Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

တရား၀င္လုပ္ကိုင္ေနသည့္ ရခိုင္အမ်ိဳးသားပိုင္ေရႊဆိုင္အား ဘဂၤလာေဒ့ရွ္အာဏာပိုင္မ်ား၀င္ေရာက္ျပီး ေရႊထည္အမ်ားအျပားကို သိမ္းဆည္းမႈ ျဖစ္ပြား


(သိမ္းယူသြားေသာေရႊထည္မ်ား၊ ေငြစကၠဴမ်ားကိုေတြ႕ရစဥ္/ ဓာတ္ပံု- ထြန္းညိဳ ေပးပို႕သည္။)
နိရဥၥရာ၊ မတ္လ ၈

ဘဂၤလာေဒ့ရွ္ႏိုင္ငံ တက္ကနက္ျမိဳ႕ ( ရခိုင္အေခၚကယုေခ်ာင္း) တြင္ အစိုးရအား အခြန္ေဆာင္ျပီး တရား၀င္ လုပ္ကိုင္ေနေသာ ေရႊဆိုင္ တစ္ဆိုင္အား ဘဂၤလားေဒ့ရွ္ အာဏာပိုင္မ်ားက ၀င္ေရာက္ျပီး ေရႊထည္ အမ်ားအျပားကို သိမ္းဆည္းကာ ေရႊပန္းထိမ္ဆိုင္ပိုင္ရွင္ကို ပါ ဖမ္းဆီးသြားသည္ဟု သတင္း ရရွိသည္။

ျဖစ္ရပ္မွာ ယခုလ ၅ ရက္ေန႕က ျဖစ္ပြားခဲ့ျခင္း ျဖစ္ျပီး ဖမ္းဆီးခံရသူမွာ ဦးေမာင္ေမာင္ေခ်၊ တက္ကနက္ျမိဳ႕ ေရႊပန္းထိန္ဆိုင္ပိုင္ရွင္ အသင္း၏ ဥကၠ႒ ျဖစ္ေၾကာင္း သိရသည္။

“ ဦးေမာင္ေမာင္ေခ်က တက္ကနက္ျမိဳ႕မွာ လူေတြအကုန္လံုး သိတဲ့ပုဂၢိဳလ္ ျဖစ္ပါတယ္။ သူက ေရႊပန္းထိမ္ဆိုင္ဖြင့္ထားပါတယ္။ အစုိးရကို ပံုမွန္ အခြန္ေဆာင္သလို ေရႊဆိုင္ဖြင့္ခြင့္ တရားလိုင္စင္နဲ႕ လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။ အဲသလိုဆိုင္ကို ၀င္ေရာက္ျပီး ဖမ္းတာပါ။ ပါသြားတဲ့ ေရႊေတြက လူေတြ အပ္ထားတဲ့ ေရႊထည္ေတြ ျဖစ္ပါတယ္” ဟု တက္ကနက္ ေဒသခံ ဦးထြန္းေမာင္ေရႊက ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ မတ္လ ၇ ရက္ေန႕ တြင္ သတင္းစာ ရွင္းလင္းပြဲ တစ္ခုကို ဦးေမာင္ေမာင္ေခ် ရံုးခန္းထဲတြင္ ဦးထြန္းေမာင္ေရႊ ဥကၠ႒ အျဖစ္တာ၀န္ယူ၍လည္းေကာင္း ေအာင္စံထြန္းက အတြင္းေရးမွဴး အျဖစ္ေဆာင္ရြက္၍ လည္းေကာင္း ျပဳလုပ္ခဲ့သည္။

၎ျပင္ တက္ကနက္ျမိဳ႕တြင္ ေရႊဆိုင္မ်ားအားလံုးကို မနက္ေနထြက္ကေန ေန၀င္ထိ ယမန္ေန႕က ပိတ္ထားခဲ့ျပီး အာဏာပိုင္မ်ား၏ လုပ္ရပ္အေပၚ ဆန္႕က်င္ ကန္႕ကြက္ခဲ့ၾကသည္ဟု ေဒသခံက ေျပာဆိုသည္။

သတင္းစာရွင္းလင္းပြဲမွလည္း ဖမ္းဆီးခံထားရေသာ ရခိုင္ေရႊဆိုင္ပိုင္ရွင္ ဦးေမာင္ေမာင္ေခ်အား အျမန္ဆံုး ျပန္လႊတ္ေပးရန္ႏွင့္ သိမ္းဆည္းေရႊမ်ားကို ျပန္ေပးရန္ေတာင္းဆိုခဲ့ၾကသည္။

“ ဒီလုပ္ရပ္က ဘဂၤလာေဒ့ရွ္မွာ ရခိုင္ေတြ မေနႏိုင္ေအာင္ လုပ္တာပါဘဲ။ တရား၀င္ လုပ္ကိုင္ စားေသာက္ေနတာ အခုမွ မဟုတ္ဘူး။ ႏွစ္ေပါင္း သံုး- ေလး-ငါးဆယ္ရွိျပီ။ အခုမွ ဒီလို ၀င္ဖမ္းတယ္ဆိုတာ ကေတာ့ ေနာက္ကြယ္မွာ ရည္ရြယ္ခ်က္ေတြ ရွိပါလိမ့္မယ္” ဟု ပန္းထိမ္လုပ္သူ ဦးေအာင္ထြန္းျမက ေျပာသည္။

ဖမ္းဆီးခံရေသာ ေရႊထည္ပစၥည္းမ်ားမွာ တာကာေငြ သိန္းရာေက်ာ္ ဖိုးရွိေၾကာင္း၊ ယင္းအျပင္ ေရႊေရာင္း ေရႊ၀ယ္ လုပ္ေနေသာ ေငြမ်ားကိုလည္း သိမ္းဆည္းသြားေၾကာင္း၊ ေရႊပန္းထိမ္လုပ္ရာတြင္ အသံုးျပဳေသာ ကရိယာတန္ဆာပလာမ်ားအားလံုးကိုလည္း ဘဂၤလာ အာဏာပိုင္မ်ားက ယူေဆာင္သြားေၾကာင္း သိရသည္။

Arakan State
https://www.facebook.com/NarinjaraNews
......................

(သိမ်းယူသွားသောရွှေထည်များ၊ ငွေစက္ကူများကိုတွေ့ရစဉ်/ ဓာတ်ပုံ- ထွန်းညို ပေးပို့သည်။)
နိရဥ္စရာ၊ မတ်လ ၈

ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့ ( ရခိုင်အခေါ်ကယုချောင်း) တွင် အစိုးရအား အခွန်ဆောင်ပြီး တရားဝင် လုပ်ကိုင်နေသော ရွှေဆိုင် တစ်ဆိုင်အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၀င်ရောက်ပြီး ရွှေထည် အများအပြားကို သိမ်းဆည်းကာ ရွှေပန်းထိမ်ဆိုင်ပိုင်ရှင်ကို ပါ ဖမ်းဆီးသွားသည်ဟု သတင်း ရရှိသည်။

ဖြစ်ရပ်မှာ ယခုလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူမှာ ဦးမောင်မောင်ချေ၊ တက်ကနက်မြို့ ရွှေပန်းထိန်ဆိုင်ပိုင်ရှင် အသင်း၏ ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

“ ဦးမောင်မောင်ချေက တက်ကနက်မြို့မှာ လူတွေအကုန်လုံး သိတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ရွှေပန်းထိမ်ဆိုင်ဖွင့်ထားပါတယ်။ အစိုးရကို ပုံမှန် အခွန်ဆောင်သလို ရွှေဆိုင်ဖွင့်ခွင့် တရားလိုင်စင်နဲ့ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အဲသလိုဆိုင်ကို ၀င်ရောက်ပြီး ဖမ်းတာပါ။ ပါသွားတဲ့ ရွှေတွေက လူတွေ အပ်ထားတဲ့ ရွှေထည်တွေ ဖြစ်ပါတယ်” ဟု တက်ကနက် ဒေသခံ ဦးထွန်းမောင်ရွှေက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မတ်လ ရ ရက်နေ့ တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို ဦးမောင်မောင်ချေ ရုံးခန်းထဲတွင် ဦးထွန်းမောင်ရွှေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ၍လည်းကောင်း အောင်စံထွန်းက အတွင်းရေးမှူး အဖြစ်ဆောင်ရွက်၍ လည်းကောင်း ပြုလုပ်ခဲ့သည်။

၎င်းပြင် တက်ကနက်မြို့တွင် ရွှေဆိုင်များအားလုံးကို မနက်နေထွက်ကနေ နေဝင်ထိ ယမန်နေ့က ပိတ်ထားခဲ့ပြီး အာဏာပိုင်များ၏ လုပ်ရပ်အပေါ် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်ဟု ဒေသခံက ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲမှလည်း ဖမ်းဆီးခံထားရသော ရခိုင်ရွှေဆိုင်ပိုင်ရှင် ဦးမောင်မောင်ချေအား အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် သိမ်းဆည်းရွှေများကို ပြန်ပေးရန်တောင်းဆိုခဲ့ကြသည်။

“ ဒီလုပ်ရပ်က ဘင်္ဂလာဒေ့ရှ်မှာ ရခိုင်တွေ မနေနိုင်အောင် လုပ်တာပါဘဲ။ တရားဝင် လုပ်ကိုင် စားသောက်နေတာ အခုမှ မဟုတ်ဘူး။ နှစ်ပေါင်း သုံး- လေး-ငါးဆယ်ရှိပြီ။ အခုမှ ဒီလို ၀င်ဖမ်းတယ်ဆိုတာ ကတော့ နောက်ကွယ်မှာ ရည်ရွယ်ချက်တွေ ရှိပါလိမ့်မယ်” ဟု ပန်းထိမ်လုပ်သူ ဦးအောင်ထွန်းမြက ပြောသည်။

ဖမ်းဆီးခံရသော ရွှေထည်ပစ္စည်းများမှာ တာကာငွေ သိန်းရာကျော် ဖိုးရှိကြောင်း၊ ယင်းအပြင် ရွှေရောင်း ရွှေဝယ် လုပ်နေသော ငွေများကိုလည်း သိမ်းဆည်းသွားကြောင်း၊ ရွှေပန်းထိမ်လုပ်ရာတွင် အသုံးပြုသော ကရိယာတန်ဆာပလာများအားလုံးကိုလည်း ဘင်္ဂလာ အာဏာပိုင်များက ယူဆောင်သွားကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment