဌာနခြဲမွဴး၊အၾကီးစားစက္မႈလုပ္ငန္းေကာ္ပိုေရးရွင္း၊ အမွတ္(၂) စက္မႈ၀န္ၾကီးဌာန၊
- ၁၉၈၀-၁၉၉၂ ဒုတိယညႊန္ၾကားေရးမွဴး၊ နုိင္ငံျခားစီးပြားဆက္သြယ္ေရးဦးစီးဌာန(FERD) ၊ စီမံကိန္းနွင့္ဘ႑ာေရး၀န္ၾကီးဌာန၊
- ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts တြင္ ပညာသင္ယူ၊
- ၁၉၉၂ ဒုတိယညႊန္ၾကားေရးမွဴးရာထူးမွ မိမိဆႏၵအေလ်ာက္ နုတ္ထြက္၊
- ၂၀၁၂ -ယေန႔ထိ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းတြင္ Executive Committee Member (အလုပ္အမႈေဆာင္အဖြဲ႔၀င္) အျဖစ္ တာ၀န္ယူေဆာင္ရြက္လ်က္ရွိ၊
Daw Khin Kyi Foundation
............
ဒုတိယသမ္မတအဖြစ် ရွေးချယ်ခြင်းခံရသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အမှန်ကို ပြည်သူများသိစေရန် ဖော်ပြပေးလိုက်ပါသည်။
- ကွမ်းခြံကုန်းမြို ့သား အမျိုးသားဂန္ထဝင်စာရေးဆရာကြီး မင်းသုဝဏ်
( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ်၊ ကမာရွတ်မြို ့နယ်) နှင့် ဒေါ်ကြည်ကြည်တို့၏ ဒုတိယမြောက် သားဖြစ်သည်။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလွင်၏ သမက်ဖြစ်သည်။
- “ဒလဘန်း”အမည်ဖြင့် သူ၏ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်း
ရေးသည့် “ အဘဘဝ အဘအကြောင်း တစေ့တစောင်း” စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့်လက်ရာဖြစ်သည်။
- ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။
- ၁၉၆၂ အထက(၁) ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံပညာ အထက်တန်းအောင်မြင်၊
- ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်၊
- ၁၉၆၃-၆၈ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စာရင်းအင်းပညာ
မဟာဘွဲ ့ M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ်နည်းပြအဖြစ် အလုပ်ဝင်လိုက်သည်။
- ၁၉၇၀ Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ ့ တာဝန်ထမ်းဆောင်၊
- ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင်ယူ၊
- ၁၉၇၃ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ - နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ သုံးခွမြို ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် လက်ထပ်ခဲ့သည်။
- ၁၉၇၄ Asia Electronics Union, Tokyo တွင် ကွန်ပျူတာပညာလေ့လာဆည်းပူး၊
- ၁၉၇၄-၇၅ M.Sc Computer Science (RASU)
- ၁၉၇၅-၁၉၈၀ ဌာနခွဲမှူး၊အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊
- ၁၉၈၀-၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန(FERD) ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊
- ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts တွင် ပညာသင်ယူ၊
- ၁၉၉၂ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်၊
- ၂၀၁၂ -ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် Executive Committee Member (အလုပ်အမှုဆောင်အဖွဲ့ဝင်) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ၊
Daw Khin Kyi Foundation


No comments:

Post a Comment