Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ခံဝန္လက္မွတ္ထိုးၿပီး အာမခံယူဖို႔ မနီလာသိန္းက ျငင္းဆို

၈၈ မ်ဳိးဆက္အဖြဲ႔က မနီလာသိန္း ကို မတ္လ ၇ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ တရားရုံးမွာ ရံုးထုတ္စဥ္။ Photo: Aung Thain Kha/RFA
လက္ပံတန္း ေက်ာင္းသားသပိတ္ကို ေထာက္ခံဆႏၵျပခ့ဲတဲ့အတြက္ တရားမ၀င္ စီတန္းလွည့္လည္မႈ ပုဒ္မ ၁၈ နဲ႔ တရားစဲြဆိုခံထားရတဲ့ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္းက မနီလာသိန္း ကို ခံဝန္လက္မွတ္ေရး ထိုးၿပီး အာမခံယူဖို႔ ၿမိဳ႕နယ္တရားသူႀကီးက တုိက္တြန္းေပမယ့္ မနီလာသိန္းက မယူဘဲ ျငင္းဆိုလိုက္ပါတယ္။

သူ႔အမႈအတြက္ ေရွ႕ေနမငွားသလို အာမခံလည္း မယူဘူးလို႔ မရမ္းကုန္းၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္စဥ္ မနီလာသိန္းက ေျပာပါတယ္။

"ဒီေန႔ က်မကို ပုဒ္မ ၁၈ န႔ဲ ပတ္သက္ၿပီးေတာ့ တရားရံုးအေနနဲ႔ အာမခံယူဖို႔ ခံဝန္ထိုးဖို႔ကို ထပ္မံေျပာဆို တယ္ေပါ့ေနာ္၊ က်မအေနနဲ႔က ဒီအေပၚမွာ အာမခံယူျခင္း၊ ခံဝန္ထိုးျခင္းကို လံုးဝျပဳလုပ္မွာ မဟုတ္ဘူး၊ ထပ္မံေျပာခဲ့တယ္၊ အာဏာပို္င္အဖြဲ႕အစည္းက လာထြက္သမွ်ကို တရားရံုးကလက္ခံၿပီးေတာ့ က်မ တို႔ ႏိုင္ငံသားအခြင့္အေရးအရ က်မကို ဒီလိုလုပ္ေဆာင္ေနတာဟာ မမွန္ကန္ပါဘူး၊ မမွ်တပါဘူး၊ မွားယြင္းေနပါတယ္ဆိုတာ က်မႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ေျပာခြင့္ရွိပါတယ္ဆိုတဲ့စကားကိုလည္း တင္ျပေျပာဆိုခဲ့ပါတယ္"

ပုဒ္မ ၁၈ ဟာ အမ်ားဆံုးေထာင္ဒဏ္ ၆ လ ခ်မွတ္ခံရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဗမာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္းသား သမဂၢက ကိုလင္းထက္ႏိုင္ (ေခၚ) ဂ်ိမ္းနဲ႔ မၿဖိဳးၿဖိဳးေအာင္ တို႔ကိုလည္း ပုဒ္မ ၁၈ နဲ႔ ရံုးထုတ္ခ့ဲၿပီး ေမးျမန္းရာမွာ မေျဖဘဲ ျငင္းဆန္ခဲ့တယ္လို႕ ေျပာပါတယ္။

မနီလာသိန္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလက ရန္ကုန္ၿမိဳ႕ သမိုင္းလမ္းဆံုမွာ လက္ပံတန္းေက်ာင္းသားသပိတ္ ကို ေထာက္ခံဆႏၵျပခဲ့တဲ့အတြက္ ထိန္းသိမ္းခံထားရတာျဖစ္ပါတယ္။

ဒီေန႔ တရား႐ုံးခ်ိန္းကို အႏုပညာရွင္ေတြ ၊ ႏုိင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ၊ ဥေရာပသမဂၢ EU အဖဲြ႕နဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႕ေတြက လူပုဂၢိဳလ္တစ္ခ်ိဳ႕ တရားရံုးမွာ ေလ့လာခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese
................
 ၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်း ကို မတ်လ ရ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်။ Photo: Aung Thain Kha/RFA
လက်ပံတန်း ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့တဲ့အတွက် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း ကို ခံဝန်လက်မှတ်ရေး ထိုးပြီး အာမခံယူဖို့ မြို့နယ်တရားသူကြီးက တိုက်တွန်းပေမယ့် မနီလာသိန်းက မယူဘဲ ငြင်းဆိုလိုက်ပါတယ်။

သူ့အမှုအတွက် ရှေ့နေမငှားသလို အာမခံလည်း မယူဘူးလို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ် မနီလာသိန်းက ပြောပါတယ်။

"ဒီနေ့ ကျမကို ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ တရားရုံးအနေနဲ့ အာမခံယူဖို့ ခံဝန်ထိုးဖို့ကို ထပ်မံပြောဆို တယ်ပေါ့နော်၊ ကျမအနေနဲ့က ဒီအပေါ်မှာ အာမခံယူခြင်း၊ ခံဝန်ထိုးခြင်းကို လုံးဝပြုလုပ်မှာ မဟုတ်ဘူး၊ ထပ်မံပြောခဲ့တယ်၊ အာဏာပို်င်အဖွဲ့အစည်းက လာထွက်သမျှကို တရားရုံးကလက်ခံပြီးတော့ ကျမ တို့ နိုင်ငံသားအခွင့်အရေးအရ ကျမကို ဒီလိုလုပ်ဆောင်နေတာဟာ မမှန်ကန်ပါဘူး၊ မမျှတပါဘူး၊ မှားယွင်းနေပါတယ်ဆိုတာ ကျမနိုင်ငံသားတစ်ယောက်အနေနဲ့ ပြောခွင့်ရှိပါတယ်ဆိုတဲ့စကားကိုလည်း တင်ပြပြောဆိုခဲ့ပါတယ်"

ပုဒ်မ ၁၈ ဟာ အများဆုံးထောင်ဒဏ် ၆ လ ချမှတ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂက ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းနဲ့ မဖြိုးဖြိုးအောင် တို့ကိုလည်း ပုဒ်မ ၁၈ နဲ့ ရုံးထုတ်ခဲ့ပြီး မေးမြန်းရာမှာ မဖြေဘဲ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

မနီလာသိန်းဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ် ကို ထောက်ခံဆန္ဒပြခဲ့တဲ့အတွက် ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးချိန်းကို အနုပညာရှင်တွေ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ဥရောပသမဂ္ဂ EU အဖွဲ့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက လူပုဂ္ဂိုလ်တစ်ချို့ တရားရုံးမှာ လေ့လာခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment