Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 12, 2016

ဦးျမင္႔ေဆြကို ဒုသမၼတေလာင္း ေရြးခ်ယ္မႈ အေပၚ ကန္ သေဘာထား


ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးျမင့္ေဆြ။
တပ္မေတာ္ဘက္က ဒုသမၼတေလာင္းအျဖစ္ မေန႔က အဆိုျပဳတင္သြင္းတဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြ (အၿငိမ္းစား) ဟာ လက္ရွိ အေမရိကန္ဒဏ္ခတ္ အေရးယူထားတဲ့ စာရင္းမွာ ရွိေနဆဲျဖစ္ပါတယ္။ အခုလို အေရးယူထားတဲ့ စာရင္းကေန ပယ္ဖ်က္ဖို႔ ဆိုရင္ သူ႔ကိုဘာေၾကာင့္ သြတ္သြင္းခဲ့သလဲဆိုတဲ့ သူရဲ႕လုပ္ရပ္ကို ဆက္ၿပီး မလုပ္ေတာ့ဘူး ဆိုတာ အခိုင္အမာ သက္ေသျပဖို႔ လိုတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး ဌာနမွာ မေန႔ကျပဳလုပ္တဲ့ ပံုမွန္သတင္းစာ ရွင္းလင္းပဲြအတြင္း ေျပာခြင့္ရပုဂၢိဳလ္ John Kirby ကေျပာၾကားခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

၂၀၀၇ခုနွစ္ ရန္ကုန္ၿမိဳ႕မွာျဖစ္ခဲ့တဲ့ လူထုဆႏၵျပပဲြေတြကို အၾကမ္းဖက္ႏွိမ္နင္းမႈနဲ႔ ဆက္စပ္ေနတယ္ ဆိုၿပီး အေမရိကန္ျပည္ေထာင္စုက ဒုတိယဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြကို ပစ္မွတ္ထားအေရးယူခဲ့တာျဖစ္ပါတယ္။ အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာန လက္ေအာက္ခံ OFAC ေခၚ ႏိုင္ငံျခားပိုင္ဆိုင္မွဳပစၥည္း ထိန္းခ်ဳပ္ေရးဌာနရဲ႕ SDN ေခၚ ပစ္မွတ္ထား ဒဏ္ခတ္ ပိတ္ဆို႔ အေရးယူဖို႔ အထူးသတ္မွတ္ထားတဲ့ ႏိုင္ငံေတြနဲ႔ လူပုဂၢိဳလ္ေတြ စာရင္းအရ ၂၀၀၇ ခုႏွစ္ စက္တင္ဘာလ (၂၇) ရက္ ရက္စဲြနဲ႔ ေဖၚျပခဲ့တဲ့ အထဲမွာေတာ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြကို အဲဒီအခ်ိန္က စရခ ေခၚ တပ္လံုၿခံဳေရး အႀကီးအကဲရာထူးနဲ႔ေဖၚျပထားၿပီး ရန္ကုန္ၿမိဳ႕မွာျဖစ္ခဲ့တဲ့ လူထုဆႏၵျပပဲြေတြမွာ အၾကမ္းဖက္ဖိႏွိပ္မႈေတြမွာ တာ၀န္ရွိသူတဦး အျဖစ္ေရးသားထားပါတယ္။

အခုလို အေမရိကန္ရဲ႕ဒဏ္ခတ္အေရးယူမႈစာရင္းမွာ (၉)နွစ္ဆက္တိုက္ပါေနတဲ့သူကို တပ္မေတာ္က ဒုသမၼတေလာင္း အဆိုတင္သြင္းခဲ့တာေၾကာင့္ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္ေဆြကို အေမရိကန္အစိုးရက ပိတ္ဆို႔မႈစာရင္းကေန ပယ္ဖ်က္ေပးဖို႔ရွိပါသလားလို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနကို ဗီြအိုေအက ဆက္သြယ္ေမးျမန္းရာမွာ ေျပာခြင့္ရအမ်ဳိးသမီးက အခုလိုေျပာပါတယ္။

“ဦးျမင့္ေဆြအေနနဲ႔ ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈ SDN စာရင္းမွာ ဘာေၾကာင့္ ပါေနသလဲ ဆိုတဲ့အခ်က္နဲ႔ပတ္သက္ၿပီး အေမရိကန္ဘ႑ာေရး ဝန္ႀကီးဌာန ရဲ႕ ႏိုင္ငံျခားေငြပိုင္ဆိုင္မႈမ်ားဆိုင္ရာ ထိန္းခ်ဳပ္ေရးဌာန ကို ေမးျမန္းၾကည့္ပါလို႔ က်မတို႔ ညႊန္းလိုပါတယ္။ ဒုတိယသမၼတေလာင္း အမည္ တင္သြင္းျခင္း ဟာ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ ကူးေျပာင္းေရး ကာလမွာ ေနာက္ထပ္ အေရးႀကီးတဲ့ေျခလွမ္း တရပ္ျဖစ္ပါတယ္။ ဒီလို အသြင္ကူးေျပာင္းေရး ကာလကို ေထာက္ခံအားေပးသြားဖို႔လဲ အေမရိကန္ျပည္ေထာင္စုက သႏၷိ႒ာန္ အခိုင္အမာခ်ထားပါတယ္။”

ဒါအျပင္ ႏိုင္ငံေတာ္သမၼတနဲ႔ ဒုသမၼတေတြကို ျမန္မာျပည္သူေတြကသာ တိုက္ရုိက္ေရြးခ်ယ္ခြင့္ရွိသင့္တယ္လို႔ အေမရိကန္ဘက္ကျမင္ေၾကာင္း သူကအခုလိုေျပာပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ဖဲြ႕စည္းပံုအေျခခံဥပေဒမွာ အားနည္းခ်က္ေတြရွိတယ္ဆိုတာကို အစဥ္တစိုက္ အေမရိကန္ျပည္ေထာင္စုက ေထာက္ျပခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ လႊတ္ေတာ္ရဲ႕အမတ္ေနရာ ၂၅%ကို စစ္တပ္အတြက္ သတ္မွတ္ေပးထားတဲ့ အခ်က္ပါ။ ဒီအေျခအေနေပၚမူတည္ၿပီး စစ္တပ္ ၂၅% ကိုယ္စားလွယ္ကေန သမၼတ ဒါမွမဟုတ္ ဒုသမၼတ ေလာင္းေတြကို အမည္တင္သြင္းခြင့္ရ တာျဖစ္ပါတယ္။ ႏိုင္ငံကိုေခါင္းေဆာင္မယ့္ ပုဂၢိဳလ္ေတြကို ႏိုင္ငံသားေတြကသာ မဲေပးေရြးခ်ယ္ခြင့္ရသင့္ၾကပါတယ္။ အမ်ဳိးသား စည္းလံုးညီညြတ္ေရး စိတ္ဓါတ္အရနဲ႔ ျမန္မာႏိုင္ငံအတြက္ အေကာင္းဆံုးေဖၚေဆာင္ေပးႏိုင္ဖို႔ ျပည္သူတို႔ရဲ႕ ဆႏၵကို ကိုယ္စားျပဳမယ့္ ဒီမိုကေရစီနည္းက် အရပ္သား အစိုးရဖဲြ႕စည္းႏိုင္ေရး အတြက္ ႏိုင္ငံေခါင္းေဆာင္ အားလံုး ၀ိုင္းဝန္းႀကိဳးပမ္းၾကဖို႔ကိုလည္း အေမရိကန္ျပည္ေထာင္စုက တိုက္တြန္းပါတယ္။”

ဒုတိယဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြ (အၿငိမ္းစား) ဟာ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး အေတြ႔အႀကံဳမ်ားစြာ ရွိသူတဦးျဖစ္တာေၾကာင့္ ဒုသမၼတေလာင္းအျဖစ္ အဆိုတင္သြင္းတာျဖစ္ေၾကာင္း တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္မွဴးခ်ဳပ္ တင္စန္းႏုိင္က မေန႔ ေသာၾကာေန႔က က်င္းပတဲ့ တပ္မေတာ္သား လႊတ္ေတာ္ ကုိယ္စားလွယ္မ်ား အစုအဖြဲ႔က ဒုတိယ သမၼတေရြးခ်ယ္ေရး အစည္းအေ၀းမွာ အခုလိုေျပာသြားပါတယ္။

" ဦးျမင့္ေဆြ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အၿငိမ္းစားဟာ ပထမအႀကိမ္ လႊတ္ေတာ္ သက္တမ္းကာလ အတြင္းမွာ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အတြက္ ႏိုင္ငံေရးအေတြ႔အၾကံဳ မ်ားစြာ ရွိသူတဦး ျဖစ္ပါတယ္။ ဒါ့အျပင္ တပ္မေတာ္ မွာ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့အတြက္ စစ္ေရးအေတြ႔အႀကံဳမ်ားစြာရွိသူလည္းျဖစ္ပါတယ္။ "

 ဒုတိယဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြကို တပ္မေတာ္က ဒုသမၼတေလာင္းအျဖစ္ တင္သြင္းတဲ့ အေၾကာင္းအရင္းေတြထဲမွာ တပ္တြင္းသူဟာ စီနီယာတဦးျဖစ္တဲ့အျပင္ ဗိုလ္ခ်ဳပ္မႈးႀကီးေဟာင္းသန္းေရႊရဲ႕ သစၥာရွိတဲ့ လူယံုတဦးျဖစ္ေနတယ္ ဆိုတာေတြ႔ရတယ္လို႔ စစ္သံမႈးေဟာင္း ဦးေအာင္လင္းထြဋ္ကေျပာပါတယ္။

သူဟာ တကယ္ေတာ့ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊရဲ႕ ပီေအသေဘာမ်ိဳးေပါ့ေလ က်ေနာ္တို႔ ဒီတပ္မေတာ္မွာ လုပ္ငန္းတာဝန္ အားလံုးက ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊဆီ မသြားခင္မွာ သူဆီကတဆင့္ အားလံုးပဲ သြားရပါမယ္။ ဗုိလ္ခ်ဳပ္ႀကီးခင္ညြန္႔ပင္လ်င္ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊကို ေျပာခ်င္တဲ့အခါမွာ ဗိုလ္ခ်ဳပ္ႀကီးျမင့္ေဆြက တဆင့္ တင္ျပရတဲ့အေနအထားမ်ိဳးရွိပါတယ္။ ေနာက္တခုက က်ေနာ္တို႔ သိထားသေလာက္ေပါ့ေလ။ သထံုဇာတိပါ။ ေဒၚႀကိဳင္ႀကိဳင္နဲ႔ ေဆြနီးမ်ိဳးဆက္ တူေတာ္တယ္လို႔သိရပါတယ္။ ပအို႔ဝ္အမ်ိဳးသား ႏြယ္တဲ့အေနအထားမ်ိဳး ရွိပါတယ္။ "

အရင္သမၼတဦးးသိန္စိန္အစိုးရလက္ထက္တုန္းက တပ္မေတာ္ဘက္ကေန ဒုသမၼတ အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္းျမင့္ေဆြကို တင္ေျမႇာက္ဖို႔ ၾကိဳးစားခဲ့တဲ့ ျဖစ္ရပ္ ရွိခဲ့ေၾကာင္း ျမန္မာ့ႏိုင္ငံေရးအကဲခတ္ ဦးေအာင္သူၿငိမ္းကေျပာပါတယ္။

" အရင္တခ်ိန္တုန္းက ဒုသမၼတျဖစ္တဲ့ သီဟသူရ ဦးတင္ေအာင္ျမင့္ဦးေပါ့ေနာ္ ႏႈတ္ထြက္ ပါတယ္။ အဲ့ဒီ့အခ်ိန္မွာ ဦးျမင့္ေဆြကို ဒုသမၼတအျဖစ္ တင္သြင္းမယ္ဆိုတဲ့ သတင္းေတြရွိခဲ့တာေပါ့။ သူ႔ရဲ႕သားမက္လို႔ထင္ပါတယ္။ အဲ့တာက ၾသစေၾတးလ်မွာ ႏုိင္ငံသားျဖစ္ေနတယ္ ဆိုတဲ့သတင္းေတြနဲ႔ အဲ့တာေၾကာင့္ပဲ ပုဒ္မ ၅၉ စ နဲ႔ ညိတယ္ဆိုတဲ့ သတင္းေတြ အဲ့ဒီ့အခ်ိန္က ၾကားခဲ့ရတာေပါ့။"

မေန႔က လႊတ္ေတာ္နွစ္ရပ္ သမၼတေရြးခ်ယ္ေရး အစုအဖဲြ႔ေတြမွာ ဒုသမၼတေတြကို မဲေပးေရြးခ်ယ္ ရာမွာ NLD ပါတီက အဆိုျပဳထားသူႏွစ္ဦးျဖစ္တဲ့ ဦးထင္ေက်ာ္နဲ႔ ဦးဟင္နရီဗန္တီးယူတို႔ အျပတ္အသတ္ အႏိုင္ရခဲ့ပါတယ္။

မတ္လ (၁၀)ရက္ေန႔က ဖဲြ႕စည္းလိုက္တဲ့ ႏိုင္ငံေတာ္ သမၼတ အရည္အခ်င္းနဲ႔ ျပည့္စံုမႈ ရွိမရွိ စိစစ္ေရး အဖဲြ႔မွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္၊ အမ်ဳိးသားလႊတ္ေတာ္ ဥကၠ႒ မန္းဝင္းခိုင္သန္း၊ ျပည္သူလႊတ္ေတာ္ ဒုဥကၠ႒ ဦးတီခြန္ျမတ္၊ ဒုဥကၠ႒ ဦးေအးသာေအာင္၊ NLD လႊတ္ေတာ္အမတ္ ေဒါက္တာမ်ဳိးေအာင္၊ ႀကံ႕ခိုင္ဖြံၿဖိဳးေရး လႊတ္ေတာ္ အမတ္ ဦးဘမ်ဳိးသိန္းနဲ႔ တပ္မေတာ္လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္သန္းစိုးတို႔ ပါဝင္ပါတယ္။

အင္ၾကင္းႏုုိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...............

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမြင့်ဆွေ။
တပ်မတော်ဘက်က ဒုသမ္မတလောင်းအဖြစ် မနေ့က အဆိုပြုတင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ လက်ရှိ အမေရိကန်ဒဏ်ခတ် အရေးယူထားတဲ့ စာရင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ အခုလို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ ဆိုရင် သူ့ကိုဘာကြောင့် သွတ်သွင်းခဲ့သလဲဆိုတဲ့ သူရဲ့လုပ်ရပ်ကို ဆက်ပြီး မလုပ်တော့ဘူး ဆိုတာ အခိုင်အမာ သက်သေပြဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ မနေ့ကပြုလုပ်တဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

၂၀၀၇ခုနှစ် ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ဆက်စပ်နေတယ် ဆိုပြီး အမေရိကန်ပြည်ထောင်စုက ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့ ဖေါ်ပြခဲ့တဲ့ အထဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို အဲဒီအချိန်က စရခ ခေါ် တပ်လုံခြုံရေး အကြီးအကဲရာထူးနဲ့ဖေါ်ပြထားပြီး ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူတဦး အဖြစ်ရေးသားထားပါတယ်။

အခုလို အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းမှာ (၉)နှစ်ဆက်တိုက်ပါနေတဲ့သူကို တပ်မတော်က ဒုသမ္မတလောင်း အဆိုတင်သွင်းခဲ့တာကြောင့် ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးဖို့ရှိပါသလားလို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“ဦးမြင့်ဆွေအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု SDN စာရင်းမှာ ဘာကြောင့် ပါနေသလဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ နိုင်ငံခြားငွေပိုင်ဆိုင်မှုများဆိုင်ရာ ထိန်းချုပ်ရေးဌာန ကို မေးမြန်းကြည့်ပါလို့ ကျမတို့ ညွှန်းလိုပါတယ်။ ဒုတိယသမ္မတလောင်း အမည် တင်သွင်းခြင်း ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ နောက်ထပ် အရေးကြီးတဲ့ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး ကာလကို ထောက်ခံအားပေးသွားဖို့လဲ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် အခိုင်အမာချထားပါတယ်။”

ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကို မြန်မာပြည်သူတွေကသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိသင့်တယ်လို့ အမေရိကန်ဘက်ကမြင်ကြောင်း သူကအခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုတာကို အစဉ်တစိုက် အမေရိကန်ပြည်ထောင်စုက ထောက်ပြခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ရဲ့အမတ်နေရာ ၂၅%ကို စစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ အချက်ပါ။ ဒီအခြေအနေပေါ်မူတည်ပြီး စစ်တပ် ၂၅% ကိုယ်စားလှယ်ကနေ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ လောင်းတွေကို အမည်တင်သွင်းခွင့်ရ တာဖြစ်ပါတယ်။ နိုင်ငံကိုခေါင်းဆောင်မယ့် ပုဂ္ဂိုလ်တွေကို နိုင်ငံသားတွေကသာ မဲပေးရွေးချယ်ခွင့်ရသင့်ကြပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး စိတ်ဓါတ်အရနဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖေါ်ဆောင်ပေးနိုင်ဖို့ ပြည်သူတို့ရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဒီမိုကရေစီနည်းကျ အရပ်သား အစိုးရဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံခေါင်းဆောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”

ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြံုများစွာ ရှိသူတဦးဖြစ်တာကြောင့် ဒုသမ္မတလောင်းအဖြစ် အဆိုတင်သွင်းတာဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က မနေ့ သောကြာနေ့က ကျင်းပတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတရွေးချယ်ရေး အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။

" ဦးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် နိုင်ငံရေးအတွေ့အကြံု များစွာ ရှိသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် စစ်ရေးအတွေ့အကြံုများစွာရှိသူလည်းဖြစ်ပါတယ်။ "

 ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်က ဒုသမ္မတလောင်းအဖြစ် တင်သွင်းတဲ့ အကြောင်းအရင်းတွေထဲမှာ တပ်တွင်းသူဟာ စီနီယာတဦးဖြစ်တဲ့အပြင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေရဲ့ သစ္စာရှိတဲ့ လူယုံတဦးဖြစ်နေတယ် ဆိုတာတွေ့ရတယ်လို့ စစ်သံမှုးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။

သူဟာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပီအေသဘောမျိုးပေါ့လေ ကျနော်တို့ ဒီတပ်မတော်မှာ လုပ်ငန်းတာဝန် အားလုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မသွားခင်မှာ သူဆီကတဆင့် အားလုံးပဲ သွားရပါမယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ပင်လျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောချင်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တဆင့် တင်ပြရတဲ့အနေအထားမျိုးရှိပါတယ်။ နောက်တခုက ကျနော်တို့ သိထားသလောက်ပေါ့လေ။ သထုံဇာတိပါ။ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေနီးမျိုးဆက် တူတော်တယ်လို့သိရပါတယ်။ ပအို့ဝ်အမျိုးသား နွယ်တဲ့အနေအထားမျိုး ရှိပါတယ်။ "

အရင်သမ္မတဦးးသိန်စိန်အစိုးရလက်ထက်တုန်းက တပ်မတော်ဘက်ကနေ ဒုသမ္မတ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို တင်မြှောက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကပြောပါတယ်။

" အရင်တချိန်တုန်းက ဒုသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးပေါ့နော် နှုတ်ထွက် ပါတယ်။ အဲ့ဒီ့အချိန်မှာ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေရှိခဲ့တာပေါ့။ သူ့ရဲ့သားမက်လို့ထင်ပါတယ်။ အဲ့တာက သြစတြေးလျမှာ နိုင်ငံသားဖြစ်နေတယ် ဆိုတဲ့သတင်းတွေနဲ့ အဲ့တာကြောင့်ပဲ ပုဒ်မ ၅၉ စ နဲ့ ညိတယ်ဆိုတဲ့ သတင်းတွေ အဲ့ဒီ့အချိန်က ကြားခဲ့ရတာပေါ့။"

မနေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်တီးယူတို့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

မတ်လ (၁၀)ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိမရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ ကြံ့ခိုင်ဖွံဖြိုးရေး လွှတ်တော် အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။

အင်ကြင်းနုုိင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment