Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 22, 2016

ဦးေႏွာက္ အေျမႇးေရာင္ ေရာဂါ ကူးစက္ေန

ကေလးငယ္ေတြမွာ ဦးေႏွာက္ အေျမႇးေရာင္ ေရာဂါ ကူးစက္ခံရတတ္
ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက မိတၳီလာ၊ သာစည္ ဘက္မွာ ကေလးေတြ ဦးေႏွာက္ အေျမႇးေရာင္ ေရာဂါ ျဖစ္ၾကတဲ့ အတြက္ အသက္ ေသဆုံးတဲ့ အထိ အေျခအေန ဆိုးဝါး ခဲ့ၾကပါတယ္။

တခါ ရန္ကုန္မွာလည္း ဒီေရာဂါ ေၾကာင့္ ေသဆုံးမွုေတြ ရွိတယ္ လို႔ သိရပါတယ္။

သာစည္မွာ အခု ေနာက္ဆုံး ေရာဂါကူးစက္ ခံရတဲ့ ကေလးငယ္ ၇ ေယာက္မွာ ၄ ေယာက္ ေသဆုံးသြားတယ္လို႔ မိခင္နဲ႔ မ်ိဳးဆက္ပြား က်န္းမာေရး ဌာန ညႊန္ၾကားေရးမွူး ေဒါက္တာ လွျမေသြး အိျႏၵာ က ေျပာပါတယ္။

က်န္တဲ့ ကေလး ၃ ေယာက္ကို မႏၲေလး ေဆး႐ုံႀကီးကို ပို႔ၿပီး ေရာဂါကုသ ေပးေနပါတယ္။

ဒီေရာဂါဟာ ပူျပင္းတဲ့ ေႏြရာသီ ကာလ ေတြမွာ ေရာဂါပိုး ပါတဲ့ ဖုန္ ရွူမိရာက ကူးစက္တတ္တာမို႔ ကေလးေတြကို လူစည္ကားတဲ့ ေနရာေတြ မသြားေစဖို႔နဲ႔ ႏွာေခါင္းစည္း တပ္ဆင္ ေပးဖို႔ လိုပါတယ္။

ကူးစက္ျမန္ ေရာဂါ ျဖစ္လို႔ ေခါင္းကိုက္ ဖ်ားနာ ေအာ့အန္တာ စတဲ့ ေရာဂါ လကၡဏာေတြ ျပလာရင္ ခ်က္ခ်င္း ေဆး႐ုံပို႔ၿပီး ကုသမွု ခံသင့္တယ္ လို႔လည္း သိရပါတယ္။

BBC Burmese
http://www.bbc.com/burmese
................
 ကလေးငယ်တွေမှာ ဦးနှောက် အမြှေးရောင် ရောဂါ ကူးစက်ခံရတတ်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မိတ္ထီလာ၊ သာစည် ဘက်မှာ ကလေးတွေ ဦးနှောက် အမြှေးရောင် ရောဂါ ဖြစ်ကြတဲ့ အတွက် အသက် သေဆုံးတဲ့ အထိ အခြေအနေ ဆိုးဝါး ခဲ့ကြပါတယ်။

တခါ ရန်ကုန်မှာလည်း ဒီရောဂါ ကြောင့် သေဆုံးမှုတွေ ရှိတယ် လို့ သိရပါတယ်။

သာစည်မှာ အခု နောက်ဆုံး ရောဂါကူးစက် ခံရတဲ့ ကလေးငယ် ရ ယောက်မှာ ၄ ယောက် သေဆုံးသွားတယ်လို့ မိခင်နဲ့ မျိုးဆက်ပွား ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လှမြသွေး အိန္ဒြာ က ပြောပါတယ်။

ကျန်တဲ့ ကလေး ၃ ယောက်ကို မန္တလေး ဆေးရုံကြီးကို ပို့ပြီး ရောဂါကုသ ပေးနေပါတယ်။

ဒီရောဂါဟာ ပူပြင်းတဲ့ နွေရာသီ ကာလ တွေမှာ ရောဂါပိုး ပါတဲ့ ဖုန် ရှူမိရာက ကူးစက်တတ်တာမို့ ကလေးတွေကို လူစည်ကားတဲ့ နေရာတွေ မသွားစေဖို့နဲ့ နှာခေါင်းစည်း တပ်ဆင် ပေးဖို့ လိုပါတယ်။

ကူးစက်မြန် ရောဂါ ဖြစ်လို့ ခေါင်းကိုက် ဖျားနာ အော့အန်တာ စတဲ့ ရောဂါ လက္ခဏာတွေ ပြလာရင် ချက်ချင်း ဆေးရုံပို့ပြီး ကုသမှု ခံသင့်တယ် လို့လည်း သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment