Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

စိစစ္ျပဳျပင္ရမည့္ ဥပေဒမ်ား သက္ဆိုင္ရာကို မၾကာခင္ပို႔မည္


ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးတီခြန္ျမတ္ ကို ေတြ႕ရစဥ္။ Photo: Myo Thant Khaing/RFA
ျမန္မာႏုိင္ငံမွာ လက္ရွိက်င္႔သုံးေနတဲ့ ဥပေဒေပါင္း ေလးရာေက်ာ္ရွိၿပီး အဲဒီဥပေဒေတြထဲက ေလ႔လာစိစစ္ရမယ့္ ဥပေဒေတြကုိ သက္ဆုိင္ရာလႊတ္ေတာ္ေကာ္မတီေတြထံ မၾကာခင္ေပးပုိ႔သြားမွာ ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးတီခြန္ျမတ္က ေျပာၾကားလုိက္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္မွာ ဖြဲ႔စည္းထားတဲ့ ေရးရာေကာ္မတီ ၁၈ ခုနဲ႔ ပတ္သက္ၿပီး ေကာ္မတီ၀င္ေတြနဲ႔ လုိက္နာေစာင္႔ထိန္းရမယ့္ စည္းကမ္းေတြကုိ လႊတ္ေတာ္မွာ ဒီေန႔ ရွင္းလင္းတင္ျပရာ ဦးတီခြန္ျမတ္က ထည့္သြင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

"မ႑ိဳင္ႀကီးသံုးရပ္က စီမံခန္႔ခြဲက်င့္သံုးတဲ့ ဥပေဒေပါင္းဟာ ၄ဝဝ ေက်ာ္ရွိတယ္ဆိုတာကို ေလ့လာသိရွိရပါတယ္၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးက႑ေတြက တာဝန္ယူစီမံခန္႔ခြဲတဲ့ ဥပေဒမ်ားကို သက္ဆိုင္ရာ လႊတ္ေတာ္ေကာ္ မတီမ်ားအလိုက္ စိစစ္ရမယ့္ဥပေဒမ်ားစာရင္းကို လႊတ္ေတာ္ရံုးက အခုျပဳစုေနတယ္ဆိုတာ သိရွိရပါတယ္၊ မၾကာမီကာလအတြင္း လႊတ္ေတာ္ေကာ္မတီမ်ားကို ေပးပို႔သြားမွာျဖစ္ပါတယ္"

ေကာ္မတီေတြအေနနဲ႔ ဥပေဒေတြကုိ ေလ႔လာစိစစ္တဲ႔အခါမွာ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ တည္ဆဲဥပေဒ ပါျပဌာန္း ခ်က္ေတြနဲ႔ ညီညြတ္ျခင္းရွိ မရွိ ၊ ႏုိင္ငံေတာ္ကခ်မွတ္ထားတဲ့ မူ၀ါဒေတြအျပင္ ႏုိင္ငံေတာ္နဲ႔အမ်ား ျပည္ေတြရဲ႕ အက်ဳိးစီးပြားကုိ ကာကြယ္ေစာင့္ေရွာက္ျခင္း ရွိမရွိ ၊ တုိင္းရင္းသား စည္းလုံးညီညြတ္ေရး ပ်က္ျပားေစတဲ႔ အေရးအသားနဲ႔ အသုံးအႏႈန္းေတြ ပါ၀င္ျခင္းရွိမရွိ စိစစ္ဖို႔ လိုအပ္ေၾကာင္း ဦးတီခြန္ျမတ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းမွာ ဥပေဒေပါင္း နွစ္ရာေက်ာ္ကို ျပင္ဆင္ပယ္ဖ်က္ ျပဌာန္းႏုုိင္ခဲ့တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

........................................


ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ် ကို တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေပေါင်း လေးရာကျော်ရှိပြီး အဲဒီဥပဒေတွေထဲက လေ့လာစိစစ်ရမယ့် ဥပဒေတွေကို သက်ဆိုင်ရာလွှတ်တော်ကော်မတီတွေထံ မကြာခင်ပေးပို့သွားမှာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီ ၁၈ ခုနဲ့ ပတ်သက်ပြီး ကော်မတီဝင်တွေနဲ့ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းတွေကို လွှတ်တော်မှာ ဒီနေ့ ရှင်းလင်းတင်ပြရာ ဦးတီခွန်မြတ်က ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"မဏ္ဍိုင်ကြီးသုံးရပ်က စီမံခန့်ခွဲကျင့်သုံးတဲ့ ဥပဒေပေါင်းဟာ ၄ဝဝ ကျော်ရှိတယ်ဆိုတာကို လေ့လာသိရှိရပါတယ်၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေက တာဝန်ယူစီမံခန့်ခွဲတဲ့ ဥပဒေများကို သက်ဆိုင်ရာ လွှတ်တော်ကော် မတီများအလိုက် စိစစ်ရမယ့်ဥပဒေများစာရင်းကို လွှတ်တော်ရုံးက အခုပြုစုနေတယ်ဆိုတာ သိရှိရပါတယ်၊ မကြာမီကာလအတွင်း လွှတ်တော်ကော်မတီများကို ပေးပို့သွားမှာဖြစ်ပါတယ်"

ကော်မတီတွေအနေနဲ့ ဥပဒေတွေကို လေ့လာစိစစ်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေ ပါပြဌာန်း ချက်တွေနဲ့ ညီညွတ်ခြင်းရှိ မရှိ ၊ နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေအပြင် နိုင်ငံတော်နဲ့အများ ပြည်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း ရှိမရှိ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားစေတဲ့ အရေးအသားနဲ့ အသုံးအနှုန်းတွေ ပါ၀င်ခြင်းရှိမရှိ စိစစ်ဖို့ လိုအပ်ကြောင်း ဦးတီခွန်မြတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဥပဒေပေါင်း နှစ်ရာကျော်ကို ပြင်ဆင်ပယ်ဖျက် ပြဌာန်းနုုိင်ခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment