Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 22, 2016

ေဒၚစု ဝန္ႀကီးျဖစ္ရင္ ပါတီက ထြက္ရမွာလား

အစိုးရ ဝန္ႀကီး ရာထူး ရယူရင္ ပါတီ နိုင္ငံေရးနဲ႔ မပတ္သက္ဖို႔ ဖြဲ႕စည္းပုံက ကန္႔သတ္ထား။
သမၼတသစ္ ျဖစ္လာမယ့္ ဦးထင္ေက်ာ္ရဲ့ အစိုးရ ကက္ဘိနက္ ဝန္ႀကီး စာရင္း ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဟာ နိုင္ငံျခားေရး ဌာန အပါအဝင္ ဝန္ႀကီး ဌာန ေလးခု ကို တာဝန္ယူ မယ္ ဆိုၿပီး ပါဝင္ လာတဲ့ ေနာက္ ၂၀၀၈ ဖြဲ႕စည္းပုံ အရ နိုင္ငံေရးပါတီ ရဲ့ လုပ္ငန္း တာဝန္ေတြမွာ ဆက္လက္ ပါဝင္နိုင္မွာလား ဆိုတဲ့ ေမးခြန္းထုတ္မွု ေတြ ျဖစ္ေပၚ လာပါတယ္။

ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ပုဒ္မ ၂၃၂ (ဋ) မွာ “ ျပည္ေထာင္စုဝန္ႀကီးသည္ နိုင္ငံေရးပါတီတစ္ခုခု၏ အဖြဲ႕ဝင္ျဖစ္လၽွင္ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန႔္အပ္ တာဝန္ေပးျခင္း ခံရသည့္ေန႔မွစ၍ မိမိ ရာထူးသက္တမ္း အတြင္း ယင္းပါတီ အဖြဲ႕အစည္း၏ ပါတီလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ျခင္းမျပဳရ” လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီရဲ့ ဥပေဒ အႀကံေပး တစ္ဦး ျဖစ္တဲ့ လႊတ္ေတာ္ ေရွ႕ေန ဦးကိုနီ ကေတာ့ အဲဒီ့ ပုဒ္မ ကို အဓိပၸာယ္ ဖြင့္ဆိုရာမွာ ပါတီ ဥကၠဌ ရာထူးက စြန္႔လႊတ္ရမယ္ လို႔ ေရးသား ထားတာ မဟုတ္ဘူး ဆိုၿပီး ေျပာပါတယ္။

ျပည္ေထာင္စု ဝန္ႀကီး တစ္ဦးရဲ့ လုပ္ငန္း တာဝန္ ေတြ ကို မထိခိုက္ ဖို႔ ရည္ရြယ္ ထည့္သြင္း ထားပုံရတာ ေၾကာင့္ ပါတီ မွာ ႐ုံးထိုင္ၿပီး ေန႔စဥ္ ပါတီ တာဝန္ေတြကို စီမံ ခန္႔ခြဲ တာမ်ိဳး ျပဳလုပ္တာကို ကန္႔သတ္ထား တာ အျဖစ္ သူ႔ အေနနဲ႔ နားလည္ရ ေၾကာင္း ဦးကိုနီ က ဆိုပါတယ္။

ပါတီ ကို လမ္းညႊန္မွု မေပးနိုင္၊ ဦးေဆာင္မွု မေပး နိုင္ဘူး ဆိုတဲ့ အဓိပၸာယ္ မ်ိဳး မသက္ေရာက္ သလို၊ NLD ပါတီ အေနနဲ႔လည္း ေဒၚေအာင္ဆန္းစုၾကည္ ရဲ့ ဦးေဆာင္လမ္းညႊန္မွု ခံယူၿပီး ပါတီ ရဲ့ လုပ္ငန္းတာဝန္ ေတြ ကို အေကာင္ အထည္ ေဖာ္မယ့္ အတြင္းေရးမွုး အဖြဲ႕ ရွိေနတယ္ လို႔လည္း ဦးကိုနီက ေျပာပါတယ္။

၂၀၀၈ အေျခခံ ဥပေဒ အသက္ဝင္ ခဲ့ၿပီး ေနာက္ပိုင္း ဦးသိန္းစိန္ သမၼတ ေနရာ ရရွိခဲ့တဲ့ အခ်ိန္တုန္းက ႀကံ့ခိုင္ေရး ပါတီ ဥကၠဌ ေနရာကို ဦးေရႊမန္း ကို လႊဲေပး ခဲ့တယ္ဆိုၿပီး နားလည္ ထားခဲ့ရာ ကေန ဦးေရႊမန္း ပါတီတြင္း ဖယ္ရွား ခံရခ်ိန္ မွာ ေတာ့ ဦးသန္းစိန္သာ ပါတီ ဥကၠဌ ျဖစ္ၿပီး ဦးေရႊမန္းဟာ ယာယီ ဥကၠဌ တစ္ေယာက္ သာ ျဖစ္တယ္ ဆိုတဲ့ ႀကံ့ခိုင္ေရး ပါတီ ဘက္ က ေျပာဆို ခဲ့မွု ေတြ ရွိခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.........
 အစိုးရ ဝန်ကြီး ရာထူး ရယူရင် ပါတီ နိုင်ငံရေးနဲ့ မပတ်သက်ဖို့ ဖွဲ့စည်းပုံက ကန့်သတ်ထား။
သမ္မတသစ် ဖြစ်လာမယ့် ဦးထင်ကျော်ရဲ့ အစိုးရ ကက်ဘိနက် ဝန်ကြီး စာရင်း ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံခြားရေး ဌာန အပါအဝင် ဝန်ကြီး ဌာန လေးခု ကို တာဝန်ယူ မယ် ဆိုပြီး ပါဝင် လာတဲ့ နောက် ၂၀၀၈ ဖွဲ့စည်းပုံ အရ နိုင်ငံရေးပါတီ ရဲ့ လုပ်ငန်း တာဝန်တွေမှာ ဆက်လက် ပါဝင်နိုင်မှာလား ဆိုတဲ့ မေးခွန်းထုတ်မှု တွေ ဖြစ်ပေါ် လာပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ (ဋ) မှာ “ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ မိမိ ရာထူးသက်တမ်း အတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” လို့ ဆိုထားပါတယ်။

ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေ အကြံပေး တစ်ဦး ဖြစ်တဲ့ လွှတ်တော် ရှေ့နေ ဦးကိုနီ ကတော့ အဲဒီ့ ပုဒ်မ ကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ ပါတီ ဥက္ကဌ ရာထူးက စွန့်လွှတ်ရမယ် လို့ ရေးသား ထားတာ မဟုတ်ဘူး ဆိုပြီး ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး တစ်ဦးရဲ့ လုပ်ငန်း တာဝန် တွေ ကို မထိခိုက် ဖို့ ရည်ရွယ် ထည့်သွင်း ထားပုံရတာ ကြောင့် ပါတီ မှာ ရုံးထိုင်ပြီး နေ့စဉ် ပါတီ တာဝန်တွေကို စီမံ ခန့်ခွဲ တာမျိုး ပြုလုပ်တာကို ကန့်သတ်ထား တာ အဖြစ် သူ့ အနေနဲ့ နားလည်ရ ကြောင်း ဦးကိုနီ က ဆိုပါတယ်။

ပါတီ ကို လမ်းညွှန်မှု မပေးနိုင်၊ ဦးဆောင်မှု မပေး နိုင်ဘူး ဆိုတဲ့ အဓိပ္ပာယ် မျိုး မသက်ရောက် သလို၊ NLD ပါတီ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဦးဆောင်လမ်းညွှန်မှု ခံယူပြီး ပါတီ ရဲ့ လုပ်ငန်းတာဝန် တွေ ကို အကောင် အထည် ဖော်မယ့် အတွင်းရေးမှုး အဖွဲ့ ရှိနေတယ် လို့လည်း ဦးကိုနီက ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေ အသက်ဝင် ခဲ့ပြီး နောက်ပိုင်း ဦးသိန်းစိန် သမ္မတ နေရာ ရရှိခဲ့တဲ့ အချိန်တုန်းက ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ နေရာကို ဦးရွှေမန်း ကို လွှဲပေး ခဲ့တယ်ဆိုပြီး နားလည် ထားခဲ့ရာ ကနေ ဦးရွှေမန်း ပါတီတွင်း ဖယ်ရှား ခံရချိန် မှာ တော့ ဦးသန်းစိန်သာ ပါတီ ဥက္ကဌ ဖြစ်ပြီး ဦးရွှေမန်းဟာ ယာယီ ဥက္ကဌ တစ်ယောက် သာ ဖြစ်တယ် ဆိုတဲ့ ကြံ့ခိုင်ရေး ပါတီ ဘက် က ပြောဆို ခဲ့မှု တွေ ရှိခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment