Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

၈၈ မ်ဳိးဆက္ေခါင္းေဆာင္ မနီလာသိန္း ႐ုံးထုတ္စစ္ေဆး



Nilar thein (Photo-Thin Zarkhine)
မၾကာေသးခင္က အာဏာပုိင္ေတြ ဖမ္းဆီးခံခဲ့ရတဲ့ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္း လူ႔အဖဲြအစည္းက မနီလာသိန္းကုိ ပထမဆုံးအႀကိမ္အျဖစ္ ဒီကေန႔ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲ ပညာေရးဥပေဒ ျပဳျပင္ေျပာင္းလဲေရး ေတာင္းဆုိ ဆႏၵျပမႈေတြနဲ႔ ဆက္ႏြယ္ၿပီး အေရးယူခံရမယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနရတဲ့ မနီလာသိန္း ကေတာ့ ဖမ္းဆီးမခံရခင္ တရားခံေျပးအျဖစ္ ေၾကညာခဲ့တဲ့ ရဲအရာရွိကုိ ျပန္လွန္တရားစဲြဖုိ႔လည္း ႀကိဳးစားခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ ထားပါတယ္။

အမ်ိဳးသားပညာေရးဥပေဒကို သပိတ္ေမွာက္ခဲ့တဲ့ ေက်ာင္းသားသပိတ္ကို ေထာက္ခံ ဆႏၵျပတယ္ဆိုကာ ခြြင့္ျပဳမိန္႔ မရပဲ စီတန္းလွည့္လည္မူပုဒ္မ ၁၈နဲ႕ အင္းစိန္ေထာင္တြင္း ထိမ္းသိမ္းခံထားရတဲ့ မနီလာသိန္းကို ပထမဦးဆံုးအႀကိမ္အျဖစ္ မရမ္းကုန္း တရားရံုးမွာ ရံုးထုတ္စစ္ေဆးခဲ့တာပါ။ သူမအေနနဲ႕တရားရံုးနဲ႕ဘာမွ ပူးေပါင္းေဆာင္ရြက္မူ မလုပ္ဘူးလို႔ ေျပာဆိုထားတဲ့အတြက္ တရားရံုးထုတ္ခ်ိန္မွာ တရားလိုဘက္ကိုပဲစစ္ေဆးမူေတြလုပ္ခဲ့တာ လို႔ဆိုပါတယ္။ ဒီေန ့ရံုးထုတ္ခ်ိန္မွာေတာ့မနီလာသိန္းက သူမကို တရားခံေျပးအျဖစ္ ေၾကညာထားတဲ့ ရဲမူးကိုလည္းတ၇ားျပန္စဲြခဲ့ေႀကာင္း အခုလိုေျပာျပပါတယ္။

“နီလာတို႔က ဒီပုဒ္မ ၁၈ နဲ႔ ပတ္သက္ၿပီးေတာ့ တရားရံုးနဲ႔ မပူးေပါင္းဘူးေလ။ အာမခံမယူဘူး၊ ခံ၀န္မထိုးဘူးေပါ့ေနာ္။ ဒီေန႔လည္း သူတို႔ ထပ္ေမးတယ္ေလ။ သူတို႔ တရားလို ေခၚၿပီး စစ္တယ္။ အဲဒီအေပၚမွာ အျပန္အလွန္ေမးခြန္းေတြ ျပန္ၿပီးမေမးဘူး။ ေရွ႕ေနဌားၿပီးေတာ့လည္း မေမးဘူးေပါ့ေနာ္ အဲလိုေျပာထားတာေလ။ သူတို႔က တရားလိုေတြေမးၿပီးတဲ့အခါမွာ ကိုယ္ေတြကို ဘာေျပာစရာရွိလဲဆိုတဲ့အခါမွာ မေမးပါဆိုတဲ့ဟာကို က်မတို႔ျပန္ေျပာတယ္ေပါ့။ ေနာက္တခ်က္က မူလ တရားခံေျပးအျဖစ္ေၾကညာထားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဒီ စခန္းမွဴး ဦးသန္း၀င္းကို တရားစြဲဖို႔ ကိစၥက ျပစ္မႈဆိုင္ရာ က်င့္ထံုးဥပေဒ ၄၆၇ နဲ႔ တင္တဲ့ဟာက မရဘူးေပါ့ေနာ္။ ဒီ လ ၂၁ ရက္ေန႔ဆိုရင္ေတာ့ ဦးတိုက္ေလွ်ာက္မယ္။ ဦးတိုက္ေလွ်ာက္မွာကိုေတာ့ လက္ခံတယ္။ တရားလိုအျဖစ္နဲ႔ စြဲတဲ့ဟာကိုေတာ့ လက္မခံဘူးေပါ့ေနာ္။”

အမ်ိဳသားပညာေရး ဥပေဒျပင္ဆင္ေရးအတြက္ သပိတ္ေမွာက္ခဲ့တဲ့ ေက်ာင္းသားေတြနဲ႔ အတူ မနီလာသိန္းကို တရားစဲြဆုိထားပါ။ အမ်ိဳသားပညာေရး ဥပေဒကုိ သပိတ္ေမွာက္ခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြကိုေတာ့ ပုဒ္မ ၁၈အပါအ၀င္ အမူေပါင္း အနည္းဆံုး ၂၀ေက်ာ္ကေန ၉၀ေလာက္ထိ တရားစဲြဆိုခံေနရပါတယ္။ သူတို႔ အားလံုးဟာလာမဲ့ ဧၿပီလမွာ စတင္မဲ့ အစိုးရသစ္လက္ထက္မွာ ျပန္လည္လြတ္ေျမာက္ႏိုင္ လိမ့္မယ္လုိ ့ေမ်ာ္လင့္ေၾကာင္း မနီလာသိန္းကေတာ့ ဆုိပါတယ္။

“အစိုးရသစ္ကေတာ့ အေကာင္းဆံုး လုပ္ေဆာင္လိမ့္မယ္လို႔ ယံုၾကည္တယ္။ အဓိကက ကာလံုရဲ႕ေအာက္မွာရွိတဲ့ ျပည္ထဲေရး၀န္ႀကီး အဲဒီအတြက္ သူတို႔ေတြရဲ႕ ကန္႔သတ္မႈေတြ၊ သူတိုေတြရဲ႕လုပ္ေဆာင္မႈ အခန္းက႑ကလည္း အေရးႀကီးတဲ့ အခန္းက႑ျဖစ္ေနတယ္။ ကာလံုရဲ႕ ၾသဇာ သက္ေရာက္မႈဟာ သမၼတ အထက္မွာမရွိေနဘူးဆိုရင္ သမၼတရဲ႕ လုပ္ေဆာင္ခြင့္ အခန္းက႑ က ထိထိေရာက္ေရာက္ လုပ္ေဆာင္လို႔ ရမယ္လို႔ ထင္ပါတယ္။”

မနီလာသိန္းဟာ အရင္စစ္အစိုးရ လက္ထက္မွာ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း တဦးျဖစ္ၿပီးႏွစ္ရွည္ ေထာင္ဒဏ္က်ခံခ့ဲရသူတဦးျဖစ္ပါတယ္။ အက်ဥ္းေထာင္တြင္းမွာ ထိမ္းသိမ္းခံရေနစဥ္ အတြင္းက်န္းမာေရးဆုိး၀ါးမူဒဏ္ကိုခံစားခဲ့ရဖူးပါတယ္။ ၿပီးခဲ့တဲ့ေဖေဖၚ၀ါရီလ ၂၃ရက္ေန႔ ကေတာ့ ဘုရင့္ေနာင္ရဲစခန္းက ရဲ စခန္းမူကိုယ္တုိင္က သူမကို ပုဒ္မ ၁၈နဲ႔ တရားစဲြဆုိထားေၾကာင္း အေၾကာင္းႀကားခဲ့ၿပီး ေဖေဖၚ၀ါရီလ ၂၄ ရက္ေနမွာေတာ့ မရမ္းကုန္းတရားရံုးမွာ တရားရင္ဆုုိင္ရာမွာ သူမအေနနဲ႕ အာမခံေလ်ာက္ျခင္း ဒဏ္ေငြေဆာင္ျခင္းေတြလုပ္မွာမဟုတ္သလုိ မည္သည္ကိစၥကိုမွ တရားရံုးနဲ့ပူးေပါင္းေဆာင္ရြက္မွာမဟုတ္တဲ့အေႀကာင္းကို တရားရံုးမွာေျပာဆုိခဲ့တာေႀကာင့္ သူမကို အင္းစိန္ေထာင္မွာထိမ္းသိမ္းထားဖို႕အတြက္ တရားရံုးက တခါတည္းဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ လက္ရိွ အက်ဥ္းေထာင္ေတြထဲမွာ ႏိုင္ငံေရးအက်ဥ္းသား ၁၀၀ ခန္႔ က်န္ေနေသးသလို ေထာင္ထဲမွခ်ဳပ္ေႏွာင္ခံေနရၿပီး အမူမ်ားစြာကိုရင္ဆုိင္ေနရတဲ့ ေက်ာင္းသားနဲ႔ တက္ၾကြလွဳပ္ရွားသူေပါင္း ၄၇၀ ေက်ာ္က်န္ေနေသးတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ား အဖဲြ႕ကလည္း ေျပာဆုိထားပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................


Nilar thein (Photo-Thin Zarkhine)
မကြာသေးခင်က အာဏာပိုင်တွေ ဖမ်းဆီးခံခဲ့ရတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲအစည်းက မနီလာသိန်းကို ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြမှုတွေနဲ့ ဆက်နွယ်ပြီး အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မနီလာသိန်း ကတော့ ဖမ်းဆီးမခံရခင် တရားခံပြေးအဖြစ် ကြေညာခဲ့တဲ့ ရဲအရာရှိကို ပြန်လှန်တရားစွဲဖို့လည်း ကြိုးစားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားသပိတ်ကို ထောက်ခံ ဆန္ဒပြတယ်ဆိုကာ ခွွင့်ပြုမိန့် မရပဲ စီတန်းလှည့်လည်မူပုဒ်မ ၁၈နဲ့ အင်းစိန်ထောင်တွင်း ထိမ်းသိမ်းခံထားရတဲ့ မနီလာသိန်းကို ပထမဦးဆုံးအကြိမ်အဖြစ် မရမ်းကုန်း တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ သူမအနေနဲ့တရားရုံးနဲ့ဘာမှ ပူးပေါင်းဆောင်ရွက်မူ မလုပ်ဘူးလို့ ပြောဆိုထားတဲ့အတွက် တရားရုံးထုတ်ချိန်မှာ တရားလိုဘက်ကိုပဲစစ်ဆေးမူတွေလုပ်ခဲ့တာ လို့ဆိုပါတယ်။ ဒီနေ ့ရုံးထုတ်ချိန်မှာတော့မနီလာသိန်းက သူမကို တရားခံပြေးအဖြစ် ကြေညာထားတဲ့ ရဲမူးကိုလည်းတရားပြန်စွဲခဲ့ကြောင်း အခုလိုပြောပြပါတယ်။

“နီလာတို့က ဒီပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ တရားရုံးနဲ့ မပူးပေါင်းဘူးလေ။ အာမခံမယူဘူး၊ ခံဝန်မထိုးဘူးပေါ့နော်။ ဒီနေ့လည်း သူတို့ ထပ်မေးတယ်လေ။ သူတို့ တရားလို ခေါ်ပြီး စစ်တယ်။ အဲဒီအပေါ်မှာ အပြန်အလှန်မေးခွန်းတွေ ပြန်ပြီးမမေးဘူး။ ရှေ့နေဌားပြီးတော့လည်း မမေးဘူးပေါ့နော် အဲလိုပြောထားတာလေ။ သူတို့က တရားလိုတွေမေးပြီးတဲ့အခါမှာ ကိုယ်တွေကို ဘာပြောစရာရှိလဲဆိုတဲ့အခါမှာ မမေးပါဆိုတဲ့ဟာကို ကျမတို့ပြန်ပြောတယ်ပေါ့။ နောက်တချက်က မူလ တရားခံပြေးအဖြစ်ကြေညာထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီ စခန်းမှူး ဦးသန်းဝင်းကို တရားစွဲဖို့ ကိစ္စက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၆၇ နဲ့ တင်တဲ့ဟာက မရဘူးပေါ့နော်။ ဒီ လ ၂၁ ရက်နေ့ဆိုရင်တော့ ဦးတိုက်လျှောက်မယ်။ ဦးတိုက်လျှောက်မှာကိုတော့ လက်ခံတယ်။ တရားလိုအဖြစ်နဲ့ စွဲတဲ့ဟာကိုတော့ လက်မခံဘူးပေါ့နော်။”

အမျိုသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေနဲ့ အတူ မနီလာသိန်းကို တရားစွဲဆိုထားပါ။ အမျိုသားပညာရေး ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ ပုဒ်မ ၁၈အပါအဝင် အမူပေါင်း အနည်းဆုံး ၂၀ကျော်ကနေ ၉၀လောက်ထိ တရားစွဲဆိုခံနေရပါတယ်။ သူတို့ အားလုံးဟာလာမဲ့ ဧပြီလမှာ စတင်မဲ့ အစိုးရသစ်လက်ထက်မှာ ပြန်လည်လွတ်မြောက်နိုင် လိမ့်မယ်လို ့မျော်လင့်ကြောင်း မနီလာသိန်းကတော့ ဆိုပါတယ်။

“အစိုးရသစ်ကတော့ အကောင်းဆုံး လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်တယ်။ အဓိကက ကာလုံရဲ့အောက်မှာရှိတဲ့ ပြည်ထဲရေးဝန်ကြီး အဲဒီအတွက် သူတို့တွေရဲ့ ကန့်သတ်မှုတွေ၊ သူတိုတွေရဲ့လုပ်ဆောင်မှု အခန်းကဏ္ဍကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်နေတယ်။ ကာလုံရဲ့ သြဇာ သက်ရောက်မှုဟာ သမ္မတ အထက်မှာမရှိနေဘူးဆိုရင် သမ္မတရဲ့ လုပ်ဆောင်ခွင့် အခန်းကဏ္ဍ က ထိထိရောက်ရောက် လုပ်ဆောင်လို့ ရမယ်လို့ ထင်ပါတယ်။”

မနီလာသိန်းဟာ အရင်စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီးနှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရသူတဦးဖြစ်ပါတယ်။ အကျဉ်းထောင်တွင်းမှာ ထိမ်းသိမ်းခံရနေစဉ် အတွင်းကျန်းမာရေးဆိုးဝါးမူဒဏ်ကိုခံစားခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ကတော့ ဘုရင့်နောင်ရဲစခန်းက ရဲ စခန်းမူကိုယ်တိုင်က သူမကို ပုဒ်မ ၁၈နဲ့ တရားစွဲဆိုထားကြောင်း အကြောင်းကြားခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၄ ရက်နေမှာတော့ မရမ်းကုန်းတရားရုံးမှာ တရားရင်ဆုုိင်ရာမှာ သူမအနေနဲ့ အာမခံလျောက်ခြင်း ဒဏ်ငွေဆောင်ခြင်းတွေလုပ်မှာမဟုတ်သလို မည်သည်ကိစ္စကိုမှ တရားရုံးနဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်တဲ့အကြောင်းကို တရားရုံးမှာပြောဆိုခဲ့တာကြောင့် သူမကို အင်းစိန်ထောင်မှာထိမ်းသိမ်းထားဖို့အတွက် တရားရုံးက တခါတည်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့် ကျန်နေသေးသလို ထောင်ထဲမှချုပ်နှောင်ခံနေရပြီး အမူများစွာကိုရင်ဆိုင်နေရတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူပေါင်း ၄၇၀ ကျော်ကျန်နေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကလည်း ပြောဆိုထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment