Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

ႀကံခိုင္ေရးပါတီ ဘာလုပ္ေနသလဲ


 ေအာက္ေျခကစလို႔ ျပန္လည္ဖြဲ႕စည္းဖို႔ျပင္
ျပည္ေထာင္စုႀကံ့ခိုင္ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမွူး ဦးပိုက္ေထြးက ေရြးေကာက္ပြဲ အၿပီးမွာ ပါတီကို ျပန္လည္ဖြဲ႕စည္းဖို႔ ျပင္ဆင္မွုေတြ လုပ္ေနတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

၂၀၁၀ ေရြးေကာက္ပြဲမွာ အနိုင္ရ ၿပီး အစိုးရဖြဲ ကို ဦးေဆာင္ခဲတဲ့ ျပည္ေထာင္စု ႀကံ့ခိုင္ဖြံ့ၿဖိဳးေရး ပါတီ ဟာ ၂၀၁၅ ေရြးေကာက္ပြဲ မွာေတာ့ ျပည္ေထာင္စု အဆင့္မွာ လႊတ္ေတာ္ ႏွစ္ရပ္ေပါင္း ေနရာ ၆၀၀ ေက်ာ္မွာ ၄၀ ေက်ာ္ ပဲ အနိုင္ရခဲ့ပါတယ္။

လာမယ့္ မတ္လ ၃ဝရက္ ေန႔မွာ ေတာ့ ေရြးေကာက္ပြဲ မွာ အမ်ားစု အနိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီကို အာဏာလႊဲေျပာင္း ေပးရေတာ့မွာ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲမွာ အရွုံးႀကီး ရွုံးခဲ့ရတာနဲ႔ ပတ္သက္ၿပီး အေၾကာင္းရင္းေတြကို ျပန္ဆန္းစစ္ သုံးသပ္လို႔ အားနည္းခ်က္ေတြကို ျပင္ဆင္ဖို႔ လုပ္ေနတယ္လို႔လည္းဆိုပါတယ္။

 ညီလာခံကို ဇူလိုင္လေလာက္မွာ က်င္းပဖို႔ ရွိတယ္လို႔ ဦးပိုက္ေထြးေျပာ
ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ရင္းႏွီးတဲ့ အဖြဲ႕အစည္းေတြက ပါတီကို ျပန္လည္ဖြဲ႕စည္းဖို႔ အႀကံျပဳၾကတဲ့အတြက္ ေအာက္ေၿခ ရပ္ကြက္ ေက်းရြာအဆင့္ ကစလို႔ ထိပ္အထိ ျပင္ဆင္ ဖြဲ႕စည္း သြားမယ္လို႔ ဦးပိုက္ေထြးက ေျပာပါတယ္။

အဲဒီလို ျပင္ဆင္ဖြဲ႕စည္းမွုကို ဇူလိုင္လေလာက္မွာ က်င္းပမယ့္ ပါတီ ညီလာခံကစလို႔ အေကာင္အထည္ ေဖာ္သြားမွာ ျဖစ္ၿပီး လက္ရွိ ေခါင္းေဆာင္ေတြလည္း မိမိ ဆႏၵအေလၽွာက္ ျပန္အေရြးခံ နိုင္ၾကမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ပါတီရဲ့ ဒုတိယဥကၠဌ အျဖစ္ တာဝန္ယူခဲ့သူ သူရဦးေရႊမန္းလည္း ပါတီဝင္အျဖစ္ ဆက္ရွိေနေသးၿပီး ေနာင္တစ္ခ်ိန္မွာ ပါတီတြင္း ဆက္ေနမေန ကေတာ့ သူ႔ဆႏၵအတိုင္းသာ ျဖစ္လိမ့္လို႔ ႀကံ့ခိုင္ဖြံ့ၿဖိဳးေရးပါတီ ဗဟို အတြင္းေရးမွူး ဦးပိုက္ေထြးက ေျပာခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
..............

 အောက်ခြေကစလို့ ပြန်လည်ဖွဲ့စည်းဖို့ပြင်
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ရွေးကောက်ပွဲ အပြီးမှာ ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပြီး အစိုးရဖွဲ ကို ဦးဆောင်ခဲတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲ မှာတော့ ပြည်ထောင်စု အဆင့်မှာ လွှတ်တော် နှစ်ရပ်ပေါင်း နေရာ ၆၀၀ ကျော်မှာ ၄၀ ကျော် ပဲ အနိုင်ရခဲ့ပါတယ်။

လာမယ့် မတ်လ ၃ဝရက် နေ့မှာ တော့ ရွေးကောက်ပွဲ မှာ အများစု အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အာဏာလွှဲပြောင်း ပေးရတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အရှုံးကြီး ရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အကြောင်းရင်းတွေကို ပြန်ဆန်းစစ် သုံးသပ်လို့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ လုပ်နေတယ်လို့လည်းဆိုပါတယ်။

 ညီလာခံကို ဇူလိုင်လလောက်မှာ ကျင်းပဖို့ ရှိတယ်လို့ ဦးပိုက်ထွေးပြော
ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရင်းနှီးတဲ့ အဖွဲ့အစည်းတွေက ပါတီကို ပြန်လည်ဖွဲ့စည်းဖို့ အကြံပြုကြတဲ့အတွက် အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့် ကစလို့ ထိပ်အထိ ပြင်ဆင် ဖွဲ့စည်း သွားမယ်လို့ ဦးပိုက်ထွေးက ပြောပါတယ်။

အဲဒီလို ပြင်ဆင်ဖွဲ့စည်းမှုကို ဇူလိုင်လလောက်မှာ ကျင်းပမယ့် ပါတီ ညီလာခံကစလို့ အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး လက်ရှိ ခေါင်းဆောင်တွေလည်း မိမိ ဆန္ဒအလျှောက် ပြန်အရွေးခံ နိုင်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါတီရဲ့ ဒုတိယဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရဦးရွှေမန်းလည်း ပါတီဝင်အဖြစ် ဆက်ရှိနေသေးပြီး နောင်တစ်ချိန်မှာ ပါတီတွင်း ဆက်နေမနေ ကတော့ သူ့ဆန္ဒအတိုင်းသာ ဖြစ်လိမ့်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးပိုက်ထွေးက ပြောခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment