Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 22, 2016

ျမန္မာကၽြန္းသစ္ႏွင့္ သစ္မာမ်ား ဘဂၤလာေဒ့ရွ္သုိ႕ တရားမ၀င္ တင္ပို႔မႈ စံခ်ိန္တင္


(ဘဂၤလာေဒ့ရွ္ႏိုင္ငံ တက္ကနက္ျမိဳ႕ ေဘာင္ေတာ္ဆိပ္ကမ္းတြင္ စုပံုထားေသာ ျမန္မာမွ သစ္မ်ား/ ဓာတ္ပံု- နိရဥၥရာ)
နိရဥၥရာ၊ မတ္လ ၁၀

ဘဂၤလာေဒ့ရွ္ႏိုင္ငံ တက္ကနက္ျမိဳ႕ ေဘာင္ေတာ္ ဆိပ္ကမ္း တြင္ ျမန္မာႏိုင္ငံမွ ၀င္ေရာက္လာသည့္ တရားမ၀င္ ကၽြန္းသစ္မ်ား အပါအ၀င္ သစ္မာ မ်ိဳးစံုမွာ ေတာင္ပံု ယာပံု ျဖစ္ေနျပီး တင္ပို႕မႈမ်ားလြန္းျခင္းေၾကာင့္ ဆိပ္ကမ္းတြင္ ထားစရာ ေနရာ မရွိျဖစ္ေနေၾကာင္း မ်က္ျမင္မ်ားက ေျပာသည္။

၎သစ္မ်ားမွာ ျမန္မာႏိုင္ငံ အနယ္နယ္ အရပ္ရပ္မွ ျဖစ္ၾကျပီး ကုန္တင္ ေမာ္ေတာ္ဘုတ္ၾကီးမ်ားျဖင့္ ယခုလတ္တေလာ ၀င္ေရာက္လာေသာ သစ္မ်ား ျဖစ္ေၾကာင္း ဆိပ္ကမ္းတြင္ ရွိေနသူ တစ္ဦးက ျမန္မာႏိုင္ငံသား တစ္ဦးက ေျပာသည္။

“ သစ္ေတြေတာ့ ဆိပ္ကမ္းမွာ ျပည့္ေနပါျပီ။ အခု မတင္ရဘဲ ဆိပ္ကပ္ထားတဲ့ ကပ္ထားရတဲ့ ေမာ္ေတာ္ဘုတ္က ၁၂ စီးေလာက္ရွိပါတယ္။ ဒီသစ္ေတြက ျမန္မာႏိုင္ငံ ေရြးေကာက္ပြဲ အျပီး အစိုးရသစ္ မေပၚခင္မွာ တန္ခ်ိန္ ေထာင္နဲ႕ ခ်ီျပီး ၀င္ေရာက္လာတာပါ။ အစုိးရ အေျပာင္းအလဲဆိုေတာ့ သြားရ လာရတာ လြယ္ကူတဲ့ အတြက္ အခုလို ၀င္ေရာက္လာတာ ျဖစ္ပါတယ္” ဟု ဆိပ္ကမ္းတြင္ ဘဂၤလီ စကား ဘာသာျပန္ လုပ္ေနသူ ျမန္မာ တစ္ဦးက ေျပာသည္။

(ဘဂၤလာေဒ့ရွ္ႏိုင္ငံ တက္ကနက္ျမိဳ႕ ေဘာင္ေတာ္ဆိပ္ကမ္းတြင္ စုပံုထားေသာ ျမန္မာမွ သစ္မ်ား/ ဓာတ္ပံု- နိရဥၥရာ)
ယခု၀င္လာေသာ ကၽြန္းသစ္မ်ားမွာ ပဲခူးရိုးမ၊ ဧရာ၀တီ အပါအ၀င္ ဗမာျပည္မဘက္ကမ်ားျပီး ရခိုင္ရိုးမကို ကားၾကီးမ်ား ေက်ာ္ျဖတ္လာျပီး ရခိုင္ျပည္နယ္ ပင္လယ္ကမ္းရိုးတန္းျမိဳ႕မ်ားမွ တစ္ဆင့္ ေမာ္ေတာ္ဘုတ္ၾကီးမ်ားျဖင့္ ပင္လယ္ျပင္ကို ျဖတ္ကာ ဘဂၤလာေဒ့ရွ္သို႕ တင္ပို႕ေနၾကျခင္း ျဖစ္သည္။

“ ကၽြန္းသစ္ေတြကေတာ့ အကုန္လံုးနီးပါး ဗမာျပည္ဘက္က လာတာ ျဖစ္ပါတယ္။ ရခိုင္မွာ ကၽြန္းသစ္ေတြ က အရင္ကတည္းကုန္သြားျပီ၊ မရွိေတာ့ဘူး။ ရခိုင္ဘက္က တင္ပို႕တာ ကုန္သြားတဲ့ အတြက္ အခု ဗမာျပည္ဘက္က ကၽြန္းသစ္ေတြ ဘဂၤလာေဒ့ရွ္က ၀င္လာတာ ျဖစ္ပါတယ္။ ေရလမ္းတစ္ေလွ်ာက္ေတာ့ အကုန္ ေပးကမ္းျပီး လာၾကတာပါဘဲ” ဟု ေဒသအတြင္း သစ္လုပ္ငန္း ကၽြမ္းက်င္သူ တစ္ဦးက ေျပာသည္။

ဗမာျပည္ဘက္က အဖိုးတန္ကၽြန္းသစ္မ်ား ဘဂၤလာေဒ့ရွ္သုိ႕ တရားမ၀င္ ၀င္ေရာက္ေနသလို ရခိုင္ျပည္နယ္ဘက္ ကလည္း သစ္မာမ်ားမွာ ဆက္လက္ တရားမ၀င္ ၀င္ေရာက္ေနဆဲ ျဖစ္ေၾကာင္း ဆိုသည္။

“ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမိဳ႕နယ္ စုိင္းတင္ေခ်ာင္းက ထုတ္တဲ့ သစ္မာေတြ မ်ားပါတယ္။ အဲဒီသစ္ေတြကို နီးစပ္ရာ အာဏာပိုင္ေတြကို ပိုက္ဆံေပးျပီး ေမာင္ေတာျမိဳ႕နယ္ ကတစ္ဆင့္ နတ္ျမစ္ကို ျဖတ္ေက်ာ္ျပီး ပို႕တာေတြ ရွိသလို စိုင္းတင္ေခ်ာင္းက ေမာ္ေတာ္ဘုတ္ေတြနဲ႕ တင္ျပီး ေမယု ျမစ္အတုိင္း သယ္လာျပီး အဲဒီေနာက္ နတ္ျမစ္၀အတိုင္း ၀င္လာျပီး တင္ပို႕တာက ပိုမ်ားပါတယ္” ဟု ဆိုသည္။

ယခုကဲ့သို႕ ျမန္မာမွ သစ္မ်ား ဘဂၤလာေဒ့ရွ္သို႕ တရားမ၀င္ အၾကီးအက်ယ္ ၀င္ေရာက္ေနသျဖင့္ ဘဂၤလာကုန္သည္မ်ားက ေစ်းႏွိမ္ ၀ယ္ယူမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

ကၽြန္းသစ္ေရာင္းေစ်းမွာ တစ္ကုဗေပကို ဘဂၤလာ တာကာေငြ ၅၀၀၀ ရျပီး တစ္တန္ကို တာကာ ႏွစ္သိန္း ငါးေသာင္း ရေၾကာင္း၊ ျမန္မာက်ပ္ေငြႏွင့္ ဆိုလ်င္ ကၽြန္းသစ္ တစ္တန္ကုိ သိန္း သံုးဆယ္ေက်ာ္ရေၾကာင္း၊ သုိ႕ေသာ္လည္း ျပႆနာမွာ ျမန္ မာႏိုင္ငံမွ ယူလာေသာ ကၽြန္းသစ္ (၁၀) တန္လွ်င္ ဘဂၤလာေဒ့ရွ္တြင္ (၆) တန္ခန္႕သာရေၾကာင္း၊ ဘဂၤလာေဒ့ရွ္တြင္ သစ္မ်ားကို ခ်ိန္တြယ္ရာတြင္ သူတို႕ ႏိုင္ငံ၏ အတိုင္းအတာျဖင့္ တိုင္းတာ ခ်ိန္တြယ္ျပီး မေတာ္တရား လုပ္သျဖင့္ အျမဲတန္း ျမန္မာက ယူလာေသာ ကၽြန္း ၁၀ တန္မွာ ၆ တန္ခန္႕သာ ရေၾကာင္း၊ ထိုသို႕ ေစ်းႏွိမ္ ၀ယ္ယူေသာ္လည္း တစ္ျခား စီးပြားေရး လုပ္ငန္းမ်ား မရွိသျဖင့္ ၀င္ေရာက္ လုပ္ကိုင္ေနရျခင္း ျဖစ္ေၾကာင္း အမည္မေဖာ္လိုသူ ျမန္မာကုန္သည္ တစ္ဦးက ေျပာသည္။

ဘဂၤလာေဒ့ရွ္တြင္ စီးပြားေရး လုပ္ကိုင္ေနသူ ရခိိုင္ေဒသခံ တစ္ဦးက ယခု ျမန္မာက ၀င္လာေသာ သစ္မ်ားအထဲတြင္ ကၽြန္း၊ ပ်ဥ္းကတိုး၊ ကညင္ႏွင့္ စကား၀ါ သစ္မ်ား ပါ၀င္ျပီး ဘဂၤလာေဒ့ရွ္သို႕ တရားမ၀င္ တင္ပို႕ေသာ သစ္မွာ ဗမာျပည္မဘက္က ၇၅ ရာခိုင္ႏႈန္းႏွင့္ ရခိုင္ျပည္နယ္ဘက္မွ ၂၅ ရာခိုင္ႏႈန္း ပါ၀င္ေၾကာင္း ေျပာၾကားသည္။

Arakan State
https://www.facebook.com/NarinjaraNews/
.............

(ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ ဘောင်တော်ဆိပ်ကမ်းတွင် စုပုံထားသော မြန်မာမှ သစ်များ/ ဓာတ်ပုံ- နိရဥ္စရာ)
နိရဥ္စရာ၊ မတ်လ ၁၀

ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ ဘောင်တော် ဆိပ်ကမ်း တွင် မြန်မာနိုင်ငံမှ ၀င်ရောက်လာသည့် တရားမဝင် ကျွန်းသစ်များ အပါအဝင် သစ်မာ မျိုးစုံမှာ တောင်ပုံ ယာပုံ ဖြစ်နေပြီး တင်ပို့မှုများလွန်းခြင်းကြောင့် ဆိပ်ကမ်းတွင် ထားစရာ နေရာ မရှိဖြစ်နေကြောင်း မျက်မြင်များက ပြောသည်။

၎င်းသစ်များမှာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဖြစ်ကြပြီး ကုန်တင် မော်တော်ဘုတ်ကြီးများဖြင့် ယခုလတ်တလော ၀င်ရောက်လာသော သစ်များ ဖြစ်ကြောင်း ဆိပ်ကမ်းတွင် ရှိနေသူ တစ်ဦးက မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

“ သစ်တွေတော့ ဆိပ်ကမ်းမှာ ပြည့်နေပါပြီ။ အခု မတင်ရဘဲ ဆိပ်ကပ်ထားတဲ့ ကပ်ထားရတဲ့ မော်တော်ဘုတ်က ၁၂ စီးလောက်ရှိပါတယ်။ ဒီသစ်တွေက မြန်မာနိုင်ငံ ရွေးကောက်ပွဲ အပြီး အစိုးရသစ် မပေါ်ခင်မှာ တန်ချိန် ထောင်နဲ့ ချီပြီး ၀င်ရောက်လာတာပါ။ အစိုးရ အပြောင်းအလဲဆိုတော့ သွားရ လာရတာ လွယ်ကူတဲ့ အတွက် အခုလို ၀င်ရောက်လာတာ ဖြစ်ပါတယ်” ဟု ဆိပ်ကမ်းတွင် ဘင်္ဂလီ စကား ဘာသာပြန် လုပ်နေသူ မြန်မာ တစ်ဦးက ပြောသည်။

(ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ ဘောင်တော်ဆိပ်ကမ်းတွင် စုပုံထားသော မြန်မာမှ သစ်များ/ ဓာတ်ပုံ- နိရဥ္စရာ)
ယခုဝင်လာသော ကျွန်းသစ်များမှာ ပဲခူးရိုးမ၊ ဧရာဝတီ အပါအဝင် ဗမာပြည်မဘက်ကများပြီး ရခိုင်ရိုးမကို ကားကြီးများ ကျော်ဖြတ်လာပြီး ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းမြို့များမှ တစ်ဆင့် မော်တော်ဘုတ်ကြီးများဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့နေကြခြင်း ဖြစ်သည်။

“ ကျွန်းသစ်တွေကတော့ အကုန်လုံးနီးပါး ဗမာပြည်ဘက်က လာတာ ဖြစ်ပါတယ်။ ရခိုင်မှာ ကျွန်းသစ်တွေ က အရင်ကတည်းကုန်သွားပြီ၊ မရှိတော့ဘူး။ ရခိုင်ဘက်က တင်ပို့တာ ကုန်သွားတဲ့ အတွက် အခု ဗမာပြည်ဘက်က ကျွန်းသစ်တွေ ဘင်္ဂလာဒေ့ရှ်က ၀င်လာတာ ဖြစ်ပါတယ်။ ရေလမ်းတစ်လျှောက်တော့ အကုန် ပေးကမ်းပြီး လာကြတာပါဘဲ” ဟု ဒေသအတွင်း သစ်လုပ်ငန်း ကျွမ်းကျင်သူ တစ်ဦးက ပြောသည်။

ဗမာပြည်ဘက်က အဖိုးတန်ကျွန်းသစ်များ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် ၀င်ရောက်နေသလို ရခိုင်ပြည်နယ်ဘက် ကလည်း သစ်မာများမှာ ဆက်လက် တရားမဝင် ၀င်ရောက်နေဆဲ ဖြစ်ကြောင်း ဆိုသည်။

“ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းက ထုတ်တဲ့ သစ်မာတွေ များပါတယ်။ အဲဒီသစ်တွေကို နီးစပ်ရာ အာဏာပိုင်တွေကို ပိုက်ဆံပေးပြီး မောင်တောမြို့နယ် ကတစ်ဆင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး ပို့တာတွေ ရှိသလို စိုင်းတင်ချောင်းက မော်တော်ဘုတ်တွေနဲ့ တင်ပြီး မေယု မြစ်အတိုင်း သယ်လာပြီး အဲဒီနောက် နတ်မြစ်ဝအတိုင်း ၀င်လာပြီး တင်ပို့တာက ပိုများပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ မြန်မာမှ သစ်များ ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် အကြီးအကျယ် ၀င်ရောက်နေသဖြင့် ဘင်္ဂလာကုန်သည်များက စျေးနှိမ် ၀ယ်ယူမှုများလည်း ရှိနေကြောင်း သိရသည်။

ကျွန်းသစ်ရောင်းစျေးမှာ တစ်ကုဗပေကို ဘင်္ဂလာ တာကာငွေ ၅၀၀၀ ရပြီး တစ်တန်ကို တာကာ နှစ်သိန်း ငါးသောင်း ရကြောင်း၊ မြန်မာကျပ်ငွေနှင့် ဆိုလျင် ကျွန်းသစ် တစ်တန်ကို သိန်း သုံးဆယ်ကျော်ရကြောင်း၊ သို့သော်လည်း ပြဿနာမှာ မြန် မာနိုင်ငံမှ ယူလာသော ကျွန်းသစ် (၁၀) တန်လျှင် ဘင်္ဂလာဒေ့ရှ်တွင် (၆) တန်ခန့်သာရကြောင်း၊ ဘင်္ဂလာဒေ့ရှ်တွင် သစ်များကို ချိန်တွယ်ရာတွင် သူတို့ နိုင်ငံ၏ အတိုင်းအတာဖြင့် တိုင်းတာ ချိန်တွယ်ပြီး မတော်တရား လုပ်သဖြင့် အမြဲတန်း မြန်မာက ယူလာသော ကျွန်း ၁၀ တန်မှာ ၆ တန်ခန့်သာ ရကြောင်း၊ ထိုသို့ စျေးနှိမ် ၀ယ်ယူသော်လည်း တစ်ခြား စီးပွားရေး လုပ်ငန်းများ မရှိသဖြင့် ၀င်ရောက် လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ မြန်မာကုန်သည် တစ်ဦးက ပြောသည်။

ဘင်္ဂလာဒေ့ရှ်တွင် စီးပွားရေး လုပ်ကိုင်နေသူ ရခိိုင်ဒေသခံ တစ်ဦးက ယခု မြန်မာက ၀င်လာသော သစ်များအထဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ကညင်နှင့် စကားဝါ သစ်များ ပါ၀င်ပြီး ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် တင်ပို့သော သစ်မှာ ဗမာပြည်မဘက်က ရ၅ ရာခိုင်နှုန်းနှင့် ရခိုင်ပြည်နယ်ဘက်မှ ၂၅ ရာခိုင်နှုန်း ပါ၀င်ကြောင်း ပြောကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews/

No comments:

Post a Comment