Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 10, 2016

သမၼတ ေရြးခ်ယ္ေရး လႊတ္ေတာ္လုပ္ငန္းစဥ္ စတင္မည္


သမၼတ ေရြးခ်ယ္ဖို႔အတြက္ ဒု သမၼတေလာင္းစာရင္းေတြကို အႏိုင္ရ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္က မနက္ျဖန္ တင္သြင္းရေတာ့မွာမို႔ ေနျပည္ေတာ္ လႊတ္ေတာ္ အေျခအေနေတြကို သတင္းမီဒီယာေတြေရာ ႏိုင္ငံေရးေလ့လာသူေတြပါ အနီးကပ္ ေစာင့္ၾကည့္ေနၾကပါတယ္။ သမၼတေလာင္း ဘယ္သူျဖစ္မလဲ ခန္႔မွန္းခ်က္အမ်ိဳးမ်ိဳးနဲ႔အတူ၊ NLD လႊတ္ေတာ္အမတ္ေတြေနထိုင္ရာ ေနျပည္ေတာ္က စည္ပင္ရိပ္သာမွာ အခု ညအခ်ိန္ေတြအထိ သတင္းေထာက္ေတြ ေစာင့္ၾကည့္သတင္းယူေနၾကပါတယ္။ ေနျပည္ေတာ္မွာ ေရာက္ေနတဲ့ ဗီြအိုေအ ရန္ကုန္ရံုး တာ၀န္ခံ ေဒၚခင္စိုး၀င္းကို ကိုသားညြန္႔ဦးက ဆက္သြယ္ေမးျမန္းထားပါတယ္။

“သားညႊန္႔ဦး။ ။ အခု မနက္ျဖန္ဆိုရင္ပဲ ျပည္သူ႔လႊတ္ေတာ္၊အမ်ိဳးသားလႊတ္ေတာ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကေနၿပီးေတာ့ ဒုတိယ သမၼတ စာရင္းေတြ သြင္းရဖို႔ရွိပါတယ္ခင္ဗ်ာ။ အခု ဒီ ဥစၥာ အန္တီ ေဒၚခင္စိုး၀င္းကလည္း ေနျပည္ေတာ္မွာ သတင္းယူဖို႔ေရာက္ေနၿပီဆိုေတာ့ ေနာက္ဆံုးေတြ႔ရ၊ ျမင္ရတဲ့ အေျခအေနေလးေျပာပါဦး ခင္ဗ်ာ။

ေဒၚခင္စိုး၀င္း။ ။ ဟုတ္ကဲ့ပါ က်မတို႔လည္း ေရာက္ေရာက္ခ်င္းဆိုေတာ့ေပါ့ေနာ္ ဒီမွာဘာေတြမ်ားထူးလဲဆိုၿပီးေတာ့ နားစြင့္ေနတာပါ။ ဒါေပမယ့္ တိတိက်က် အတည္ျပဳခ်က္ေတာ့ မရပါဘူး။ ဒါေပမယ့္ က်မတို႔ ကံေကာင္းခ်င္ေတာ့ က်မတို႔ စည္ပင္ရိပ္သာကို သြားၾကတယ္။ သြားတဲ့အခါမွာ NLD ကေနၿပီးေတာ့ သတင္းထြက္ေနတယ္ေပါ့ေနာ္။ သမၼတေလာင္း ဒုတိယ သမၼတေလာင္း သတင္းထြက္ေနတယ္ဆိုတဲ့ ေဒါက္တာမ်ိဳးေအာင္ရဲ႕ အခန္းကိုေရာက္ခဲ့ပါတယ္။ ေရာက္တဲ့ အခါမွာ က်မတို႔ ၀ိုင္းၿပီးေတာ့ ေမးၾကပါတယ္။ ေမးေတာ့ မနက္ျဖန္ ဒုသမၼတေလာင္းစာရင္းမွာပါသလားလို႔ေမးေတာ့ သူျငင္းလဲမျငင္းပါဘူး၊ အတည္လဲမျပဳႏို္င္ပါဘူးလို႔ သူက ၿပံဳးၿပံဳးေလးနဲ႔ေျပာပါတယ္။ ဓါတ္ပံုေတြဘာေတြအရိုက္ခံပါတယ္။ ဒါေပမယ့္ က်မတို႔ေမးတာ တခုမွ မေျဖပါဘူး။ သူမေျဖႏိုင္လို႔ပါလို႔ ေျပာပါတယ္။ အဲလို အလားတူပဲ က်မတို႔ ဦး၀င္းထိန္အခန္းသြားတဲ့အခါမွာလည္း ဦး၀င္းထိန္က ခပ္ၿပံဳးၿပံဳးပဲ ေမးသမွ်ကို အရင္တုန္းကလို ေအာ္တာမရွိေတာ့ဘူးေပါ့ေနာ္၊ က်ေနာ္ဒီအင္တာဗ်ဴးမေျဖေတာ့ပါဘူးခင္ဗ်ာဆိုၿပီးေတာ့ ရိုရိုေသေသ ေလးေလးစားစားျပန္ေျပာတာ ေတြ႔ခဲ့ရပါတယ္။ အဲေတာ့ NLD အဖြဲ႕၀င္ေတြ ဒီညေနမွာကေတာ့ အကုန္လံုးက အစည္းအေ၀းေတြလုပ္ေနၾကတယ္လို႔လဲၾကားတယ္။ ၿပီးေတာ့ ဒီ လူႀကီးပိုင္းေတြ ဒီ ေဒါက္တာ ေဇာ္ျမင့္ေမာင္တို႔ ေနာက္ၿပီးေတာ့ ဦး၀င္းထိန္တို႔ အေရးႀကီးတဲ့ လူေတြ အစီးအေ၀းေတြလုပ္တာကို ၾကားခဲ့ရတယ္။ သူတို႔သြားတာေတြ ေတြ႔ခဲ့ရတယ္။ ဒါေပမယ့္လို႔ ဘယ္သူ႔ဆီကမွ ဘာသံမွေတာ့ မၾကားဘူးရွင့္။

သားညႊန္႔ဦး။ ။အခုက်ေနာ္တို႔ နဲနဲၾကားေနတာကလည္း ဒီညေလာက္ဆိုရင္ လႊတ္ေတာ္အမတ္ေတြအားလံုးကို ဘယ္သူကို သူတို႔ သမၼတအျဖစ္ စာရင္းတင္သြင္းမယ္ဆိုၿပီးေတာ့ NLD က အသိေပးမယ္ ဆိုတဲ့ သတင္းေတြလည္း ထြက္ေနတယ္ခင္ဗ်ာ။ အဲေတာ့ ေဒါက္တာမ်ိဳးေအာင္၊ ဦးထင္ေက်ာ္ဆိုၿပီး နာမည္က အမ်ိဳးမ်ိဳးထြက္ေနေတာ့ ဘယ္သူေတြက ၁ ေပးခံေနရလဲ။

ေဒၚခင္စိုး၀င္း။ ။ ဟုတ္ကဲ့ပါ။ ဦးထင္ေက်ာ္ကေတာ့ လူေျပာမ်ားေနတာေပါ့ေနာ္။ ဆရာႀကီး မင္းသု၀ဏ္ ရဲ႕သားတေယာက္အေနနဲ႔ လူေတြလည္း ေလးစားခံေနရတဲ့ ပုဂၢိဳလ္တေယာက္အေနနဲ႔ ေလးစားတည္ၿငိမ္တယ္ဆိုၿပီးေတာ့ အားလံုးကသူ႔ကို အမ်ားဆံုးခန္႔မွန္းျခင္းခံရတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေဒါက္တာမ်ိဳးေအာင္အေနနဲ႔က်ေတာ့လည္း သူကေတာ့ စစ္ေရးအျမင္ရွိတယ္ဆိုတဲ့ဟာ ပါတယ္ဆိုေတာ့ သူလည္းအလားအလာရွိတဲ့ ပုဂၢိဳလ္တေယာက္ေပါ့ေနာ္။ ဒါေပမယ့္ သူကို အရန္ထားသလားဆိုတာမ်ိဳး စဥ္းစားစရာျဖစ္လာတာေပါ့။ ဒါေပမယ့္ NLDကေနၿပီးေတာ့ တင္မယ့္ ဒီ ဒုသမၼတေလာင္းစာရင္းကလည္း ဒီထက္မက မ်ားႏို္င္တယ္ဆိုၿပီးေျပာတဲ့လူေတြလည္းရွိတယ္။ အဲလိုပဲ အမ်ိဳးသားလႊတ္ေတာ္မွာ တိုင္းရင္းသားဘက္က တင္မယ့္ေနရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ တိုင္းရင္းသားလႊတ္ေတာ္အမတ္ေတြပဲ ျဖစ္မလား။တိုင္းရင္းသားပါတီေတြပဲ ျဖစ္မလားေပါ့ေနာ္။ အခုၾကားတာက ရွမ္းအမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က အတြင္းေရးမွဴးေပါ့ေနာ္။ ဦးစိုင္းညႊန္႔လြင္ ဆိုရင္လည္း ေနျပည္ေတာ္ကို ေရာက္ေနၿပီ၊ ေရာက္တာမွ သူတို႔ရဲ႕ CEC ေတြအကုန္လံုးေခၚလာတယ္ဆိုၿပီး သတင္းထြက္ေတာ့ တကယ္လို႔မ်ား ဦးစိုင္းညႊန္႔လြင္ကိုမ်ား ဒုသမၼတေလာင္းစာရင္းတင္မလား ဆိုၿပီးေတာ့လည္း အကုန္လံုးက သတင္းေတြထြက္ေနတယ္ေလ။ က်မလည္း ႀကိဳးစားၿပီးဆက္သြယ္ေပမယ့္ ဆက္သြယ္လို႔ မရဘူးရွင့္

သားညႊန္႔ဦး။ ။အခုသမၼတ ေရြးခ်ယ္ေရးအဆင့္ဆင့္ေပါ့။ ဘယ္ရက္ေလာက္မွာ ျပတ္မွာလည္း မနက္ျဖန္က ထည့္သြင္းတာပဲရွိပါတယ္။ ေဒၚခင္စိုး၀င္း သိသေလာက္ ဒီသမၼတေရြးခ်ယ္ေရးလုပ္ငန္းစဥ္က ဘယ္ေလာက္ထိ သြားမွာလဲ။

ေဒၚခင္စိုး၀င္း။ ။ဟုတ္ကဲ့ က်မဒီမွ ေမးၾကည့္သေလာက္ကေတာ့ စီစစ္ေရးအဖြဲ႔ ဖြဲ႔ၿပီးေတာ့ သမၼတအရည္အခ်င္းနဲ႔ ျပည့္စံုမႈရွိမရွိကို ၁၁ ရက္ေန႔ေလာက္မွာ စၿပီးေတာ့ မတ္လ ၁၄ ရက္ေန႔မွာေတာ့ ခန္႔မွန္းထားတာကေတာ့ ၁၄ ရက္ေန႔မွာၿပီးမယ္လို႔ ထင္ပါတယ္ ဒီဘက္မွာလည္းေလ။ ဒါေပမယ့္ အကုန္လံုး လုပ္ၿပီးတာေတာင္မွ သမၼတအရည္အခ်င္းစစ္တဲ့အခါမွာ အရည္အခ်င္းမျပည့္မီွဘူးဆိုရင္ တခါ ထပ္ၿပီးေတာ့ တင္ရဦးမွာေပါ့ေနာ္။ အဲေတာ့ နည္းနည္းေလးေတာ့ အခ်ိန္ကၾကာမယ္ဆိုေတာ့ က်မထင္ပါတယ္ ၁၇ ရက္ ၁၈ ရက္ထက္ေတာ့ အရင္တုန္းက ခန္႔မွန္းထက္ေတာ့ မေစာႏိုင္ဘူးရွင့္။ သမၼတ စာရင္း ကေလ။

သားညႊန္႔ဦး။ ။ မနက္ျဖန္ဆိုရင္ေတာ့ သမၼတ စာရင္းေတြစေတြ႔ရၿပီဆိုေတာ့ အဲဒီအတြက္ကို သတင္းမီဒီယာေတြ သတင္းယူဖို႔ေရာ လြတ္ေတာ္ဘက္က ျပင္ဆင္မႈေရာ အေျခအေနဘယ္လို သူတို႔လုပ္ထားတာေတြ႔ရပါသလဲ။

ေဒၚခင္စိုး၀င္း။ ။အခုေလာေလာဆယ္ ေနျပည္ေတာ္မွေရာက္ေနတဲ့ ဒီျပည္တြင္းျပည္ပ သတင္းေထာက္ေတြအကုန္လံုး ၆၀၀ ေက်ာ္ ရွိပါတယ္။ အဲဒီ ၆၀၀ ေက်ာ္ register လုပ္ထားၿပီးၿပီ။ ၆၀၀ ေက်ာ္ အျပင္ကို အကဲခတ္ေလ့လာမယ့္သူေတြကလည္း ၁၀၀၀ ေက်ာ္ရွိမယ္လို႔ေျပာပါတယ္။ က်မတို႔မနက္ျဖန္မနက္ဆိုရင္ ေတာ္ေတာ္ႀကီးကို က်မတို႔ ၁၀ နာရီမွာစမယ္ဆိုေပမယ့္ ၂ နာရီေလာက္ ႀကိဳသြားမွသာ က်မတို႔ လံုၿခံဳေရးစီစစ္တာေတြ အခ်ိန္ေတြရွိမွာပါ။ က်မတို႔သြားမယ့္အဖြဲ႔ေတြကေတာ့ ဒီေန႔ လႊတ္ေတာ္ရံုးကို လွမ္းဆက္ၿပီးေတာ့ က်မတို႔ စာရင္းေတြပါရဲ႕လား။ က်မတို႔ ၀င္ခြင့္ထဲမွာ ပါရဲ႕လားလို႔ စစ္ၿပီးပါၿပီ။ စစ္တဲ့အခါမွာ က်မတို႔ တင္ထားတဲ့ စာရင္းအတိုင္းပဲ ၀င္ခြင့္ရမယ္လို႔ေျပာပါတယ္။ ဒါေပမယ့္လည္း လူ ၆၀၀ ဆိုေတာ့ ေတာ္ေတာ္ေလးကို က်ပ္က်ပ္သပ္သပ္သြားရမွာပါ။ ၿပီးေတာ့ သိတဲ့အတိုင္းပဲ ဒီလႊတ္ေတာ္မွာ သတင္းယူတဲ့ေနရာမွာ Monitor screen မွာျပတဲ့ဟာကို အျပင္မွာပဲ ယူရမွာဆိုေတာ့ ေတာ္ေတာ္ေလးကို တိုးတိုးႀကိတ္ႀကိတ္လုပ္ရမွာပါ ကိုသားညႊန္႔ဦးေရ။”

ေဒၚခင္စိုးဝင္း, ကိုသားညႊန္႔ဦး / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............


သမ္မတ ရွေးချယ်ဖို့အတွက် ဒု သမ္မတလောင်းစာရင်းတွေကို အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် တင်သွင်းရတော့မှာမို့ နေပြည်တော် လွှတ်တော် အခြေအနေတွေကို သတင်းမီဒီယာတွေရော နိုင်ငံရေးလေ့လာသူတွေပါ အနီးကပ် စောင့်ကြည့်နေကြပါတယ်။ သမ္မတလောင်း ဘယ်သူဖြစ်မလဲ ခန့်မှန်းချက်အမျိုးမျိုးနဲ့အတူ၊ NLD လွှတ်တော်အမတ်တွေနေထိုင်ရာ နေပြည်တော်က စည်ပင်ရိပ်သာမှာ အခု ညအချိန်တွေအထိ သတင်းထောက်တွေ စောင့်ကြည့်သတင်းယူနေကြပါတယ်။ နေပြည်တော်မှာ ရောက်နေတဲ့ ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“သားညွှန့်ဦး။ ။ အခု မနက်ဖြန်ဆိုရင်ပဲ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ဒုတိယ သမ္မတ စာရင်းတွေ သွင်းရဖို့ရှိပါတယ်ခင်ဗျာ။ အခု ဒီ ဥစ္စာ အန်တီ ဒေါ်ခင်စိုးဝင်းကလည်း နေပြည်တော်မှာ သတင်းယူဖို့ရောက်နေပြီဆိုတော့ နောက်ဆုံးတွေ့ရ၊ မြင်ရတဲ့ အခြေအနေလေးပြောပါဦး ခင်ဗျာ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ ကျမတို့လည်း ရောက်ရောက်ချင်းဆိုတော့ပေါ့နော် ဒီမှာဘာတွေများထူးလဲဆိုပြီးတော့ နားစွင့်နေတာပါ။ ဒါပေမယ့် တိတိကျကျ အတည်ပြုချက်တော့ မရပါဘူး။ ဒါပေမယ့် ကျမတို့ ကံကောင်းချင်တော့ ကျမတို့ စည်ပင်ရိပ်သာကို သွားကြတယ်။ သွားတဲ့အခါမှာ NLD ကနေပြီးတော့ သတင်းထွက်နေတယ်ပေါ့နော်။ သမ္မတလောင်း ဒုတိယ သမ္မတလောင်း သတင်းထွက်နေတယ်ဆိုတဲ့ ဒေါက်တာမျိုးအောင်ရဲ့ အခန်းကိုရောက်ခဲ့ပါတယ်။ ရောက်တဲ့ အခါမှာ ကျမတို့ ၀ိုင်းပြီးတော့ မေးကြပါတယ်။ မေးတော့ မနက်ဖြန် ဒုသမ္မတလောင်းစာရင်းမှာပါသလားလို့မေးတော့ သူငြင်းလဲမငြင်းပါဘူး၊ အတည်လဲမပြုနို်င်ပါဘူးလို့ သူက ပြုံးပြံုးလေးနဲ့ပြောပါတယ်။ ဓါတ်ပုံတွေဘာတွေအရိုက်ခံပါတယ်။ ဒါပေမယ့် ကျမတို့မေးတာ တခုမှ မဖြေပါဘူး။ သူမဖြေနိုင်လို့ပါလို့ ပြောပါတယ်။ အဲလို အလားတူပဲ ကျမတို့ ဦးဝင်းထိန်အခန်းသွားတဲ့အခါမှာလည်း ဦးဝင်းထိန်က ခပ်ပြံုးပြံုးပဲ မေးသမျှကို အရင်တုန်းကလို အော်တာမရှိတော့ဘူးပေါ့နော်၊ ကျနော်ဒီအင်တာဗျူးမဖြေတော့ပါဘူးခင်ဗျာဆိုပြီးတော့ ရိုရိုသေသေ လေးလေးစားစားပြန်ပြောတာ တွေ့ခဲ့ရပါတယ်။ အဲတော့ NLD အဖွဲ့ဝင်တွေ ဒီညနေမှာကတော့ အကုန်လုံးက အစည်းအဝေးတွေလုပ်နေကြတယ်လို့လဲကြားတယ်။ ပြီးတော့ ဒီ လူကြီးပိုင်းတွေ ဒီ ဒေါက်တာ ဇော်မြင့်မောင်တို့ နောက်ပြီးတော့ ဦးဝင်းထိန်တို့ အရေးကြီးတဲ့ လူတွေ အစီးအဝေးတွေလုပ်တာကို ကြားခဲ့ရတယ်။ သူတို့သွားတာတွေ တွေ့ခဲ့ရတယ်။ ဒါပေမယ့်လို့ ဘယ်သူ့ဆီကမှ ဘာသံမှတော့ မကြားဘူးရှင့်။

သားညွှန့်ဦး။ ။အခုကျနော်တို့ နဲနဲကြားနေတာကလည်း ဒီညလောက်ဆိုရင် လွှတ်တော်အမတ်တွေအားလုံးကို ဘယ်သူကို သူတို့ သမ္မတအဖြစ် စာရင်းတင်သွင်းမယ်ဆိုပြီးတော့ NLD က အသိပေးမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်ခင်ဗျာ။ အဲတော့ ဒေါက်တာမျိုးအောင်၊ ဦးထင်ကျော်ဆိုပြီး နာမည်က အမျိုးမျိုးထွက်နေတော့ ဘယ်သူတွေက ၁ ပေးခံနေရလဲ။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ ဦးထင်ကျော်ကတော့ လူပြောများနေတာပေါ့နော်။ ဆရာကြီး မင်းသုဝဏ် ရဲ့သားတယောက်အနေနဲ့ လူတွေလည်း လေးစားခံနေရတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ လေးစားတည်ငြိမ်တယ်ဆိုပြီးတော့ အားလုံးကသူ့ကို အများဆုံးခန့်မှန်းခြင်းခံရတာပေါ့နော်။ နောက်ပြီးတော့ ဒေါက်တာမျိုးအောင်အနေနဲ့ကျတော့လည်း သူကတော့ စစ်ရေးအမြင်ရှိတယ်ဆိုတဲ့ဟာ ပါတယ်ဆိုတော့ သူလည်းအလားအလာရှိတဲ့ ပုဂ္ဂိုလ်တယောက်ပေါ့နော်။ ဒါပေမယ့် သူကို အရန်ထားသလားဆိုတာမျိုး စဉ်းစားစရာဖြစ်လာတာပေါ့။ ဒါပေမယ့် NLDကနေပြီးတော့ တင်မယ့် ဒီ ဒုသမ္မတလောင်းစာရင်းကလည်း ဒီထက်မက များနို်င်တယ်ဆိုပြီးပြောတဲ့လူတွေလည်းရှိတယ်။ အဲလိုပဲ အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသားဘက်က တင်မယ့်နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားလွှတ်တော်အမတ်တွေပဲ ဖြစ်မလား။တိုင်းရင်းသားပါတီတွေပဲ ဖြစ်မလားပေါ့နော်။ အခုကြားတာက ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတွင်းရေးမှူးပေါ့နော်။ ဦးစိုင်းညွှန့်လွင် ဆိုရင်လည်း နေပြည်တော်ကို ရောက်နေပြီ၊ ရောက်တာမှ သူတို့ရဲ့ CEC တွေအကုန်လုံးခေါ်လာတယ်ဆိုပြီး သတင်းထွက်တော့ တကယ်လို့များ ဦးစိုင်းညွှန့်လွင်ကိုများ ဒုသမ္မတလောင်းစာရင်းတင်မလား ဆိုပြီးတော့လည်း အကုန်လုံးက သတင်းတွေထွက်နေတယ်လေ။ ကျမလည်း ကြိုးစားပြီးဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရဘူးရှင့်

သားညွှန့်ဦး။ ။အခုသမ္မတ ရွေးချယ်ရေးအဆင့်ဆင့်ပေါ့။ ဘယ်ရက်လောက်မှာ ပြတ်မှာလည်း မနက်ဖြန်က ထည့်သွင်းတာပဲရှိပါတယ်။ ဒေါ်ခင်စိုးဝင်း သိသလောက် ဒီသမ္မတရွေးချယ်ရေးလုပ်ငန်းစဉ်က ဘယ်လောက်ထိ သွားမှာလဲ။

ဒေါ်ခင်စိုးဝင်း။ ။ဟုတ်ကဲ့ ကျမဒီမှ မေးကြည့်သလောက်ကတော့ စီစစ်ရေးအဖွဲ့ ဖွဲ့ပြီးတော့ သမ္မတအရည်အချင်းနဲ့ ပြည့်စုံမှုရှိမရှိကို ၁၁ ရက်နေ့လောက်မှာ စပြီးတော့ မတ်လ ၁၄ ရက်နေ့မှာတော့ ခန့်မှန်းထားတာကတော့ ၁၄ ရက်နေ့မှာပြီးမယ်လို့ ထင်ပါတယ် ဒီဘက်မှာလည်းလေ။ ဒါပေမယ့် အကုန်လုံး လုပ်ပြီးတာတောင်မှ သမ္မတအရည်အချင်းစစ်တဲ့အခါမှာ အရည်အချင်းမပြည့်မှီဘူးဆိုရင် တခါ ထပ်ပြီးတော့ တင်ရဦးမှာပေါ့နော်။ အဲတော့ နည်းနည်းလေးတော့ အချိန်ကကြာမယ်ဆိုတော့ ကျမထင်ပါတယ် ၁၇ ရက် ၁၈ ရက်ထက်တော့ အရင်တုန်းက ခန့်မှန်းထက်တော့ မစောနိုင်ဘူးရှင့်။ သမ္မတ စာရင်း ကလေ။

သားညွှန့်ဦး။ ။ မနက်ဖြန်ဆိုရင်တော့ သမ္မတ စာရင်းတွေစတွေ့ရပြီဆိုတော့ အဲဒီအတွက်ကို သတင်းမီဒီယာတွေ သတင်းယူဖို့ရော လွတ်တော်ဘက်က ပြင်ဆင်မှုရော အခြေအနေဘယ်လို သူတို့လုပ်ထားတာတွေ့ရပါသလဲ။

ဒေါ်ခင်စိုးဝင်း။ ။အခုလောလောဆယ် နေပြည်တော်မှရောက်နေတဲ့ ဒီပြည်တွင်းပြည်ပ သတင်းထောက်တွေအကုန်လုံး ၆၀၀ ကျော် ရှိပါတယ်။ အဲဒီ ၆၀၀ ကျော် register လုပ်ထားပြီးပြီ။ ၆၀၀ ကျော် အပြင်ကို အကဲခတ်လေ့လာမယ့်သူတွေကလည်း ၁၀၀၀ ကျော်ရှိမယ်လို့ပြောပါတယ်။ ကျမတို့မနက်ဖြန်မနက်ဆိုရင် တော်တော်ကြီးကို ကျမတို့ ၁၀ နာရီမှာစမယ်ဆိုပေမယ့် ၂ နာရီလောက် ကြိုသွားမှသာ ကျမတို့ လုံခြံုရေးစီစစ်တာတွေ အချိန်တွေရှိမှာပါ။ ကျမတို့သွားမယ့်အဖွဲ့တွေကတော့ ဒီနေ့ လွှတ်တော်ရုံးကို လှမ်းဆက်ပြီးတော့ ကျမတို့ စာရင်းတွေပါရဲ့လား။ ကျမတို့ ၀င်ခွင့်ထဲမှာ ပါရဲ့လားလို့ စစ်ပြီးပါပြီ။ စစ်တဲ့အခါမှာ ကျမတို့ တင်ထားတဲ့ စာရင်းအတိုင်းပဲ ၀င်ခွင့်ရမယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း လူ ၆၀၀ ဆိုတော့ တော်တော်လေးကို ကျပ်ကျပ်သပ်သပ်သွားရမှာပါ။ ပြီးတော့ သိတဲ့အတိုင်းပဲ ဒီလွှတ်တော်မှာ သတင်းယူတဲ့နေရာမှာ Monitor screen မှာပြတဲ့ဟာကို အပြင်မှာပဲ ယူရမှာဆိုတော့ တော်တော်လေးကို တိုးတိုးကြိတ်ကြိတ်လုပ်ရမှာပါ ကိုသားညွှန့်ဦးရေ။”

ဒေါ်ခင်စိုးဝင်း, ကိုသားညွှန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment