Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

NLD အစုိးရသစ္ တုိင္းရင္းသားေရး ဦးစားေပးဖုိ႔ ေမွ်ာ္လင့္


အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ကိုယ္စားလွယ္မ်ားႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္မ်ား လႊတ္ေတာ္သို႔ တက္ေရာက္လာစဥ္
ျပည္ေထာင္စု အစိုးရသစ္ကို မၾကာခင္ ဖြဲ႔စည္းေတာ့မယ့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD က ျပည္နယ္နဲ႔ တိုင္းေဒသႀကီး အစိုးရေတြကို ဦးေဆာင္မယ္ဆိုတဲ႔ အေပၚ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ႀကိဳဆိုပါတယ္။ အေျပာင္းအလဲအတြက္ တိုင္းရင္းသား လူမ်ိဳးေပါင္းစံုက NLD ကို တခဲနက္ ေထာက္ခံခဲ႔ၾကတာျဖစ္ၿပီး အေျပာင္းအလဲအတြက္ တျခား အႏုိင္ရ တုိင္းရင္းသား ႏုိင္ငံေရး ပါတီေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ကိုလည္း တိုက္တြန္းပါတယ္။ အထူးသျဖင့္ လက္နက္ကိုင္ အေရး၊ မူးယစ္ေဆး၀ါး ျပႆနာနဲ႔ ဖြံ႔ၿဖိဳးမႈေနာက္က်ေနတဲ႔ ရွမ္းျပည္နယ္တြင္း အေျခအေနေတြကို ပူးေပါင္းေျဖရွင္းႏုိင္ဖို႔လည္း ေမွ်ာ္လင့္ထားတာ ျဖစ္ပါတယ္။ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။

ျပည္ေထာင္စု အစိုးရသစ္ကို ဖြဲ႔စည္းေတာ့မယ့္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အစိုးရ ၀န္ႀကီးခ်ဳပ္ ရာထူးေတြကို ရယူမယ္လို႔ ေျပာဆိုထားတဲ႔ အေပၚ ရွမ္းျပည္နယ္တြင္း လႊတ္ေတာ္အမတ္ေနရာ အေတာ္မ်ားမ်ား ရယူထားတဲ႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ SNLD က ႀကိဳဆိုပါတယ္။ ဒါေပမယ့္ တျခား အႏုိင္ရ ပါတီေတြနဲ႔ပါ ပူးေပါင္းဖို႔ကိုလည္း တိုက္တြန္းတယ္လို႔ SNLD ေျပာခြင့္ရ စိုင္းလိတ္က ေျပာပါတယ္။

“ဒါ ၂၀၀၈ ဖြဲ႔စည္းပံုရဲ႕ ေပးထားခ်က္အရဆိုရင္ သူတို႔ မွန္တယ္ေပါ့ေနာ္။ သူတို႔ လုပ္ပံု ကိုင္နည္းေတြ မွန္တယ္ေပါ့လို႔ေျပာရမွာေပါ့။ ဒါေပမယ့္ တိုင္းရင္းသား စည္းလံုးညီညြတ္ေရး ၊ အမ်ိဳးသား ျပန္လည္ ရင္ၾကားေစ႔ေရး ဆိုတဲ့ ရူ႕ေထာင္ဘက္က ထည့္တြက္မယ္ဆိုရင္ေတာ့ တျခားအႏိုင္ရ တိုင္းရင္းသားပါတီေတြကိုေတာ့ သူတို႔အေနနဲ႔ participant လုပ္ဖို႔ ၊ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိဖို႔ေတာ့ လိုအပ္တာေပါ့ေနာ္။”

NLD ပါတီဘက္ကလည္း အစိုးရအဖြဲ႔ေတြရဲ႕ ဦးေဆာင္မႈပိုင္းကို ပါတီက ရယူမွာ ျဖစ္ၿပီး တျခား အႏုိင္ရ ပါတီေတြနဲ႔ အစိုးရ အဖြဲ႔ကို ပူုးေပါင္းဖြဲ႔စည္းမွာ ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ျဖစ္ပါတယ္။ အဓိက ကေတာ့ ရွမ္းျပည္နယ္မွာ လက္ရွိ တုိက္ပြဲေတြ၊ ေထာင္နဲ႔ခ်ီတဲ႔ စစ္ေရွာင္ျပည္သူေတြ ရွိေနတဲ႔အျပင္ မူးယစ္ေဆး၀ါး ျပႆနာကလည္း အင္မတန္ ကိုင္တြယ္ရ အကဲဆတ္လိမ့္မယ္လုိ႔လည္း SNLD ေျပာခြင့္ရ စိုင္းလိတ္က ေျပာပါတယ္။

“ပထမဆံုး ႀကီးႀကီးမားမား သူတို႔ရင္ဆိုင္ရမယ့္ ျပႆနာ၊ သူတို႔ကို စိန္ေခၚမူအျဖစ္ ေစာင့္စားေနတဲ့ ျပႆနာ ကေတာ့ တိုင္းရင္းသားျပႆနာ ပါပဲ။ တိုင္းရင္းသားေတြရဲ႕ ကိုယ္ပိုင္ျပဌာန္းခြင့္၊ တိုင္းရင္းသားေတြလိုခ်င္ေနတဲ့ တန္းတူညီမွ်ခြင့္နဲ႔ သူတို႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ အစရွိတဲ့ ကိစၥေတြကို ဥပေဒေတြထဲက ေပးထားခ်က္တင္မကပဲနဲ႔ ႏိုင္ငံေရးနည္းလမ္းအရပါ ဘယ္လိုပံုစံမ်ိဳးနဲ႔ ေဆြးေႏြးညိႇႏိွဳင္းၿပီးေတာ့မွ ေဖာ္ေဆာင္ေပးႏိုင္မလဲ၊ လုပ္ေပးႏိုင္မလဲ၊ လိုက္ေလွ်ာေပးႏိုင္မလဲေပါ့ေနာ္။ အဲဒါမွ မလုပ္ဘူးဆိုလို႔ရွိရင္ လက္နက္ကိုင္ ပဋိပကၡကို ထပ္ၿပီး ႀကံဳရႏိုင္တာေပါ့။ အဲဒါေၾကာင့္မို႔လို႔ အမ်ိဳးသားျပန္လည္ ရင္ၾကားေစ့ေရးလို႔ပဲေျပာေျပာ၊ တိုင္းရင္းသား ေသြးစီးညီညြတ္ေရးလို႔ပဲေျပာေျပာ၊ အဲဒီကိစၥကို ပထမဆံုး ကိုင္တြယ္သင့္တယ္။ ေနာက္တခါ မူးယစ္ေဆး၀ါးျပႆနာ။ ဒီဟာကို ကူညီေျဖရွင္းျခင္းမျပဳရင္ေတာ့ က်ေနာ္တို႔ ေအးေအးၿငိမ္းၿငိမ္းနဲ႔ ႏိုင္ငံေတာ္ကို ဦးေဆာင္သြားႏိုင္မယ့္ဟာ မျဖစ္ႏိုင္ဘူး။ ရွမ္းျပည္နယ္အေရးကို ကိုင္တြယ္သြားႏို္င္ဖို႔ဆိုတာလည္း မလြယ္ေလာက္ဘူးလို႔ျမင္တယ္။ ေနာက္ဆံုးတခ်က္ကေတာ့ တိုင္းရင္းသားေတြရဲ႕ ပညာေရး ကိစၥပါ။ တိုင္းရင္းသားေတြျဖစ္ခ်င္ေနတဲ့ မိခင္ဘာသာစကားကို အေျခခံတဲ့ ပညာေရးကိစၥကို မေဖာ္ေဆာင္ႏိုင္ဘူးဆိုရင္ ဒါဟာလည္းပဲ တိုင္းရင္းသားေတြအေနနဲ႔ ႏိုင္ငံတခုလံုးကို ဦးေဆာင္တဲ့ ပါတီကို အျမင္ေစာင္းသြားႏိုင္တာေပါ့ေနာ္။ အဲဒါေၾကာင့္ အဲဒီကိစၥေတြကိုပဲ အရင္ဆံုး လုပ္ေစခ်င္တယ္။ လုပ္သင့္တယ္လို႔ ျမင္ပါတယ္ခင္ဗ်ာ။”

ရွမ္းျပည္နယ္ အတြင္း လႊတ္ေတာ္ေနရာ အေတာ္မ်ားမ်ား ရယူထားတဲ႔ SNLD ပါတီ အေနနဲ႔ကေတာ့ ျပည္နယ္တြင္း အေျပာင္းအလဲ ေဖာ္ေဆာင္မယ့္ အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ အဆင္သင့္ ရွိၿပီး အေျပာင္းအလဲေတြ ေဆာင္ရြက္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားတာပါ။ ဒါေပမယ့္ အရပ္သား အစိုးရသစ္ လက္ထက္မွာ ရွမ္းျပည္တြင္းက တုိက္ပြဲေတြ ရပ္စဲမယ့္ အလားအလာက ေမွ်ာ္လင့္ခ်က္ သိပ္မရွိဘူးလို႔လည္း တအာင္း အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA ေျပာခြင့္ရ မိုင္အိုက္ေက်ာ္က ေျပာပါတယ္။

“ ဒါဟာ လူထုက တင္ေျမႇာက္တဲ့ အစိုးရအဖြဲ႔၊ လူထုက တင္ေျမႇာက္တာျဖစ္လို႔ရွိရင္ေတာ့ ဘာမွေျပာစရာမရွိဘူး။ ဒါေပမယ့္ အစိုးရသစ္မို႔လို႔ ဘယ္သူပဲ တက္တက္ ဒီ တပ္ရဲ႕လုပ္ေဆာင္ခ်က္ေတြ၊ တပ္ရဲ႕ေဆာင္ရြက္မႈေတြကို ညိႇႏိွဳင္းႏိုင္မယ့္ အစိုးရ မရွိဘူးဆိုရင္ေတာ့ က်ေနာ္ထင္တာ တိုက္ပြဲကေတာ့ ပိုၿပီးေတာ့ ျပင္းထန္လာႏိုင္တယ္။”

တိုင္းရင္းသား အေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ဦးစားေပး ေဆာင္ရြက္မယ္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီဘက္ကေတာ့ တစိုက္မတ္မတ္ ေျပာဆို ထားတာပါ။ဒါေပမယ့္ ၂၀၁၅ ေရြးေကာက္ပြဲၿပီးေနာက္ပိုင္းမွာ ရွမ္းျပည္နယ္တြင္းမွာ အပစ္ရပ္ RCSS/ SSA တပ္ဖြဲ႔ေတြနဲ႔ အပစ္မရပ္ထားတဲ႔ တအာင္း ပေလာင္တပ္ဖြဲ႔ TNLA တို႔ရဲ႕ တုိက္ပြဲေတြ ျပင္းထန္ခဲ႔ၿပီး ေထာင္နဲ႔ခ်ီတဲ႔ ေဒသခံေတြ စစ္ေဘးေရွာင္ေနရသလို ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ KIA ကလည္း ရွမ္းျပည္နယ္တြင္းမွာ တပ္မဟာ ၆ ကို မၾကာခင္က တိုးခ်ဲ႕ ဖြဲ႔စည္းလိုက္တာပါ။ အေနာက္ဘက္ျခမ္း ရခုိင္ျပည္နယ္ဘက္မွာလည္း စစ္ေရး မေအးတဲ႔ အေျခအေနနဲ႔ ၾကံဳေတြ႔ေနရတာမို႔ NLD အစိုးရသစ္က ဒီအေျခအေနေတြကို ကိုင္တြယ္ႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကတာလည္း ျဖစ္ပါတယ္။

မသိဂႌထုိက္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...................

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်များနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်သို့ တက်ရောက်လာစဉ်
ပြည်ထောင်စု အစိုးရသစ်ကို မကြာခင် ဖွဲ့စည်းတော့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ဦးဆောင်မယ်ဆိုတဲ့ အပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆိုပါတယ်။ အပြောင်းအလဲအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံက NLD ကို တခဲနက် ထောက်ခံခဲ့ကြတာဖြစ်ပြီး အပြောင်းအလဲအတွက် တခြား အနိုင်ရ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ အထူးသဖြင့် လက်နက်ကိုင် အရေး၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ရှမ်းပြည်နယ်တွင်း အခြေအနေတွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စု အစိုးရသစ်ကို ဖွဲ့စည်းတော့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ရာထူးတွေကို ရယူမယ်လို့ ပြောဆိုထားတဲ့ အပေါ် ရှမ်းပြည်နယ်တွင်း လွှတ်တော်အမတ်နေရာ အတော်များများ ရယူထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ကြိုဆိုပါတယ်။ ဒါပေမယ့် တခြား အနိုင်ရ ပါတီတွေနဲ့ပါ ပူးပေါင်းဖို့ကိုလည်း တိုက်တွန်းတယ်လို့ SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

“ဒါ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်အရဆိုရင် သူတို့ မှန်တယ်ပေါ့နော်။ သူတို့ လုပ်ပုံ ကိုင်နည်းတွေ မှန်တယ်ပေါ့လို့ပြောရမှာပေါ့။ ဒါပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ ရူ့ထောင်ဘက်က ထည့်တွက်မယ်ဆိုရင်တော့ တခြားအနိုင်ရ တိုင်းရင်းသားပါတီတွေကိုတော့ သူတို့အနေနဲ့ participant လုပ်ဖို့ ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့တော့ လိုအပ်တာပေါ့နော်။”

NLD ပါတီဘက်ကလည်း အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုပိုင်းကို ပါတီက ရယူမှာ ဖြစ်ပြီး တခြား အနိုင်ရ ပါတီတွေနဲ့ အစိုးရ အဖွဲ့ကို ပူုးပေါင်းဖွဲ့စည်းမှာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။ အဓိက ကတော့ ရှမ်းပြည်နယ်မှာ လက်ရှိ တိုက်ပွဲတွေ၊ ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့အပြင် မူးယစ်ဆေးဝါး ပြဿနာကလည်း အင်မတန် ကိုင်တွယ်ရ အကဲဆတ်လိမ့်မယ်လို့လည်း SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါတယ်။

“ပထမဆုံး ကြီးကြီးမားမား သူတို့ရင်ဆိုင်ရမယ့် ပြဿနာ၊ သူတို့ကို စိန်ခေါ်မူအဖြစ် စောင့်စားနေတဲ့ ပြဿနာ ကတော့ တိုင်းရင်းသားပြဿနာ ပါပဲ။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေလိုချင်နေတဲ့ တန်းတူညီမျှခွင့်နဲ့ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အစရှိတဲ့ ကိစ္စတွေကို ဥပဒေတွေထဲက ပေးထားချက်တင်မကပဲနဲ့ နိုင်ငံရေးနည်းလမ်းအရပါ ဘယ်လိုပုံစံမျိုးနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဖော်ဆောင်ပေးနိုင်မလဲ၊ လုပ်ပေးနိုင်မလဲ၊ လိုက်လျှောပေးနိုင်မလဲပေါ့နော်။ အဲဒါမှ မလုပ်ဘူးဆိုလို့ရှိရင် လက်နက်ကိုင် ပဋိပက္ခကို ထပ်ပြီး ကြုံရနိုင်တာပေါ့။ အဲဒါကြောင့်မို့လို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ပဲပြောပြော၊ တိုင်းရင်းသား သွေးစီးညီညွတ်ရေးလို့ပဲပြောပြော၊ အဲဒီကိစ္စကို ပထမဆုံး ကိုင်တွယ်သင့်တယ်။ နောက်တခါ မူးယစ်ဆေးဝါးပြဿနာ။ ဒီဟာကို ကူညီဖြေရှင်းခြင်းမပြုရင်တော့ ကျနော်တို့ အေးအေးငြိမ်းငြိမ်းနဲ့ နိုင်ငံတော်ကို ဦးဆောင်သွားနိုင်မယ့်ဟာ မဖြစ်နိုင်ဘူး။ ရှမ်းပြည်နယ်အရေးကို ကိုင်တွယ်သွားနို်င်ဖို့ဆိုတာလည်း မလွယ်လောက်ဘူးလို့မြင်တယ်။ နောက်ဆုံးတချက်ကတော့ တိုင်းရင်းသားတွေရဲ့ ပညာရေး ကိစ္စပါ။ တိုင်းရင်းသားတွေဖြစ်ချင်နေတဲ့ မိခင်ဘာသာစကားကို အခြေခံတဲ့ ပညာရေးကိစ္စကို မဖော်ဆောင်နိုင်ဘူးဆိုရင် ဒါဟာလည်းပဲ တိုင်းရင်းသားတွေအနေနဲ့ နိုင်ငံတခုလုံးကို ဦးဆောင်တဲ့ ပါတီကို အမြင်စောင်းသွားနိုင်တာပေါ့နော်။ အဲဒါကြောင့် အဲဒီကိစ္စတွေကိုပဲ အရင်ဆုံး လုပ်စေချင်တယ်။ လုပ်သင့်တယ်လို့ မြင်ပါတယ်ခင်ဗျာ။”

ရှမ်းပြည်နယ် အတွင်း လွှတ်တော်နေရာ အတော်များများ ရယူထားတဲ့ SNLD ပါတီ အနေနဲ့ကတော့ ပြည်နယ်တွင်း အပြောင်းအလဲ ဖော်ဆောင်မယ့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ရှိပြီး အပြောင်းအလဲတွေ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် အရပ်သား အစိုးရသစ် လက်ထက်မှာ ရှမ်းပြည်တွင်းက တိုက်ပွဲတွေ ရပ်စဲမယ့် အလားအလာက မျှော်လင့်ချက် သိပ်မရှိဘူးလို့လည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“ ဒါဟာ လူထုက တင်မြှောက်တဲ့ အစိုးရအဖွဲ့၊ လူထုက တင်မြှောက်တာဖြစ်လို့ရှိရင်တော့ ဘာမှပြောစရာမရှိဘူး။ ဒါပေမယ့် အစိုးရသစ်မို့လို့ ဘယ်သူပဲ တက်တက် ဒီ တပ်ရဲ့လုပ်ဆောင်ချက်တွေ၊ တပ်ရဲ့ဆောင်ရွက်မှုတွေကို ညှိနှိုင်းနိုင်မယ့် အစိုးရ မရှိဘူးဆိုရင်တော့ ကျနော်ထင်တာ တိုက်ပွဲကတော့ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်။”

တိုင်းရင်းသား အရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ တစိုက်မတ်မတ် ပြောဆို ထားတာပါ။ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ရှမ်းပြည်နယ်တွင်းမှာ အပစ်ရပ် RCSS/ SSA တပ်ဖွဲ့တွေနဲ့ အပစ်မရပ်ထားတဲ့ တအာင်း ပလောင်တပ်ဖွဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရသလို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း ရှမ်းပြည်နယ်တွင်းမှာ တပ်မဟာ ၆ ကို မကြာခင်က တိုးချဲ့ ဖွဲ့စည်းလိုက်တာပါ။ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်ဘက်မှာလည်း စစ်ရေး မအေးတဲ့ အခြေအနေနဲ့ ကြံုတွေ့နေရတာမို့ NLD အစိုးရသစ်က ဒီအခြေအနေတွေကို ကိုင်တွယ်နိုင်ဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

မသိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment