Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 11, 2016

ကင္ဆာျဖစ္ေစႏိုင္သည့္ ဓာတုပစၥည္းမ်ားပါ၀င္ေသာ Johnson & Johnson ကေလးေပါင္ဒါမႈန္႔ကို ျမန္မာ FDA မွ အေရးမယူမႈေသး

Photo - ရန္ကုန္ျမိဳ႕ ကုန္တိုက္တခုတြင္ Johnson&Johnson ကေလးသံုးပစၥည္းမ်ား ခင္းက်င္းထားသည္ကို မတ္ ၁၀ ရက္ေန႔က ေတြ႔ရပံု
“အေမရိကားမွာ မေကာင္းတာေတာ့ မေျပာနဲ႔။ ဒီမွာတခုခုျဖစ္ရင္ တိုင္တဲ့သူလည္း မရိွေသးဘူး။ တိုင္ရင္ေတာ့ စစ္ေဆးရမွာေပါ့…”

ျမန္မာႏိုင္ငံတြင္ ေရာင္းခ်လ်က္ရိွေသာ Johnson & Johnson ကေလးေပါင္ဒါမႈန္႔ႏွင့္ ပတ္သက္၍ တိုင္ၾကားမႈတစံုတရာမရိွေသးသည့္အတြက္ ေဈးကြက္အတြင္းမွ သိမ္းဆည္းသြားရန္ အစီအစဥ္ မရိွ ေသးေၾကာင္း ျမန္မာနိုင္ငံ အစားအေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာ စိန္ေသာင္းက News Watch သို႔ ေျပာသည္။
``Johnson & Johnson က ဒီမွာျဖစ္တာ မဟုတ္ဘူးေလ။ ဒီမွာက တိုင္တဲ့သူမရိွဘူး။ ဒီမွာလည္း သူက မွတ္ပံု တင္ထားတယ္ ကြ်န္ေတာ္တို႔ဌာနမွာ ဘာမွျပႆနာ မရိွေသးဘူး။ ဒီက အေျဖကေတာ့ ေကာင္းတယ္တဲ့ အေမရိကားမွာ မေကာင္းတာေတာ့ မေျပာနဲ႔။ ဒီမွာတခုခုျဖစ္ရင္ တိုင္တဲ့သူလည္း မရိွေသးဘူး။ တိုင္ရင္ေတာ့ စစ္ေဆးရမွာေပါ့။ ဟုတ္ရင္ေတာ့ အေရးယူရမွာေပါ့'' ဟု ၎ကေျပာသည္။

အေမရိကန္နိုင္ငံတြင္ Johnson & Johnson ကေလးေပါင္ဒါမႈန္႔ကို ႏွစ္ရွည္လမ်ားသံုးစဲြခဲ့သည့္ အမ်ဳိးသမီးတဦး သားအိမ္ေခါင္းကင္ဆာေရာဂါျဖင့္ လြန္ခဲ့သည့္ႏွစ္က ကြယ္လြန္ခဲ့သည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎၏ မိသားစုက ကုမၸဏီကို တရားစဲြဆိုခဲ့ရာ ထိခိုက္နစ္နာေၾကး အေမရိကန္ေဒၚလာ ၁၀ သန္းႏွင့္ ဒဏ္ေၾကး ေဒၚလာ ၆၂ သန္း စုစုေပါင္းေဒၚလာ ၇၂ သန္းေပးေလ်ာ္ရန္ တရားရံုးက ေဖေဖာ္၀ါရီ ၂၂ ရက္တြင္ ဆံုးျဖတ္ခဲ့သည္။ ထို႔ျပင္ ကုမၸဏီကိုယ္တိုင္ကလည္း ၎တို႔၏ ထုတ္ကုန္တြင္ ကင္ဆာျဖစ္ေစႏိုင္သည့္ ဓာတုပစၥည္းမ်ားပါ၀င္ေၾကာင္း ၀န္ခံထားသည္ဟု ႏိုင္ငံတကာသတင္းဌာနမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။

Johnson & Johnson ကေလး ေပါင္ဒါမႈန္႔ကို ျမန္မာႏိုင္ငံတြင္လည္း အမ်ားအျပားသံုးစဲြေနၾကရာ ကင္ဆာျဖစ္ေစႏိုင္သည့္ ဓာတုပစၥည္းမ်ား ပါ၀င္သည္ဟူေသာ သတင္းမ်ားေၾကာင့္ ျပည္သူလူထုအတြင္း စိုးရိမ္မႈမ်ား ျဖစ္ေပၚလ်က္ရိွသည္။ ''ကင္ဆာဆိုတာ အခုသံုးလို႔ အခု ထျဖစ္တဲ့ေရာဂါမွမဟုတ္တာ။ အေမရိကန္ FDA မွာ စစ္တာ ကင္ဆာျဖစ္ေစတဲ့ ဓာတုပစၥည္းေတြ႕တယ္။ ျမန္မာ FDA မွာ စစ္တာမေတြ႕ဘူး။ ဒါဆိုရင္ သံုးစဲြ တဲ့ကုန္ ၾကမ္းမတူလို႔လား၊ ဘာျဖစ္လို႔လဲ ျမန္မာျပည္ကို ဒီပစၥည္းတင္သြင္းတဲ့ ကုမၸဏီဘက္ကလည္း တခုခု ေျဖရွင္းခ်က္ေပးသင့္တယ္။ FDA ကလည္း အေမရိကားမွာ ျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာ မျဖစ္ဘူးဆိုတဲ့ အေၾကာင္း တရား၀င္ထုတ္ျပန္သင့္တယ္'' ဟု Johnson & Johnson ကေလး ေပါင္ဒါမႈန္႔ကို သံုးစဲြလ်က္ရိွသည့္ ေျမာက္ဥကၠလာပျမိဳ႕နယ္မွ ကေလးသံုးေယာက္ မိခင္ေဒၚစႏၵာကNews Watch သို႔ ေျပာ သည္။ Johnson & Johnson ကုမၸဏီ၏ ကေလးေပါင္ဒါမႈန္႔မ်ားႏွင့္ ေရခ်ဳိးဆပ္ျပာမွတဆင့္ သားအိမ္ ကင္ဆာျဖစ္ေစသည္ဟုဆိုကာ တရားစဲြဆိုမႈသည္ အမႈေပါင္း ၁၂၀၀ ခန္႔ရိွေၾကာင္း နိုင္ငံတကာသတင္းမ်ား အရသိရသည္။

နႏၵမ်ဳိးေဆာင္

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal

......................................


Photo - ရန်ကုန်မြို့ ကုန်တိုက်တခုတွင် Johnson&Johnson ကလေးသုံးပစ္စည်းများ ခင်းကျင်းထားသည်ကို မတ် ၁၀ ရက်နေ့က တွေ့ရပုံ
“အမေရိကားမှာ မကောင်းတာတော့ မပြောနဲ့။ ဒီမှာတခုခုဖြစ်ရင် တိုင်တဲ့သူလည်း မရှိသေးဘူး။ တိုင်ရင်တော့ စစ်ဆေးရမှာပေါ့…”

မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော Johnson & Johnson ကလေးပေါင်ဒါမှုန့်နှင့် ပတ်သက်၍ တိုင်ကြားမှုတစုံတရာမရှိသေးသည့်အတွက် ဈေးကွက်အတွင်းမှ သိမ်းဆည်းသွားရန် အစီအစဉ် မရှိ သေးကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ စိန်သောင်းက News Watch သို့ ပြောသည်။
``Johnson & Johnson က ဒီမှာဖြစ်တာ မဟုတ်ဘူးလေ။ ဒီမှာက တိုင်တဲ့သူမရှိဘူး။ ဒီမှာလည်း သူက မှတ်ပုံ တင်ထားတယ် ကျွန်တော်တို့ဌာနမှာ ဘာမှပြဿနာ မရှိသေးဘူး။ ဒီက အဖြေကတော့ ကောင်းတယ်တဲ့ အမေရိကားမှာ မကောင်းတာတော့ မပြောနဲ့။ ဒီမှာတခုခုဖြစ်ရင် တိုင်တဲ့သူလည်း မရှိသေးဘူး။ တိုင်ရင်တော့ စစ်ဆေးရမှာပေါ့။ ဟုတ်ရင်တော့ အရေးယူရမှာပေါ့'' ဟု ၎င်းကပြောသည်။

အမေရိကန်နိုင်ငံတွင် Johnson & Johnson ကလေးပေါင်ဒါမှုန့်ကို နှစ်ရှည်လများသုံးစွဲခဲ့သည့် အမျိုးသမီးတဦး သားအိမ်ခေါင်းကင်ဆာရောဂါဖြင့် လွန်ခဲ့သည့်နှစ်က ကွယ်လွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်း၏ မိသားစုက ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ ထိခိုက်နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ဒဏ်ကြေး ဒေါ်လာ ၆၂ သန်း စုစုပေါင်းဒေါ်လာ ရ၂ သန်းပေးလျော်ရန် တရားရုံးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ကုမ္ပဏီကိုယ်တိုင်ကလည်း ၎င်းတို့၏ ထုတ်ကုန်တွင် ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများပါ၀င်ကြောင်း ၀န်ခံထားသည်ဟု နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

Johnson & Johnson ကလေး ပေါင်ဒါမှုန့်ကို မြန်မာနိုင်ငံတွင်လည်း အများအပြားသုံးစွဲနေကြရာ ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ ပါ၀င်သည်ဟူသော သတင်းများကြောင့် ပြည်သူလူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ''ကင်ဆာဆိုတာ အခုသုံးလို့ အခု ထဖြစ်တဲ့ရောဂါမှမဟုတ်တာ။ အမေရိကန် FDA မှာ စစ်တာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ့တယ်။ မြန်မာ FDA မှာ စစ်တာမတွေ့ဘူး။ ဒါဆိုရင် သုံးစွဲ တဲ့ကုန် ကြမ်းမတူလို့လား၊ ဘာဖြစ်လို့လဲ မြန်မာပြည်ကို ဒီပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီဘက်ကလည်း တခုခု ဖြေရှင်းချက်ပေးသင့်တယ်။ FDA ကလည်း အမေရိကားမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မဖြစ်ဘူးဆိုတဲ့ အကြောင်း တရားဝင်ထုတ်ပြန်သင့်တယ်'' ဟု Johnson & Johnson ကလေး ပေါင်ဒါမှုန့်ကို သုံးစွဲလျက်ရှိသည့် မြောက်ဥက္ကလာပမြို့နယ်မှ ကလေးသုံးယောက် မိခင်ဒေါ်စန္ဒာကNews Watch သို့ ပြော သည်။ Johnson & Johnson ကုမ္ပဏီ၏ ကလေးပေါင်ဒါမှုန့်များနှင့် ရေချိုးဆပ်ပြာမှတဆင့် သားအိမ် ကင်ဆာဖြစ်စေသည်ဟုဆိုကာ တရားစွဲဆိုမှုသည် အမှုပေါင်း ၁၂၀၀ ခန့်ရှိကြောင်း နိုင်ငံတကာသတင်းများ အရသိရသည်။

နန္ဒမျိုးဆောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment