Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 22, 2016

သမၼတ ႏွင့္ ျပည္ေထာင္စု ဝန္ႀကီး အသစ္မ်ား မတ္ ၃၀ ရက္တြင္ လႊတ္ေတာ္၌ က်မ္းသစၥာ က်ိန္ဆုိမည္

ႏုိင္ငံေတာ္ အႀကီးအကဲ တာဝန္ လႊဲေျပာင္းမႈ အေထာက္အကူျပဳ ေကာ္မတီႏွင့္ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အသြင္ ကူးေျပာင္းေရးအဖြဲ႕တုိ႔အၾကား ပဥၥမအႀကိမ္ ညႇိႏႈိင္း အစည္းအေဝး ေနျပည္ေတာ္၌ က်င္းပစဥ္ (ဓာတ္ပံု-MOI)
    ရန္ကုန္ ၊ မတ္ ၂၂ ရက္ (ဆင္ဟြာ)

    ႏုိင္ငံေတာ္ သမၼတ အျဖစ္ ေရြးခ်ယ္ တင္ေျမႇာက္ခံထားရသူ ဦးထင္ေက်ာ္ႏွင့္ ျပည္ေထာင္စု ဝန္ႀကီး အသစ္မ်ား သည္ မတ္လ ၃၀ ရက္တြင္ လႊတ္ေတာ္၌ က်မ္းသစၥာ က်ိန္ဆုိျခင္းမ်ား ျပဳလုပ္ၿပီးေနာက္ ႏုိင္ငံေတာ္ သမၼတ တာဝန္ လႊဲေျပာင္းျခင္းအား သမၼတ အိမ္ေတာ္၌ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ (NLD) မွ ဗဟုိ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ဦးဝင္းထိန္က ယေန ့မတ္လ ၂၂ ရက္တြင္ ဆင္ဟြာသုိ ့ေျပာသည္။

ယေန ့ေနျပည္ေတာ္၌ ျပဳလုပ္ခဲ့ေသာ ႏုိင္ငံေတာ္ အႀကီးအကဲ တာဝန္ လႊဲေျပာင္းမႈ အေထာက္အကူျပဳ ေကာ္မတီႏွင့္ အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အသြင္ ကူးေျပာင္းေရးအဖြဲ႕တုိ႔အၾကား ပဥၥမအႀကိမ္ ညႇိႏႈိင္း အစည္းအေဝးႏွင့္ ပတ္သက္၍ “မတ္လ ၃၀ ရက္ေန ့မွာ သမၼတက မနက္ပုိင္း က်မ္းသစၥာ က်ိန္မယ္။ ဝန္ႀကီးေတြ က်မ္းသစၥာ က်ိန္ဆုိမယ္။ ေန ့ခင္းပုိင္းမွာ အိမ္ေတာ္ကုိ သြားၿပီးေတာ့ သမၼတ အေဟာင္းနဲ ့ အသစ္နဲ ့ တာဝန္ လႊဲေျပာင္းမယ္။ ညပုိင္း ညစာ စားပြဲ လုပ္မယ္။ အေသးစိတ္ အစီအစဥ္ေတြ ေဆြးေႏြးတာပါ။

ဝန္ႀကီး အဖြဲ ့ေတြ အတည္ျပဳၿပီးလုိ ့ရွိရင္ သက္ဆုိင္ရာ ဝန္ႀကီး အေဟာင္းနဲ ့အသစ္နဲ ့ေတြ ့ၿပီးေတာ့မွ ဌာနဆုိင္ရာ လုပ္ငန္းေတြကုိ လႊဲေျပာင္း လက္ခံၾကမွာပါ။ အဲဒါက မတ္လ ၂၅ ရက္ေန ့ေလာက္ ျဖစ္ပါမယ္”ဟု NLD မွ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ဦးဝင္းထိန္က ေျပာသည္။

ထုိ ့ျပင္ ျပည္ေထာင္စု ဝန္ႀကီးမ်ားအား ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳၿပီးေနာက္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားသုိ႔ သြားေရာက္ ေလ့လာမည့္ အစီအစဥ္မ်ား၊ ျပည္ေထာင္စု ဝန္ႀကီးအသစ္မ်ားထံ အပ္ႏံွမည့္ အိမ္ရာမ်ား ဆုိင္ရာ ကိစၥရပ္မ်ားကုိ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ထုိအစည္းအေဝးသုိ႔ ႏုိင္ငံေတာ္ အႀကီးအကဲတာဝန္ လႊဲေျပာင္းမႈ အေထာက္ အကူျပဳ ေကာ္မတီမွ ေကာ္မတီ ဥကၠ႒ ျပည္ေထာင္စု ဝန္ႀကီး ဦးလွထြန္း၊ ေကာ္မတီဝင္မ်ား ျဖစ္ၾကသည့္ ျပည္ေထာင္စုဝန္ႀကီး ဦးရဲထြဋ္၊ ႏုိင္ငံေတာ္ သမၼတရုံး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးလွထြန္း၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ေမာင္အုန္းႏွင့္ ႏုိင္ငံေတာ္ သမၼတရုံး ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးတုိ႔ တက္ေရာက္ခဲ့ၾကၿပီး အမ်ဳိးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္၊ အသြင္ ကူးေျပာင္းေရး အဖြဲ႕မွ အဖဲြ႕ ေခါင္းေဆာင္၊ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ဦးဝင္းထိန္၊ အဖြဲ႕ဝင္ မ်ား ျဖစ္ၾကသည့္ ေဒါက္တာမ်ဳိးေအာင္ႏွင့္ ေဒါက္တာေအာင္သူတုိ႔ တက္ေရာက္ ခဲ့ၾကသည္။

(Xinhua)
http://www.xinhuamyanmar.com
............
 နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပဥ္စမအကြိမ် ညှိနှိုင်း အစည်းအဝေး နေပြည်တော်၌ ကျင်းပစဉ် (ဓာတ်ပုံ-MOI)
    ရန်ကုန် ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

    နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်နှင့် ပြည်ထောင်စု ဝန်ကြီး အသစ်များ သည် မတ်လ ၃၀ ရက်တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်ပြီးနောက် နိုင်ငံတော် သမ္မတ တာဝန် လွှဲပြောင်းခြင်းအား သမ္မတ အိမ်တော်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် (NLD) မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ယနေ ့မတ်လ ၂၂ ရက်တွင် ဆင်ဟွာသို ့ပြောသည်။

ယနေ ့နေပြည်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပဥ္စမအကြိမ် ညှိနှိုင်း အစည်းအဝေးနှင့် ပတ်သက်၍ “မတ်လ ၃၀ ရက်နေ ့မှာ သမ္မတက မနက်ပိုင်း ကျမ်းသစ္စာ ကျိန်မယ်။ ဝန်ကြီးတွေ ကျမ်းသစ္စာ ကျိန်ဆိုမယ်။ နေ ့ခင်းပိုင်းမှာ အိမ်တော်ကို သွားပြီးတော့ သမ္မတ အဟောင်းနဲ ့ အသစ်နဲ ့ တာဝန် လွှဲပြောင်းမယ်။ ညပိုင်း ညစာ စားပွဲ လုပ်မယ်။ အသေးစိတ် အစီအစဉ်တွေ ဆွေးနွေးတာပါ။

ဝန်ကြီး အဖွဲ ့တွေ အတည်ပြုပြီးလို ့ရှိရင် သက်ဆိုင်ရာ ဝန်ကြီး အဟောင်းနဲ ့အသစ်နဲ ့တွေ ့ပြီးတော့မှ ဌာနဆိုင်ရာ လုပ်ငန်းတွေကို လွှဲပြောင်း လက်ခံကြမှာပါ။ အဲဒါက မတ်လ ၂၅ ရက်နေ ့လောက် ဖြစ်ပါမယ်”ဟု NLD မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

ထို ့ပြင် ပြည်ထောင်စု ဝန်ကြီးများအား ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ သွားရောက် လေ့လာမည့် အစီအစဉ်များ၊ ပြည်ထောင်စု ဝန်ကြီးအသစ်များထံ အပ်နှံမည့် အိမ်ရာများ ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီမှ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အသွင် ကူးပြောင်းရေး အဖွဲ့မှ အဖွဲ့ ခေါင်းဆောင်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ဝင် များ ဖြစ်ကြသည့် ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာအောင်သူတို့ တက်ရောက် ခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment