ဘူးဘုရား တဲ႔။ ****
ဒါက ဒကာရဲ႕အျမင္ေပါ့။ ကိုယ့္အသိဥာဏ္၊ ကိုယ့္ခံယူခ်က္အေပၚမူတည္ျပီး
အျမင္ေတြကေတာ့ ကြဲျပားေနၾကမွာပဲ။
ဒီမိုကေရစီနိဳင္ငံဆိုတာ အာဏာရွင္အုပ္ခ်ဳပ္တာမဟုတ္ဘူး ဒကာရဲ႕။ ကိုယ္လုပ္
ခ်င္တာ လုပ္မယ္ဆိုတာ အာဏာရွင္ပဲရွိတယ္။ ႏွစ္ေပါင္း ၆၀ေလာက္ျမန္မာျပည္ကို
အုပ္ခ်ဳပ္ခဲ႔တာ ဗုဒၶဘာသာအမည္ခံျပီး ဗုဒၶဘာသာနဲ႔ တိုင္းသူျပည္သားေတြကို စနစ္တ
က် ဖ်က္ဆီးခဲ႔တာဘယ္သူေတြဆိုတာ ေျပာျပစရာမလိုပါဘူး။
အဓိကအခ်က္က ဗုဒၶဘာသာဝင္ျဖစ္ဖို႔တင္မဟုတ္ဘူး။ဗုဒၶအဆံုးအမေတြကိုလိုက္နာက်င့္သံုးတဲ႔သူျဖစ္ဖို႔လိုတာ။ ဗုဒၶဘာသာကိုကမၻာ့အလယ္မွာ မ်က္ႏွာငယ္အရွက္ရေစတာဟာ ခရစ္ယာန္ေၾကာင့္လည္းမဟုတ္
သလို၊မြတ္စလင္ေၾကာင့္လည္းမဟုတ္ဘူး။ ဗုဒၶဘာသာအမည္ခံျပီး ဗုဒၶဝဒါကို လိုက္နာ
က်င့္သံုးမႈ႔မရွိတဲ့ သူေတြေၾကာင့္ပဲ မ်က္ႏွာငယ္အရွက္ရတာ။
ဒကာတို႔က အေပၚယံၾကည့္ၾကတာကိုး။တကယ္က ဗုဒၶဘာသာအမည္ခံသူတိုင္း
လူေကာင္းမဟုတ္သလို၊ ဘာသာျခားခံယူထားသူတိုင္းလည္း လူဆိုးမဟုတ္ၾကပါဘူး
ဒကာ။ " ဗုဒၶဘာသာေခါင္းေဆာင္ျဖစ္ျဖစ္၊ခရစ္ယာန္ေခါင္းေဆာင္ပဲျဖစ္ျဖစ္၊ ျပည္သူ႔ ဆႏၵမပါပဲသူတို႔လုပ္ခ်င္တိုင္းလုပ္လို႔မရတာဟာ ဒီမိုကေရစီပဲ "
ဦးဇင္းအျမင္ကေတာ့ ဒီမိုကေရစီတိုင္းျပည္မွာ တိုင္းျပည္အုပ္ခ်ဳပ္တဲ႔ေခါင္းေဆာင္ဟာ
အသားမဲမဲ၊ ျဖဴျဖဴ။ ႏြာေက်ာင္းသားျဖစ္ျဖစ္ဒရိုင္ဘာျဖစ္ျဖစ္။ မြန္ျဖစ္ျဖစ္၊ ခ်င္းျဖစ္ျဖစ္။
ဗုဒၶဘာသာျဖစ္ျဖစ္၊ ခရစ္ယာန္ျဖစ္ျဖစ္ အဲဒါေတြကိုစိတ္မဝင္စားဘူးဒကာ။
ဦးဇင္းစိတ္ဝင္စားတာက သူ႔ရဲ႕ပညာ၊သူ႔ရဲ႕စိတ္ဓာတ္၊သူ႔ရဲ႕စည္ကမ္း နဲ႔ တိုင္းသူ
ျပည္သားေတြအေပၚထားတဲ႔ ေမတၱာ ေစတနာပဲ။ ငါတို႔က ဘာသာေရးေခါင္း
ေဆာင္ေရြးေနတာမဟုတ္ဘူး။ နိဳင္ငံ႔ေခါင္းေဆာင္ေရြးေနတာ။
" စိတ္ဓာတ္၊ စည္းကမ္း၊ ပညာေကာင္းမြန္ျပီး တိုင္းသူျပည္သားေတြအေပၚ
ေမတၱာ ဂရုဏာ ထားတတ္တဲ႔ ေခါင္းေဆာင္မ်ိဳးဆိုရင္ေက်နပ္တယ္။ "
ဒါက ဦးဇင္းအျမင္ေနာ္ဒကာ။
Ashin Uttama
**** ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တစ်ယောက် ကို ဒု.သမ္မတတင်တာ မဖြစ်သင့်
ဘူးဘုရား တဲ့။ ****
ဒါက ဒကာရဲ့အမြင်ပေါ့။ ကိုယ့်အသိဉာဏ်၊ ကိုယ့်ခံယူချက်အပေါ်မူတည်ပြီး
အမြင်တွေကတော့ ကွဲပြားနေကြမှာပဲ။
ဒီမိုကရေစီနိုင်ငံဆိုတာ အာဏာရှင်အုပ်ချုပ်တာမဟုတ်ဘူး ဒကာရဲ့။ ကိုယ်လုပ်
ချင်တာ လုပ်မယ်ဆိုတာ အာဏာရှင်ပဲရှိတယ်။ နှစ်ပေါင်း ၆၀လောက်မြန်မာပြည်ကို
အုပ်ချုပ်ခဲ့တာ ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓဘာသာနဲ့ တိုင်းသူပြည်သားတွေကို စနစ်တ
ကျ ဖျက်ဆီးခဲ့တာဘယ်သူတွေဆိုတာ ပြောပြစရာမလိုပါဘူး။
အဓိကအချက်က ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့တင်မဟုတ်ဘူး။ဗုဒ္ဓအဆုံးအမတွေကိုလိုက်နာကျင့်သုံးတဲ့သူဖြစ်ဖို့လိုတာ။ ဗုဒ္ဓဘာသာကိုကမ္ဘာ့အလယ်မှာ မျက်နှာငယ်အရှက်ရစေတာဟာ ခရစ်ယာန်ကြောင့်လည်းမဟုတ်
သလို၊မွတ်စလင်ကြောင့်လည်းမဟုတ်ဘူး။ ဗုဒ္ဓဘာသာအမည်ခံပြီး ဗုဒ္ဓဝဒါကို လိုက်နာ
ကျင့်သုံးမှု့မရှိတဲ့ သူတွေကြောင့်ပဲ မျက်နှာငယ်အရှက်ရတာ။
ဒကာတို့က အပေါ်ယံကြည့်ကြတာကိုး။တကယ်က ဗုဒ္ဓဘာသာအမည်ခံသူတိုင်း
လူကောင်းမဟုတ်သလို၊ ဘာသာခြားခံယူထားသူတိုင်းလည်း လူဆိုးမဟုတ်ကြပါဘူး
ဒကာ။ " ဗုဒ္ဓဘာသာခေါင်းဆောင်ဖြစ်ဖြစ်၊ခရစ်ယာန်ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ပြည်သူ့ ဆန္ဒမပါပဲသူတို့လုပ်ချင်တိုင်းလုပ်လို့မရတာဟာ ဒီမိုကရေစီပဲ "
ဦးဇင်းအမြင်ကတော့ ဒီမိုကရေစီတိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ
အသားမဲမဲ၊ ဖြူဖြူ။ နွာကျောင်းသားဖြစ်ဖြစ်ဒရိုင်ဘာဖြစ်ဖြစ်။ မွန်ဖြစ်ဖြစ်၊ ချင်းဖြစ်ဖြစ်။
ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် အဲဒါတွေကိုစိတ်မဝင်စားဘူးဒကာ။
ဦးဇင်းစိတ်ဝင်စားတာက သူ့ရဲ့ပညာ၊သူ့ရဲ့စိတ်ဓာတ်၊သူ့ရဲ့စည်ကမ်း နဲ့ တိုင်းသူ
ပြည်သားတွေအပေါ်ထားတဲ့ မေတ္တာ စေတနာပဲ။ ငါတို့က ဘာသာရေးခေါင်း
ဆောင်ရွေးနေတာမဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင်ရွေးနေတာ။
" စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ပြီး တိုင်းသူပြည်သားတွေအပေါ်
မေတ္တာ ဂရုဏာ ထားတတ်တဲ့ ခေါင်းဆောင်မျိုးဆိုရင်ကျေနပ်တယ်။ "
ဒါက ဦးဇင်းအမြင်နော်ဒကာ။
Ashin Uttama
No comments:
Post a Comment