Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 10, 2016

ဦးထင္ေက်ာ္မွာ အမ်ိဳးသားစာဆို၏ သား ၊ ပညာခုံမင္သူ အသိုက္အ၀န္းမွ ဆင္းသက္လာသူ ျဖစ္(ဦးထင်ကျော်မှာ အမျိုးသားစာဆို၏ သား ၊ ပညာခုံမင်သူ အသိုက်အဝန်းမှ ဆင်းသက်လာသူ ဖြစ်)


NLD က တင္သြင္းသည့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳ ဒုတိယသမၼတေလာင္း ဦးထင္ေက်ာ္ ကို ႏိုင္ငံတကာ သတင္းမီဒီယာအခ်ိဳ႕က ေဒၚေအာင္ဆန္းစုၾကည္၏ ဒ႐ိုင္ဘာေဟာင္း (Former Driver) ဟု စင္ကာပူ CNA ႏွင့္ Today သတင္းဌာနတုိ႔မွ လဲြမွားစြာေရးသားခဲ့သည့္အျပင္ ဒီမိုကေရစီေရး စဥ္ဆက္မျပတ္ လႈပ္ရွားမႈ အဖဲြ႕( MDCF ) ေခါင္းေဆာင္ ကိုထင္ေက်ာ္ ဓာတ္ပုံ ႏွင့္လည္း CNN သတင္းဌာနက မွားယြင္း ေဖာ္ျပခဲ့ၾကသည္။

မ်ိဳး႐ိုးေကာင္းၿပီး ပညာခုံမင္သူ အသိုက္အ၀န္းမွ ဆင္းသက္လာသူ ဦးထင္ေက်ာ္သည္ ၁၉၆၂- ၁၉၆၃ ၌ ရန္ကုန္တကၠသုိလ္တြင္ စီးပြားေရးပညာကုိ စတင္ဆည္းပူးခဲ့ၿပီး ၁၉၆၆-၆၇ တြင္ B.Eco ဘြဲ႕ ရရွိခဲ့သည္။ ၁၉၆၈ တြင္ M.Eco (part 2 ) တက္ေရာက္စဥ္အတြင္း တကၠသုိလ္နည္းျပအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ျပည္ပတြင္ ပညာသင္ယူမႈမ်ားအျဖစ္ ၁၉၇၁-၇၂ တြင္ Institute of Computer Science, University of London ၌ လည္းေကာင္း၊ ၁၉၇၄ ခုႏွစ္တြင္ Asia Electronic Union, Tokyo ၌ လည္းေကာင္း၊ ၁၉၈၇ ခုႏွစ္တြင္ Arthur DeLittle, Management Education Institute, Cambridge, Massachusetts ၌ လည္းေကာင္း ပညာ ဆည္းပူး သင္ယူခဲ့သည္ ဟု မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

၁၉၇၄-၇၅ ၌ M.Sc Computer Science (RASU) ရရွိခဲ့ေၾကာင္း ၊ ၁၉၇၅ ခုႏွစ္၌ အႀကီးစားစက္မႈလုပ္ငန္းတြင္ ဌာနခြဲမွဴးအျဖစ္ လည္းေကာင္း၊ ၁၉၈၀ မွ ၁၉၉၂ ထိ ႏုိင္ငံျခား စီးပြားဆက္သြယ္ေရး ဦးစီးဌာန (FERD) တြင္ လည္းေကာင္း တာ၀န္ထမ္းေဆာင္ခဲ့ၿပီး ၁၉၉၂ ခုႏွစ္တြင္ ဒုတိယ ညႊန္ၾကားေရးမွဴး ရာထူးမွ ႏုတ္ထြက္ခဲ့ေၾကာင္း သိရသည္။

ဒုသမၼတေလာင္း ဦးထင္ေက်ာ္အေနျဖင့္ ယေန႔အခ်ိန္ထိ Daw Khin Kyi Foundation တြင္ အလုပ္အမႈေဆာင္အဖဲြ႕၀င္ ( Executive Committee Member ) အျဖစ္ တာ၀န္ယူေဆာင္ရြက္လ်က္ ရွိသည္။

အမ်ိဳးသားစာဆို ဆရာႀကီးမင္းသု၀ဏ္၏ သားျဖစ္သူ၊ ေဒၚေအာင္ဆန္းစုၾကည္ အက်ယ္ခ်ဳပ္က်ေနစဥ္ ကာလကပင္ အနီးကပ္ ကူညီေပးခဲ့သူ ဦးထင္ေက်ာ္မွာ အေနေအးေဆးၿပီး စိတ္ထားေကာင္းမြန္သူ တစ္ဦးျဖစ္သည္ ဟု နီးစပ္သူ
အသုိင္းအ၀ိုင္းက ဆိုသည္။

ေမာင္ႏိုး
The Ladies News
https://www.facebook.com/News.TheLadies
............


NLD က တင်သွင်းသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ဒုတိယသမ္မတလောင်း ဦးထင်ကျော် ကို နိုင်ငံတကာ သတင်းမီဒီယာအချို့က ဒေါ်အောင်ဆန်းစုကြည်၏ ဒရိုင်ဘာဟောင်း (Former Driver) ဟု စင်ကာပူ CNA နှင့် Today သတင်းဌာနတို့မှ လွဲမှားစွာရေးသားခဲ့သည့်အပြင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့( MDCF ) ခေါင်းဆောင် ကိုထင်ကျော် ဓာတ်ပုံ နှင့်လည်း CNN သတင်းဌာနက မှားယွင်း ဖော်ပြခဲ့ကြသည်။

မျိုးရိုးကောင်းပြီး ပညာခုံမင်သူ အသိုက်အဝန်းမှ ဆင်းသက်လာသူ ဦးထင်ကျော်သည် ၁၉၆၂- ၁၉၆၃ ၌ ရန်ကုန်တက္ကသိုလ်တွင် စီးပွားရေးပညာကို စတင်ဆည်းပူးခဲ့ပြီး ၁၉၆၆-၆၇ တွင် B.Eco ဘွဲ့ ရရှိခဲ့သည်။ ၁၉၆၈ တွင် M.Eco (part 2 ) တက်ရောက်စဉ်အတွင်း တက္ကသိုလ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ပြည်ပတွင် ပညာသင်ယူမှုများအဖြစ် ၁၉၇၁-၇၂ တွင် Institute of Computer Science, University of London ၌ လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် Asia Electronic Union, Tokyo ၌ လည်းကောင်း၊ ၁၉၈၇ ခုနှစ်တွင် Arthur DeLittle, Management Education Institute, Cambridge, Massachusetts ၌ လည်းကောင်း ပညာ ဆည်းပူး သင်ယူခဲ့သည် ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

၁၉၇၄-၇၅ ၌ M.Sc Computer Science (RASU) ရရှိခဲ့ကြောင်း ၊ ၁၉၇၅ ခုနှစ်၌ အကြီးစားစက်မှုလုပ်ငန်းတွင် ဌာနခွဲမှူးအဖြစ် လည်းကောင်း၊ ၁၉၈၀ မှ ၁၉၉၂ ထိ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD) တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဒုတိယ ညွှန်ကြားရေးမှူး ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဒုသမ္မတလောင်း ဦးထင်ကျော်အနေဖြင့် ယနေ့အချိန်ထိ Daw Khin Kyi Foundation တွင် အလုပ်အမှုဆောင်အဖွဲ့ဝင် ( Executive Committee Member ) အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။

အမျိုးသားစာဆို ဆရာကြီးမင်းသုဝဏ်၏ သားဖြစ်သူ၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေစဉ် ကာလကပင် အနီးကပ် ကူညီပေးခဲ့သူ ဦးထင်ကျော်မှာ အနေအေးဆေးပြီး စိတ်ထားကောင်းမွန်သူ တစ်ဦးဖြစ်သည် ဟု နီးစပ်သူ
အသိုင်းအဝိုင်းက ဆိုသည်။

မောင်နိုး
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment