Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

အေကာက္ခြန္ဦးစီးဌာန ညြန္ခ်ဳပ္အဆင့္အပါအဝင္ ဝန္ထမ္း ၂၀ေက်ာ္ ရာထူးမွရပ္ကာ စစ္ေဆးခံေနရ

၃..၃..၁၆
ဘ႑ာေရးဝန္ႀကီးဌာန လက္ေအာက္ရိွ အေကာက္ခြန္ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္အဆင့္ အပါအ၀င္ ဝန္အထမ္း အခ်ဳိ႕အား
ရာထူးမွ ရပ္ဆိုင္းၿပီး ၀န္ထမ္း (၂၀) ေက်ာ္ကို စစ္ေၾကာေရး၌ ေခၚယူစစ္ေဆးလွ်က္ေနေၾကာင္း သတင္းရရိွသည္။

ယင္းသို႔ သတင္းထြက္ေပၚေနမႈႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္ သမၼတ႐ံုး ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဌးကုိ မဇၩိမက ဆက္သြယ္ေမးျမန္းရာ ၎က ျငင္းဆုိျခင္းမရွိေသာ္လည္း လုပ္ငန္းမၿပီးျပတ္ေသးသည့္အတြက္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေျပာ၍
မရေသးေၾကာင္း ေျပာသည္။

"စစ္ေဆးေနတဲ့ဟာေတာ့ ကြ်န္ေတာ္တို႔က ေျပာလို႔မရဘူး။ သူတို႔ ဘ႑ာေရးကို ေမးတာေကာင္းတယ္။ ဘာလုပ္တယ္ ဘာလုပ္တယ္ဆိုတာေတာ့ မၿပီးျပတ္ေသးေတာ့ ထုတ္လို႔မရဘူး။ အေသးစိပ္
သိခ်င္ရင္ေတာ့ ဘ႑ာေရးကို ေမးတာေကာင္းတယ္"ဟု ဦးေဇာ္ေဌးက ေျပာသည္။

ထိုသို႔ ရာထူးမွ ရပ္ဆိုင္းျခင္း၊ ေခၚယူစစ္ေဆးျခင္းတို႔ႏွင့္ ပတ္သက္၍ သတင္းရေသာ္လည္း မည္သည့္ အေၾကာင္း ကိစၥေၾကာင့္ ယခုကဲ့သို႔
လုပ္ေဆာင္ျခင္း ျဖစ္ၿပီး မည္သူမ်ားပါဝင္သည္ကို တရားဝင္ အမိန္႔
မထုတ္ျပန္သည့္အတြက္ မသိရေၾကာင္း အေကာက္ခြန္ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေက်ာ္ဝင္းက ေျပာသည္။

"သတင္းေတာ့ရတယ္။ ဒါေပမယ့္ ေကာလလာဟလလား ဘာလား
ေတာ့မသိဘူး။ ဝန္ထမ္းေတြဘာေတြ ဘယ္သူဘာေတြပါတယ္ဆိုတာ အတိအက်က အမိန္႔မထြက္ေတာ့ ကြ်န္ေတာ္ေတာ့ မသိဘူး။ ခုဟာက အတည္ျဖစ္သလားဘာလား အမိန္႔မထြက္ေတာ့ ေျပာလို႔မရဘူး။ အမိန္႔ထြက္ရင္ေတာ့ တိတိက်က် ေျပာလို႔ရတာေပါ့"ဟု ဦးေက်ာ္ဝင္းက ေျပာသည္။

Mizzima - News in Burmese
.................
အကောက်ခွန်ဦးစီးဌာန ညွန်ချုပ်အဆင့်အပါအဝင် ဝန်ထမ်း ၂၀ကျော် ရာထူးမှရပ်ကာ စစ်ဆေးခံနေရ


၃..၃..၁၆

ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဆင့် အပါအဝင် ဝန်အထမ်း အချို့အား
ရာထူးမှ ရပ်ဆိုင်းပြီး ၀န်ထမ်း (၂၀) ကျော်ကို စစ်ကြောရေး၌ ခေါ်ယူစစ်ဆေးလျှက်နေကြောင်း သတင်းရရှိသည်။

ယင်းသို့ သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ၎င်းက ငြင်းဆိုခြင်းမရှိသော်လည်း လုပ်ငန်းမပြီးပြတ်သေးသည့်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြော၍ မရသေးကြောင်း ပြောသည်။

"စစ်ဆေးနေတဲ့ဟာတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ သူတို့ ဘဏ္ဍာရေးကို မေးတာကောင်းတယ်။ ဘာလုပ်တယ် ဘာလုပ်
တယ်ဆိုတာတော့ မပြီးပြတ်သေးတော့ ထုတ်လို့မရဘူး။ အသေးစိပ်
သိချင်ရင်တော့ ဘဏ္ဍာရေးကို မေးတာကောင်းတယ်"ဟု ဦးဇော်ဌေးက ပြောသည်။

ထိုသို့ ရာထူးမှ ရပ်ဆိုင်းခြင်း၊ ခေါ်ယူစစ်ဆေးခြင်းတို့နှင့် ပတ်သက်၍ သတင်းရသော်လည်း မည်သည့် အကြောင်း ကိစ္စကြောင့် ယခုကဲ့သို့
လုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သူများပါဝင်သည်ကို တရားဝင် အမိန့်
မထုတ်ပြန်သည့်အတွက် မသိရကြောင်း အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

"သတင်းတော့ရတယ်။ ဒါပေမယ့် ကောလလာဟလလား ဘာလား
တော့မသိဘူး။ ဝန်ထမ်းတွေဘာတွေ ဘယ်သူဘာတွေပါတယ်ဆိုတာ အတိအကျက အမိန့်မထွက်တော့ ကျွန်တော်တော့ မသိဘူး။ ခုဟာက အတည်ဖြစ်သလားဘာလား အမိန့်မထွက်တော့ ပြောလို့မရဘူး။ အမိန့်ထွက်ရင်တော့ တိတိကျကျ ပြောလို့ရတာပေါ့"ဟု ဦးကျော်ဝင်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment