Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 10, 2016

ရန္ကုန္ဝန္ႀကီးခ်ဳပ္ အျဖစ္ ဦးၿဖိဳးမင္းသိန္း တစ္ေျပးေန (ရန်ကုန်ဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း တစ်ပြေးနေ )

 ဦးၿဖိဳးမင္းသိန္းဟာ ၈၈ လူထု အေရးေတာ္ ပုံ ကာလ တုန္းက လူ႔ေဘာင္သစ္ နဲ႔ ဗကသ အဖြဲ႕ ဝင္ အေန နဲ႔ လွုပ္ရွား ခဲ့ ဖူးသူ ျဖစ္ၿပီး နိုင္ငံေရး လွုပ္ရွား မွု ေတြ ေၾကာင့္ ေထာင္ ႏွစ္ရွည္ အခ် ခံ ခဲ့တဲ့ နိုင္ငံေရး အက်ဥ္းသား ေဟာင္း တစ္ဦး ျဖစ္ပါတယ္။
အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ က ဖြဲ႕စည္း လာမယ့္ တိုင္း နဲ႔ ျပည္နယ္ အစိုးရ အဖြဲ႕ ေတြ ထဲက အေရးႀကီးတဲ့ ရန္ကုန္တိုင္း အစိုးရရဲ့ ဝန္ႀကီးခ်ဳပ္ ေနရာ အတြက္ ဦးၿဖိဳးမင္းသိန္း တစ္ေယာက္ တစ္ေျပး ေနတယ္ ဆိုၿပီး ရန္ကုန္ နိုင္ငံေရး အသိုင္း အဝိုင္း ထဲမွာ က်ယ္က်ယ္ ေလာင္ေလာင္ အသံေတြ ထြက္ေပၚ ေနပါတယ္။

ဦးၿဖိဳးမင္းသိန္းရဲ့ နိုင္ငံေရး အယူအဆ နဲ႔ သေဘာထား အျမင္ ေတြ ဟာ တခါတရံမွာ ေဝဖန္ စရာ ေတြ ျဖစ္ခဲ့ ေပမယ့္ နိုင္ငံေရး အရ ထက္ျမက္သူ၊ ပါးနပ္သူ တစ္ဦး ျဖစ္တယ္ လို႔ နိုင္ငံေရး လုပ္ေဖာ္ကိုင္ဖက္ ျဖစ္ဖူးတဲ့ လက္ရွိ လူ႔ေဘာင္သစ္ ဒီမိုကရက္တစ္ ပါတီ က ဦးတိုးတိုးထြန္း က ဘီဘီစီ ကို ေျပာပါတယ္။

ဦးၿဖိဳးမင္းသိန္း အေရြးေကာက္ခံ ခဲ့ရတဲ့ လွည္းကူး ၿမိဳ႕နယ္ ထဲ ျဖစ္ေပၚ ခဲ့တဲ့ သမီးကေလး ေက်းရြာ အဖ်က္ ခံခဲ့ရတဲ့ ကိစၥ မ်ိဳးေတြ၊ ေက်ာင္းသား ေတြ ရဲ့ ဒီမိုကေရစီ ပညာေရး သပိတ္ ေတြ နဲ႔ ပတ္သက္ၿပီး ဦးၿဖိဳးမင္းသိန္း ရဲ့ အေျပာအဆို ေတြ ဟာ နိုင္ငံေရး အသိုင္းအဝိုင္း အၾကား ေဝဖန္ စရာ မ်ိဳး ေတြ ျဖစ္ေစခဲ့တယ္ လို႔ ဦးတိုးတိုးထြန္း က ဥပမာ ေပးၿပီး ေျပာပါတယ္။

ဒါေပမယ့္၊ တကယ္လို႔သာ ဦးၿဖိဳးမင္းသိန္းကို NLD ပါတီကေန ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ေနရာ အတြက္ တကယ္တမ္း လ်ာထား လာမယ္ ဆိုရင္ NLD ပါတီ က ခ်မွတ္ တဲ့ မူဝါဒ ေအာက္မွာ အမ်ား ျပည္သူ ဘက္က ရပ္တည္ ေပးမယ္ လို႔ ေမၽွာ္လင့္ ရတယ္ ဆိုၿပီး ေတာ့လည္း ဦးတိုးတိုးထြန္း က သုံးသပ္ပါတယ္။

ဦးၿဖိဳးမင္းသိန္းဟာ ၈၈ လူထု အေရးေတာ္ ပုံ ကာလ တုန္းက လူ႔ေဘာင္သစ္ နဲ႔ ဗကသ အဖြဲ႕ ဝင္ အေန နဲ႔ လွုပ္ရွား ခဲ့ ဖူးသူ ျဖစ္ၿပီး နိုင္ငံေရး လွုပ္ရွား မွု ေတြ ေၾကာင့္ ေထာင္ ႏွစ္ရွည္ အခ် ခံ ခဲ့တဲ့ နိုင္ငံေရး အက်ဥ္းသား ေဟာင္း တစ္ဦး ျဖစ္ပါတယ္။

၂၀၁၀ ေရြးေကာက္ပြဲ ကို ဝင္ေရာက္ဖို႔ ျပည္ေထာင္စု ဒီမိုကေရစီ ပါတီ ကို ဦးေဆာင္ ဖြဲ႕ ခဲ့ေပမယ့္ ေနာက္ပိုင္း အဲဒီ့ အခ်ိန္ က ေရြးေကာက္ပြဲ ေကာ္မရွင္ ရဲ့ အျပဳအမူ ေတြ အေပၚ ေဝဖန္ၿပီး၊ ပါတီ ဥကၠဌ အျဖစ္ကေန ႏွုတ္ထြက္ ခဲ့သလို ေရြးေကာက္ပြဲ ကို လည္း သပိတ္ ေမွာက္ ခဲ့ ပါတယ္။

၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပြဲ မွာေတာ့ NLD ပါတီရဲ့ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စား လွယ္ အျဖစ္ လွည္းကူး ကေန အေရြးေကာက္ ခံ ခဲ့ရသလို၊ ၂၀၁၅ နိုဝင္ဘာ ေရြးေကာက္ပြဲ မွာလည္း ရန္ကုန္တိုင္း လႊတ္ေတာ္ အမတ္ အေနနဲ႔ ထပ္မံ ေရြးေကာက္ ခံ ခဲ့ ရပါတယ္။

မၾကာခင္ သမၼတ နဲ႔ ဒုတိယ သမၼတ ေတြ ကို ျပည္ေထာင္စု လႊတ္ေတာ္ မွာ ေရြးခ်ယ္ ဆုံးျဖတ္ လာ အၿပီး မွာေတာ့ ျပည္နယ္ နဲ႔ တိုင္း ေဒသႀကီး ဝန္ႀကီး ခ်ဳပ္ ေတြ ကို သမၼတ က ေရြးခ်ယ္ ခန္႔အပ္ သြားမွာ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲ အနိုင္ရ NLD ပါတီက ျပည္နယ္ နဲ႔ တိုင္း ေဒသႀကီး အစိုးရ အဖြဲ႕ေတြ ကို ဦးေဆာင္ ဖြဲ႕စည္း မွာ ျဖစ္တယ္လို႔ ေျပာထားပါတယ္။

BBC Burmese
http://www.bbc.com/burmese
....................
  ဦးဖြိုးမင်းသိန်းဟာ ၈၈ လူထု အရေးတော် ပုံ ကာလ တုန်းက လူ့ဘောင်သစ် နဲ့ ဗကသ အဖွဲ့ ဝင် အနေ နဲ့ လှုပ်ရှား ခဲ့ ဖူးသူ ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှား မှု တွေ ကြောင့် ထောင် နှစ်ရှည် အချ ခံ ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က ဖွဲ့စည်း လာမယ့် တိုင်း နဲ့ ပြည်နယ် အစိုးရ အဖွဲ့ တွေ ထဲက အရေးကြီးတဲ့ ရန်ကုန်တိုင်း အစိုးရရဲ့ ဝန်ကြီးချုပ် နေရာ အတွက် ဦးဖြိုးမင်းသိန်း တစ်ယောက် တစ်ပြေး နေတယ် ဆိုပြီး ရန်ကုန် နိုင်ငံရေး အသိုင်း အဝိုင်း ထဲမှာ ကျယ်ကျယ် လောင်လောင် အသံတွေ ထွက်ပေါ် နေပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ နိုင်ငံရေး အယူအဆ နဲ့ သဘောထား အမြင် တွေ ဟာ တခါတရံမှာ ဝေဖန် စရာ တွေ ဖြစ်ခဲ့ ပေမယ့် နိုင်ငံရေး အရ ထက်မြက်သူ၊ ပါးနပ်သူ တစ်ဦး ဖြစ်တယ် လို့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဖြစ်ဖူးတဲ့ လက်ရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ က ဦးတိုးတိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

ဦးဖြိုးမင်းသိန်း အရွေးကောက်ခံ ခဲ့ရတဲ့ လှည်းကူး မြို့နယ် ထဲ ဖြစ်ပေါ် ခဲ့တဲ့ သမီးကလေး ကျေးရွာ အဖျက် ခံခဲ့ရတဲ့ ကိစ္စ မျိုးတွေ၊ ကျောင်းသား တွေ ရဲ့ ဒီမိုကရေစီ ပညာရေး သပိတ် တွေ နဲ့ ပတ်သက်ပြီး ဦးဖြိုးမင်းသိန်း ရဲ့ အပြောအဆို တွေ ဟာ နိုင်ငံရေး အသိုင်းအဝိုင်း အကြား ဝေဖန် စရာ မျိုး တွေ ဖြစ်စေခဲ့တယ် လို့ ဦးတိုးတိုးထွန်း က ဥပမာ ပေးပြီး ပြောပါတယ်။

ဒါပေမယ့်၊ တကယ်လို့သာ ဦးဖြိုးမင်းသိန်းကို NLD ပါတီကနေ ရန်ကုန်တိုင်း ဝန်ကြီးချုပ် နေရာ အတွက် တကယ်တမ်း လျာထား လာမယ် ဆိုရင် NLD ပါတီ က ချမှတ် တဲ့ မူဝါဒ အောက်မှာ အများ ပြည်သူ ဘက်က ရပ်တည် ပေးမယ် လို့ မျှော်လင့် ရတယ် ဆိုပြီး တော့လည်း ဦးတိုးတိုးထွန်း က သုံးသပ်ပါတယ်။

ဦးဖြိုးမင်းသိန်းဟာ ၈၈ လူထု အရေးတော် ပုံ ကာလ တုန်းက လူ့ဘောင်သစ် နဲ့ ဗကသ အဖွဲ့ ဝင် အနေ နဲ့ လှုပ်ရှား ခဲ့ ဖူးသူ ဖြစ်ပြီး နိုင်ငံရေး လှုပ်ရှား မှု တွေ ကြောင့် ထောင် နှစ်ရှည် အချ ခံ ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ကို ဝင်ရောက်ဖို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ကို ဦးဆောင် ဖွဲ့ ခဲ့ပေမယ့် နောက်ပိုင်း အဲဒီ့ အချိန် က ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အပြုအမူ တွေ အပေါ် ဝေဖန်ပြီး၊ ပါတီ ဥက္ကဌ အဖြစ်ကနေ နှုတ်ထွက် ခဲ့သလို ရွေးကောက်ပွဲ ကို လည်း သပိတ် မှောက် ခဲ့ ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ မှာတော့ NLD ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် အဖြစ် လှည်းကူး ကနေ အရွေးကောက် ခံ ခဲ့ရသလို၊ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ မှာလည်း ရန်ကုန်တိုင်း လွှတ်တော် အမတ် အနေနဲ့ ထပ်မံ ရွေးကောက် ခံ ခဲ့ ရပါတယ်။

မကြာခင် သမ္မတ နဲ့ ဒုတိယ သမ္မတ တွေ ကို ပြည်ထောင်စု လွှတ်တော် မှာ ရွေးချယ် ဆုံးဖြတ် လာ အပြီး မှာတော့ ပြည်နယ် နဲ့ တိုင်း ဒေသကြီး ဝန်ကြီး ချုပ် တွေ ကို သမ္မတ က ရွေးချယ် ခန့်အပ် သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ပြည်နယ် နဲ့ တိုင်း ဒေသကြီး အစိုးရ အဖွဲ့တွေ ကို ဦးဆောင် ဖွဲ့စည်း မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment